Subscribe to our RSS Feed

သူရဦးရွှေမန်းဦးဆောင်သောမြန်မာလွှတ်တော်ကိုယ်စားလှယ်များ ဂျပန်-မြန်မာပါလီမန်ချစ်ကြည်ရေးအသင်းနှင့်တွေ့ဆုံဆွေးနွေး

From : .. UD


ဂျပန်-မြန်မာ ပါလီမန်ချစ် ကြည်ရေးအသင်းနှင့်ပြည်ထောင်စု လွှတ်တော်နာယကသူရဦးရွှေမန်း ဦးဆောင်သော မြန်မာလွှတ်တော် ကိုယ်စားလှယ်များတွေ့ဆုံပွဲကို ယနေ့ညနေတွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ရာ နှစ်နိုင်ငံသံတမန် ရေးနှင့်နိုင်ငံရေးကိစ္စရပ်များ၊ လူမှု ရေးနှင့် စီးပွားရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်
ဆွေးနွေးခဲ့ကြသည်။

ယင်းသို့တွေ့ဆုံရာ၌ ဂျပန်- မြန်မာပါလီမန်ချစ်ကြည်ရေးကော် မတီဥက္ကဋ္ဌ Mr.Ichiro Aisawa က ဂျပန်-မြန်မာပါလီမန်ချစ်ကြည် ရေးအသင်းတွင် အဖွဲ့ဝင်ဦးရေများ နေခြင်းသည်ဂျပန်လွှတ်တော်များ၌ မြန်မာနိုင်ငံကို စိတ်ဝင်စားသည့် အမတ်များစွာရှိကြောင်း ဖော်ပြနေ သည်ဟု
ပြောကြားသည်။

၎င်းက မြန်မာနိုင်ငံအနေဖြင့် မကြာမီအချိန်တွင် အာဆီယံဥက္ကဋ္ဌ
ဖြစ်လာတော့မည်ဖြစ်၍နိုင်ငံတကာ အရေးကိစ္စများ၌ မြန်မာက တာဝန် ရှိလာကြောင်း၊မြန်မာနိုင်ငံ၌အခြေခံ အဆောက်အအုံများဖြစ်သည့် လျှပ် စစ်၊ ရေရရှိမှု၊ ပြည်သူများချမ်းသာ ကြွယ်ဝစွာနေနိုင်ရေးကို ကြိုးပမ်းဖော်ဆောင်နေသည်ဟုသိရ၍ ဂျပန်အစိုးရအနေဖြင့် အားသွန် ခွန်စိုက်ဘက်စုံမှကူညီသွားမည်ဟုဆိုသည်။
သူရဦးရွှေမန်းက မြန်မာ-ဂျပန်ပါလီမန်ချစ်ကြည်ရေးအသင်း ကိုလည်း အမြန်ဆုံးဖွဲ့စည်းသွားရန် စီစဉ်သွားမည်ဖြစ်ကြောင်း၊ ဂျပန်-မြန်မာပါလီမန်ချစ်ကြည်ရေးအသင်း ဖွဲ့စည်းပုံကိုနမူနာယူ၍ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ၁၉၈၈ခုနှစ်မှ ၂ဝ၁ဝအထိ ဂျပန်- မြန်မာဆက်ဆံရေးသည် ပုံမှန်အနေအထားမရှိခဲ့ကြောင်း၊ အကြောင်း ရင်းမှာ မြန်မာနိုင်ငံ၌လွှတ်တော်များမရှိခဲ့၍ ဒီမိုကရေစီစနစ်ကျင့်သုံး နိုင်ခြင်းမရှိခဲ့၍ဖြစ်ကြောင်း။
ယခုအခါ မြန်မာနိုင်ငံ၌လွှတ်တော်များရှိပြီဖြစ်ပြီး ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေပြီဖြစ်၍ ပြန်ချေဖျက်သည့် အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ရန်လိုပါကြောင်း၊ ယင်းအတွက် မြန်မာ-ဂျပန်နှစ်နိုင်ငံပါလီမန်များ၌လည်း တာဝန်ရှိပါ ကြောင်း ပြောကြားသည်။

ယင်းနောက် ဂျပန်နိုင်ငံအောက်လွှတ်တော်နှင့်အထက်လွှတ်တော် အမတ်များက ၄င်းတို့သိလိုသော မြန်မာနိုင်ငံ၏နိုင်ငံခြားရေးမူဝါဒ၊ စိုက်ပျိုးရေးလုပ်ငန်းများ အခြေအနေ၊ အခြေခံဆောက်အအုံလိုအပ် ချက်၊ လူ့စွမ်းအားအရင်းအမြစ်အခြေအနေများကိုမေးမြန်းကြရာ သူရဦးရွှေမန်းက ပြန်လည်ရှင်းလင်းဖြေကြားသည်။
သူရဦးရွှေမန်းက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေး ကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်နှင့်အညီ ကျင့်သုံးလျက်ရှိကြောင်း၊ လွတ်လပ်၍တက်ကြွသည့်နိုင်ငံခြားရေး မူဝါဒကိုကျင့်သုံးလျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် မည်သည့်နိုင်ငံနှင့် မဆို ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရန်ကြိုးစားကြောင်း၊ မြန်မာက တရုတ်၊ အိန္ဒိယ၊ ဂျပန်အပေါ်ထားရှိသည့်သဘောထားမှာ အတူတူပင် ဖြစ်ကြောင်း၊ ထို့အတူ အရေးယူပိတ်ဆို့ခဲ့သည့် အမေရိကန်ကိုလည်း အဆိုပါသဘောထားပင်ထားရှိကြောင်း၊ အခြေခံအဆောက်အအုံ လိုအပ်ချက်တွင် လျှပ်စစ်စွမ်းအားလိုအပ်ချက်၊ ပို့ဆောင်ဆက်သွယ်ရေး လိုအပ်ချက်၊ ဘဏ်နှင့်ငွေရေးကြေးရေးဆိုင်ရာလိုအပ်ချက်၊ ဘဏ္ဍာ ရေးဆိုင်ရာလိုအပ်ချက်များရှိကြောင်း၊ မြန်မာနိုင်ငံတွင် အင်ဂျင်နီယာ များအလုံအလောက်ရှိ၍ ၄င်းတို့ကို ဂျပန်မှလိုအပ်သည့်သင်တန်းများ ပေးမည်ဆိုပါက ဂျပန်အနေဖြင့် စက်မှုလုပ်ငန်းများရင်းနှီးမြှုပ်နှံရာ တွင် အသုံးဝင်မည်ဖြစ်ကြောင်းများဖြေကြားခဲ့သည်။

ယင်းနောက် ဂျပန်နိုင်ငံ၏ အာဏာရပါတီ LDP နှင့် ဂျပန်-မြန်မာပါလီမန် ချစ်ကြည်ရေးအသင်းတို့က ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံသည်။


.. www.MyanmarExpress.net
 

အလုပ်ရှိ၊ အောင်မြင်မှုရှိပြီး ထိုက်ထိုက်တန်တန် ချီးမြှင့်ခံရတဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့များ သမ္မတကြီး ဦးသိန်းစိန် လက်ခံ

From : .. သမ္မတရုံး




နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ထိုင်းနိုင်ငံ Mae Fah Luang တက္ကသိုလ်မှ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Honorable Doctoral Degree in Public Administration ) နှင့် Naresuan တက္ကသိုလ်မှ ပြည်သူ့ရေးရာ နိုင်ငံရေးသိပ္ပံ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Honorary Doctorate in Political Science) ချီးမြှင့် အပ်နှင်းသည့် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ အပ်နှင်းမည့် တက္ကသိုလ်နှစ်ခုတို့မှ တက္ကသိုလ်ကောင်စီ ဥက္ကဋ္ဌများ၊ အဓိပတိများ၊ ပါမောက္ခချုပ်များနှင့် ပါမောက္ခများ၊ ဧည့်သည်တော်များ၊ မြန်မာနိုင်ငံရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ သစ်တော တက္ကသိုလ်နှင့် မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်တို့မှ ပါမောက္ခများ၊ ကျောင်းသားကျောင်းသူများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် Mae Fah Luang တက္ကသိုလ် အဓိပတိ ဒေါက်တာ ဗန်ချိုင်စိရိ ချန်န က ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား တက္ကသိုလ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဆမ်ပေါင်ချိုစီ က ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ချီးမြှင့် အပ်နှင်းသည်။

ထို့နောက် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ၊ ပညာရေးဝန်ကြီးဌာန ခေတ္တပြည်ထောင်စု ဝန်ကြီးနှင့် Mae Fah Luang တက္ကသိုလ်ကောင်စီ ဥက္ကဋ္ဌ၊ အဓိပတိနှင့် အဖွဲ့တို့သည် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍ Naresuan တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ပွဲကို ဆက်လက် ကျင်းပရာ Naresuan တက္ကသိုလ်ကောင်စီ ဥက္ကဋ္ဌ ပါမောက္ခ ကရ စေချန် နဝန်စေ က ဂုဏ်ပြုအမှာ စကားပြောကြားပြီး နိုင်ငံတော်သမ္မတအား တက္ကသိုလ်အဓိပတိ ပါမောက္ခ ဒေါက်တာစုကျင် ကျင်န ဟရွန် က ပြည်သူ့ရေးရာ နိုင်ငံရေးသိပ္ပံဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ချီးမြှင့်အပ်နှင်းသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ နိုင်ငံတော် သမ္မတ ပြောကြား သည့် ကျေးဇူးတင်စကား အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-

♦ ယနေ့ အခမ်းအနားကို ကြွရောက်လာကြတဲ့ ထိုင်းနိုင်ငံ မယ့်ဖလောင်း တက္ကသိုလ်မှ တက္ကသိုလ် ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဆမ်ပေါင်ချိုစီနဲ့ အဓိပတိ ဒေါက်တာ ဗန်ချိုင်စိရိချန်န ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ နာရာဆွမ် တက္ကသိုလ်မှ တက္ကသိုလ် ကောင်စီဥက္ကဋ္ဌ ပါမောက္ခ ကရစေချန် နဝန်စေ နဲ့ အဓိပတိ ပါမောက္ခ ဒေါက်တာ စုကျင်ကျင်နဟရွန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခကြီးများနှင့် ဧည့်သည် တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည်စုံကြ ပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သ လိုက်ပါတယ်။

♦ ထိုင်းနိုင်ငံ မယ့်ဖလောင်းတက္ကသိုလ်ကိုယ်စား ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဆမ်ပေါင်ချိုစီ က ကျွန်တော့်အား ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ နဲ့ နာရာဆွမ် တက္ကသိုလ်ကိုယ်စား အဓိပတိ ပါမောက္ခ ဒေါက်တာ စုကျင်ကျင်နဟရွန်က ပြည်သူ့ရေးရာ နိုင်ငံရေးသိပ္ပံ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ တို့ကို ကိုယ်တိုင်လာရောက် ပေးအပ်ချီးမြှင့်ပေးတဲ့ အတွက် ကျေးဇူးတင်ရှိ ပါကြောင်း ဦးစွာ ပြောကြားလိုပါတယ်။

♦ မြန်မာနိုင်ငံ ပြည်သူလူထုရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလိုလားချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံရဲ့ အတိတ်သမိုင်းကြောင်း၊ လက်ရှိနိုင်ငံရေး အခြေအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အနာဂတ်ရဲ့ အခြေအနေတွေကို စဉ်းစားတွက်ဆပြီး ကြိုးပမ်းဆောင်ရွက်နေကြတဲ့ ကာလမှာ ယခုလို ဒီဂုဏ်ထူးဆောင် ပါရဂူဘွဲ့များ ချီးမြှင့်ပေးခြင်းဟာ ကျွန်တော်နှင့်တကွ ပြည်သူတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေအပေါ် အသိအမှတ် ပြုမှုတစ်ရပ်အဖြစ် ကျွန်တော်ခံယူပါတယ်။

