Subscribe to our RSS Feed

ရိုဟင်ဂျာပြဿနာနှင့် ထောင်ချောက်မိ မြန်မာပြည် (အပိုင်း-၂)


ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံသည် လူကုန်ကူးမှုပြဿနာ၊ လူမှောင်ခိုပြဿနာ နှင့် ခိုးဝင်ပြဿနာ အများဆုံးဖြစ်ပွားနေသော နိုင်ငံများဖြစ်ပြီး လူပွဲစားအများအပြားရှိကြောင်း ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်သည့် မလဲ့လဲ့ထွန်းမှ ယခုလိုပြောသည်။
“ထိုင်းနိုင်ငံမှာ လူပွဲစားတွေအများကြီးရှိတယ်။ သူတို့က စီးပွားရေးပဲကြည့်တယ်။ နိုင်ငံနဲ့ လူမျိုးမရွေးဘူး။ ဘယ်နိုင်ငံသားကိုမဆို နည်းမျိုးစုံနဲ့ ခေါ်သွင်းကြတယ်။ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီတွေကိုလည်းခိုးသွင်းတယ်။ ရဲက ဖမ်းရင်တော့ ဘင်္ဂါလီတွေက မြန်မာနိုင်ငံသားလို့ ဖြေကြတယ်။” ဟု မလဲ့လဲ့ထွန်းမှ ဆိုသည်။ လွန်ခဲ့သည့်လက ထိုင်းနှင့် မလေးရှား နယ်စပ်တောထဲတွင် မြှုပ်နှံထားသည့် ဒါဇင်နှင့်ချီသည့် ဘင်္ဂါလီ (ရိုဟင်ဂျာ) အလောင်းများကို ထိုင်းရဲတပ်ဖွဲ့က ရှာဖွေဖော်ထုတ်ကာ သံသယရှိသူများကို ဖမ်းဆီးခဲ့သည်။ လူကုန်ကူးသူများ၊ သို့မဟုတ် လူမှောင်ခိုကူးသူများကြောင့် ၎င်းတို့တွေ လှေစီးကာ နိုင်ငံနယ်နိမိတ်များကို ဖြတ်ကျော် ထွက်ပြေးကြသည်ဟု ပညာရှင်အများစုက သုံးသပ်ကြသည်။
-
မဇ္ဈိမ သတင်းဌာနတွင် မေလ ၂၀ ရက်နေ့က ဖော်ပြထားသည့် “ဘင်္ဂါလီဆိုတိုင်း မြန်မာနိုင်ငံက ဖြစ်ရမှာလား” ခေါင်းစဉ်ဖြင့် ပေးစာတစ်စောင်တွင် မြန်မာနိုင်ငံရဲ့ နယ်စပ်မြို့ အများအပြားကို ရောက်ခဲ့ဖူးသူ အငြိမ်းစားဝန်ထမ်း ဦးသာထွန်းမှ လူကုန်ကူးမှုကြောင့် လှေစီးပြေးပြဿနာများ ပေါ်ပေါက်လာခြင်းမှာ မှန်ကန်ကြောင်း၊ သူတို့နိုင်ငံမှာ စားဝတ်နေရေး အဆင်မပြေလို့ ပင်လယ်ပြင်ကို လှေနဲ့ ဖြတ်သန်းပြီး ရွှေ့ပြောင်းနေကြတာကို ဘာမှမဆိုင်ဘဲနဲ့ မြန်မာနိုင်ငံက ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေအနေ တွေကြောင့် ထွက်ပြေးရတဲ့ ဒုက္ခသည်တွေဆိုပြီး နိုင်ငံတကာက မြန်မာနိုင်ငံကို တရားဝင်လက်ခံ အောင်ပြောဆိုနေခြင်းကို လက်မခံကြောင်း ရေးသားထားသည်။
-
မောင်တောမြို့သည် လွန်ခဲ့သည့် အနှစ်လေးဆယ်ကျော်က လူဦးရေယခုလောက် မများသေးဘဲ နောက်ပိုင်း ဒီနိုင်ငံမှာ ဘင်္ဂလီတို့အတွက် စားဝတ်နေရေး အဆင်ပြေနိုင်တာကို သိလာကြပြီး တဖြည်းဖြည်းနဲ့ တရားမ၀င် ပြောင်းရွှေ့နေထိုင်လာကာ ဘင်္ဂါလီဦးရေက ကြီးထွားလာခဲ့ခြင်းဖြစ်ကြောင်း ဦးသာထွန်း က ဆိုသည်။ ယခုအခါ ဘူးသီးတောင်နှင့် မောင်တော ဒေသများတွင် ဗုဒ္ဓဘာသာဦးရေမှာ ၁၀% သာရှိပြီး ဘင်္ဂါလီ ဦးရေက ၉၀% ရှိကြောင်း သိရသည်။

-
ဒေါက်တာမျိုးချစ်
-

.. https://www.facebook.com/MyanmarExpress
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်