Subscribe to our RSS Feed

တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးမှာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဘားအံဆွေးနွေးပွဲ၌ အဖြေပေါ်မည်

From : ..eleven


တိုင်းရင်းသား အဖွဲ့များ လက်မခံသည့် အချက်များပါသော အစိုးရ၏ မူကြမ်းကြောင့် လက်မှတ်ရေးထိုးရန် နီးစပ်မှု မရှိသေးသည့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးမှာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဘာအံဆွေးနွေးပွဲတွင် အဖြေပေါ်မည် ဖြစ်သည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာဆွေးနွေးပွဲမှ ဖွဲ့စည်းလိုက်သည့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ (NCCT)ခေါင်းဆောင်၊ UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောကြားသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရေးနှင့် ပတ်သက်ပြီး အစိုးရဘက်မှ မြင်သည့်အမြင်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်မှ မြင်သည့်အမြင်သည် လက်ရှိအချိန်တွင် နီးစပ်မှု မရှိသေးသော်လည်း ဆွေးနွေးထားသော လုပ်ငန်းစဉ်များ မပျက်စီးအောင် ဆက်လက်ထိန်းသိမ်းပြီး ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ကာ တိုးတက်မှုများ ရရှိမည်ဟု ယုံကြည်သည်ဟု နိုင်ဟံသာက ဆိုသည်။

"လာမယ့် ဒီဇင်ဘာ လလယ်လောက်မှာ ကျွန်တော်တို့ ဘားအံမှာ ပြန်တွေ့ကြမယ်။ တွေ့ကြတော့ သူ့ဘက်က ဘယ်လောက်လိုက်လျော နိုင်မလဲ၊ ကျွန်တော်တို့ဘက်က ဘယ်လောက်လိုက်လျော နိုင်မလဲ၊ ဘယ်လောက်ညှိနှိုင်း နိုင်မယ်ဆိုတဲ့ဟာက ဘားအံပွဲမှာ အဖြေပေါ်လာ လိမ့်မယ်လို့ ခန့်မှန်းကြည့်ရတယ်။ အဲဒီ အပေါ်မှာမှ ဘယ်လောက်ပြောင်းလဲဖို့ အခွင့်အရေး ရှိတယ် မရှိဘူး ဆိုတာက အဲဒီမှာမှ အဖြေပေါ်လာဖို့ ရှိတယ်။ အခုကတော့ ပြောလို့မရသေးဘူး" ဟု နိုင်ဟံသာက ပြောကြားသည်။

ယခု လဆန်းပိုင်းက မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သည့် အစိုးရနှင့် NCCT အဖွဲ့၏ ဆွေးနွေးပွဲတွင် အစိုးရမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသို့ ပေးအပ်ခဲ့သည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့်ဆိုင်သည့် မူကြမ်းတွင် ယခင်ပြည်နယ် အဆင့်နှင့် ပြည်ထောင်စု အဆင့်များ၌ မပါသည့် အချက်များ ထည့်ထားသောကြောင့် အစိုးရ၏ မူကြမ်းနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ မူကြမ်းညှိနှိုင်းရန် အခက်အခဲ ဖြစ်နေသော်လည်း ညှိနှိုင်းမှု ဆက်လက်ပြုလုပ်မည်ဟု နိုင်ဟံသာက ဆိုသည်။

ယခုနှစ် ဒီဇင်ဘာ လဆန်းတွင် ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) နယ်မြေ၌ ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဒုတိယ ညီလာခံ ပြီးပါက အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် လိုင်ဇာညီလာခံမှ ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင်သော NCCT တို့သည် ဒီဇင်ဘာ လလယ်၌ပင် ကရင်ပြည်နယ် ဘားအံမြို့တွင် ဆွေးနွေးမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် NCCT အဖွဲ့ဝင်များသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံကာ လိုင်ဇာသဘောတူညီချက် (၁၁) ချက်အား အသေးစိတ် ဆွေးနွေးမှု ပြုလုပ်နေပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ သဘောထား အမြင်များပါသည့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ မူကြမ်းတစ်ခုကို အစိုးရထံသို့ ထပ်မံတင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ မြစ်ကြီးနား ဆွေးနွေးပွဲကို နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ်


.. www.MyanmarExpress.net
 

2 comments:

အ ပစ် ရပ် ချင်ွှပ် မ ရပ် ချင် နေ ရိုး ရိုး လက် နက် ကိုင် မ နေ နဲ့ န ယူး က လိး ယား ဒုးံ ကျည် တွေနဲ့ ပစ် ကြ ကွာ သေ ကုန် အေး တာ ဘဲ

သမ္မတ က လဲ အုပ် ခူပ် ရေး မူး တွေ ဘာ လုပ် နေ လဲ ပြည် သူ တွေ ဘာ ဖြစ် နေ လဲ
ဥပ ဒေ ကို အုပ် ခူပ် ရေး မူး တွေ လိုက် နာ လား ငွေ စား သး လုးံ ။ ပြန် မ ကြည့် ဘူး

ဖြစ် လျင် တိုင်း ကို ဖြစ် နေ ကြ တာ
တိုင်း ပြည် ပျက် သွား အေး တာ ဘဲ

Myanmar Express ကိုတစ်ခုပြောချင်ပါတယ်...
အခု မြန်မာ နိုင်ငံထုတ် မုန့်တော်တောများများ ရဲ့ အခွံ့ဟာ
ကလားထုတ်ဖြစ်နေတာ သတိမူမိရဲ့လား..ကလားတံဆိပ်လေးတပ်ထားတာတွေ့ကြသေးရဲ့လား
Jamiat Ulama-el-Islam(HQ) Myanmar လို့တပ်ထားတာတွေ့တယ်မဟုတ်လား..၁၀၀ကျပ်တန် မုန့်ဆို အိပ်ဖိုးက ၁၀ကျပ်ကျရင် မြန်မာနိုင်ငံ က သန်း၆၀ ဆိုတော့ ၆၀×၁၀ ဆို တစ်ရက်ကို မြန်မာတွေက သန်း ၆၀၀ လှူနေတာလား..ကော်ဖီထုတ်တွေရော..ကွေကာတွေရော တီးမစ်တွေရော တော်တော်များ ကလားတံဆိပ်ပါတယ်..မြန်မာတွေ ပလပ်စတစ် မထုတ်နိုင်တော့ဘူးလား မြန်မာ သူဌေးတွေ ဒါမျိုးကို လက်မလွတ်သင့်ဘူးနော်....

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်