Subscribe to our RSS Feed

"သံဃာကို ဖာသည်မသားလို့ ခိုင်းနှိုင်းဆဲဆိုလိုက်တဲ့ NLD အဖွဲ့ဝင်" ~ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

From : .. အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

ဦးဇင်းဆီကို ပေးပို့လာတဲ့ ဓာတ်ပုံပါ။ ဓာတ်ပုံရဲ့အပေါ်ကိုကြည့်တော့ "အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ဆိုပြီးတွေ့ရပါတယ်။" မျှမျှတတ မှန်မှန်ကန်ကန် ရေးစေချင်ပါတယ်။

အော် NLD, NLD အခြေအမြစ်မရှိ လျှောက်ပြီး ပေါက်ကရရေး၊ မိုက်ရိုင်းစော်ကားတာ ငရဲမကြောက်၊ ဝဋ်မကြောက်၊ သံဃာကိုတောင် သံဃာလို့မမြင်နိုင်လောက်အောင် အကုသိုလ်တွေကြီးနေပါရော့လား၊ အတော့်ကို သနားစရာကောင်းနေပြီ။ ပါတီအတွက် အာဏာအတွက် ဘယ်သူကိုဖြစ်ဖြစ် စော်ကားနေတာဟာ ဘယ်သူ့ကိုဖြစ်ဖြစ် စော်ကားရဲနေတာ အတော့်ကို အကျည်းတန်အရုပ်ဆိုးနေပါတယ်။ မြတ်စွာဘုရားရှင်အားလည်း အမည်တပ်ပြီး ပြောဆိုရေးသားခြင်းဟာ အဂါရဝ မရိုသေရာရောက်ပါတယ်။ ဗုဒ္ဓဘာသာ စစ်စစ်ဆိုပါလျှင် ဆင်ခြင်သင့်ပါတယ်။ သံဃာကို ဖာသည်မသားလို့ ပြောတာဟာ မိုက်ရိုင်းချက်က ကန်းကုန်လွန်းလှပါတယ်။ ထိုဆဲဆိုစော်ကားခြင်းကား ကျက်သီးထရဖွယ်ရာပင်။ အမှန်တော့ သံဃာဆိုတာ မြတ်စွာဘုရားရှင်ရဲ့ သားတော်ပါ။ သံဃာကို ဆဲဆိုစော်ကားခြင်းဟာ မြတ်စွာဘုရားရှင်ကို စော်ကားခြင်းဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်နဲ့ သံဃာကိုစော်ကားတဲ့သူ သာသနာ့သမိုင်းတစ်လျှောက်ကြည့်ပါလျှင် ဒေဝဒတ်၊ စိဉ္စမာနမိန်းမယုတ်၊ သုပ္ပဗုဒ္ဓ(မြတ်စွာဘုရားရှင်၏ ယောက္ခမတော်)၊ သုန္ဒရီပရဗိုဇ် စတဲ့ သူများပါ။ သူတို့တစ်တွေ အားလုံး ယခုအချိန်အခါမှာ မြေမြိုလို့ အဝီစိငရဲသို့ ကျရောက်နေပြီး ဒုက္ခမျိုးစုံး ဆင်းရဲမျိုးစုံ ခံစားနေပါတယ်ဆိုတာလောက်တော့ သိထားပေးပေါ့။ အချိန်မှီပါသေးတယ်။ ပြင်မည်ဆိုပါလျှင် ပြင်လို့ရနေပါသေးသည်။

.. https://www.facebook.com/MyanmarExpress
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်