Subscribe to our RSS Feed

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွင့်ဖြိုးရေးပါတီ ပါတီဗဟိုကော်မတီ စတုတ္ထအကြိမ်အစည်းအဝေး သတင်းထုတ်ပြန်ချက်

From : .. USDP
  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွင့်ဖြိုးရေးပါတီ
      ပါတီဗဟိုကော်မတီ စတုတ္ထအကြိမ်အစည်းအဝေး
သတင်းထုတ်ပြန်ချက်
၁၃၇၇ ခုနှစ်၊ နယုန်လဆန်း (၁၄)ရက်
၂၀၁၅ ခုနှစ် ၊ မေလ (၃၁)ရက်


၁။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၊ ပါတီဗဟိုကော်မတီ စတုတ္ထအကြိမ်အစည်း အဝေးကို ၂၀၁၅ ခုနှစ်၊ မေလ (၂၉) ရက် သောကြာနေ့မှ မေလ (၃၁) ရက် တနင်္ဂနွေနေ့ထိ ပါတီဌာနချုပ်၊ နေပြည် တော်တွင်အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။ ပါတီဗဟိုကော်မတီစတုတ္ထအကြိမ် အစည်းအဝေးသို့ ဗဟို အလုပ် မှုဆောင် (၄၀) ဦး ၊ ဗဟိုကော်မတီဝင် (၁၆၉) ဦး ၊အရန်ဗဟိုကော်မတီဝင်(၇၃) ဦး စုစုပေါင်း        (၂၈၂ ) ဦးတက်ရောက်ပြီး၊ တက်ရောက်ခွင့်ရှိသူ၏ (၉၈%) တက်ရောက်ခဲ့ပါသည်။

· ၂။ ပါတီဗဟိုကော်မတီ စတုတ္ထအကြိမ်အစည်းအဝေးကို အောက်ပါ ဦးတည်ချက် (၁)ရပ်၊ ရည်ရွယ်ချက်    (၃) ရပ် နှင့် ရည်မှန်းချက် (၉) ရပ်တို့ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်-

(က) ဦးတည်ချက်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံသားများ၏ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို ပါတီ၏ ဦးဆောင်မှုဖြင့် ဖော်ဆောင်ရေး။

(ခ) ရည်ရွယ်ချက် (၃)ရပ်။ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁) နိုင်ငံရေးရာများနှင့်ပါတီရေးရာများကို ပါတီ၏ဦးဆောင်မှုဖြင့် ပါတီ၏အဖွဲ့အစည်း အသီးသီးနှင့် ပါတီဝင်များက ဆောင်ရွက်ရန်။

(၂) ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီဝင်ထု တစ်ရပ်လုံး တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ရန်။

(၃) ပြည်သူများ မျှော်လင့်တောင်းတနေကြသည့် ဂုဏ်သိက္ခာရှိသောနိုင်ငံတော်အဖြစ်ရပ်တည်နိုင်ရေးနှင့် နိုင်ငံသားများ၏ လူမှုစီးပွားဘ၀ မြင့်မားတိုးတက်ရေးတို့ကို အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းစဉ်များချမှတ်ရန်။



(ဂ) ရည်မှန်းချက် (၉)ရပ် ။ အောက်ပါအတိုင်းဖြစ်ပါသည်-

· (၁) ယုံကြည်ချက် ၊ခံယူချက်ခိုင်မာရေး၊ ပါတီ၏မူဝါဒအပေါ် အခြေခံရေးနှင့် ပါတီ၏ ဦးဆောင်မှု အခန်းကဏ္ဍမြင့်မားရေး။

· (၂) ပါတီတွင်းဒီမိုကရေစီစနစ် ကျယ်ပြန့်စွာကျင့်သုံးရေးနှင့် ပါတီတွင်း စည်းလုံးမှု ပိုမိုခိုင်မာရေး။

· (၃) ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုလွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာကျင်းပနိုင်ရေးနှင့်ရွေးကောက်ပွဲအလွန် ကာလများတွင်တည်ငြိမ်အေး ချမ်း၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် ရပ်တည်နိုင်ရေး။