♦ ယနေ့ မျက်မှောက်ခေတ်ကာလမှာ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကို ခိုင်မာတဲ့ ရည်မှန်းချက်နှင့် ဖော်ဆောင်လျက် ရှိပါတယ်။

♦ ဒီမိုကရေစီစနစ်ကို စတင်ဖော်ဆောင်ရာမှာ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ပုဂ္ဂလိက ကဏ္ဍမြှင့်တင်ရေးလုပ်ငန်းတွေကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက် ရှိပါတယ်။

♦ အသွင်ကူးပြောင်းရာမှာ ဗဟိုဦးစီးစနစ်မှ ဒီမိုကရေစီစနစ်သို့၊ ဗဟိုက ချုပ်ကိုင်သည့် စီးပွာရေးစနစ်မှ ဈေးကွက်စီးပွားရေးစနစ်သို့၊ ဗဟိုမှ ကြိုးကိုင်တဲ့ အုပ်ချုပ်ရေးစနစ်မှ ပြည်သူကို ဗဟိုပြုတဲ့ အုပ်ချုပ်ရေးစနစ်သို့ ညင်သာစွာ ကူးပြောင်းနေခြင်း ဖြစ်ပါတယ်။

♦ ကျွန်တော်တို့အစိုးရ၏ ရည်မှန်းချက်ဟာ ပြည်သူအများလိုလား တောင့်တနေတဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆန္ဒတွေကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် ဖြစ်ပါတယ်။

♦ နိုင်ငံရေးအရ၊ နိုင်ငံရေးအင်အားစုတွေ တည်တည်ငြိမ်ငြိမ်ရှိအောင် ကျွန်တော်တို့ရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်မှာ နိုင်ငံသားအားလုံး ပါဝင်လာခွင့်ရအောင် နိုင်ငံရေး အကျဉ်းသားများစွာကို အကြိမ်ကြိမ် ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါ့အပြင် နှစ်ပေါင်းရှည်ကြာခဲ့ပြီဖြစ်တဲ့ လက်နက် ကိုင်တိုင်းရင်းသား ပဋိပက္ခများ ချုပ်ငြိမ်းအောင် ငြိမ်းချမ်းရေး လုပ်ငန်းများကိုလည်း အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေပါတယ်။

♦ နိုင်ငံရေးနဲ့ လူမှုစီးပွားဖွံ့ဖြိုးရေးဟာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေတာ ဖြစ်တဲ့အတွက် နိုင်ငံရေးပြောင်းလဲမှုနဲ့ တစ်ချိန်တည်းမှာပဲ စီးပွားရေးပြုပြင်ပြောင်းလဲရေးတွေကိုလည်း ပြုလုပ်ရပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ စီးပွားရေးပိတ်ဆို့မှုဒဏ်ကို နှစ်ပေါင်း (၂၀) လောက် ခံခဲ့ရပါတယ်။ လူဦးရေအများစု နေထိုင်ကြတဲ့ ကျေးလက်နေပြည်သူတွေဟာ ဆင်းရဲနွမ်းပါမှုနှုန်း အများဆုံး ဖြစ်နေပါတယ်။ ဒါ့ကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါမှုနှုန်း ကျဆင်းရေးကို ဦးစားပေးလုပ်ငန်းရပ်အဖြစ် စီမံချက်များ ရေးဆွဲ ဆောင်ရွက်လျက် ရှိပါတယ်။

♦ တိုင်းပြည်စီးပွားရေးထူထောင်ဖို့အတွက် ကျွန်တော်တို့မှာ သဘာဝအရင်းအမြစ်တွေ ရှိပါတယ်၊ လုပ်သားတွေရှိပါတယ်၊ ကျွန်တော်တို့နိုင်ငံရဲ့ ပတ်ဝန်းကျင်မှာလည်း လူဦးရေ များပြားတဲ့ ဈေးကွက်ကြီးတွေ ရှိနေပါတယ်၊ ဒီလိုအခွင့်အလမ်းကောင်းတွေ ရှိနေသလို လိုအပ်ချက်များလည်း ရှိနေပါတယ်၊ ကျွန်တော်တို့ရဲ့ အဓိကလိုအပ်ချက်ဟာ အရင်းအနှီး၊ နည်းပညာနှင့် လူသားစွမ်းရည် အရင်းအမြစ်တို့ ဖြစ်ပါတယ်။

♦ ဒါကြောင့် ဒီကနေ့ အရင်းအနှီးနဲ့ နည်းပညာများရအောင် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေပါတယ်။ လူသားစွမ်းရည် အရင်းအမြစ်တွေ ရရှိဖို့အတွက်ကတော့ လေ့ကျင့်ပျိုးထောင် ယူရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပညာရေးဟာ အဓိကကျပါတယ်။ ပညာရေးကသာလျှင် လူသားစွမ်းရည်အရင်းအမြစ်တွေကို အခြေခံမြှင့်တင်ပေးနိုင်မှာ ဖြစ်တဲ့အတွက် ပညာရေးမှာ အခြေခံပညာက စပြီး အဆင့်မြင့်ပညာတွေကို မြှင့်တင်ဖို့ ပညာရေးပြုပြင်ပြောင်းလဲမှု တွေကိုလည်း ပြုလုပ်နေပါတယ်။

♦ ထိုင်းနိုင်ငံရှိ အဆွေတော်တို့ရဲ့ မယ့်ဖလောင်းတက္ကသိုလ်နှင့် နာရာဆွမ်တက္ကသိုလ်တို့ဟာ ထိုင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များကို များစွာ မွေးထုတ် ပေးနိုင်ခဲ့တဲ့အတွက် ကျွန်တော့်အနေနဲ့ များစွာဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေး ကဏ္ဍ ပြုပြင်ပြောင်းလဲရာမှာ မြန်မာ့တက္ကသိုလ်အချို့ကို အဆွေတော်တို့ရဲ့ တက္ကသိုလ် တွေနဲ့ ချိတ်ဆက်ပြီး အဆွေတော်တို့ရဲ့ အတွေ့အကြုံတွေကိုလည်း ရယူသွားလိုပါတယ်။

♦ နိဂုံးချုပ်အနေနဲ့ ယခု မယ့်ဖလောင်းတက္ကသိုလ်မှပေးတဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ဂုဏ်ထူးဆောင်ပါရဂူဘွဲ့နှင့် နာရာဆွမ် တက္ကသိုလ်မှပေးတဲ့ ပြည်သူ့ရေးရာနိုင်ငံရေးသိပ္ပံ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့တို့ကို ကျွန်တော်အနေနဲ့ တန်ဖိုးထားပါကြောင်းနဲ့ တိုင်းပြည် တည်ဆောက်ရာမှာ အထောက်အကူဖြစ်စေမယ့် ခွန်အားတစ်ရပ်အဖြစ် ခံယူဆောင်ရွက် သွားမှာ ဖြစ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

♦ အားလုံးကိုကျေးဇူးတင်ပါတယ်။

ထို့နောက် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ၊ ခေတ္တပြည်ထောင်စုဝန်ကြီးနှင့် Naresuan တက္ကသိုလ်ကောင်စီ ဥက္ကဋ္ဌ၊ အဓိပတိနှင့်အဖွဲ့တို့သည် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

Mae Fah Luang တက္ကသိုလ်ကို ၁၉၉၈ ခုနှစ်တွင် တော်ဝင်တက္ကသိုလ် တစ်ခုအဖြစ် ဖွင့်လှစ်ခဲ့ပြီး ထိုင်းနိုင်ငံအပါအဝင် မဟာမဲခေါင်ဒေသခွဲ နိုင်ငံများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာအဆင့်မီ ဝိဇ္ဇာ၊ သိပ္ပံပညာရပ်များကို သင်ကြားပေးလျက် ရှိသည်။

Naresuan တက္ကသိုလ်ကို ၁၉၆၇ ခုနှစ်တွင် ကောလိပ်အဖြစ် စတင်တည်ထောင်ခဲ့ပြီး ၁၉၉ဝ ပြည့်နှစ်တွင် တက္ကသိုလ်တစ်ခုအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


 .. www.MyanmarExpress.net
 

သမီးရတာ နာခဲ့သော ကျုပ်တို့ ဗိုလ်ချုပ်

From : ..ဇင်ယော်နီ


မြန်မာ့ တပ် မတော် ဖခင်ကြီး၏ သမီးရတနာ..... ဒေါ် အောင်ဆန်း စုကြည် တဲ့ ဗျာ ...
ရင်နာလို့ မဆုံးပါဘူး....ထပ်မေးလိုက်ချင်တယ်.....
မြေး ငနာလေးတွေ ကိုရော .....ဘယ်လိုချီးမြောက်ကြမှာလဲ.....

ဗိုလ်ချုပ်က အင်္ဂလိပ်ကို ရွံမုန်းလို့ တိုက်ထုတ်ခဲ့တယ်.....
သမီးက အင်္ဂလိပ်ကို ချစ်လွန်းလို့ လက်ထပ်ခဲ့တယ်.....

ဗိုလ်ချုပ်က တိုင်းပြည်ကို တိုးတက်စေချင်ခဲ့တယ်.....
သမီးက တိုင်းပြည်ကိုလာမယ့်ရင်းနှီးမြုပ်နှံမှုတွေကို တားဆီးခဲ့တယ်.....

ဗိုလ်ချုပ်က လူမျိုးရေး ဘာသာရေးကို တန်ဘိုးထားခဲ့တယ်.....
သမီးက နိုင်ငံခြားသားနဲ့ မျိုးမစစ်ကလေးတွေ သားဖောက်ခဲ့တယ်.....

ဗိုလ်ချုပ်က တိုင်းပြည်ကို စည်းလုံးညီညွတ်စေချင်တယ်.....
သမီးက မောင်နှမအချင်းချင်းတောင် မစည်းလုံးဘဲ အမွေလုခဲ့တယ်.....

ဗိုလ်ချုပ်က သူ့ရဲ့မျိုးဆက်ကို ထိန်းသိမ်းခဲ့တယ်.....
သမီးကသူရဲ့မျိုးဆက်ကို ဖျက်ခဲ့တယ်.....

ဗိုလ်ချုပ်က ကျရာအခန်းကနေ တိုင်းပြည်တိုးတက်အောင် လုပ်ခဲ့တယ်.....
သမီးကအာဏာရူးပြီး သမ္မတဖြစ်မှ လုပ်လို့ရမှာလို့ ဆိုတယ်.....

ဗိုလ်ချုပ်က နိုင်ငံတကာအလယ်မှာ မြန်မာ့ဂုဏ်ကို မြှင့်တင်ခဲ့တယ်.....
သမီးက နိုင်ငံတကာအလယ်မှာ မြန်မာကို အပုတ်ချခဲ့တယ်.....

တစိမ့်စိမ့်တွေးလိုက်ရင် တရးရေးပေါ်လာမှာတွေကအများကြီးပါ.....
သမီးရတနာ လို့ဆိုရမယ်အစား.....
ကျုပ်တို့ဗိုလ်ချုပ်ဟာ သမီးရတာ နာခဲ့ပါတယ်.....
အဲဒါထက် သေချာတာက မြေးငနာလေးတွေကို ရခဲ့တာဟာ.....
ကျုပ်တို့ဗိုလ်ချုပ် စိတ်ကူထဲတောင် ထည့်ပြီးတွေးခဲ့ဘူးမှာ မဟုတ်ပါဘူး.....

