Subscribe to our RSS Feed

မိုးသည်းထန်စွာရွာသော်လည်း မိုးရေထဲမှ ကချင်တိုင်းရင်းသားများကို ဒေါ်အောင်ဆန်းစုကြည် အမိုးအောက်မှ ၁ နာရီကျော် မိန့်ခွန်းပြောခဲ့

From : .. Kachin Duwa
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ရွေးကောက်ပွဲကျင်းပဖို့ အချိန်ကာလ နီးကပ်လာချိန်မှာပဲ တိုင်းရင်းဒေသတွေဖြစ်တဲ့ ပြည်နယ်နဲ့ တိုင်းတွေကို ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် သွားရောက်နေခဲ့ရာက မေလ ၂၃ရက်နေ့ စနေနေ့မှာတော့ ကချင်ပြည်နယ်ကို ရောက်ရှိလာခဲ့ပါတယ်။

 ကချင်ပြည်နယ် ပူတာအိုခရိုင် ပူတာအိုမြို့ကို စနေ မနက်ပိုင်းက ရောက်ရှိခဲ့ပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံကချင်ပြည်သူလူထုက တိုင်းရင်းရိုးရာဝတ်စုံပြည့်တွေ ဝတ်ဆင်ပြီး မိုးရေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေခံဥပဒေပြင်ဆင်ရေး မိန့်ခွန်းရှည်ကို တစ်နာရီကျော်ကြာ နားထောင်ခဲ့ရပါတယ်။

မိုးရေထဲမှ ကချင်တိုင်းရင်းသားများကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အမိုးအောက် စင်ပေါ်မှ မိန့်ခွန်းပြောခဲ့ပြီး ကပြဖျော်ဖျေသူများကိုလည်း စင်ပေါ်တက်ခွင့်မပေးဘဲ စင်အောက်တွင် ကခိုင်းကာ ဒေါ်အောင်ဆန်းစုကြည်မှ စင်ပေါ်မှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရပါတယ်။

.
. https://www.facebook.com/MyanmarExpress
 

2 comments:

အမေကဖျားနေအုံးမယ်နော်.....အောက်ကကချင်မလေးတွေ ကချင်ကောင်လေးတွေက မဖျားနာတက်ဘူး....သူတို့က ရိုးနေပြီလေ.......မိုး/လေဆိုတာကိုပေါ့.....

ဒေါစုမှမဟုတ်​ ဘယ်​​ကောင်​အာဏာရရ နိုင်​ငံကိုပြု ပြင်​ ​ပြောင်းလဲ ဖို့က ​ဝေး​နေ အုံးမှာပါ အခွင့်​အ​ရေးနဲ့လုပ်​စားမယ့်​​ကောင်​ ၊အထက်​ဖား ​အောက်​ဖိမယ့်​​ကောင်​ ၊ ဂိတ်​​တွေမှာမှတ်​ပုံတင်​စစ်​ မပါရင်​ မုဒိမ်းကျင့်​ ဖို့​ချောင်း​နေတဲ့​ကောင်​ ၊
လက်​ဖက်​ရည်​ဆိုင်​ မှာ ​ဆေးလိပ်​တဖွာဖွာ ကွမ်း​သွေးတစ်​ပြစ်​ပြစ်​ နဲ့ ဟိုနိုင်​ငံမ​ကောင်းလို့ ဒီနိုင်​ငံ မ​ကောင်းလို့ ​ပြော​နေတယ့်​​ကောင်​ ၊​ဖေ့ဘုက်​ မှာ ​ကြောင်​ မယ်​ ​ကြောင်​လို့မရရင်​ နည်းမျိုးစုံ နဲ့ ဖုန်းနံပါတ်​ရ​အောင်​စုံစမ်းပြီးporn site တင်​မယ့်​​ကောင်​ ၊ဂလို​ကောင်​​တွေချည်​ပဲ ဟူးးးးးးး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်