· (၄) ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါတီအောင်နိုင်ရေးအတွက်ပါတီ ဗဟိုဌာနချုပ်မှ ချမှတ်ထားသော အစီအမံနှင့် လုပ်ငန်းစဉ်များကို ပါတီအဆင့်ဆင့်မှ ပီပြင်ထိရောက်စွာ အကောင်အထည်ဖေါ်ဆောင်ရွက်ရေး။

· (၅) ရွေးကောက်ပွဲတွင် ပါတီအောင်နိုင်ရေးအတွက် ဦးစီးဦးဆောင် ကြီးမှူးဆောင်ရွက်မည့် အောင်နိုင်ရေး ခေါင်းဆောင်သတ်မှတ်ရေး။

·(၆) ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ရေးဆိုင်ရာ အခြေခံမူများချမှတ်အတည်ပြု ရေး။

· (၇) ပြည်သူသို့အသိပေးတင်ပြရမည့် ပါတီ၏မူဝါဒ ၊သဘောထား ရပ်တည်ချက်နှင့် လုပ်ငန်းစဉ်များကို ချမှတ်အတည်ပြုရေး။

· (၈) ရွေးကောက်ပွဲဆိုင်ရာ ပါတီအဆင့်ဆင့်၏ လုပ်ဆောင်ချက်များသည် သတ်မှတ်ပြဌာန်းထားသော ဥပဒေစည်းကမ်းများနှင့်အညီဖြစ်စေရေး။

· (၉) ဒုတိယအကြိမ်ပါတီညီလာခံအတွက် လိုအပ်သည့်အစီအမံများ အတည်ပြု သတ်မှတ်ရေး။

၃။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံြု့ဖိုးရေးပါတီ၊ပါတီဗဟိုကော်မတီစတုတ္ထအကြိမ်အစည်းအဝေးတွင်ပါတီ ဗဟို အလုပ်မှုဆောင်များ ၊ ပါတီဗဟိုကော်မတီဝင်များ၊ အရန်ဗဟိုကော်မတီဝင်များမှ ဆွေးနွေးညှိနှိုင်း တိုင်ပင်ကြပြီး မှတ်တမ်းတင်ခြင်း(၅)ရပ် ၊ရှေ့လုပ်ငန်းစဉ် (၅)ရပ် ၊ အတည်ပြုခြင်း (၅)ရပ်နှင့် ဆုံးဖြတ်ချက် (၄) ရပ်တို့ကို အောက်ပါအတိုင်း အသီးသီး ချမှတ်နိုင်ခဲ့ပါသည်-

· (က) မှတ်တမ်းတင်ခြင်း (၅) ရပ်။ အောက်ပါအတိုင်းဖြစ်ပါသည်-

 (၁) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၊ ပါတီဗဟိုကော်မတီ စတုတ္ထအကြိမ်အစည်းအဝေး ပထမနေ့ (၃၀-၅-၂၀၁၅) ရက်နေ့တွင် တင်သွင်းသော ဗဟိုအလုပ်မှုဆောင် ကော်မတီ၏ အစီရင်ခံစာကို မှတ်တမ်းတင်သည်။

(၂) ဗဟိုအလုပ်မှုဆောင်ကော်မတီက တင်ပြသည့် အောက်ပါ စာတမ်းများကို မှတ်တမ်းတင်သည်-

  (က) ယုံကြည်ချက်၊ ခံယူချက်ခိုင်မာရေး ၊ ပါတီ၏မူဝါဒအပေါ် အခြေခံရေး၊ ပါတီ၏ ဦးဆောင်မှုအခန်းကဏ္ဍ မြင့်မားရေးနှင့် ပါတီတွင်း ဒီမိုကရေစီစနစ် ကျယ်ပြန့်စွာ ကျင့်သုံးရေး ၊ပါတီတွင်းစည်းလုံးမှု ပိုမိုခိုင်မာရေးစာတမ်း၊

o (ခ) ပါတီ၏ သဘောထားရပ်တည်ချက်နှင့် လုပ်ငန်းစဉ်များကို ချမှတ် အတည်ပြုရေး စာတမ်း အပိုင်း (၁) နှင့် အပိုင်း(၂)
(ဂ) ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ရွေးကောက်ပွဲ အလွန် ကာလများတွင် တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် အဖြစ် ရပ်တည်နိုင်ရေးစာတမ်း၊

