Subscribe to our RSS Feed

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ လူ့အခွင့်အရေးနှင့် ဘာသာရေးလွတ်လပ်ခွင့်


ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို သီအိုရီအားဖြင့် ကမ္ဘာနိုင်ငံ အားလုံးနီးပါးကလက်ခံနိုင်မည့် အခြေခံ လွတ်လပ်ခွင့်များကို မြှင့်တင်ရာတွင် လူ့အခွင့်အရေးကော်မရှင်ထက် ပိုမိုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့် ချက်ဖြင့် ၂၀၀၆ ခုနှစ်တွင် လူ့အခွင့်အရေးကော်မရှင်နေရာ၌ အစားထိုး ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဥပမာ အားဖြင့် လူ့အခွင့်အရေးကောင်စီ၏ အလှည့်ကျအဖွဲ့ဝင် ၄၇ နိုင်ငံတွင် ပါဝင်ခွင့်ရရန် ကောင်းသောယှဉ်ပြိုင် မှုများဖြစ်လာမည်ဟု မျှော်လင့်ထားပါသည်။ သီအိုရီအရ လူ့အခွင့် အရေးကောင်စီဝင်ဖြစ်လိုသောနိုင်ငံများ သည် လူ့အခွင့်အရေးနှင့် ပတ်သက်၍ ပိုမိုတိုးတက်ဆောင်ရွက်ရမည်ဖြစ်သည်။

သို့သော်လည်း ထိုသီအိုရီမှာ အလုပ်ဖြစ်ပုံမရပါ။ လူ့အခွင့်အရေးကောင်စီ၏ အဓိကကိစ္စဖြစ်ပြီး လူအများစု ၏အမြင်တွင် အရေးကြီးသော လူ့ခွင့်အရေး တစ်ခုဖြစ်သည့် ဘာသာရေးလွတ်လပ်ခွင့် သက်သက်ကို ကြည့်ကြပါစို့။ ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်နေ့က လူ့အခွင့်အရေးကောင်စီဝင်အဖြစ် မဲပေးရွေးချယ်ခံခဲ့ ရသော ၁၄ နိုင်ငံအနက် တရုတ်၊ ဆော်ဒီအာရေဗျ နှင့် ဗီယက်နမ် သုံးနိုင်ငံသည် အမေရိကန်မှ နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့်ကော်မရှင်က ဘာသာရေးလွတ်လပ်ခွင့်နှင့်ပတ်သက်၍ အထူးစိုးရိမ် ရသောနိုင်ငံများအဖြစ် သတ်မှတ်ခံထားရသည့်နိုင်ငံများဖြစ်ပြီး နောက်ထပ်၍ ရုရှားနှင့် ကျူးဘား နှစ်နိုင်ငံ မှာလည်း ဘာသာရေး ယုံကြည်မှုနှင့်ပတ်သက်၍ လွတ်လပ်ခွင့်ကို နည်းအမျိုးမျိုးဖြင့် ချိုးဖောက်နေသူ များဟု ကော်မရှင်က ယူဆထားသည့်နိုင်ငံများဖြစ်သည်။

နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်၏ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုအဆင့်သတ် မှတ်ချက်များနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာ ရှိသည်မှာ မှန်ပါသည်။ သို့သော်လည်း ဆော်ဒီအာရေဗျ နိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့်ကို လေးစားသည့်ဟန်ပင် မဆောင်နိုင်ပါ။ တရားဝင် အသိအမှတ်ပြု ထားသော ဆွန်နီအစ္စလာမ်မှအပ အခြားမည်သည့် ဘာသာရေးပုံစံကိုမှ သည်းမခံပါ။ ထိုသို့ ဘာသာရေး အရ သည်းမခံခြင်းကို လက်တွေ့ကျင့်သုံးနေသည်မှာ စိတ်ပျက်ဖွယ်ဖြစ်ပါသည်။ ပြီးခဲ့သည့်လက ဆော်ဒီ အာရေဗျတွင် အလယ်အလတ်သဘောထားပြော့ပြောင်းသည့် ၀ဘ်ဆိုက်ထူထောင်သူတစ်ဦးကို ဘာသာ ရေးဆွေးနွေးငြင်းခုံမှုများအား အားပေးအားမြှောက်ပြုမှုဖြင့် ထောင်ဒဏ် ၇ နှစ်နှင့် ကြိမ်ဒဏ် အချက် ၆၀၀ ပြစ်ဒဏ်ချမှတ်ခဲ့ပါသည်။ အစ္စလာမ်ဘာသာကို စွန့်ပယ်ကြောင်း ပြစ်မှုထင်ရှားခဲ့လျှင် ၄င်းသည် သေဒဏ် အပေးခံရမည်ဖြစ်သည်။

