Subscribe to our RSS Feed

ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ၊ အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈နှင့် ထိပ်တိုက်တွေ့ဖွယ်ရှိ

From : .. Democratic Wave

NLD အဖွဲ့ချုပ် နေပြည်တော် က အောက်တိုဘာ ၁၈ ရက်နေ့တွင် ဦးဆောင်ကျင်းပမည့် ပြုလုပ်မည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး(သို့)အသစ်ပြန်လည်ရေးဆွဲရေး ဆန္ဒခံယူပွဲအတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်ပြုရန် လျှောက်ထားခြင်း ကို အာဏာပိုင်များက ခွင့်မပြုကြောင်း သိရှိရသည်။

နေပြည်တော်ရဲတပ်ဖွဲ့ရုံးက အောက်တိုဘာ ၁၄ရက်နေ့ ရက်စွဲဖြင့် ကျင်းပရေးဦးစီးကော်မတီအတွင်းရေးမှုး ဦးဇာနည်လင်းထံသို့ ပြန်လည်ပေးပို့ထားသောစာတွင် ကျင်းပမည့် နေရာသည် နေပြည်တော်ကောင်စီရုံး၊ တရားရုံးများ၊ ဌာနဆိုင်ရာရုံးများနှင့် နီးကပ်စွာ တည်ရှိနေခြင်း၊ ရုံးဖွင့်ရက်ဖြစ်နေခြင်း၊ ကျင်းပမည့်အချိန်သည် လူသွားလူလာများသော ၉ နာရီ မှ ၁၂ နာရီဖြစ်သဖြင့် မတော်တဆယာဉ်တိုက်မှုဖြစ်နိုင်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အခက်အခဲရှိနိုင်ခြင်း စသော အကြောင်းပြချက်များကြောင့် ခွင့်မပြုနိုင်ကြောင်း ဖော်ပြထားသည်။
ယင်းကိစ္စနှင့် ပက်သက်၍ ဦးဇာနည်လင်းက ဥပဒေနှင့် အညီ တင်ပြပြီးဖြစ်သဖြင့် ဟောပြောပွဲအား “ဆက်လက်ပြုလုပ်သွားမည်” ဖြစ်ကြောင်း အောက်တိုဘာ ၁၅ ရက်နေ့ ရက်စွဲဖြင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှုးထံသို့ အကြောင်းပြန်ထာသည်ဟု သိရသည်။

NLD ဗဟိုပြန်ကြားရေးမှ ဦးကြည်တိုးထံသို့ News Watch မှ ဆက်သွယ်မေးမြန်းရာ ၎င်းက “ခွင့်မပြုဘူးဆိုတာ ဟုတ်ပါတယ်။ ကျွန်တော်တို့က အစကတည်းက ဥပဒေနဲ့အညီ တင်ပြခဲ့တယ်၊ ပူးပေါင်းဆောင်ရွက်ခဲ့တယ်၊ ဆက်လုပ်သွားမယ်ဆိုတာ အကြောင်းပြန်ထားပြီးဖြစ်တယ်၊ သူတို့ဘက်က နောက်ထပ် အကြောင်းပြန်တာကို မစောင့်တော့ဘူး၊ ဆက်လုပ်သွားမှာပါ” ဟု ပြောသည်။

အဆိုပါ ဆန္ဒခံယူပွဲကို ပျဉ်းမနား - တောင်ညိုသွားကားလမ်းဘေးနေရာတွင် ပြုလုပ်မည်ဖြစ်ပြီး NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်နှင့် ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွှန့်တို့က ဟောပြောဆွေးနွေးမည်ဟု သိရသည်။
..


 www.MyanmarExpress.net
 

4 comments:

Definite Confrontation is the incorrigible habit of Mrs Michael Aris (a) Su Kyi. She does not learn.

ကန် လန့် သ မား တွေ နေ ပြည် တော် ငါ ရောက် ဖူး တယ် ရုးံတက် ချိန် ရုးံ ဆင်း ချိန် ချိန် ဆို ရူပ် နေ တာ ပါ ဘဲ

မ နက် ၉ နာ ရီ ဆို ရင် နဲ နဲ ငြိ ပါ တယ် ရုးံ တက် ချိန် ပေါ့ အ ချိန် နောက် ဆုတ် လိုက် ပေါ့ ညှိ လုပ် ရ မယ် လေ ဒီ အ ချိန် မှ ဒီ အ ချိန် ဆို ရင် NLD ညစ် ပတ် တာ ဘဲ

၁၀ နာ ရီ မှ ၁ နာ ရီ ဆို လွတ် ယုံ ပေါ့

ညှိ လုပ် ကြ ရ မှာ
ရုးံ ဖွင့် တဲ့ နေ့ က တော့ တ ကယ် ရူပ် ပါ တယ်
NLD NLD ဒီ လို တာ ခဏခဏ လုပ် ပါ ကျ ဆုးံ ခြင်း ကို ရင် ဆိုင် ရ လိမ့် မယ်



TT

ခွင့်​ပြုချက်​တင်​ရုံနဲ့မရဘူး​လေ ခွင့်​ပြုမိန့်​ကျမှလုပ်​ခွင့်​ရှိတာ ဒီလိုသာဆို NLDကျ​တော့ လုပ်​ချင်​ရာလုပ်​ခွင့်​ရှိတယ်​ဆိုတဲ့သ​ဘောလား ပြည်​သူ​တွေကြ​တော့ ခွင့်​ပြုချက်​မရပဲ ဆန္ဒ​ဖော်​ထုတ်​ရင်​ ဖမ်းခံရတယ်
သမ္မတရူး ရူး​နေတဲ့ NLDက​ကောင်​​တွေကိုယ်​တိုင်​က ဥပ​ဒေချိုး​ဖောက်​​နေတာက​တော့ ​အောက်​တန်းကျလွန်းတယ်​။ ခွင့်​ပြုချက်​မရပဲ ကျင်းပရင်​ ဖာစုနဲ့အ​ပေါင်းပါအားလုံးကို တရားစွဲ အချုပ်​ထဲထည့်​ပါဗျို့

ခွင့်ပြုပြု မပြုလုပ်မယ်ဆိုတော့
တရားဥပဒေကိုလေးစားတာပေါ့နော်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်