ဇင်ယော်နီ


 .. www.MyanmarExpress.net
 

"ဒေါ်စု သမ္မတဖြစ်သွားရင် တိုင်းပြည် ဖယိုဖရဲ ဖြစ်သွားနိုင်တယ်၊ ၅၉ စ ကိုလည်း ပြင်စရာမလိုဘူး" ~ ဦးဝီရသူ

From : .. irrawaddy


မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ဖြစ်လာမည့် သမ္မတသစ်ရာထူးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မဖြစ်သင့်ကြောင်း တရားဟောနေသည်ဟု သတင်းများပေါ်ထွက်နေသောကြောင့် ဧရာဝတီက တိုက်ရိုက်စုံစမ်းမေးမြန်းခဲ့ပါသည်။ “ဦးဇင်းဟော တာက စောင့်လေမျိုးနွယ်နဲ့ ပက်သက်ပြီးပဲ ဟောတာပါ။ ဒေါ်စုရဲ့ အိမ်ထောင်ဘက်သာ တိုင်းရင်းသားဖြစ်ခဲ့ မယ်ဆိုရင် စစ်အစိုးရလက်ထပ်မှာ နိုင်ငံခြားသားကို ယူခဲ့လို့ တိုက်ခံတာကို ခံရမှာ မဟုတ်ဘူး။ ၅၉ စ ကိုလည်း ပြင်စရာမလိုဘူး” ဟု အရှင်ဝီရသူက ဧရာဝတီသတင်းထောက် စနေလင်းနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုတွင် ဖြေကြားခဲ့သည်။

မေး။   ။ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း လာမယ့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ သမ္မတလုပ်ဖို့ ပြောဆိုနေကြပြီ။ ဦးသိန်းစိန်ကလည်း သမ္မတ ထပ်လုပ်မလုပ်ဆိုတာ မသိသေးတော့ ဘုန်းဘုန်းအနေနဲ့ အဲဒီအပေါ်မှာ ဘယ်လိုသဘောထားရှိ ပါသလဲဘုရား။

ဖြေ။   ။ ၃ ယောက်စလုံး အရွေးခံမယ်ဆိုရင်တော့ ဦးဇင်းအနေနဲ့က သမ္မတကြီး ဦးသိန်းစိန်ကို ဖြစ်စေချင်တယ်။ သမ္မတကြီးက အရွေးမခံတော့ဘူးဆိုရင်တော့ ဦးရွှေမန်းကို ရွေးချယ်မှာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို မလိုလားလို့တော့မဟုတ်ပါဘူး။ ဒေါ်စု မှာက အားသာချက်လည်းရှိသလို အားနည်းချက်လည်းရှိတယ်။ အားသာချက်ကတော့ ဘ၀တခုလုံးကို လူထုအတွက်စွန့် လွှတ်ပြီးတော့ ပေးဆပ်ထားတာ။ အဲဒီအချက်ကတော့ သမ္မတကြီးရော၊ ဦးရွှေမန်းတို့ပါ သူ့ကို မသာနိုင်ဘူး။ တော်လှန်ရေး ဆင်နွှဲခဲ့တယ်၊ တော်လှန်ရေးစိတ်ဓါတ် အပြည့်အ၀ ရှိတယ်။ တော်လှန်ရေးသမားကောင်း တယောက်ဖြစ်တယ်။ အဲဒီအတွက် ဒေါ်စုကို ဘယ်ခေတ်၊ ဘယ်အခါနဲ့မှ မတူတဲ့ သူရဲကောင်းအဖြစ် သတ်မှတ်ထားတယ်။

ဒါပေမယ့် ဒေါ်စုမှာက အုပ်ချုပ်ရေး အားနည်းတယ်။ ပြီးတော့ ဒေါ်စုက မြန်မာပြည်ရဲ့အထာနဲ့ မြန်မာပြည်ရဲ့အကြောင်းကို သိပ်မသိဘူး။ သူသိတာက တော် လှန်ရေးလုပ်ဖို့လောက်၊ အစိုးရကို တိုက်ခိုက်ဖို့လောက်ပဲသိတာလေ။ အဲဒါကြောင့် ဒေါ်စုသာ သမ္မတဖြစ်သွားမယ်ဆိုလို့ရှိ ရင် တိုင်းပြည်အုပ်ချုပ်ရေးက ဒီ့ထက်ပိုပြီး ဖယိုဖရဲ ဖြစ်သွားနိုင်တယ်။ ပြီးတော့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ဒီ့ထက်ပိုပြီး ကြီးထွားလာနိုင်တယ်။ ဒေါ်စုအပေါ် မကျေနပ်ချက်တွေနဲ့ ပြည်သူလူထုတွေက အုံကြွဆူပူမှုတွေ ပြန်ဖြစ်နိုင်တယ်။ ဒေါ်စုသာ ပြည်သူလူထုအပေါ်မှာ အထာသိတယ်၊ မြန်မာပြည်အကြောင်းကို သိတယ်ဆိုလို့ရှိရင် သူတို့ ၃ ယောက် ထဲမှာ ဒေါ်စုကိုပဲ ရွေးချယ်မှာပေါ့။

မေး။   ။  ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားသားကို အိမ်ထောင်ပြုခဲ့ပြီး သူ့သား ၂ ယောက်ဟာ နိုင်ငံခြား သားတွေတွေဖြစ်တဲ့အတွက် တိုင်းပြည်ခေါင်းဆောင်ဖြစ်ခွင့်မရှိဘူးဆိုတဲ့အပေါ် ဘယ်လိုယူဆလဲ။

ဖြေ။   ။  ဦးဇင်းတို့ကတော့ သူ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုတဲ့သတင်းကို နားစွင့်လိုက်တော့ သူ့ရဲ့မျိုးဆက်တွေအထိ မပါဘူး၊ သူတယောက်ထဲ သမ္မတဖြစ်ခွင့်ရတာလိုပေါ့။ သူ့အိမ်ထောင်က ပျက်ဆီးသွားတဲ့အတွက်ကြောင့်ပေါ့။ အဲဒါဆိုရင်တော့  သူ့ကို လိုလားပါတယ်။ သူ့နောက်ကနေ ပါလာတဲ့လူတွေ အကုန်လုံးကို ဥပမာဆိုရရင် တိုင်းရင်းသားမဟုတ်၊ နိုင်ငံသားဖြစ်ခွင့်ရှိသူ အကုန်လုံးကို သမ္မတ ထလုပ်မယ်ဆိုရင်တော့ မကောင်းဘူးလေ။ တိုင်းရင်းသားမဟုတ်တဲ့သူတွေကို ၀င်လို့မရအောင် ကာကွယ်ထားနိုင်ပြီးတော့ တိုင်းရင်းသားဖြစ်သူတွေ မည်သူမဆို သမ္မတ ဖြစ်ခွင့်ပေးတဲ့ ပုံစံဆိုရင်တော့ ဒေါ်စုကိုလည်း လိုလားပါတယ်။

မေး။   ။   အခု သတင်းတခုထွက်နေတာက ဦးဇင်းက ဒေါ်စု သမ္မတ မဖြစ်ရေးအတွက် ဦးဇင်းရဲ့ တရားပွဲတွေမှာ ထည့်သွင်းဟော ကြားနေတယ်လို့ ကြားရတယ်။ အဲဒီအပေါ်မှာရော ဘာများပြောချင်ပါသလဲ။

ဖြေ။   ။  ဦးဇင်းက ဒေါ်စု သမ္မတ မဖြစ်ရေးကို မဟောပါဘူး။ ဦးဇင်းဟောတာက စောင့်လေမျိုးနွယ်နဲ့ ပက် သက်ပြီးပဲ ဟောတာပါ။ ဒေါ်စုရဲ့ အိမ်ထောင်ဘက်သာ တိုင်းရင်းသားဖြစ်ခဲ့မယ်ဆိုရင် စစ်အစိုးရ လက်ထပ်မှာ နိုင်ငံခြားသားကို ယူခဲ့လို့ တိုက်ခံတာကို ခံရမှာ မဟုတ်ဘူး။ ၅၉ စ ကိုလည်း ပြင်စရာမလိုဘူး။ သမ္မတ လုပ်ဖို့ အလွယ်တကူပဲ။ အခုတော့ စောင့်လေမျိုးနွယ် တာဝန်ကို ပျက်ကွက်ခဲ့တဲ့အတွက် အမျိုးသမီးတွေရဲ့ အပုပ်ချတာလဲခံရတယ်၊ ကြံ့ခိုင်ရေးတွေရဲ့ လုပ်ကြံတာလည်း ခံရတယ်။ စစ်အစိုးရရဲ့ ထိုးနှက်တာလဲ ခံရတယ်။ လွှတ်တော်ထဲမှာလည်း ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဖို့ ကျားကုတ် ကျားခဲ ကြိုးစားနေရတယ်။ အဲဒီလောက်ပဲ ဟောပြောတာပါ။

ဦးဇင်းကတော့ အမျိုးဘာသာ သာသနာကို အကျိုးရှိရာရှိကြောင်း၊ တကယ် အားကိုးရမယ့် သမ္မတ ဆိုလို့ရှိရင် ဒေါ်စုကို လို လားတယ်။ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းကိုလည်း လိုလားတယ်။ တကယ်လို့ အမျိုး ဘာသာ သာသနာအတွက် အဆိပ်အတောက် ဖြစ်နိုင်တယ်၊ အားကိုးလို့ မရဘူးဆိုရင်တော့ ဦးဇင်းတို့က ဘယ်သူမှ လက်မခံဘူးလေ။ အခု ပြည်သူတွေ လိုအပ်နေတာ ဒီအမျိုးစောင့် ဥပဒေကိုပေါ့။ အခုဆို ပြည်သူ ၄ သန်းကျော်က လက်မှတ်ထိုးထားတယ်။ တချို့ လက်မှတ်ထိုးချင်သူတွေက ရှိသေးတယ်။ ဦးဇင်းတို့က အပူတပြင်း လုပ်လိုက်ရလို့။ ဒီလို ပြည်သူလူထုကို ဥပက္ခာပြုပြီးတော့ လွှတ်တော်အမတ်တွေဟာ မျိုးစောင့်ဥပဒေကို အကောင်အထည်ဖော်မပေးနိုင်ဘူး။ တကယ်လို့ ဒေါ်စုကသာ မျိုးစောင့်ဥပဒေကို အကောင်အထည်ဖော်ပေးနိုင်လို့ရှိရင် ဒေါ်စု သမ္မတ ဖြစ်ရေးကိုလည်း ကြိုးစားလို့ရတယ်၊ ဒေါ်စုကို ရုပ်ထုလုပ်ပြီး ကိုးကွယ်မယ်ဆိုရင်လည်း ကိုးကွယ်ရဲတယ်။

မေး။   ။ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးဘာသာ သာသနာ စောင့်ရှောက်မှုနဲ့ ပက်သက်ပြီး ဥပ မာပေးဟောတော့ တရားနာ လာတဲ့ လူထုကရော ဘယ်လိုတုံ့ပြန်တာမျိုးတွေ၊ ဘယ်လိုပြောဆိုတာမျိုးတွေ ရှိပါသလဲ။

ဖြေ။   ။  ပါရာဒိုင်းက ရွေ့သွားပြီဗျ။ ရခိုင်အရေး ဖြစ်ပြီးသွားတဲ့နောက်ပိုင်းမှာ ဒေါ်စုကို ပြည်သူလူထုက သိပ်ပြီးတော့ ကြည်ညိုလေးစားမှု အားနည်းသွားပြီ။ သိပ်ယုံကြည်မှု မရှိတော့ဘူး။ ဦးဇင်းပြောတာတွေကို အပြည့် အ၀ ထောက်ခံတယ်။

မေး။   ။ ဦးဇင်းက သံဃာတော် တပါးဖြစ်နေပြီးတော့မှ နိုင်ငံရေးနဲ့ ပက်သက်ပြီးတော့ အခုလို ဒေါ်အောင်ဆန်း စုကြည်ကို ဥပမာပေး ဟောကြားနေတာ တွေကို တချို့က ဝေဖန်ကြတယ်။ အဲဒီအပေါ်မှာရော ဦးဇင်း ဘာများပြောချင်ပါသလဲ။