တရုတ်နိုင်ငံနှင့်ပတ်သက်၍ အမေရိကန်ကော်မရှင်က ၄င်း၏နောက်ဆုံး အစီရင်ခံစာတွင် တိဘက် ဗုဒ္ဓ ဘာသာဝင်များနှင့် ၀ီဂါမူဆလင်များ၏ ဘာသာရေးလွတ်လပ်ခွင့်မှာ အထူးစိုးရိမ်ဖွယ် ဖြစ်နေသေးကြောင်း၊ တရုတ်အစိုးရသည် ဘာသာရေးခေါင်းဆောင်များအား ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်ခြင်း၊ ထောင်ချ ခြင်း၊ ခရစ်ယာန်ဘုန်းတော်ကြီး ရွေးချယ်မှုကို ထိန်းချုပ်ခြင်း၊ အချို့ဘာသာရေးစုဝေးပွဲများကို ပိတ်ပင်ခြင်း နှင့် ဘာသာရေးစာပေများဖြန့်ချိမှုကို ထိန်းချုပ်မှုများအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဆဲဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဗီယက်နမ်အစိုးရသည် ဘာသာရေးလှုပ်ရှားမှုအားလုံးကို ထိန်းချုပ်ထားဆဲဖြစ်ပြီး လွတ်လပ်သည့် ဘာသာရေးလုပ်ဆောင်မှုများကို ပြင်းပြင်းထန်ထန်ကန့်သတ်ထားကာ တစ်ဦးချင်းနှင့် ဘာသာရေးအဖွဲ့များကို ဖိနှိပ်နေဆဲဖြစ်ကြောင်း ဖော်ပြ
ထားပါသည်။

လက်တွေ့ကျသည့် အဖြေရှာရန် မျှော်လင့်ချက်ဖြင့် ဂလိုဘယ် အင်စတီ ကျူးရှင်းအားလုံး ပါဝင် ဆွေးနွေးရန် လိုအပ်သည့် ရာသီ ဥတုပြောင်း လဲခြင်းမှသည် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်း အထိ ကမ္ဘာလုံး ဆိုင်ရာ ပြဿနာများစွာရှိပါသည်။ ကုလသဂ္ဂလူ့အခွင့်အရေးကောင်စီသည် အပြောသက်သက်သာ ရှိသည့်အဖွဲ့ဖြစ်ပါသည်။ လူ့အခွင့်အရေးကောင်စီ အနေဖြင့် ထိုထက်ပိုပြီးဆောင်ရွက်ရန် ရည်ရွယ် ထား သည်ဆိုလျှင် ၄င်း၏အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အခြေခံလူ့အခွင့်အရေးချိုးဖောက်မှုများကို ရှက်တတ် ပြီး ထိန်းချုပ်ရန် တွန်းအားပေးရမည်ဖြစ်သည်။

အနောက်အုပ်စုနိုင်ငံအချို့အပါအ၀င် နိုင်ငံများကို လူ့အခွင့်အရေးကို ပိုမိုလေးစားလိုက်နာရမည့်အစား လူ့အခွင့်အရေးပိုမိုချိုးဖောက်ခွင့် ပေးနေမည်ဆိုလျှင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေဖြင့် ၄င်း၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်မည်မဟုတ်ပါ။ ပထ၀ီနိုင်ငံရေး (သို့မဟုတ်) ယဉ်ကျေးမှု ဆိုင်ရာ ဘက်လိုက်မှုများမရှိပဲ ဂလိုဘယ်အဆင့် လူ့အခွင့်အရေးအတွက် အများလက်ခံအောင်အလုပ်လုပ် နိုင်မည့် အဖွဲ့ အစည်းဖြစ်စေရန်အတွက် ထိုအဖွဲ့သည် အစိုးရများအားလုံးနှင့် တတ်နိုင်သမျှ လွတ်ကင်းရန် လိုအပ်ပြီး သို့မှသာ လူ့အခွင့်အရေးချိုးဖောက်နေသည့် အစိုးရများနှင့်လည်း လွတ်လွတ်ကင်းကင်းရှိမည် ဖြစ်ပါသည်။
 

 .. www.MyanmarExpress.net
 

12 comments:

ဘယ် ကောင် မှ မ ကောင်း ဘူး မြန် မာ နိုင် ငံ ဥ ပ ဒေ ဆို တာ ဟား တိုက် ပြိး ရီ ချင် စ ရာ ကောင်း တယ်

