Subscribe to our RSS Feed

ကျမက သမ္မတရူး ပါမောင်



ကျမက သမ္မတကြီး ဖြစ်ချင်သူပါမောင်။

ထားရာနေ စေရာသွား
ခေါ်ရင်လည်း ကမန်းကတန်း လာတွေ့ရသူပါမောင်။

၂၀၀၈ ခြေဥကို ကာကွယ်စောင့်ရှောက်မယ်လို့ ကျမ်းကျိန်ထားခဲ့သူပါမောင်။

လမ်းဘေးကလူနဲ့ ရန်ဖြစ်ရင်း အဲဒါကို ရီကော့ဒ်လုပ်ထားလိုက် လို့ ထပ်တလဲလဲ ပြောခဲ့ဖူးသူပါမောင်။

ရန်ကုန်ကဆိုရင် ဂျကား အကျောချင်ဘူးလို့ ဘေးတစောင်းလှည့်ထိုင်ခဲ့ဖူးသူပါမောင်။

ဖေဖေတည်ထောင်ခဲ့တဲ့ တပ်မတော်ကို ချစ်သလောက် ဖေဖေဦးဆောင်ခဲ့ဖူးတဲ့ ဗကပ နဲ့ ဗကသ ကို မလိုမုန်းထားမိသူပါမောင်။

လေးပွင့်ဆိုင်ကို လည်ပင်းညောင်ရေအိုးလောက်ဖြစ်အောင် မျှော်ရသူပါမောင်။

ဖြောင့်ဖြောင့်မတ်မတ်ကြီးရွှေမန်းနဲ့ ဒုံးယိမ်းအတူ တွဲကဖူးသူပါမောင်။

ခင်ရွှေနဲ့လည်း မြင်းပွဲအတူ သွားဖူးသူပါမောင်။

ဇော်ဇော်နဲ့လည်း ဘောပွဲအတူ ကြည့်ဖူးသူပါမောင်။

စစ်တမတ်သားကို ထမင်းဖိတ်ကျွေးချင်တဲ့အထိ သဒ္ဓါလွန်ဖူးသူပါမောင်။

မတရားမှုတခုမှာ ပြုသူနဲ့ခံရသူ နှစ်ဖက်စလုံးကို မေးခွန်းထုတ်ရမယ်လို့ ရက်ရက်စက်စက် ပြောထွက်ခဲ့ သူပါမောင်။

ရွေးကောက်ပွဲကို သပိတ်မှောက်တန်သင့် မှောက်ရမယ်ပြောပြီး တချိန်တည်းမှာ  ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်မိသူပါမောင်။

၄၃၆ လက်မှတ် ငါးသန်းကို အပျော်ကြံခဲ့မိတယ်မောင်။

ကျမတို့ပါတီကို မဲပေးပါမောင်။

- သုညခင် -


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်