ဖြေ။   ။  ဦးဇင်းတို့ကတော့ ဗုဒ္ဓတရားတော်နဲ့အညီ ဟောတာပဲလေ။ စောင့်လေမျိုးနွယ်ဆိုတာ ဘုရားဟော ခဲ့တယ်၊ ဘုရားဟော တယ်ဆိုတာကို ခေတ်မှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေနဲ့ နမူနာ ပြပြီး ဟောသွား တာပဲလေ။ တရားတော်နဲ့အညီ ဟော တာဖြစ်တဲ့အတွက်ကြောင့် သူတို့ဝေဖန် ပုပ်ခတ်တယ်ဆိုတာ သူတို့ရဲ့ ပုဂ္ဂလိကဆန္ဒအရ ဦးဇင်းတို့က ခွင့်လွှတ်လို့ရပါ တယ်။ ဦးဇင်းက အစိုးရကို လိုလားသူလည်း မဟုတ်ဘူး။ အစိုးရကို ဆန့်ကျင်သူလည်း မဟုတ်ဘူး။ အန်အယ်ဒီကို လိုလား သူလည်းမဟုတ်၊ ဆန့်ကျင်သူလည်းမဟုတ်ဘူး။ အမျိုးဘာသာ သာသနာအတွက် အကျိုးရှိမယ်ဆိုလို့ရှိရင် နောက်ဆုံးဗျာ အစ္စလမ်တွေနဲ့ ပူးပေါင်းဖို့တောင် ရည်ရွယ်ထားတဲ့သူပါ။ ဦးဇင်းကို တစုံတယောက်က ချုပ်ကိုင်ပြီးတော့ ၂၀၁၅ ခုနှစ်ရွေး ကောက်ပွဲမှာ ဒေါ်စုကို အလဲထိုးဖို့ဆိုပြီး ဦးဇင်းကို ဘယ်သူမှ ချုပ်ကိုင်တာလည်း မရှိပါဘူး။ စေခိုင်းတာလဲ မရှိဘူး။ ဦးဇင်း ခံယူချက်၊ ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေအရပဲလေ။

မေး။   ။ တိုင်းပြည်က ဒီမိုကရေစီအပြောင်းအလဲ နုနယ်နေသေးတဲ့ ကာလမှာ လူမျိုးရေး၊ ဘာသာရေး တဖက်နဲ့ တဖက် အပြန်အ လှန် ပြောနေကြလို့ရှိရင် တိုင်းပြည်ရဲ့အရွေ့က ပြောင်းသွားနိုင်တယ်လို့ တချို့က ပြောနေကြတယ်။

ဖြေ။   ။  စိတ်ချပါ။ ဦးဇင်းတို့လမ်းကြောင်းနဲ့ ဦးဇင်းတို့ သွားနေကြတာက ဒီမိုကရေစီကိုလည်း မထိခိုက်စေရဘူး၊ လူ့အခွင့်အရေးကို လည်း မဆုံးရှုံးစေရဘူး၊ တရားဥပဒေ စိုးမိုးရေးကိုလည်း မထိခိုက်စေရပါဘူး။ ဦးဇင်းတို့က ပြည်သူလူထုနဲ့ အမြဲတမ်း ထိတွေ့နေရတာလေ။ ဘယ်နေရာပဲ သွားသွား၊ ဘာတွေပဲ လုပ်လုပ် အမျိုးသားရေး အမြင်နဲ့ပဲ ကြည့်တယ်။ အဲဒီဘောင်ထဲကနေပဲ သွားနေတာပါ။

.. www.MyanmarExpress.net
 

ဒေါ်စု သမ္မတဖြစ်ရင်တော့ တိုင်းပြည် ငါးပါးမှောက်မယ်လို့ ဦးဝီရသူပြော

From : .. irrawaddy


ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတ ဖြစ်လာမယ် ဆိုရင် တိုင်းပြည် ငါးပါးမှောက်လိမ့်မယ်လို့ မန္တလေး မစိုးရိမ် တိုက်သစ်က ဦးဝီရသူက ပြောလိုက်ပါတယ်။ 


ဒီအပြင် ဦးဝီရသူပြောတာက သမ္မတ ဦးသိန်းစိန် သာ ပြန်ပြီး သမ္မတအဖြစ် ရွေးချယ်ခံရင် သူက ထောက်ခံမှာ ဖြစ်ပြီး တကယ် လို့ ဦးသိန်းစိန်က ဆက်ပြီး အရွေးမခံတော့ဘူးဆိုရင်တော့ သူရ ဦးရွှေမန်းကို ထောက်ခံမှာဖြစ်တယ်လို့ ဧရာဝတီကိုပြောပါသေးတယ်။ 

ဦးဝီရသူက ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အကောင်းနဲ့ မြန်မာ့နိုင်ငံရေး သဘာဝကိုလည်း မသိ၊ နားမလည်ဘူး လို့ လည်း ပြောပါတယ်။ 

ဒီအကြောင်း သတင်းအပြည့်အစုံကို

A Suu Kyi Presidency Would Bring ‘Chaos,’ Says Firebrand Monk

RANGOON — U Wirathu, the Mandalay-based monk who heads the “969” anti-Muslim movement, believes that democracy icon Aung San Suu Kyi would not be a good president for Burma.
“I wish [President] Thein Sein to be re-elected. If he refuses to go for the post, my vote will go to Shwe Mann,” said the controversial monk—whose speeches and sermons are said to have fueled anti-Muslim violence across Burma since June 2012.
Both Suu Kyi, the former dissident and now opposition parliamentarian, and Shwe Mann, a former No. 3 in the old military junta, have stated their interest in becoming president after the 2015 parliamentary elections. Incumbent Thein Sein, Shwe Mann’s Union Solidarity and Development Party (USDP) colleague, has not said whether or not he will put his name forward after the 2015 elections.
While describing Suu Kyi as “a good revolutionary” and praising her for having “sacrificed her life for the people,” U Wirathu described the long-time political prisoner as “weak at governance.”
The monk went on to dismiss the National League for Democracy (NLD) leader’s presidential credentials.
“She doesn’t know about Burma and its nature. All she knows is to stage revolution and attack the government. So, if she became the president, the governance would be in chaos. Racial and religious conflict would deteriorate. There would be public unrest because people are not pleased with what she does,” he said.
However, the controversial monk claimed that if Suu Kyi were to speak out in favor of a controversial proposed inter-marriage law—which would force non-Buddhist men to convert to Buddhism in order to marry Buddhist women—the opposition leader would win the electorate’s support.
“If Daw Suu could realize the law, she could easily become the president and we could even dare to worship her,” said U Wirathu, using a Burmese honorific for the opposition leader.
Suu Kyi has been criticized in recent months for her apparent reluctance to speak up on behalf of Burma’s ethnic minorities, such as the Kachin, a mostly Christian group whose homeland of Kachin State is the site of an ongoing war between the Kachin Independence Army (KIA) and the Burmese Army.
Suu Kyi has also taken lumps internationally for not supporting the rights of the Rohingya, a Muslim minority group who mostly live in western Arakan State but who are regarded by the government and many Burmese as illegal immigrants from Bangladesh.
Speaking in Australia, where she is currently visiting, Suu Kyi reiterated her self-image as that of a politician rather than a human rights icon or activist. “Let me assure you, I’m no saint,” she said on Wednesday. “I look upon myself as a politician and not as an icon.”
Suu Kyi again rejected the term “ethnic cleansing” to describe the anti-Rohingya violence in western Burma. “When you use terms like ethnic cleansing—which I think is a little extreme—it just plays into the hands of extremists. There are extremists on both sides … we only have a few extremists but they can exercise great power,” she said, speaking at the Sydney Opera House.
Burma watchers speculate that Suu Kyi’s reticence on human rights issues is prompted by a political calculus: a fear of losing the majority Burman and Buddhist vote in the 2015 elections. Her efforts in recent months to drum up support for a Suu Kyi presidency come as ethnic and religious tensions are being stirred up nationwide by U Wirathu, who told The Irrawaddy that “if you favor too much human rights, your race and religion will be vanished as there are people who want to invade our country, destroy our race and religion on human rights basis.”
The logic is that if Suu Kyi speaks out against violence against the Rohingya, she will lose votes to the incumbent USDP.
Suu Kyi’s long-time spokesman Nyan Win told The Irrawaddy that “there are no Rohingya in Burma’s history. There are Bengalis who try to come across to Burma and claim citizenship.”
However, the former parliamentarian and political prisoner added that the 1982 Citizenship Law, which scholars say denies the Rohingya status as an ethnic group in Burma, should be amended, saying that once the measure is revised, “they can then apply to be citizens.”
Asked to put a number on how many of the estimated 800,000 Rohingya in Burma would be entitled to citizenship under such a reform, Nyan Win said he did not know.
And lamenting the recent violence between Buddhists and Muslims across Burma, which has mostly displaced Muslims, Nyan Win told The Irrawaddy that “all the people in the conflict are human beings and need to be treated like human beings.”
With additional reporting by Kyaw Phyo Tha.

.. www.MyanmarExpress.net
 

ဝေးသထက်ဝေးလာသော ဒီချုပ်၏ ခြေလှမ်းများ


ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲရေး/ပြင်ဆင်ရေးနဲ့ပတ်သက်လို့ အောက်တိုဘာလကတည်းက စတင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရန်ကုန်၊ နေပြည်တော်စတဲ့ မြို့ကြီးတွေမှာ ကြီးကျယ်ခမ်းနားတဲ့ ဟောပြောပွဲတွေ ပြုလုပ်ဆောင်ရွက်ခဲ့ပါတယ်။ ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုကိုရရှိခဲ့ပြီး အတိုင်းအတာတစ်ခုအထိ အောင်မြင်မှု ရရှိခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ဒါဟာ ကောင်းတဲ့နိမိတ်၊ ကောင်းတဲ့အတိတ်တွေဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ရေးဆွဲရေး/ပြင်ဆင်ရေး စတဲ့နိုင်ငံရေးလုပ်ငန်းတွေအတွက် ပြည်သူတွေ အသိစိတ်ဓာတ်နိုးကြား လာတာကိုတွေ့ရလို့ပါပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း ၂၀၁၅ ရွေးကောက်ပွဲအတွက် အောင်မြင်မှု လမ်းကြောင်း ကောင်းမွန်နေတယ်လို့ ယေဘုယျအားဖြင့် ဆိုနိုင်ပါတယ်။

သို့ပေမယ့် နေပြည်တော်ဟောပြောပွဲပြီးစီးသွားပြီးတဲ့နောက်မှာ ဟောပြောပွဲတုန်းကပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ စကားလုံးတွေကြောင့် အရင်က  တစိုက်မတ်မတ်နဲ့ ထောက်ခံခဲ့သူတွေ၊ အားပေးခဲ့သူတွေ ဟာ ဒေါ်အောင်ဆန်း စုကြည် ရဲ့စကားလုံးတွေကို သံသယတွေဝင်လာခဲ့ပုံရပါတယ်။ တစ်ခါလာလည်း စစ်တပ်မကောင်းကြောင်း ၊ တစ်ခါလာလည်း အစိုးရမကောင်းကြောင်း ၊ တစ်ခါလာလည်း လွပ်လပ်မှုမရှိသေးကြောင်းနဲ့ အရာရာကိုအကောင်းမမြင်တက်တဲ့အတွက် ဝေဖန်သံတွေ ထွက်လာတာပါ။ အောက်ခြေလူတန်းစားတွေက အရပ်ထဲ/ရွာထဲမှာ အယုံအကြည်မရှိတဲ့စကားလုံးတွေ သုံးနှုံးလာသလို ပညာတက်အသိုင်းအ၀ိုင်းက သူတွေကတော့ Internet ,Facebook , Website , Blog စတဲ့စာမျက်နှာ တွေမှာ ပေါ်ပေါ်ထင်ထင်ဝေဖန်ပြောဆိုလာကြတာတွေ၊ ရေးသားဖော်ပြလာကြတာတွေကို မကြာခဏဆိုသလိုတွေ့မြင် လာရပါတယ်။


ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ပနိုင်ငံတွေကိုရောက်တိုင်း ပြည်သူလူထုက “အမေဘာပြောမလဲ ၊ တို့နိုင်ငံ အတွက်ဘာတွေများယူလာပေးမလဲ  ၊ တိုးတက်တဲ့နိုင်ငံတွေကနေ အမေ ဘာတွေတောင်းဆိုလာမလဲ” ဆိုပြီး ၀မ်းပန်း တသာနဲ့ စောင့်ကြိုနေခဲ့ကြပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ရောက်လေရာနိုင်ငံတိုင်းမှာ “ပိတ်ဆို့မှုတွေ ရုပ်သိမ်းတာ စောပါသေးတယ် ၊ ရင်းနှီးမြုပ်နှံမှုတွေမလာပါနဲ့ဦး ၊ တရားဥပဒေ စိုးမိုးမှုမရှိပါဘူး” စတဲ့တားမြစ်ချက်တွေသာ ပေးခဲ့ပြီး နိုင်ငံအတွက် ၊ ပြည်သူလူထုအတွက် ကောင်းမွန်တဲ့လက်ဆောင် ဘာတစ်ခုမှ ယူဆောင်မလာတဲ့အတွက် အားပေးရ ကျိုးမနပ် ၊ မျှော်ရကျိုးမနပ် ဖြစ်ခဲ့ရပါတယ်။ “ ဦးသိန်းစိန် ဆိုရင် ဘယ်နိုင်ငံရောက်ရောက် ပြည်သူ့အတွက် ၊ တိုင်းပြည် အတွက် အောက်ကြို့အနစ်နာခံပြီး ပိတ်ဆို့မှုတွေလျှော့အောင် ၊ ကြွေးမြီတွေလျှော်ပစ်အောင်တောင်းပန်ပြီး နိုင်ငံ အတွက်လက်ဆောင်ကောင်းကောင်းတွေ အမြဲပါတယ်” ဆိုတဲ့အသံ တွေတောင်ထွက်ပါတယ်။ 


အချုပ်အားဖြင်ဆိုရရင်တော့ အကြံကုန် ဂဠုန်ဆားချက်ဆိုသလို ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် သူတစ်သက်လုံး ပုတ်ခတ်လာတဲ့ စစ်တပ်ကို မျက်နှာချိုသွေးပြီး မေတ္တာရပ်ခံတဲ့ အဆင့်ထိတောင် ရောက်လာခဲ့ပါပြီ။ သို့ပေမယ့် ဘယ်လိုပဲ မေတ္တာရပ်ခံရပ်ခံ ယခင်ပြုခဲ့တဲ့ အပြုအမူတွေ ၊ ပြောခဲ့တဲ့မဆင်မခြင်စကားလုံတွေ ၊ တိုင်းပြည်အပေါ်ဖိခဲ့တဲ့ ၀န်ထုပ်တွေ၊ သံဃာတော်တွေကို ခုတုံးလုပ် အသုံးချခဲ့တဲ့ ၀ဋ်ကြွေးတွေကြောင့် ဖွဲ့စည်ပုံအခြေခံဥပဒေကို ဘယ်လိုပဲပြင်ပြင်  သူမရဲ့ သမ္မတနေရာက အလှမ်းဝေးသထက် ဝေးနေဦးမည်သာဖြစ်ပါတော့သည်။


ဇော်အောင်(ရွှေကျွန်း)
 

.. www.MyanmarExpress.net
 

ရခိုင်တွင် ရိုဟင်ဂျာများရှိကြောင်း ပြောသည့် ဒေါ်စုအား ဒီဇင်ဘာ ၂ ရက်တွင် ရန်ကုန်လေဆိပ်မှ စောင့်ကြိုဆန္ဒပြမည်

 ရခိုင်တွင် ရိုဟင်ဂျာများရှိကြောင်း ပြောသည့် ဒေါ်စုအား ဒီဇင်ဘာ ၂ ရက်တွင် ရန်ကုန်လေဆိပ် မှ စောင့်ကြိုဆန္ဒပြမည် ဖြစ်ကြောင်း ရခိုင်အမျိုးသား ကွန်ယက်မှ သတင်းရရှိသည်။ 

သြစတြေးလျနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်မှ ရိုဟင်ဂျာနှင့်ပတ်သက်၍ မေးမြန်းမှုတွင် ရခိုင်ပြည်နယ်တွင် ခိုးဝင်ဘင်္ဂါလီ ၅၀ ခန့်သာရှိ၍ ရိုဟင်ဂျာဆိုသည်များသာ ရှိကြောင်း သြစတေးလျခရီးစဉ်၌ ပြောကြားသွားပါသည်။ 


ဒေါ်အောင်ဆန်းစုကြည်၏ ဖြေကြားမှုနှင့်ပတ်သက်ပြီး ရခိုင်တိုင်းရင်းသား အားလုံး သာမက  မြန်မာလူထု တစ်ရပ်လုံး ဒေါသထွက်လျှက်ရှိပြီး ရခိုင်အမျိုးသား ကွန်ယက်မှ ဦးစီးကာ ဆန္ဒပြရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်များထံသို့ ခွင့်ပြုချက် တင်လိုက်ပြီဖြစ်ကြောင်း သိရသည်။


ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာတိုင်းရင်းသားများနှင့် မတည့်ဖြစ်နေပြီး သြဇီခရီးစဉ်တွင် ကချင်များက မကြိုဆိုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သလို အပြန်တွင်လည်း ရခိုင်များက ဆန္ဒပြအုံးမည်ဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျ ခရီးစဉ်ကို နိုဝင်ဘာ ၂၆ တွင် စတင်ခဲ့ပြီး ဒီဇင်ဘာ ၂ ရက်တွင် အဆုံးသက်မည်ဖြစ်သည်။


 .. www.MyanmarExpress.net
 

အာဆီယံနိုင်ငံများသို့ ခေါ်ဆိုနိုင်မည့် ကျပ် ၂၀၀၀၀ တန် ဂျီအက်စ်အမ် ဆင်းမ်ကတ် များ စတင်ရောင်းချပြီ

From : ..YMG


အာဆီယံနိုင်ငံများသို့ ခေါ်ဆိုနိုင်မည့် ကျပ် ၂ဝဝဝဝတန် ဂျီအက်စ်အမ်ဆင်းမ် ကတ်များ စတင်ရောင်းချပြီဖြစ်ကြောင်း မြန် မာ့ဆက်သွယ်ရေးလုပ်ငန်းမှသိ ရသည်။

အဆိုပါဆင်းမ်ကတ်များ အား ဆီးဂိမ်းပွဲတော် တွင် နိုင်ငံတ ကာမှ လာရောက်ကြ မည့်ဧည့် သည် များနှင့် ပြည်ပမှလာရောက် ယှဉ်ပြိုင်မည့် အားကစားသမား၊ နည်းပြ၊ အုပ်ချုပ်သူများအသုံးပြု နိုင်ရန်အတွက် ရည်ရွယ်ရောင်း ချပေးခြင်းဖြစ်ပြီး ဒီဇင်ဘာလမှ စတင်၍ ဖေဖော်ဝါရီလအထိ သက်တမ်းသုံးလသာအသုံးပြုနိုင် မည်ဖြစ်ကြောင်း သိရသည်။

''ဒီဆင်းမ်ကတ်တွေရောင်း ပေးတာက နိုင်ငံခြားသားတွေအ တွက်အဓိကပေါ့။ နောက်ပြီး တ ခြားနိုင်ငံကမီဒီယာသမားတွေ အတွက်ပါရောင်းပေးမယ်။ ကတ် သက်တမ်းက သုံးလပဲခံမယ်၊ သုံး လမပြည့်မချင်းတော့ ငွေဖြည့်ကတ် ထည့်ပြီးသုံးလို့ရမှာပါ''ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန် ရှိသူတစ်ဦးကပြောသည်။


 .. www.MyanmarExpress.net
 

ကိုးတန်းကျောင်းသူတစ်ဦးကို အဓမ္မသားမယားပြုကျင့်သည်ဟုဆိုကာ အမှုဖွင့်ထား

From : ..age

ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်နေ အသက်(၂၁)နှစ်အရွယ်
ကိုပြည့်ဖြိုးအောင် ဆိုသူသည် ကလေးမြို့နယ်၊မွန်းလိုင်ကျေးရွာနေ
ကိုးတန်းကျောင်းသူတစ်ဦးကို အဓမ္မသားမယားပြုကျင့်သည်ဟုဆိုကာ
အမှုဖွင့်ခံထားရကြောင်း ကလေးမြို့၊ မြို့နယ်ရဲစခန်းမှ သိရသည်။

"ကိုပြည့်ဖြိုးအောင်ကိုတော့ (ပ)၅၃၂/၂၀၁၃၊ ပြစ်မှုပုဒ်မ - ၃၇၆ အရ
ဖမ်းဆီးထားပြီး စစ်ဆေးနေပါပြီ။ မ .......ကိုလည်း ဆေးစစ်ဆေးမှု
ခံယူနိုင်ရေးသဘောထားမှတ်ချက်ရယူပေးဖို့မြို့နယ်တရားသူကြီးထံမှာ
ခွင့်ပြုမိန့်ရယူနေပါပြီ။ တရားခံအဖြစ်ယူဆထားတဲ့
ကိုပြည့်ဖြိုးအောင်ကိုလည်း ဆေးစာရေးသားထင်မြင်ချက် တောင်းခံပြီး
အမှုကိုခိုင်မာအောင်တည်ဆောက်တရားစွဲဆိုတင်ပို့နိုင်ဖို့
ဆောင်ရွက်နေပါတယ်" ဟု မြို့နယ်ရဲစခန်းမှ သိရသည်။

နိုဝင်ဘာ(၂၄)ရက်နေ့ (၁၂)နာရီတွင် ကိုပြည့်ဖြိုးအောင်၊
ကိုးတန်းကျောင်းသူမ ......နှင့် ရှစ်တန်းကျောင်းသူတစ်ဦးတို့သည် ဆိုင်ကယ်တစ်စီးတည်းဖြင့် ကလေးမြို့ရှုခင်းသာသို့ သွားခဲ့ကြကြောင်း၊ ရှုခင်းသာမှအပြန်ညနေ(၃)နာရီခန့်တွင် ဘီယာများသောက်နေခဲ့ကြပြီး
မ .... က ရာဇဂြိုဟ်သို့ သွားလိုသဖြင့် ဆိုင်ကယ်တစ်စီးတည်းဖြင့် သွားခဲ့ကြကြောင်းသိရသည်။

ကလေး-တမူး ကားလမ်းအတိုင်း မောင်းနှင်လာကြပြီး
ည(၇)နာရီခွဲခန့် တွင်ကံလှကျေးရွာ အထွက်သို့အရောက်၌ ကိုပြည့်ဖြိုးအောင်သည်ဆိုင်ကယ်ကိုစက်ရပ်ကာ မ .... ၏ပါးကို
နမ်းသဖြင့် မ ....က ခြေထောက်ဖြင့်ကန်ကြောက်ခဲ့ကြောင်း၊
ကိုပြည့်ဖြိုးအောင်သည် မ.... ကိုနာရီဝက်ခန့်ကြာသည်အထိ
အတင်းအဓမ္မ သားမယားပြုကျင့် ခဲ့ကြောင်း အမှုဖြစ်စဉ် အကျဉ်းတွင်ဖော်ပြထားသည်။

ကျော်သူစိုး(ကလေးမြို့)


 .. www.MyanmarExpress.net
 

ရန်ကုန်ခိုးဝင် ဘင်္ဂါလီ လူမျိုး ၇ ဦးကို မှတ်ပုံတင်ရေးဥပဒေဖြင့် အရေးယူ

From : ..SMMK


ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ ရန်ကုန်သို့ ခွင့်ပြုချက်လက်မှတ်မပါဘဲရောက်ရှိလာသည့် ဘင်္ဂါလီလူမျိုး (၇)ဦးကိုပြည်ထောင်စုမြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးဥပဒေဖြင့်နိုဝင်ဘာလ ၂၇ ရက်နေ့က အမှုဖွင့်အရေးယူထားသည်ဟုရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ နေ့လယ် ၁ နာရီခန့်က မှော်ဘီမြို့နယ်အမှတ်(၄)လမ်းဆုံရှိ စစ်ဆေးရေးဂိတ်ကို ဖြတ်သန်း၍ ပြည်ဘက်မှရန်ကုန်ဘက်သို့မောင်းနှင်လာသော ၃ဂ/၈၄၄၉ Pajero ခဲရောင်ယာဉ်ပေါ်၌ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ Pajero ခဲရောင်ယာဉ်အား မှော်ဘီမြို့နယ်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဦးစီးအရာရှိနှင့်အဖွဲ့က တားဆီးစစ်ဆေးရာတွင် ၎င်းယာဉ်မှာ ရပ်တန့်ခြင်း မရှိဘဲမောင်းနှင်ထွက်ပြေးသွားသောကြောင့် တာဝန်ရှိသူများမှ လိုက်လံဖမ်းဆီးခဲ့ရာရန်ကုန်-ပြည်လမ်း တိုက်ကြီးကုန်းကျေးရွာ လေတပ်ကွေ့အရောက်၌ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည် ဟု မှော်ဘီမြို့နယ်ရဲစခန်းမှ သိရသည်။

