Subscribe to our RSS Feed

မြစ်ကြီးနား သဘောတူညီချက်အရ လမ်းပြင်ရန် လာသည့် အဖွဲ့များကို ချောင်းပစ်ခြင်း၊ ၀င်ရောက်တိုက်ခိုက်ခြင်း မပြုရန် ကေအိုင်အေတပ်များကို ကေအိုင်အို ဗဟိုက ညွှန်ကြားထားသော်လည်း နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းတွင် မန်စီမြို့နယ်အတွင်း တိုက်ပွဲပြန်လည် ဖြစ်ပွား

From : .. eleven

8.1.1
လက်နက်ကြီး ပေါက်ကွဲသံ ပေါ်ထွက်လာပြီးနောက် ထွက်ပြေးနေသော နန့်လင်းပါကျေးရွာမှ ကျောင်းသား ကျောင်းသူများအား နိုဝင်ဘာ ၁၇ ရက် ညနေ ၄ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ-EMG)
အစိုးရတပ်များအား ချောင်းပစ်ခြင်း၊ ၀င်ရောက် တိုက်ခိုက်ခြင်း မပြုရန် ကေအိုင်အေ တပ်များကို ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဗဟိုက ညွှန်ကြား ထားသော်လည်း နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းတွင် ကချင်ပြည်နယ်၊ မန်စီမြို့နယ် အတွင်းရှိ နန့်လင်းပါ ကျေးရွာအနီးတွင် တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
''အခု ပြန်ဖြစ်နေတယ်။ ညနေ ၃ နာရီ ကတည်းက ဖြစ်နေတာ။ ကျွန်တော်တို့ နယ်မြေထဲကို သူတို့ဝင်လာလို့ ပြန်ပစ်ရင်းနဲ့ တိုက်ပွဲဖြစ်နေတာ'' ဟု ကေအိုင်အေ တပ်ရင်း-၁၂ တပ်ရင်းမှူး ဗိုလ်မှူးဂျွန်းအောင်က နိုဝင်ဘာ ၂၁ ရက် ညနေ ၃ နာရီခွဲတွင် The Daily Eleven သို့ ပြောကြားသည်။
ယခုဖြစ်ပွားခဲ့သော တိုက်ပွဲသည် နိုဝင်ဘာ ၁၈ ရက်နောက်ပိုင်း ပထမအကြိမ် ပြန်လည် ဖြစ်ပွားသော တိုက်ပွဲဖြစ်ပြီး အစိုးရ တပ်များအား ချောင်းပစ်ခြင်း၊ ၀င်ရောက် တိုက်ခိုက်ခြင်း မပြုရန် ကေအိုင်အို ဗဟိုက ညွှန်ကြားပြီး တစ်ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
''ညွှန်ကြားချက်မှာ ၀င်မတိုက်နဲ့၊ ချောင်းမပစ်နဲ့လို့ပဲ ပါတယ်။ ဒါပေမဲ့ သူတို့က ၀င်လာတော့ ပြန်ပစ်ရင်းဖြစ်တာ'' ဟု ဗိုလ်မှူးဂျွန်းအောင်က ဆိုသည်။
နိုဝင်ဘာ ၁၉ ရက်က ပေးပို့ခဲ့သော ကေအိုင်အိုဗဟို၏ ညွှန်ကြားချက်တွင် ကေအိုင်အေတပ်ရင်း ၁၂ နှင့် နယ်မြေချင်း ဆက်စပ်နေသော ကျေးရွာများတွင် အစိုးရတပ်များ တပ်ချထားခြင်း၊ တပ်လှုပ်ရှားမှုများ ပြုလုပ်နေခြင်းကို ချောင်းမပစ်ရန်နှင့် ၀င်မတိုက်ရန် ပြောဆိုထားပြီး ထိုညွှန်ကြားချက်ကြောင့် အပစ်ရပ်ခဲ့သဖြင့် နိုဝင်ဘာ ၂၀ ရက်တွင် တိုက်ပွဲ မဖြစ်ခဲ့ကြောင်း ဗိုလ်မှူးဂျွန်းအောင်က ပြောကြားသည်။
အစိုးရတပ်များသည် မန်စီမြို့နယ်အတွင်းရှိ မုန်းဒိန်ပါ၊ မခေါ်ယန်၊ ကောင်ရွန်၊ ကောင်းခါးပါ၊ ဒန်အောင်ဂျာ၊ မဂါယိုင်၊ မုန်းလူ၊ လိုင်ကာဇွပ်ဂျာ၊ ဂျေဆောန်၊ ခပရာယန်၊ နမ်ခန်၊ မန်သာ၊ နမ်ကောင်၊ ဟန်ထက်၊ ဂျေဦး၊ သံတံတား၊ နမ်ဖူ၊ မုန်းလု၊ ကောင်ဂျာရွာများတွင် တပ်ချထားကြောင်း ကေအဲန်ဂျီ ကချင်သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

