Subscribe to our RSS Feed

ဒေါ်စုအိပ်ငိုက်သည့်ဓာတ်ပုံကြောင့် လွှတ်တော်အတွင်း သတင်းယူခွင့်ပိတ်

From : .. DVB

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း အိပ်ငိုက်သည့်ပုံ  ပျံ့နှံ့ခဲ့တဲ့နောက် ပြည်ထောင်စု လွှတ်တော်က မီဒီယာခန်းကို သတင်းထောက်တွေ ၀င်ရောက်ခွင့် ဒီနေ့ ပိတ်ပင်လိုက်ပါတယ်။

NLD ကိုယ်စားလှယ်တွေ အိပ်ငိုက်နေတဲ့ပုံကို ဓာတ်ပုံရိုက်တာအပြင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အိပ်ငိုက်ပုံကို  ဓာတ်ပုံရိုက်တဲ့အတွက်ကြောင့်လို့ ပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ပြောပါတယ်။

မြန်မာဂျာနယ်လစ်ကွန်ရက်ရဲ့ အတွင်းရေးမှူး ကိုအောင်သူရက “ကျွန်တော်တို့ ဖြစ်စေချင်တာက ဒီလိုလုပ်မယ်ဆိုရင်လည်း သတင်းထောက်တွေနဲ့ အရင် ညှိနှိုင်းစေချင်ပါတယ်။ ခုကတော့ ငါတို့ထားတဲ့နေရာမှာနေဆိုတဲ့ သဘောဖြစ်နေတယ်’’ လို့ ဒီဗွီဘီကို ပြောပါတယ်။

အရင်ကဆိုရင် လွှတ်တော်အစည်းအဝေးခန်းအပေါ် မီဒီယာခန်းက ကြည့်ရှုသတင်းယူနိုင်ပေမယ့် ဒီနေ့မှာတော့ မီဒီယာခန်းအပြင်ဘက် ကော်ရစ်ဒါကနေ တိုက်ရိုက်ပြနေတဲ့ တီဗွီကတဆင့်ပဲ ကြည့်ရှုရတော့တာပါ။

ကိုအောင်သူရက “ ကျွန်တော်တို့က အိပ်နေရင်လည်း ရိုက်ပြရမှာပဲ၊ ရန်ဖြစ်နေရင်လည်း ရိုက်ပြရမှာပဲ။ တချို့ ကိစ္စတွေဆိုရင် ဆွေးနွေးတင်ပြနေတဲ့သူကို တိုက်ရိုက်ကြည့်နေဖို့လိုပါတယ်” လို့ ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက နိုင်ငံတကာလွှတ်တော်တွေမှာလည်း ဒီအတိုင်းပဲလို့ ပြောပါတယ်။ ဒီအခြေအနေဟာ လောလောဆယ်မှာတော့ ဒီအတိုင်းရှိနေမှာဖြစ်ပြီး သူတယောက်တည်းလုပ်တာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အိပ်ငိုက်သည့်ပုံ ပျံ့နှံ့ခဲ့သည့်အတွက် ပြည်ထောင်စုလွှတ်တော် နာယက ဦးရွှေမန်းထံသို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က မိဒီယာများကို ကန့်သတ်ဖို့ ပြောဆိုခဲ့ကြောင်း လွှတ်တော်မှလာသော သတင်းအများအရ သိရပါတယ်။
.

.. https://www.facebook.com/MyanmarExpress
 

1 comments:

She is very busy with Kalars.... no time to sleep

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်