Subscribe to our RSS Feed

မီတာခ တိုးမြှင့်မှုအစီအစဉ် ၅ လ နောက်ဆုတ်ပေးရန် သမ္မတ သဝဏ်လွှာပေးပို့

From : ..mizzima


လျှပ်စစ်မီတာခများအားတိုးမြှင့်ရေးကိစ္စကို လာမည့် ဘဏ္ဍာနှစ်အစမှသာ လွှတ်တော်တွင် ပြန်လည်ဆွေးနွေးမည်ဟု ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့သော်လည်း သမ္မတက ထိုဘဏ္ဍာနှစ် အစ၌ပင် တိုးမြှင့်ကောက်ခံသွားမည်ဟု နိုဝင်ဘာ ၁၅ရက်က ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့လိုက်သည်။

“ပြည်သူအများ မျှမျှတတ ခံစားခွင့်ရရှိရန်နှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရန်တို့အတွက် ရေရှည်စီမံချက်ဖြင့် သုံးသပ်ဆောင်ရွက်ခြင်းဖြစ်ပါ၍ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အစတွင် တိုးမြှင့်ကောက်ခံရေးစတင် ဆောင်ရွက်မည်” ဟု သဝဏ်လွှာတွင် သမ္မတက ရေးသားထားသည်။

နိုဝင်ဘာလဆန်းကစပြီး မီတာခများတိုးမြှင့်ကောက်ခံမည်ဟု အစိုးရက အောက်တိုဘာ နောက်ဆုံးပတ်တွင် သတင်းထုတ်ပြန်ခဲ့ပြီးနောက် ဆန္ဒထုတ်ဖော်မှုများ၊ ဝေဖန်မှုများ ရှိလာ၍ တိုးမကောက်သေးဘဲ နောက်ဘဏ္ဍာနှစ်အစမှသာ ယင်းကိစ္စကို ဆက်လက်ဆွေးနွေးမည်ဟု နိုဝင်ဘာ ၁၂ ရက်က ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်ခဲ့သည်။ ယင်းသို့ဆုံးဖြတ်ပြီးနောက် သမ္မတက ယခုကဲ့သို့ သဝဏ်လွှာပို့ခဲ့ခြင်းဖြစ်သည်။

ယခုသဝဏ်လွှာနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်အမတ် ဦးအေးမောက်က “ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားတာကို ကိုယ့်သဘောနဲ့ကိုယ်ဆက်လုပ်မယ်ဆိုတဲ့သဘောဖြစ်နေတယ်။ ဒါမဖြစ်သင့်ပါဘူးဗျာ” ဟု လွှတ်တော်အစည်းအဝေးအပြီး မဇ္ဈိမကိုပြောသည်။

မီတာခများတိုးမြှင့်ကောက်ခံရန် ကြေငြာပြီးနောက်ပိုင်းတွင် ရန်ကုန်နှင့် မန္တလေးမြို့တို့၌ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ခြင်းကြောင့်လျှပ်စစ်ဓာတ်အားခများ ပြန်လည်လျှော့ချနိုင်ရေး ပြည်ထောင်စုလွှတ်တော်၌ အရေးကြီးအဆိုတစ်ရပ်ကို နိုဝင်ဘာလ ၈ရက်တွင် ဦးအေးမောက်က တင်သွင်းခဲ့သည်။

ယင်းအဆိုနှင့်ပတ်သက်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုးက “လျှပ်စစ်ဓါတ်အားခ တိုးမြှင့်ခြင်းကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အကုန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အစသို့ စိစစ်ပြီး ပြောင်းလဲကောက်ခံသွားမည် ဖြစ်ကြောင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း" ဟု နိုဝင်ဘာ ၁၂ ရက်က ပြည်ထောင်စုလွှတ်တော်သို့ရှင်းပြထားသည်။

ဦးခင်မောင်စိုး၏ ဖြေရှင်းချက်အရ ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစတင် ကောက်ခံမည်ဟု အဓိပ္ပာယ်သက်ရောက်နေရာ ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းက "တိုးမကောက်ပါဘူး။ လာမယ့် ဘတ်ဂျက်ကာလမှာ စိစစ်ညှိနှိုင်းပြီးမှ ဆက်လက်ဆောင်ရွက်ပါမယ်ဆိုတဲ့ အဖြေပဲဖြစ်ပါတယ်" ဟု မှတ်ချက်ပြုခဲ့သည်။

