Subscribe to our RSS Feed
e-​ပင်​စင်​ကတ် ​မ​ထုတ်​ရ​သေး​တဲ့ ​ပင်​စင်​စား ၁​သိန်း​နီး​ပါး ​လာ​ထုတ်​ဖို့ ​နှိုး​ဆော်
From : ..dvb
ပင်​စင်​စား ၁ ​သိန်း​လောက် e-​ပင်​စင်​ကတ် ​မ​ထုတ်​ကြ​သေး​တာ​ကြောင့် ​သက်​ဆိုင်​ရာ  ​မြန်​မာ့​စီး​ပွား​ရေး​ဘဏ်​တွေ​မှာ ​လာ​ရောက်​ထုတ်​ယူ​ကြ​ဖို့​  ​ပ​ထ​မ​ဆုံး​အ​ကြိမ် ​နှိုး​ဆော်​လိုက်​ပါ​တယ်။
Pinsion
ဒါ​ပေ​မယ့် ​အ​မှန်​တ​ကယ် ​ဘဏ်​ခွဲ​အ​သီး​သီး​မှာ   e- ​ပင်​စင်​ကတ်  ​လာ​ထုတ်​တဲ့​သူ   ​ပင်​စင်​စား ​ဦး​ရေ ၃ ​သိန်း​ကျော်​ပဲ ​ရှိ​ပြီး​  ၁​သိန်း​လောက်​က  ​လာ​မ​ထုတ်​ကြ​သေး​လို့ ​အ​ခု​လို ​နှိုး​ဆော်​တိုက်​တွန်း​ရ​တာ​လို့ ​မြန်​မာ့​စီး​ပွား​ရေး​ဘဏ်​က  ​လက်​ထောက်​အ​ထွေ​ထွေ​မန်​နေ​ဂျာ ​ဦး​သူ​ရ​က ​ပြော​ပါ​တယ်။
“​ပင်​စင်​စား​က ​သူ​တို့ေ​ရွး​ချယ်​တဲ့ ​ဘဏ်​ကို ​စ​လျှောက်​က​တည်း​က ​သူ​တို့ ​ပင်​စင်​ဦး​စီး​ကို ​တင်​လိုက်​ရင် ​ပင်​စင်​ဦး​စီး​က ​အဲ​ဒီ​ဘဏ်​ကို ​ချ​ပေး​တယ်။ ​အ​ခု ​တ​သိန်း​ကျော်​ကျန်​တယ်​ဆို​တာ​က ​တ​နိုင်​ငံ​လုံး​က ​ဘဏ်​ခွဲ ၃၀၀ ​ကျော်​ကို  ​ပေါင်း​လိုက်​ရင် ​ပင်​စင်​စား​တွေ​က ​ဘဏ်​ကို ​ပင်​စင်​ထုတ်​ဖို့ ​မ​လာ​သေး​လို့ ​သူ​တို့ ​လက်​ထဲ ​ကတ်​မ​ရောက်​သေး​တာ​ပါ။ ​သူ​တို့​လာ​ရင် ​ကတ်​ကို ​ပေး​လိုက်​ရုံ​ပါ​ပဲ။”
မြန်​မာ့ ​စီး​ပွား​ရေး​ဘဏ်​အ​နေ​နဲ့ ၀န်​ထမ်း​အင်​အား​အ​ခြေ​အ​နေ​အ​ရ ​အီး​ပင်​စင်​ကတ်​တွေ​ကို ​အိမ်​တိုင်​ရာ​ရောက် ​လိုက်​ပေး​ဖို့​တော့ ​မ​ဖြစ်​နိုင်​သေး​ဘူး​လို့​လည်း ​ပြော​ပါ​တယ်။
ပင်​စင်​ဦး​စီး​ဌာ​န​အ​နေ​နဲ့​  ​ပင်​စင်​ကိ​စ္စ​နဲ့ ​ပတ်​သက်​လို့ ​ဆက်​သွယ်​ရ​မယ့် ​ဖုန်း​နံ​ပတ်​တွေ​ကို ​မြန်​မာ့​စီး​ပွား​ရေး​ဘဏ် ​အ​သီး​သီး​မှာ ​ထုတ်​ပြန်​ကြေ​ညာ​ပေး​ထား​တယ်။ ​ပင်​စင်​ထုတ်​ဖို့ ​အ​ခက်​အ​ခဲ ​ရှိ​နေ​သူ​တွေ ​နှစ်​ပေါင်း​များ​စွာ ​ပင်​စင်​မ​ထုတ်​ကြ​တဲ့ ​သူ​တွေ​အ​နေ​နဲ့ ​အဲ့​ဒီ​ဖုန်း​နံ​ပတ်​တွေ​ကို ​ဆက်​သွယ်​လာ​ရင် ​ကူ​ညီ ​လုပ်​ဆောင်​ပေး​နေ​တယ်​လို့​  ​ညွှန်​ကြား​ရေး​မှူး​ချုပ် ​ဦး​၀င်း​အောင်​က ​ပြော​ပါ​တယ်။