 “ဘယ်လမ်းကြောင်းတွေကနေလာတယ်။ ဒီကိုဘာလာလုပ်တယ်စတဲ့ အမှုအသေးစိတ်ကိုတော့ဆက်ပြီး စစ်ဆေးနေတုန်းပဲ။ ယာဉ်မောင်းကို တစ်ယောက်ယောက်ကငွေပေးပြီးပို့ခိုင်းတဲ့ ပုံစံပါ။ ပို့ဆောင်တဲ့ သူနှစ်ဦးကိုတော့ခွင့်ပြုချက်မပါရှိဘဲ ဘဂါင်္လီတွေကို သယ်ဆောင်တဲ့ပုဒ်မနဲ့ အရေး ယူထားတယ်ဟုမှော်ဘီမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောကြားသည်။

ပျဉ်းမနားမြို့၊ ပန်းခင်းရပ်ကွက်နေ ယာဉ်မောင်း အောင်မျိုးထိုက်ဆိုသူနှင့်ယာဉ်ပေါ်ပါသူ ရှမ်းပြည်နယ် ရပ်စောက်မြို့နေ မသူဇာထွေးတို့အားဘဂါင်္လီလူမျိုး(၇)ဦးကို သယ်ဆောင်လာသည် ကိုတွေ့ရှိသဖြင့် ပြစ်မှုပုဒ်မ၃၆၇/၃၇၀ တို့ဖြင့် မှော်ဘီမြို့နယ်ရဲစခန်း၌ စစ်ဆေးလျက်ရှိသည်။

ယာဉ်ပေါ်တွင်ပါလာသော ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင်နေထိုင်သည့်ဘင်္ဂါလီလူမျိုး(၇)ဦးကိုလည်း ခွင့်ပြုချက်လက်မှတ်တစ်မျိုးမျိုးကိုင်ဆောင်လာခြင်းမရှိဘဲ ကျောက်တော်မှ ရန်ကုန်သို့လာရောက်ခြင်းဖြစ် ကြောင်းတွေ့ရှိရသဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းနိုင်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေး ဥပဒေပုဒ်မ ၆(၂)/၆(၃) ဖြင့် မှော်ဘီမြို့နယ်ရဲစခန်း၌အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

.. www.MyanmarExpress.net
 

နောက်အိမ်ထောင်ပြုမည်စိုးသဖြင့်ကွာ ရှင်းပြတ်စဲထားသည့်ဇနီးကိုဓားဖြင့်ထိုးသတ်

From : .. UD


မော်လမြိုင်မြို့နယ် ဖက်တန်းရပ်ကွက်တွင် ယခုလ ၂၃ ရက်က ကွာရှင်းပြတ်ဆဲထားပြီးသော လင်မယားနှစ်ဦး နောက်အိမ်ထောင်ပြု ခြင်းနှင့်ပတ်သက်၍ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ယခုလ ၂၃ ရက် ညနေ ၄ နာရီတွင် မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် မြိုင်ရတနာ လေးထပ်ဈေး အနောက်ဘက်လမ်းရှိ ပလက်ဖောင်းပေါ်တွင် ဈေးရောင်းနေသော မဇင်ဇင်အောင် (၃၂)နှစ် (ဘ)ဦးသိန်းဇံထံသို့ လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲထားပြီးဖြစ်သူ လင်းလင်း(ခ)ငပြူး (၃၁)နှစ်ရောက်ရှိလာပြီး မဇင်ဇင်အောင်၏ နောက်အိမ်ထောင်ပြုရေး မပြုရေးနှင့်ပတ်သက်၍ အချင်းချင်းစကားများ ရန်ဖြစ်နေရာမှ လင်းလင်းက အသင့်ယူဆောင်လာသော စတီးဓားချွန်ဖြင့် မဇင်ဇင်အောင်အားဝင်ထိုးခဲ့သဖြင့် ဝဲဘက်ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ နောက်ကျောဘက်တွင် ထိုးသွင်းဒဏ်ရာနှစ်ချက်ရရှိပြီး မော်လမြိုင်အထွေထွေ ရောဂါကုဆေးရုံကြီးသို့ တင်ပို့စဉ်သေဆုံးသွားခဲ့သည်။ အဆိုပါဓားထိုးသေဆုံးမှုနှင့်ပတ်သက်၍ မော်လမြိုင်မြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းမှ လင်းလင်း (ခ)ငပြူးအား(ပ) သတင်းပေးချက် အမှတ် ၁၃ဝ/၂ဝ၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂ အရ အမှုဖွင့်အရေးယူဖမ်းဆီးထားကြောင်း သိရသည်။

.. www.MyanmarExpress.net
 

သူရိယအလင်း ဂျာနယ်ထုတ်ဝေခဲ့သူ ဦးမိုးဟိန်းထံမှ အလုပ်ထုတ်ခံ ၀န်ထမ်းဟောင်းနှစ်ဦး ကလျော်ကြေးတောင်း ခံကြောင်းသိရ

From : ..NW
 
ပြည်တွင်းစာနယ်ဇင်းများကိုဖြေလျော့ပေးလိုက်ပြီးနောက်ပိုင်းတွင်ပုဂ္ဂိုလ်ရေးများကိုစော်ကားရေးသားခဲ့သည်ဟုပြောဆိုပြီးနစ်နာသူများကသူရိယနေ၀န်းဂျာနယ်၏ceoဖြစ်သူဦးမို်းဟိန်းကိုတရားဆွဲဆိုးရန်ပြင်ဆင်နေချိန်တွင်ယခင်ထုတ်ဝေခဲ့သောသူရိယအလင်းဂျာနယ်မှဦးမိုးဟိန်းအလုပ်ထုတ်ခဲ့သောကြော်ငြာဌာနမှဝန်းထမ်းနှစ်ဦးကဦးမိုးဟိန်းထံမှလျော်ကြေးတောင်းခံရန်ပုဇွန်တောင်းအလုပ်သမားရုံးသို့လာရောက်တိုင်းကြားထားကြောင်းနိုဝင်ဘာ၂၈ရက်နေ့တွင်သိရသည်။
ထိုသို့တိုင်းကြားမှုများကိုယခင်ရုံးစိုက်ခဲ့ရာမရမ်းကုန်းမြို့နယ်ရုံးသို့သွားရောက်တိုင်ကြားသော်လည်းယခုအသစ်ဖွင့်လစ်ထားသောရုံးမှာပုဇွန်တောင်တွင်ဖြစ်သောကြောင့်ပုဇွန်တောင်အလုပ်သမားရုံးသို့ပြန်လည်လွဲပေးခဲ့ကြောင်းသိရသည်။ယင်းဝန်ထမ်းနှစ်ဦးမှာအမျိုးသမီးများဖြစ်ပြီးအလုပ်မတရားထုတ်ခဲ့ပုံများကိုရေးသားတိုင်းကြားကြကြောင်းသိရသည်။
အဆိုပါအမျိုးသမီးနှစ်ဦး၏ပြောပြချက်အရအမှုဆောင်အရာရှိဦးမိုးဟိန်းအနေဖြင့်သြဂုတ်လ၂၇ရက်နေ့တွင်ယင်းတို့ထိုင်သောထိုင်ခုံများကိုသိမ်းယူနေရာရွှေ့ပြီးနောက်အလုပ်ထုတ်သည့်သဘောမျိုးနှင့်တွေ့ဆုံခွင့်ပင်မပေးကြောင်းသိရသည်။ယင်းအတွက်ထိုအမျိုးသမီးနှစ်ဦးမှဦးမိုးဟိန်း၏လုပ်ရပ်အပေါ်နစ်နာကြေးပေးရန်တောင်ဆိုတိုင်ကြားခဲ့ကြောင်းသိရသည်။


 .. www.MyanmarExpress.net
 

ကျွန်တော် ဘယ်တော့မှ နိုင်ငံရေးမလုပ်တော့ပါဘူးဆိုတဲ့ ဦးခင်ညွှန့်

From : ..NW


၂၀၁၅ ရွေးကောက်ပွဲတွင် ဦးခင်ညွှန့်အနေနှင့် သံလျင်မြို့တွင် တစ်သီးပုဂ္ဂလ ၀င်ရောက်အရွေးကောက်ခံမည်ဟု သတင်းများထွက်ပေါ်လျှက်ရှိနေရာ အောက်တိုဘာ ၂၈ ရက်(ယနေ့) ကရ၀ိက်နန်းတော်တွင်ပြုလုပ်ခဲ့သော ဦးမြတ်ခိုင်၏ `ဦးခင်ညွှန့်နှင့် အင်တာဗျုး´ စာအုပ်မိတ်ဆက်ပွဲ၌ ၎င်းက နိုင်ငံရေး လုပ်တော့မည်မဟုတ်ကြောင်း အတည်အလင်းထုတ်ဖော်ပြောခဲ့သည်။

´နောက်တစ်ခုက အားလုံးကို အသိပေးချင်တာ ကျွန်တော် နိုင်ငံရေးမလုပ်ပါဘူး၊ သတင်းဌာန တစ်ချို့ကရေးနေကြတယ် ကျွန်တော်နိုင်ငံရေးထွက်လုပ်တော့မယ်၊ ကျွန်တော်နိုင်ငံရေး မလုပ်ပါဘူး၊ ကျွန်တော်တို့က အသက်အရွယ်လည်း ရလာပါပြီ၊ နိုင်ငံရေးလုပ်ရမယ့် အခြေအနေမျိုး အချိန်အခါမျိုး ကျွန်တော်တို့အရွယ် မဟုတ်တော့ပါဘူး၊နောက်လူငယ်တွေ အများကြီးရှိပါတယ်၊ ကျွမ်းကျင်တဲ့ လူငယ်တွေ၊ ပညာတတ် လူငယ်တွေ သူတို့ကနေ တိုင်းပြည်ကို ဆက်လက်ပြီးဦးဆောင်သွားလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်၊ ကျွန်တော် နိုင်ငံရေး ဘယ်တော့မှ မလုပ်တော့ပါဘူး ဆိုတာ ဒီနေရာကနေပြီး အာလုံးကို ကတိပေးပါတယ်´ ဟု ပြောကြားခဲ့သည်။

ထိုသို့ အသိပေးပြောကြားခြင်းအပေါ် ၀ါရင့်အယ်ဒီတာတစ်ဦးက `နိုင်ငံရေး မလုပတော့ဘူးပြောရအောင် သူက ဘယ်တုန်းကများ နိုင်ငံရေးလုပ်ခဲ့လို့လဲ၊ နိုင်ငံရေးလုပ်တဲ့သူတွေကို ဖမ်းဆီးထောင်ချတဲ့ အလုပ်ပဲ လုပ်ခဲ့တာ´ ဟု ဝေဖန်ခဲ့သည်။

(ဓါတ်ပုံ)မျိုးမင်းစိုး

.. www.MyanmarExpress.net
 

ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ကို အာဇာနည်ကုန်းမှာ သစ္စာဆိုရန် တိုက်တွန်းခဲ့သော်လည်း ငြင်းဆန်ခဲ့ခြင်းကြောင့် ဇတ်ကားတွင် ကျော်သူမပါဝင်ခြင်းဖြစ်