တိုက်ပွဲဖြစ်ပွားမှုမှာ ပြီးခဲ့သည့် နှစ်လတာ ကာလအတွင်းက စတင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများ ဖြစ်ရခြင်း၏ အကြောင်းရင်းခံသည် စစ်ကိုင်းတိုင်းမှတစ်ဆင့် ကချင်ပြည်နယ်ကိုဖြတ်ပြီး လုပ်ကိုင်နေသော သစ်မှောင်ခိုများကို နှိမ်နင်းရန်နှင့် အောက်တိုဘာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သဘောတူညီချက်တွင် ပါဝင်ခဲ့သော မန္တလေး-ဗန်းမော် လမ်းပိုင်းကို ပြန်လည် အသုံးပြုနိုင်ရန်...



မန်စီမြို့နယ်အတွင်း အစိုးရတပ်များနှင့် ကေအိုင်အေတို့အကြား တိုက်ပွဲဖြစ်ပွားမှုမှာ ပြီးခဲ့သည့် နှစ်လတာ ကာလအတွင်းက စတင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများ ဖြစ်ရခြင်း၏ အကြောင်းရင်းခံသည် စစ်ကိုင်းတိုင်းမှတစ်ဆင့် ကချင်ပြည်နယ်ကိုဖြတ်ပြီး လုပ်ကိုင်နေသော သစ်မှောင်ခိုများကို နှိမ်နင်းရန်နှင့် အောက်တိုဘာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သဘောတူညီချက်တွင် ပါဝင်ခဲ့သော မန္တလေး-ဗန်းမော် လမ်းပိုင်းကို ပြန်လည် အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ပြီး တပ်လှုပ်ရှားမှုများ ရှိခဲ့သည်ကို ကေအိုင်အေဘက်က စတင်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု အစိုးရ တာဝန်ရှိသူများက ပြောကြားသည်။
အစိုးရအနေဖြင့် သစ်မှောင်ခို နှိမ်နင်းရန်နှင့် ဗန်းမော်လမ်းပိုင်း ပြန်ဖွင့်ရေးအတွက် တပ်လှုပ်ရှားသည်ဟု ဆိုသော်လည်း နယ်မြေ စိုးမိုးရေး ရည်ရွယ်ချက်ဖြင့် ကေအိုင်အေတပ်ရင်း ၁၂ လှုပ်ရှားရာ နယ်မြေကို ထိုးဖောက်လာခြင်း ဖြစ်သည့်အတွက် တိုက်ပွဲများ ဖြစ်နေသည့်အပြင် ကေအိုင်အေ တပ်ရင်း ၁၂ လှုပ်ရှားရာ ဒေသသည် စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများနှင့် ထိစပ်နေသည့် နယ်မြေဖြစ်ခြင်းကြောင့် အဆက်အသွယ် ဖြတ်လိုသည့်အတွက် အစိုးရတပ်များက ကေအိုင်အေ တပ်ရင်း ၁၂ နယ်မြေကို ထိုးဖောက်နေခြင်း ဖြစ်ကြောင်း ကေအိုင်အေဘက်က ပြောကြားထားသည်။

.. www.MyanmarExpress.net
 

6 comments:

အင်း စစ်အစိုးရမရှိမှ မြန်မာနိုင်ငံတော့ ပျက်တော့မယ်

အင်း စစ်အစိုးရမရှိရင်တော့ မြန်မာနိင်ံငံ

တာ့ ကောင်းစားတော့မယ်

We must do mopping up operation whatever other people say.

အပြတ်သာ တိုက်ကြပါတော့းးးးးးး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်