Subscribe to our RSS Feed

အိုအိုင်စီအဖွဲ့ မလာမချင်း အချိန် ၁၀နာရီကျော် ကြာအောင် ရန်ကုန်လေဆိပ်တွင် စောင့်ဆိုင်း ဆန္ဒပြခဲ့ကြ

From : .. eleven

နိုဝင်ဘာ ၁၆ ရက် နံနက် ၇ နာရီအချိန်ခန့်မှ ညနေ ၅ နာရီဝန်းကျင် အချိန်အထိ လူဦးရေ ၃၀ ခန့်သည် အိုအိုင်စီအဖွဲ့အား အချိန် ၁၀ နာရီကျော် ကြာအောင် ရန်ကုန်လေဆိပ်တွင် စောင့်ဆိုင်းခဲ့ပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြမှုတွင် လူပုဂ္ဂိုလ်နှင့် သံဃာစုစုပေါင်း ၃၀ ခန့် ပါဝင်ခဲ့ကြောင်း သိရပြီး နေပြည်တော်မှ ရန်ကုန်သို့ ရောက်ရှိလာမည့် အိုအိုင်စီအဖွဲ့ ကိုယ်စားလှယ်များကို စောင့်ဆိုင်း ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အိုအိုင်စီဆိုတာ အစ္စလာမ်မစ်နိုင်ငံ ၅၇ နိုင်ငံ ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့ကြီး။ ကျွန်တော်တို့ နိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံပါ။ သူတို့က ဒီမှာ ရုံးစိုက်ဖို့တွေ၊ တရားမ၀င် ဘင်္ဂါလီတွေကို ထောက်ပံ့တာတွေ လုပ်တယ်။ ကျွန်တော်တို့ဆီမှာ ရုံးစိုက်ဖို့ကို လုံးဝမလိုလားဘူး။ လက်မခံဘူးဆိုတာ သိစေချင်လို့ ဆန္ဒပြနေတာပါ။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက် အေးအေးချမ်းချမ်းပဲ နေချင်တယ်။ ဆန္ဒပြနေတာ ဒါနဲ့ဆို လေးကြိမ်ရှိပါပြီ"ဟု ဆန္ဒပြသူတစ်ဦး ဖြစ်သူ ကိုလတ်က ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၃ ရက်တွင် ယင်းအိုအိုင်စီအဖွဲ့မှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်အချို့သည် ပြည်တွင်းကို လေ့လာရန်ဟုဆိုကာ ရောက်ရှိလာခဲ့ပြီး နိုဝင်ဘာ ၁၄ ရက် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌနှင့် တွေ့ဆုံရာ၌ မြန်မာနိုင်ငံတွင် အိုအိုင်စီ ရုံးခန်းဖွင့်လှစ်လိုသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြမှုသည် တရားဝင်ခွင့်ပြုချက်ဖြင့် ဆန္ဒပြခြင်းဖြစ်ကြောင်း မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်သိန်းဝင်းက ပြောကြားခဲ့သည်။

အိုအိုင်စီကို ကန့်ကွက်ဆန္ဒပြသူများသည် နံနက် ၇ နာရီမှ ၁၁ နာရီအထိ တစ်ကြိမ်၊ ခေတ္တ အနားယူကြပြီးနောက် မွန်းလွဲ ၁ နာရီမှ ညနေငါးနာရီအထိ တစ်ကြိမ်ဖြင့် အိုအိုင်စီအဖွဲ့ မလာမချင်း ဆန္ဒပြခဲ့ကြပြီး အိုအိုင်စီအဖွဲ့ ယာဉ်တန်း ရောက်ရှိလာသောအခါ "အိုအိုင်စီကို အလိုမရှိ၊ ထွက်သွား"ဟု အော်ဟစ် ကြွေးကြော်ခဲ့ကြသည်။

(အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့၏ ယာဉ်တန်းကို ဆန္ဒပြနေကြသူများအား တွေ့ရစဉ်(ဓာတ်ပုံ-သက်မင်း))


.. www.MyanmarExpress.net
 

4 comments:

အိုအိုင်စီ အဖွဲ ကို ဆန္ဒပြရန် ကြံခိုင်ခွေး

ခွေး များ စောင့်နေပါ သည်

စောက်ရူး
ထင်တာလျောက်ပြောနေ
ဘာကြံ့ခိုင်ရေးမှမဟုတ်ဖူးကွ
ငါကိုယ်တိုင်ပါတယ်
ငါက ကြံ့ခိုင်ရေးကမဟုတ်ဖူး
စကားပြောရင် သတိထားပြော
သူတောင်းစား

အဲ ဒီ လို အပြန် အ လှန် တုန့် ပြန် စာ များ ကို မ ဖျက် ပါ နဲ့ ။ တင်ပေး ပါ

ဟုတ် ပါ တယ် ငါ တို့ က ဘယ် ပါ တီ က မှ မ ဟုတ် ဘူး OIC ချီး စား ခွေး တွေ ကိုး သတ် ပစ် ချင် လောက် အောင် မုန်း တယ် ငါ တို့ တိုင်းသား တွေး ဘဲ ငါ တို့ ချစ် တယ်
ရီု ဟင် ဂျာ က ငါ တို့ တိုင်း ရင်း သား မ ဟုတ် ဘူး ငါ တို့ မြန် မာ တွေ အ ခြား နိုင် ငံ ခိုး ဝင် ကြ တာ ဘဲ ထောင် ကျ ကြိမ် ဒဏ် ခံ ရ နဲ့

ပြန် လာ တော့ လုပ် စား လို့ တောင် မ ရ ဘူး ဒဏ် ရာ တွေ နဲ့ေ သ ရာ ပါ အ နာ ရွတ် တွေ နဲ့

ဒါ ကို သိ ကြ မှာ ပါ
TT

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်