From : .. NW

နိုဝင်ဘာ ၂၄ ရက်နေ့က မြဝတီမြို့ နာရေးကူညီမှုအသင်း ၉ နှစ်ပြည့်အခမ်း အနားသို့တက်ရောက်လာခဲ့သော ရန်ကုန် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူ အား တွေ့ဆုံမေးမြန်းခဲ့ရာ-

မေး - ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးဖို့ ကိုကျော် သူကို ကမ်းလှမ်းတာကို ကိုကျော်သူ က ငြင်းလိုက်တယ်လို့ သိရတယ်။ ဘာ ဖြစ်လို့ပါလဲ။

ဖြေ - ဗိုလ်ချုပ်ရုပ်ရှင်က တကယ့် ကိုကြီးမားတဲ့လုပ်ငန်းတစ်ခုပါ။ ဒေါ်အောင် ဆန်းစုကြည်ဖွဲ့စည်းပေးထားတဲ့ ဗိုလ် ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအ ဖွဲ့ကို ကျွန်တော်က ရုပ်ရှင်မရိုက်ခင် အာဇာနည် ကုန်းကိုသွားပြီး အာဇာ နည်ကြီးတွေကို တိုင်တည်ပြီးတော့ ရောက်ရာ ဘုံဘဝကနေစောင့် ရှောက် ပါ။ ကိုယ်ကျိုးဖက်ခဲ့ရင်လည်း ထိုက် သင့်တဲ့အပြစ်ပေးပါဆိုပြီး သစ္စာဆိုရ မယ်လို့ ကျွန်တော်ပြောတာကို သူတို့ က လက်မခံဘူး။ နာရေးအသင်းမှာ ကျွန်တော် သစ္စာဆိုပြီးတော့ အမြဲအလုပ် လုပ်တယ်။ ဒီလိုသစ္စာဆိုတဲ့အတွက် အောင်မြင်မှုတွေရတယ်။ အဲဒီမှာ သဘော ထားတွေလည်း လွဲတယ်။ ဒါကြောင့် လူမှုရေးလုပ်ငန်းတွေကလည်း တစ်ဖက် ဖြစ်နေတဲ့အတွက် ကျွန်တော် ခေါင်းရှုပ် မခံချင်တော့ဘူး။ ဒါကြောင့် ငြင်းလိုက် တာပါ။


.. www.MyanmarExpress.net
 

Eleven Media Website ဆဌမအကြိမ်မြောက် တိုက်ခိုက်ခံရ၊ အချိန် ၈ နာရီကျော်ကြာ ပြင်နေသော်လည်း ပြင်မရသေး

From : ..popular


ပြည်တွင်း အခြေစိုက် သတင်းဌာန တစ်ခုဖြစ်သည့် eleven media group ၏ website မှာ ယခု မိနစ်ပိုင်းအတွင်းကပင် DCMN Hacker အဖွဲ့၏ တိုက်ခိုက်ခြင်းခံခဲ့ရသည်။

အဆိုပါ တိုက်ခိုက်ခံရမှုအတွက် Eleven Media အား ဆက်သွယ်မေးမြန်းရာ သက်ဆိုင်ရာ Web Team မှ ပြန်လည် ပြင်ဆင်မှုများ ပြုလုပ်နေပြီး လိုအပ်ပါက သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
 

 .. www.MyanmarExpress.net
 

Eleven Media Group ၏ Website စာမျက်နှာအား ထိန်းချုပ်ခံရ


ယနေ့ မြန်မာစံတော်ချိန် 3.30 ခွဲခန့်အချိန်တွင် ဆူးလှည်းကြီးဟု လူသိများသော Eleven Media Group ၏ Website စာမျက်နှာအား DCMN အဖွဲ့မှ ထိန်းချုပ်ခံခဲ့ရကြောင်းသိရသည်။  

နိုင်ငံတော် သမ္မတဦးသိန်းစိန်အား ထိုင်းတက္ကသိုလ်နှစ်ခုမှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်မည်

From : ..  YMG


ရန်ကုန် ။ ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သမ္မတဦးသိန်း စိန်အား ထိုင်းနိုင်ငံ မယ့်ဖလောင်း တက္ကသိုလ် (Mae Fah Luang University) မှ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ဂုဏ်ထူးဆောင်ပါရ ဂူဘွဲ့ (Hournay Doctorate Degree in Public Administration) ၊ နရာဆွမ် တက္ကသိုလ် (Naresuan University)မှ ပြည်သူ့ရေးရာနိုင်ငံရေးသိပ္ပံ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ Hournary Doctorate Degree in Political Science ကို မကြာမီ ပေးအပ်မည်ဖြစ်ကြောင်း ဘန် ကောက်မှလာသော သတင်းတစ် ရပ်အရသိရသည်။ 


 .. www.MyanmarExpress.net
 

စစ်တပ်မကောင်းကြောာင်း အမြဲပြောခဲ့တဲ့ ၈၈ လည်း စစ်တပ်နှင့် ကင်းကင်းမနေနိုင်ပဲ တပ်မတော်ပါဝင်တဲ့ ညီလာခံတစ်ခု ကျင်းပလို

From : .. mizzima


အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေး ညီလာခံတစ်ခု ပြုလုပ်ရန် စီစဉ်နေသည်ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီက နိုဝင်ဘာ ၂၇ရက်တွင် မဇ္ဈိမကို ပြောသည်။

“ဒုတိယပင်လုံညီလာခံလို အားလုံးပါဝင်မယ့် ညီလာခံလုပ်ဖို့ ကြိုးပမ်းနေတယ်”ဟု ကိုဂျင်မီက ပြောသည်။

ညီလာခံကျင်းပရေး အကောင်အထည်ဖော်မည့် ကော်မတီတစ်ခု ပေါ်ပေါက်ရေး အစည်းအဝေးကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းရှိ၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းတွင် နိုဝင်ဘာလ ၂၇ရက်တွင် ပြုလုပ်ခဲ့သည်။

ကနဦးလုပ်ငန်းစဉ်များကို ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုဆုံးဖြတ်ချက် အကောင် အထည် ဖော်ရေး ပြင်ဆင်ညှိနှိုင်းရေး ကော်မတီက ဆောင်ရွက်နေခြင်း ဖြစ်ပြီး ညီလာခံ အကောင်အထည်ဖော်ရေး ကော်မတီ ဖွဲ့စည်းပြီးပါက တာဝန်လွှဲပြောင်းပေးသွားမည်ဖြစ်သည်။

“ဒီဇင်ဘာလထဲမှာ ညီလာခံအကောင်အထည်ဖော်ရေး ကော်မတီဖွဲ့ဖို့ နိုင်ငံလုံးဆိုင်ရာ စုံညီအစည်းအဝေး ကိုခေါ်မယ်”ဟု ငွေရတုဆုံးဖြတ်ချက် အကောင်အထည်ဖော်ရေး ကော်မတီဝင် ဦးတိုးကျော်လှိုင်ကပြော သည်။

အစည်းအဝေးသို့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းနှင့် တွေ့ဆုံဆွေးနွေး ခဲ့ဖူးသည့် ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများ အားလုံးတက်ရောက်နိုင်ရန် စီစဉ်မည်ဟု ဦးတိုးကျော်လှိုင်က ဆိုသည်။

အဆိုပါအစည်းအဝေးတွင် ညီလာခံ ကျင်းပရေးကော်မတီကို မည်သို့ ဖွဲ့စည်းမည်၊ ကိုယ်စားပြုတက် ရောက်မည့် ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းရွေးချယ်ပုံ နည်းလမ်း၊ နိုင်ငံရေးမူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်တို့ကို ဆွေးနွေးရန် စီစဉ်ထားသည်။ အကောင်အထည်ဖော်ရေး ကော်မတီ၏ အဓိကတာဝန်သည် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက် ကိုင်များအပါအ၀င် နိုင်ငံရေးအင်အားစုများ အားလုံး ပါဝင်နိုင်ရေးပင် ဖြစ်သည်ဟု ဦးတိုးကျော်လှိုင်က ရှင်းပြသည်။

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဝင် ဦးမြအေးနှင့် ဦးမင်းဇေယျာ တို့ကလည်း ညီလာခံကျင်းပရေး စီစဉ်နေသည်ဟု အတည်ပြုပြောဆိုခဲ့ပြီး မျက်မှောက်မြန်မာ့နိုင်ငံရေး လိုအပ်ချက် များကို ဖြေရှင်းနိုင်ရန် ရည်ရွယ်သည်ဟု ဆိုကြသည်။

“ဖွဲ့စည်းပုံပြင်ဆင်ရေး၊ အသစ်ရေးရေး၊ တိုင်းရင်းသားအရေးတွေကို ဒီညီလာခံမှာ သက်ဆိုင်သူအားလုံး ပါဝင်ဆွေးနွေးနိုင်ကြဖို့ ရည်ရွယ်ပါတယ်” ဟု ဦးမြအေးက ပြောသည်။

ယင်းသည် ၂၀၁၃ခုနှစ်၊ သြဂုတ်လ ၈ရက်တွင် ကျင်းပခဲ့သည့် ၈၈၈၈ ငွေရတု အခမ်းအနား ကြေညာစာ တမ်းကို အကောင်အထည်ဖော်ခြင်းလည်း ဖြစ်သည်။ ကြေညာစာတမ်းတွင် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည် ထောင်စု နိုင်ငံတော်သစ်ထူထောင်ရေး၊ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးတို့ ဖော်ဆောင်ရန်လိုအပ်နေပြီး ယင်းကို ဖော်ဆောင်ရန် အမျိုးသားအင်အားစုအားလုံးပါ ၀င် သည့် ညီလာ ခံတစ်ရပ်ကျင်းပရန် လိုအပ်သည်ဟု ဖော်ပြထားသည်။

၈၈ ငွေရတုအခမ်းအနားတွင် ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး အင်အားစုများ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။ နိုင်ငံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး ရလာဒ်များကို စုစည်းကာ ကြေညာစာတမ်းအဖြစ် ထုတ်ပြန်ခဲ့ခြင်းသည်။


.. www.MyanmarExpress.net
 

လမ်းခင်းရန်မြေကြီးဝယ်ရာမှ လက်ပစ်ဗုံးအလုံး ၅ဝ ကျော်ရောပါလာ

From : ..ud


ယနေ့နံနက် ၁ဝနာရီက မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ရပ်ကွက် ခရေပင်လမ်းရှိ အိမ် အမှတ် ၂၇၄မှ အိမ်ပိုင်ရှင်ဒေါ်အေး အေးမွန် လမ်းခင်းရန်အတွက် ဝယ်ယူသော မြေကြီးများနှင့် ရော နှောကာ လက်ပစ်ဗုံး ၅၈ လုံး ပါလာခဲ့ကြောင်း၊ မြေကြီးများကား ပေါ်မှချချိန်တွင် တွေ့ရှိခြင်းဖြစ် ကြောင်း ဝေဘာဂီမြို့နယ်ရဲစခန်းမှ ရဲတပ်ကြပ်ကြီး တင့်ထူးက ပြော သည်။မြေကြီးများကိုမင်္ဂလာဒုံခုတင် ၃ဝဝဆံ့ ဆေးရုံမှ ဝယ်ယူခြင်းဖြစ် ကြောင်း သိရသည်။

''အရင်ရက်က ဝယ်ခင်းတော့ လဲ သူတို့ဆီကပဲ မြေကောင်းတာနဲ့ ဒီနေ့ဆက်ဝယ်တာ။မြေကြီးချတော့ အလုပ်သမား ကောင်လေးတွေက စတွေ့ပြီး လာပြောလို့ ရပ်ကွက် လူကြီးတွေပြကြည့်မှ ဗုံးမှန်းသိရ တယ်''ဟု ဒေါ်အေးအေးမွန်က ပြည်ထောင်စုနေ့စဉ်သို့ ပြောသည်။

မြေကြီးများကို သယ်ဆောင် မောင်းနှင်လာသည့် ယာဉ်မောင်း ဦးသန်းထွန်းက အထက်ပါနေရာ သို့ သွားရောက်၍ မြေကြီးများ သယ်ဆောင်သည်မှာ အစီး၂ဝခန့်ရှိ ပြီဖြစ်ကြောင်းနှင့် ယခုတစ်စီးသာ ပါရှိကြောင်းပြောသည်။