တရား ဥ ပ ဒေ အ ခွန် ဥ ပ ဒေ မြေ စာ ရင်း အ စုံ ပါ ဘဲ

ဗြိတိလျှ လက် ထက် က ချ မှတ် ထား ခဲ့ တဲ့
ဥပ ဒေ ကို အ သုးံ ပြု နေ ကြ သုးံ ပါ
အ ချိန် တွေ တာ ကြာ သွား တယ် ဥပ ဒေ ကျမ်း က ဗြိ တိ လျှ ခေတ် က ဥ ပ ဒေ တွေ ပါ မ ရှက် ကြ ဘူး လား အ ရပ် က တို့

တရား ဥပ ဒေ လဲ မျှော့  သ တန်
NLD လဲ ကု လား ပုံ ပေါက်

ဦး သိန်း စိန် လူ တွေ ဖြစ် တဲ့ အုပ် ခူပ် ရေး မူး တွေလဲ အ ချိန် ရှိ တုးံ
အုပ် ခူပ် ရေး မူး က ေ န ရသ မ် အုပ် မူး ဖြစ် နေ ကြ ပြိ

ပြည် သူ က တော့ ဘာ တဲ့
ထူး မ ခြား နား သီ ချင်း လေး ဆို ပြိး

နင်း ပြား ဘဝ ဟာ နင်း ပြား ပါ ဘဲ ဟဲ ဟဲ ဟဲ

TT

TT says nobody is good. So TT is also not good.

မင်္ဂလာပါဗျာ .... ကျွန်တော် နဲနဲလောက် ၀င်ဆွေးနွေးကြည့်ချင်ပါတယ်ဗျာ။ စကားတစ်ခွန်းကို လက်လွတ်စပယ် မပြောသင့်ဘူးလို့ ကျွန်တော်ထင်ပါတယ်ဗျာ။ ဥပမာ ဘယ်ကောင်မှ မကောင်းဘူး ဆိုတာမျိုးပေါ့ဗျာ။ ခင်ဗျားတို့ မျက်စိပါတဲ့သူတိုင်း ခေါင်းရှိတဲ့သူတိုင်း လက်ရှိ သမ္မတကြီးလက်ထက်မှာ မြန်မာနိုင်ငံက တိုးတက်လာလား။ ပိုမို ဆိုးယုတ်သွားလားဆိုတာ အားလုံးသိမှာပါ။ ခုလို ဒါတွေကျွန်တော် ၀င်ပြောနေလို့လဲ ခင်ဗျားတို့စိတ်ထဲမှာ ကျုပ်ကို အစိုးရအဖွဲ့အစည်းထဲက လူတ်ယောက်လို့ မထင်ပါနဲ့။ ကျုပ်က သာမန် လက်လုပ်လက်စား အရပ်သားတစ်ယောက်ပါ။ ကျွန်တော် ခင်ဗျားကို မေးခွန်းတစ်ခုလောက် မေးချင်တယ်ဗျာ။ ခင်ဗျား ငယ်ငယ်က ကျောင်းတက်ဘူးလား။ ကျောင်းသားဘ၀မှာ ကျောင်းပြေးဘူးလား။ ခင်ဗျား ကျောင်းသားဘ၀မှာ ကျောင်းပြေးဘူးတယ်ဆိုရင် ခင်ဗျားပြောလိုက်တဲ့စကားနဲ့ ပြန်ပြီး ချိန်ဆကြည့်ပါ။ ခင်ဗျားအိမ်မှာ အိမ်သား ဘယ်နှစ်ယောက်ရှိလဲ။ အဲဒီလို အိမ်သားတွေထဲကမှ ကျောင်းတက်နေတဲ့ ကျောင်းသားဘယ်နှစ်ယောက်ရှိလဲ။ အိမ်လေးတစ်အိမ်က ကျောင်းသားလေးတစ်ယောက် မိဘလုပ်စာစား မိဘပေးတဲ့ မုန့်ဖိုးယူပြီး မိဘက ကောင်းစေချင်လို့ ပညာတတ်တစ်ယောက် ဖြစ်စေချင်လို့ ကျောင်းပေးသွားနေတာတောင် ကျောင်းပြေးတဲ့ ကလေးဆိုတာ ရှိနေတာဘဲ မဟုတ်လားဗျာ။ အိမ်တစ်အိမ်မှာတောင် တစ်ခါတစ်လေ ကိုယ့်သားသမီး ဘာတွေလုပ်နေတယ် ဘာတွေဖြစ်နေတယ်ဆိုတာ မိဘတွေကရော အမြဲတမ်းသိနေလား သိနိုင်လို့လားဗျာ။ ဒီလိုပါဘဲဗျာ လိမ္မာတဲ့ ကလေးရှိသလို ဆိုးတဲ့ကလေးလဲ ရှတတ်ပါတယ်။ လောက သဘာဝကိုက အကောင်းအဆိုး ဒွန်တွဲနေတာ မဟုတ်လားဗျာ။ ဆိုးတဲ့ကလေးတစ်ယောက်ကို လက်ညှိုးထိုးပြပြီး သူဘာတွေမှားနေတယ် ဘာတွေဆိုးနေတယ်ဆိုတာ။ သူ့မိဘ သိအောင် အသိပေးလို့ တိုင်ကြားလို့ မရဘူးလားဗျာ။ ဆိုးတဲ့ကလေးတစ်ယောက်ကြောင့် ကလေးတိုင်းကို လူဆိုးလို့ သတ်မှတ်ရတော့မှာလားဗျာ။ ပြန်စဉ်းစားကြည့်ပါဦးဗျာ။ ကိုယ့်မိသားစုဘဲ ကိုယ်ပြောတဲ့စကား ကိုယ်ခိုင်းတဲ့ အလုပ်ကို တစ်သွေမတိမ်း လိုက်လုပ်နိုင်အောင် ဦးဆောင်ညွှန်ကြားနိုင်တဲ့ လူတစ်ယောက်ဖြစ်အောင်ဘဲ အရင်ကြိုးစားပါဦးဗျာ။