နိုဝင်ဘာတွင် စတင်တိုးမြှင့်ရန် သတ်မှတ်ခဲ့သည့် ဓာတ်အားခနှုန်းထားများမှာ အိမ်သုံး တစ်ယူနစ်မှ ယူနစ် တစ်ရာအထိ တစ်ယူနစ်လျှင် ၃၅ကျပ်နှုန်း၊ ၁၀၁ ယူနစ်မှစ၍ တစ်ယူနစ်လျှင် ၅၀ကျပ်နှုန်းတိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး စက်မှုလုပ်ငန်းသုံး ဓာတ်အားခများ ကိုလည်း တစ်ယူနစ်မှ ယူနစ် ငါးထောင်အထိ တစ်ယူနစ်လျှင် ၁၀၀ကျပ်နှုန်း၊ ၅၀၀၁ ယူနစ်မှ စတင်၍ တစ်ယူနစ်လျှင် ၁၅၀နှုန်းအထိ တိုးမြှင့်ကောက်ခံမည်ဟု အောက်တိုဘာလ ၂၅ရက်က သတင်းထုတ်ပြန်ခဲ့သည်။
 
 
.. www.MyanmarExpress.net
 

6 comments:

မီတာခတိုးကောက်ရုံဖြင့် နိုင်ငံတော် တိုးတက်ဖို့တော့ မပြင်ပါ။ EPC ဝန်ထမ်း
တွေပဲ ပြည်သူကြားမှာ ပြောင်းလဲ လာမှာပါ။
မယုံရင် စောင့်ကြည်ပါလို့ပဲ ပြောပါရစေ။

ဓာတ်အားခအရှုံးပေါ်မှာပေါ့မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းတွေအကျင့်ပျက်ခြစားပြီးလိုင်းဝင်ထားတဲ့ရေခဲစက်တွေနဲ့မီးအသုံးများတဲ့စက်ရုံတွေကိုမီးခိုးပေးနေတော့ယူနစ်ပျောက်တွေကတအားများနေတာကိုးသူတို့ခိုးလို့အရှုံးပေါ်တိုင်းသာဈေးတက်နေရင်ပြည်သူတွေသေရချည်ရဲ့

ဓာတ်အားခအရှုံးပေါ်မှာပေါ့မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းတွေအကျင့်ပျက်ခြစားပြီးလိုင်းဝင်ထားတဲ့ရေခဲစက်တွေနဲ့မီးအသုံးများတဲ့စက်ရုံတွေကိုမီးခိုးပေးနေတော့ယူနစ်ပျောက်တွေကတအားများနေတာကိုးသူတို့ခိုးလို့အရှုံးပေါ်တိုင်းသာဈေးတက်နေရင်ပြည်သူတွေသေရချည်ရဲ့

ဓာတ်အားခအရှုံးပေါ်မှာပေါ့မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းတွေအကျင့်ပျက်ခြစားပြီးလိုင်းဝင်ထားတဲ့ရေခဲစက်တွေနဲ့မီးအသုံးများတဲ့စက်ရုံတွေကိုမီးခိုးပေးနေတော့ယူနစ်ပျောက်တွေကတအားများနေတာကိုးသူတို့ခိုးလို့အရှုံးပေါ်တိုင်းသာဈေးတက်နေရင်ပြည်သူတွေသေရချည်ရဲ့

ပြည်သူဆိုတာ နိုင်ငံတော်က ထွက်တဲ့ ဘယ်သယံ ဇာတကိုမှ တန်ရာတန်ကြေး မပေးဘဲ သုံးနေရတယ်ဆိုတာ မရှိပါဘူး။ ဒါတောင် သဘာဝ ရေအားကနေ အလကား ရတဲ့ လျှပ်စစ်ဓာတ်အားကို အရှုံးပေါ်တယ် ဆိုပြီုးပည်သူတွေကို ဆက်ပြီး ဒုက္ခပေးဦးမှာလားဗျာ။ ပြည်သူတွေကသာ သူတို့ရဲ့ လယ်ယာတွေကို နိုင်ငံတော်က တန်ရာတန်ကြေး မပေးဘဲ သိမ်းတော့လည်း ခံရ။ ဖုန်းကျတော့ လည်းတစ် ချိန်က ပြည်သူတွေကို မတန်တဆ ဈေးတွေနဲ့ ရောင်းချပြီး ပြည်သူတွေဆီကနေ မတရားယူခဲ့။ ပြည်သူကို ချစ်ရင် အဲ့ဒီလို မလုပါပါနဲ့ ဗျာ။ နိုင်ငံတော်မှာ တာဝန်ထမ်းဆောင်ရင်း မသမာ တဲ့နည်းလမ်းတွေကို အသုံးပြုပြီး ကြီးပွားချမ်းသာ နေကြတဲ့ ဝန်ထမ်းတွေကျတော့ အရေးမယူဘဲ ပြည်သူတွေဆီကပဲ ယူဖို့ နည်းမျိုးစုံ သုံးပြီး စဉ်းစားနေတာကတော့ မလုပ်သင့်ပါဘူးဗျာ။

လျှပ်စစ်ဝန်ထမ်းကြောင့်လို့ လီးဖြစ်လို့ပြောတာလား မင်းတို့ဘာသာ အမျိုးမျိုး မီးခိုးသုံးနေတာ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်