ဗုံးများကို ဝေဘာဂီမြို့နယ် ရဲ စခန်းမှတာဝန်ရှိသူများကသွားရောက် စစ်ဆေးပြီး အမှတ်(၉ဝ၅)စစ်မြေ ပြင်အင်ဂျင်နီယာတပ်ရင်းသို့သတင်း ပို့ခဲ့ရာ ဒုအရာခံဗိုလ်မြတ်လွင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု စစ်ဆေးကြောင်း၊ယင်းနောက်အမှတ် (၉ဝ၆) အင်းတကော် စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းသို့ ပေးပို့ရန် ယူဆောင်သွားကြောင်း ရဲတပ်ကြပ် ကြီးတင့်ထူးကပြောသည်။

လက်ပစ်ဗုံးတစ်လုံး၏ အရွယ် အစားမှာအလျား၃ဒသမ၇၅လက်မ၊ အချင်း၂ဒသမ၅လက်မ၊အောက်ခြေ အချင်း ၁ဒသမ၅လက်မ၊ လုံးပတ် ရှစ်လက်မရှိကြောင်း သိရသည်။


.. www.MyanmarExpress.net
 

ရမ်းဗြဲတွင် အစိုးကိုထောက်ခံသည့် ဆန္ဒဖော်ထုတ်ပွဲပြုလုပ်

From : ..people power


ကုလသမဂ္ဂ တိုက်တွန်းချက်ကို လက်မခံသည့် မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်ကို ထောက်ခံသည့် ဆန္ဒဖော်ထုတ်ပွဲကို ရခိုင်ပြည်နယ် ရမ်းဗြဲတွင် ယနေ့  နံနက် ၉နာရီက လူအင်အား၉၀၀ ရာကျော်ဖြင့် ဆန္ဒ ဖော်ထုတ်ခဲ့ကြောင်းဦးဆောင်သူ ဦးထွန်းကြည်က  People Power သတင်းစာသို့ ပြောကြားသည်။

ကုလသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို လေးစားရန်လိုအပ်ကြောင်း၊ရိုဟင်ဂျာကို အသိမှတ်မပြုကြောင်း ၁၉၈၂ မြန်မာ နိုင်ငံသား ဥပဒေ အတိုင်းဆောင်ရွက်ရေး စသည့်ကြွေးကျော်သံများ အော်ဟစ်ကာ ဆန္ဒပြခဲ့ကြောင်း ရမ်းဗြဲဒေသခံ ဦးဖြိုးမင်းလတ်က ပြောကြားသည်။

ရိုဟင်ဂျာများကို နိုင်ငံသားပြုခွင့်ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက မြန်မာအစိုးရအား နိုဝင်ဘာ  ၁၉ တွင်ထုတ်ပြန်ထားသော ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

“ကုလကဖြေရှင်းရာ မရောက်ဘဲ ပြသနာပိုကြီးအောင် လုပ်တဲ့ပုံစံမျိုးဖြစ်နေတယ်”ဟု ဗိုလ်ကြီးဟောင်း  ဦးထွန်းကြည်က ဆိုသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက မြန်မာ အစိုးရအား ရိုဟင်ဂျာများကို နိုင်ငသားဖြစ်ခွင့်ပေးရန်  တိုက်တွန်းချက်အပေါ် ဥပဒေနှင့် မကိုက်ညီသော  လူမျိုးများအား မည်သည့်နိုင်ငံ တကာအဖွဲ့အစည်းများ အနေ ဖြင့် တိုက်တွန်းရင်တောင် လက်ခံမည်မဟုတ် ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရ ရှိသူဦးရဲထွဋ်က ပြောကြားသည်။

“အစိုးရရဲ့ ရပ်တည်ချက်ကတော့ ရိုဟင်ဂျာဆိုတဲ့  စကားလုံးကို လုံးဝလက်မခံဘူး။ ရခိုင်ပြည်နယ်အတွင်း မှာရှိနေတဲ့ ဘင်္ဂလီလူမျိုးများအနက် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ ကိုက်ညီတဲ့သူတိုင်း နိုင်ငံသားပြုခွင့် ရမှာ ဖြစ်ပါတယ်။ ဥပဒေနဲ့ မကိုက်ညီတဲ့သူကိုတော့  ဘယ်နိုင်ငံတကာ အဖွဲ့အစည်းက ပြောပြော နိုင်ငံသား ပြုခွင့် မပေးနိုင်ဘူး” ဟု သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကဖြေကြားထားသည်။

ရိုဟင်ဂျာများအား နိုင်ငံသားဖြစ်ခွင့်ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက အစိုးရအား တိုက်တွန်းချက် အပေါ် သတင်းမီဒီယာများ၏ မေးမြန်းချက်များကို သမ္မတ ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က နိုဝင်ဘာ ၂၁ ရက်တွင် ၎င်းဖေ့ဘွတ်စ်ပေါ်တွင် တရားဝင်ဖြေကြားထားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၏ လူမျိုးရေးစာရင်းကောက်ယူရာတွင် ဘင်္ဂလီလူမျိုးများ အနေဖြင့် ပူးပေါင်းဆောင်ရွက် ရန် ငြင်းဆန်နေမှုအပေါ် ကုလသမဂ္ဂလူ့အခွင့်ရေးအနေနှင့် တိုက်တွန်းပြောဆိုရန် လိုအပ်ကြောင်း ဒီမိုကရေစီနိုင်ငံများ ဖြစ်သော အမေရိ  ကန်၊ ဗြိတိန်အပါအ၀င် နိုင်ငံများတွင် နိုင်ငံသားပြုခွင့်နှင့်  ပတ်သတ်ပြီး သီးခြားပြဠာန်းထားသော ဥပဒေစည်းကမ်း ချက်များရှိကြောင်း သမ္မတရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး  ဦးဇော်ဌေးက ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ပြောကြားသည်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေတွင် (က) နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (ခ) နိုင်ငံသားနှင့် ဧည့်နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူ များ၊ (ဂ) နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (ဃ) ဧည့်နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော သားသမီးနှင့်- (၁) နိုင်ငံသား  (သို့မဟုတ်) (၂) ဧည့်နိုင်ငံသား၊(သို့မဟုတ်)၊ (၃) နိုင်ငံသား ပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ (င) နိုင်ငံသား ပြုခွင့် ရသူ မိဘနှစ် ပါးမှ မွေးဖွားသော သားသမီးနှင့် - (၁) နိုင်ငံသား  (သို့မဟုတ်) (၂) ဧည့်နိုင်ငံသား (သို့မဟုတ်) (၃) နိုင်ငံသားပြု ခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွား သူများ (စ) ဧည့်နိုင်ငံသားနှင့်  နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသော သားသမီးနှင့် - (၁) နိုင်ငံသား (သို့မဟုတ်) (၂) ဧည့်နိုင်ငံသား (သို့မဟုတ်) (၃) နိုင်ငံသားပြုခွင့်ရ သူ မိဘနှစ်ပါးမှမွေးဖွားသူများ ဟူ၍ သတ်မှတ်ပြဠာန်းထားသည်။

၁၉၈၂ ခုနှစ် ဥပဒေတွင် မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်ခွင့် ဥပဒေကတိုင်းရင်းသားလူမျိုးကြီး ရှစ်မျိုးအပါအ၀င်  မျိုးစု ၁၃၅မျိုးကိုသာ နိုင်ငံသား အဖြစ် အသိအမှတ်ပြုထားကြောင်း ဖော်ပြထားသည်။


 .. www.MyanmarExpress.net
 

အခြေခံဥပဒေပြင်ဆင်ရေး တွေ့ဆုံဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်မေတ္တာရပ်ခံချက် သမ္မတနှင့်ကာချုပ်ငြင်းဆို

From : .. 7 day


ရန်ကုန်- ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် နိုင်ငံသားအားလုံးအတွက်အရေးကြီးပြီး အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ တစ်ခုတည်းသာမက တရားဝင်ပါတီအားလုံးနှင့် သက်ဆိုင်သောကြောင့် အားလုံးပါဝင်ဆွေးနွေး ရမည့်ကိစ္စဟု ယုံကြည်ကြောင်း သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့်တွေ့ဆုံရန် ဒေါ်အောင်ဆန်း စုကြည်၏ မေတ္တာရပ်ခံချက်အပေါ် ၎င်းတို့နှစ်ဦးက တုံ့ပြန်လိုက်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စဟာ နိုင်ငံသားအားလုံးအတွက် အရေးကြီးကိစ္စဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာမက တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၅၈ ခုလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် သက်ဆိုင်သူအားလုံး ပါဝင်ဆွေးနွေးရမည့်ကိစ္စလို့ သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့က ယုံကြည်ပါတယ်”ဟု ဦးရဲထွဋ်က ပြောကြားသည်။

ထို့အပြင် ယခုအချိန်သည် ပြည်ထောင်စုလွှတ်တော်က ဖွဲ့ စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ ဖွဲ့စည်းထားပြီး အဆိုပါကော်မတီ အစီရင်ခံစာကို ဒီဇင်လာလကုန်တွင် တင်သွင်းရန် သတ်မှတ်ပြီးဖြစ်သည်။

အစီရင်ခံစာမတင်သွင်းမီ အခြားနည်းလမ်းများဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံး သပ်ရေးကော်မတီ၏ တွေ့ရှိချက်များနှင့် ကွဲလွဲမှုများ ဖြစ်လာနိုင်ကြောင်း၊ ထို့ ကြောင့် ယင်းကော်မတီ၏ အစီရင်ခံစာတင်သွင်းပြီးမှသာ တွေ့ဆုံမှုကို စဉ်းစားသင့်သည်ဟု ယူဆကြောင်း သမ္မတနှင့်ကာချုပ်တို့ က သဘောတူသည်ဟု ၎င်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌများနှင့် တွေ့ဆုံနိုင်ရေးကို စီစဉ်ပေးရန် နိုင်ငံတော်သမ္မတ ထံသို့ မေတ္တာရပ်ခံစာ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ယင်းစာအပေါ် ၎င်းတို့နှစ်ဦးက ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

“တပ်မတော်ရယ်၊ အစိုးရရယ်၊ လွှတ်တော်ရယ် သွေးစည်းညီညွတ်ပြီး တိုင်တိုင်ပင်ပင်ပြုလုပ်ဖို့ဆိုတဲ့ သဘောထား မျိုးနဲ့ ဒေါ်စုက တောင်းဆိုတာဖြစ်လိမ့်မယ်။ တပ်မတော်ကတော့ သီးခြား သဘောထား မျိုးဖြစ်နေ တယ်။ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ခံယူထား တာကြောင့် တွေ့ဖို့မလိုဘူး လို့ ဆုံးဖြတ်တာဖြစ်နိုင်တယ်”ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လေ့လာသုံး သပ်ရေးကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ပြောကြားသည်။

“တွေ့ဆုံဆွေးနွေးတာ ကောင်းတဲ့လုပ်ရပ်ပဲ။ မြန်မာပြည်မှာ အမြင့်ဆုံး ပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေးပြီးလုပ်ကြရင် ကောင်းမယ်။ မဖြစ်နိုင်ဘူးဆိုတာတော့ ဘယ်လိုအဓိပ္ပာယ် မျိုးလဲဆိုတာ နားမလည်ဘူး။ သေချာတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့က အဖွဲ့အစည်းအားလုံးက သဘောထား မှတ်ချက်ပေးပြီးသား ပြုပြင်ပြောင်းလဲဖို့ တွေ့ဆုံဆွေးနွေးမှုဖြစ်မလာဘူးဆိုရင် အစိုးရက ပြုပြင်ပြောင်း လဲရေးကို လိုလိုလားလားရှိရဲ့လားဆိုတာ စိတ်ပူစရာဖြစ်လာတယ်” ဟု ၈၈ မျိုးဆက် ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက သုံးသပ်ပြောကြားသည်။


 .. www.MyanmarExpress.net