Myanmar Express ကိုတစ်ခုပြောချင်ပါတယ်...
အခု မြန်မာ နိုင်ငံထုတ် မုန့်တော်တောများများ ရဲ့ အခွံ့ဟာ
ကလားထုတ်ဖြစ်နေတာ သတိမူမိရဲ့လား..ကလားတံဆိပ်လေးတပ်ထားတာတွေ့ကြသေးရဲ့လား
Jamiat Ulama-el-Islam(HQ) Myanmar လို့တပ်ထားတာတွေ့တယ်မဟုတ်လား..၁၀၀ကျပ်တန် မုန့်ဆို အိပ်ဖိုးက ၁၀ကျပ်ကျရင် မြန်မာနိုင်ငံ က သန်း၆၀ ဆိုတော့ ၆၀×၁၀ ဆို တစ်ရက်ကို မြန်မာတွေက သန်း ၆၀၀ လှူနေတာလား..ကော်ဖီထုတ်တွေရော..ကွေကာတွေရော တီးမစ်တွေရော တော်တော်များ ကလားတံဆိပ်ပါတယ်..မြန်မာတွေ ပလပ်စတစ် မထုတ်နိုင်တော့ဘူးလား မြန်မာ သူဌေးတွေ ဒါမျိုးကို လက်မလွတ်သင့်ဘူးနော်....

မှန်​လိုက်​​လေဗျာ

မှန်လိုက် လေ ဘာစားစား သူတို့ တံစိပ် ကမ လွတ်ဘူး

အ နစ် ရှိ ရှိ ပြော နေ တာ အ ပြောခံ ရ တဲ့ ထဲ မှာ ပါ နေ လို့ မင်း ခံ ပြင်း နေ တာ မင်း က ဘာ ပညာ မှ မ တတ် တဲ့ ကောင် လက် ရှိ တရား ရေး အ ခွန် ဥပ ဒေ ဘယ် က ဥ ပ ဒေ လဲ မင်း သိ လား မင်း အုပ် ခူပ် ရေး မူး အ သိုင်း အ ဝန်း ထဲ က ဖြစ် တယ် တ နေ့ မှန် တာ တွေ ထောက် ပြ မယ် ဘက် မ လိုက် ပြည် သူ ကွ မ ကောင်း ရင် မင့် အ ဖေ မင်း အောင် လိုင် တောင် ထ ပြော လို့ ရတဲ့ ခေတ် ကွ ငါ ရေး တာ လုးံ ဝ အ မှား မ ပါ ဘူး

အနစ် တွေပါ လွန်း လို့ ခံ ပြင်း နေ ပြိ လား

စာ ပေ ဗဟု သု တ နည်း လှ သ ဂီုး အ ခြေ အ မြစ် အ ခိုင် အ မာ ရေး တာ ဝန် ထမ်း ထဲ က မင် အ ဖေ ရှိ ရင် မေး ကြည့်

The above two comments are worthy comments.

စောက်သုံးကိုမကျဘူးဒီအတိုင်းဆိုရင်

မြန်မာသူဌေးတွေ ပလပ်စတပ်စက်ရုံထောင်တော့လေ
အမြတ်က မနည်းဘူးနော်...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်