ဧ​ရာဝ​တီ​တိုင်း​ထဲ​က  ၁၀ ​နှစ်​ကျော် ​ပင်​စင်​မ​ထုတ်​ဘဲ​နေ​တဲ့​  ​ပင်​စင်​စား​တ​ဦး ​ဖုန်း​က  ​ဆက်​သွယ်​လာ​လို့ ​လုပ်​ဆောင်​ပေး​ခဲ့​ပုံ​ကို​လည်း ​သူ​က ​ခု​လို ​ပြော​ပြ​ပါ​တယ်။
“​နှစ်​လွန်​ပြန်​လျှောက်​ရင် ​ဘဏ်​က​လျှောက်​ရ​မယ်။ ​ပြီး​ရင် ​မိ​ခင်​ဌာ​န ​သွား​ရ​မယ်။ ​အဲ​ဒါ​တွေ ​မ​သွား​နိုင်​တာ​လည်း ​ဖြစ်​မယ်။ ​နောက်​ပြီး​တော့ ​လုပ်​ငန်း​စ​ဉ်​ကို​လည်း ​မ​သိ​တာ​လည်း ​ဖြစ်​မယ်။ ​ကျ​နော်​က ​ရေ​ဒီ​ယို​က​နေ​ပြီး​တော့ ​ကြော်​ငြာ​ပြီး ​ပင်​စင်​ခံ​စား​ခွင့်​ရှိ​ပြီး ​မ​ခံ​စား​ရ​တဲ့​သူ​တွေ​ကို ​ရ​တဲ့​အ​ထိ ​လုပ်​ပေး​မယ်​ဆို​တဲ့ ​ကြော်​ငြာ​လေး ​သူ​သိ​တော့ ​ကျ​နော့်​ကို ​ည​ကြီး ၀မ်း​ပမ်း​တ​သာ​နဲ့ ​ဖုန်း​လှမ်း​ဆက်​တယ်။ ​ဆက်​တဲ့​အ​ခါ​ကျ​တော့ ​သူ့​ပင်​စင်​ကို ​ဖုန်း​နဲ့ ​လို​အပ်​တဲ့ ​အ​ချက်​အ​လက်​တွေ​ကို ​အ​မေး​အ​ဖြေ​မေး​ပြီး ​သူ့​ရဲ့ ​အ​ချက်​အ​လက်​တွေ​ကို ​ပင်​စင်​ဦး​စီး​ဌာ​န​မှာ ​လိုက်​ရှာ​ပြီး​တော့ ​လုပ်​ပေး​လိုက်​တာ ၅ ​သိန်း ၃ ​သောင်း​ရ​သွား​ပါ​တယ်။ ​ဒါ​လေး​က ​န​မူ​နာ​ပေါ့​နော် ​အဲ​ဒီ​လို​မျိုး​ရှိ​နေ​တဲ့ ​ပင်​စင်​စား​တွေ​ရှိ​ရင်​လည်း ​ကျ​နော်​တို့​ကို ​ဆက်​သွယ်​ပါ။ ​ကျ​နော်​တို့ ​ပြု​လုပ်​ပေး​ပါ့​မယ်။”
မြန်​မာ့​စီး​ပွား​ရေး​ဘဏ်​က  ​ပြု​လုပ်​ပေး​တဲ့ ​အီး ​ပင်​စင်​စ​မတ်​ကတ်​တွေ​ကို  ​ဘဏ်​ဖွင့်​ရက်​မှာ ​ဘဏ်​ကို ​လာ​ရောက်​တင် ​ပြ​ရုံ​နဲ့​   ​ပင်​စင်​လ​စာ ​တ​ခါ​ထဲ​ထုတ်​ယူ​နိုင်​ပြီး​   ​ကိုယ်​တိုင် ​ဘဏ်​မ​လာ​နိုင်​ရင်​လဲ ​ကိုယ်​စား​လှယ်​လွှဲ  ​ထုတ်​ယူ​လို့​ရ​တယ်​လို့ ​စုံ​စမ်း​သိ​ရှိ​ရ​ပါ​တယ်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်