 (ဃ) ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပါတီအောင်နိုင်ရေးအတွက် ပါတီဗဟိုဌာချုပ်မှချမှတ် ထားသောလုပ်ငန်းစဉ်များကို ပါတီအဆင့်ဆင့်မှပီပြင်ထိရောက်စွာ အကောင်အထည်ဖော်ဆောင် ရွက်ရေး စာတမ်း၊

 (င) ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များရွေးချယ်ရေးဆိုင်ရာအခြေခံမူများချမှတ်အတည်ပြု ရေး စာတမ်း၊

 (စ) ရွေးကောက်ပွဲဆိုင်ရာ ပါတီအဆင့်ဆင့်၏ လုပ်ဆောင်ချက်များသည် သတ်မှတ်ပြဌာန်းထားသော ဥပဒေစည်းကမ်းများနှင့်အညီ ဖြစ်စေရေးစာတမ်းနှင့် ဒုတိယအကြိမ် ပါတီညီလာခံအတွက် လိုအပ်သည့် အစီအမံများ အတည်ပြုသတ်မှတ်ရေးစာတမ်း။

 (၃) ပါတီဗဟိုအလုပ်မှုဆောင်ကတင်ပြသော စာတမ်းများနှင့် ပတ်သတ်၍ တိုင်းဒေသကြီး ၊ ပြည်နယ်ပါတီ အစုအဖွဲ့ (၄) ဖွဲ့၏ ဆွေးနွေးချက်များကို မှတ်တမ်းတင်သည်။

 (၄) တိုင်းဒေသကြီး၊ ပြည်နယ်ပါတီကော်မတီများ၏ အောင်နိုင်ရေးဆိုင်ရာတင်ပြချက်များအပေါ် ပါတီဗဟိုအလုပ်မှုဆောင်ကော်မတီက ပြန်လည်ဆွေးနွေး လမ်းညွှန်မှာကြားခြင်းကို မှတ်တမ်းတင်သည်။

 (၅) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပါတီဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေး ပထမ နေ့(၃၀-၅-၂၀၁၅) ရက်နေ့နှင့် ဒုတိယနေ့ (၃၁-၅-၂၀၁၅)ရက်နေ့များတွင် တင်သွင်းသောတိုင်း ဒေသကြီး၊ ပြည်နယ် ပါတီကော်မတီများ၏ အောင်နိုင်ရေးဆိုင်ရာ တင်ပြချက်များအားမှတ်တမ်းတင်သည်။

 (ခ) ရှေ့လုပ်ငန်းစဉ် (၅) ရပ်။ အောက်ပါအတိုင်းဖြစ်ပါသည်-

 (၁) ယုံကြည်ချက် ၊ခံယူချက်ခိုင်မာရေး ၊ပါတီမူဝါအပေါ် အခြေခံရေးနှင့် ပါတီ၏ ဦးဆောင်မှုအခန်းကဏ္ဍ မြင့်မားရေး။

 (၂) ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ၌ ပါတီအောင်နိုင်ရေးအတွက် ပါတီဗဟိုဌာနချုပ်မှ ချမှတ်ထားသော လုပ်ငန်းစဉ်များကို ပါတီအဆင့်ဆင့်နှင့် ပါတီဝင်အားလုံးက ပီပြင်ထိရောက်စွာ အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရေး။

 (၃) ပါတီအဆင့်ဆင့်၏ ရွေးကောက်ပွဲဆိုင်ရာလုပ်ဆောင်ချက်များသည်သတ်မှတ်ပြဌာန်းထားသော ဥပဒေ ၊ စည်းကမ်းများနှင့်အညီ ဖြစ်စေရေး.။

 (၄) ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ရွေးကောက်ပွဲ အလွန်ကာလများတွင် တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် ရပ်တည်နိုင်ရေး။

 (၅) ပြည်သူများ မျှော်လင့်တောင်းတနေကြသည့် ဂုဏ်သိက္ခာရှိသော နိုင်ငံတော်အဖြစ် ရပ်တည်နိုင်ရေး နှင့် နိုင်ငံသားများ၏ လူမှုစီးပွားဘ၀ မြင့်မားတိုးတက်ရေးတို့ကို အကောင်အထည်ဖေါ်နိုင်ရေး။

 (ဂ) အတည်ပြုခြင်း (၅)ရပ်။ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁) ပါတီ၏ မူဝါ သဘောထားရပ်တည်ချက်နှင့် လုပ်ငန်းစဉ်များကို အတည်ပြုသည်။

 (၂) ပါတီဗဟိုအလုပ်မှုဆောင်ကော်မတီက တင်ပြသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို အတည်ပြုသည်။

 (၃) ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုလွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ်အောင်မြင်စွာကျင်းပနိုင်ရန်အတွက်တက်ကြွစွာပူးပေါင်းဆောင်ရွက်ရေးနှင့်ရွေးကောက် ပွဲ အလွန် ကာလများတွင် တည်ငြိမ်အေးချမ်းရေး၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် ရပ်တည်နိုင် ရေး အဆိုကို အတည်ပြုသည်။

 (၄) ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါတီအောင်နိုင်ရေးအတွက် ပါတီဗဟိုဌာနချုပ်မှချမှတ်ထားသောလုပ်ငန်းစဉ်များကိုပါတီအဆင့်ဆင့်မှ ပီပြင်ထိရောက်စွာအကောင် အထည် ဖော်ဆောင်ရွက်ရေးအဆိုကို အတည်ပြုသည်။

 (၅) ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ရေးဆိုင်ရာအခြေခံမူများကို အတည်ပြုသည်။

(ဃ) ဆုံးဖြတ်ချက် (၄)ရပ်။ အောက်ပါအတိုင်းဖြစ်ပါသည်-

 (၁) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၊ ဗဟိုကော်မတီ စတုတ္ထအကြိမ်အစည်းအဝေးတွင် ပါတီဥက္ကဌ သူရဦးရွှေမန်း၏ လမ်းညွှန်မှာကြားချက်များကို ပါတီအဆင့်ဆင့်၏ လုပ်ငန်းလမ်းညွှန်အဖြစ် ခံယူလိုက်နာကျင့်သုံးရန် ဆုံးဖြတ်သည်။

 (၂) ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်ပါတီအောင်နိုင်ရေးအတွက်ဖွဲ့စည်း ထားသောအောင်နိုင်ရေးဗဟိုကော်မတီကို ဖြည့်စွက်ဖွဲ့စည်းရန်နှင့်လက်ရှိအောင်နိုင်ရေးဗဟို ကော်မတီ ဥက္ကဌသူရဦးရွှေမန်းကပင် ပါတီအောင်နိုင်ရေးအတွက် အစီအမံနှင့် လုပ်ငန်းစဉ်များကို ကြီးမှူး ဆောင်ရွက် ရန် ဆုံးဖြတ်သည်။

 (၃) ပါတီဗဟိုကော်မတီ စတုတ္ထအကြိမ်အစည်းအဝေးက အတည်ပြုထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို ပါတီအဖွဲ့အစည်းအဆင့်ဆင့်က အကောင်အထည်ဖေါ်ဆောင်ရွက်ရန် ဆုံးဖြတ်သည်။

 (၄) ပါတီဗဟိုကော်မတီ စတုတ္ထအကြိမ်အစည်းအဝေးတွင် ဗဟိုအလုပ်မှုဆောင်ကော်မတီက တင်ပြသည့် စာတမ်းများပါ မူဝါဒ၊ သဘောထား၊ လမ်းညွှန်ချက်များနှင့်လုပ်ငန်းစဉ်များသည် ပါတီအဓွန့်ရှည်ခိုင်မာစွာ ရပ်တည်နိုင်ရေး၊ ပါတီအောင်နိုင်ရေးနှင့် ရွေးကောက်ပွဲလွန်ကာလများတွင်နိုင်ငံရေးဦးဆောင်မှုရရှိရေး အတွက် ပဓာနကျသောလုပ်ငန်းလမ်းညွှန်များ ဖြစ်သဖြင့် ယင်းလုပ်ငန်းစဉ်များကို မိမိနယ်မြေဒေသနှင့် လိုက်လျောညီထွေစွာ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် ဆုံးဖြတ်သည်။

 
.. https://www.facebook.com/MyanmarExpress
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်