Subscribe to our RSS Feed

အခြေခံဥပဒေကို အများအတွက်သာပြင်ပေးပါ


ဦးဘဂျမ်းကာတွန်းပွဲတော်မှာ တွေ့ရတဲ့ ကာတွန်းတစ်ကွက်
 
၂၀၁၃ ခုနှစ်ကလည်း ကုန်ဆုံးတော့မည်။ မကြာခင် ၂၀၁၄။ နောက် ၂၀၁၅ ရောက်ဖို့က သိပ်မလိုတော့။
ကျန်ရှိသည့် လက်ကျန် နှစ်အနည်းငယ်အတွင်းမှာ NLD ပါတီအနေဖြင့် အစွမ်းကုန်ကြိုးစားမည့်
အရာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေး ဖြစ်လိမ့်မည် ဆိုတာ လူတော်တော်များများ
သိမည် ထင်ပါသည်။

ယခုအချိန်မှာလည်း NLD အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေးအတွက် မြန်မာပြည် နေရာဒေသ တော်တော်
များများတွင် ပြည်သူအပေါ် အခြေခံဥပဒေအကြောင်း စည်းရုံးဟောပြောမှုများ၊ သဘောထား ဆန္ဒကောက်ယူမှုများ ပြုလုပ်နေသည်။
 
နောက်ဆုံးအနေဖြင့် နိုဝင်ဘာ ၁၈ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်သွားတဲ့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒသဘောထားရယူတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင် တက်ရောက် စည်းရုံးဟောပြောခဲ့သည်ကို
တွေ့ရသည်။ အစိုးရရုံးများစိုက်ရာ နေပြည်တော်တွင်ပင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်
လာရောက် ဟောပြောခြင်းကို ကြည့်လျှင် NLD အနေဖြင့် ၂၀၀၈ အခြေခံဥပဒေ ပြင်ရေးအပေါ်
ခြေလှမ်းစိတ်စိတ်ဖြင့် ကြိုးစားလာသည်ကို တွေ့ရသည်။

၂၀၀၈ အခြေခံဥပဒေပြင်ရေးအပေါ်ဘာကြောင့် NLD သည် အခြားပါတီများထက်
ပို၍ တက်ကြွနေရသနည်း။ ဒီအခြေခံဥပဒေပြင်ဖို့လိုသည်ဆိုတာကို NLD မှမဟုတ်
အခြားပါတီများကလည်း ထောက်ခံမှုများရှိသည်။ လွှတ်တော်အတွင်းမှာလည်း အခြေခံ
ဥပဒေလေ့လာရေးကော်မရှင်ဖွဲ့၍ အခြေခံဥပဒေအပေါ် လေ့လာမှုများရှိသည်။ 
တိုင်းရင်းသားအဖွဲ့များ လည်းပြင်ဖို့လိုသည်ဟုဆိုသည်။ 
 
သို့သော် ပြင်ဖို့လိုသည်ဟု ပြောသူတော်တော်များထဲတွင် NLD ကတော့ အတက်ကြွဆုံးဖြစ်သည်။
 NLD က ဦးဆောင်ပြုလုပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒသဘောထားရယူ
မှုပွဲများတွင် တက်ရောက်သူရာခိုင်နှုန်းသည် ပြည်သူလူထု လူဦးရေနှင့် နှိုင်းယှဉ်လျှင် မပြောပလောက်ဟု
ဆိုနေကြသော်ငြားလည်းNLDကဇွဲမလျှော့သည့်အပြင် နောက်ဆုံး နေပြည်တော်မှာ
 ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြုလုပ်သွားခဲ့သည်။ ဘာကြောင့် NLD အသည်းအသန်ပြင်ချင်နေသနည်း။

သည်နေရာတွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထုတ်ဖော်ပြောထားသော  သမ္မတဖြစ်ချင်ပါသည် ဆိုသည့် အချက်သည် ၂၀၀၈ အခြေခံဥပဒေပြင်ရေးကို NLD အသည်းအသန် ပြင်လိုနေခြင်းအတွက်
ခိုင်မာသည့် အချက်တစ်ခု ဖြစ်နိုင်သည်။ ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ဆိုလျှင် အခြေခံဥပဒေပါ အပိုဒ် ၅၉(စ) သည် ပြင်ကိုပြင်ရမည့် အရာဖြစ်သည်။ တစ်ခုသတိထားမိသည်မှာ
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ထိုအချက်ကိုပြင်ဖို့ လူထုဆန္ဒ သဘောထားရယူတဲ့အခမ်းအနားမှာ
လုံးဝမပြောခြင်းပင်။ သူ့အနေဖြင့် တိုင်းပြည် အေးချမ်းသာယာရေး၊ တိုးတက်ရေး၊ တည်ငြိမ်ရေး အတွက် အားလုံးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေးသည် လိုကို လိုအပ်သည်ဟု သာပြောသည်။
ဒါကလည်း ပြည်သူများဆီမှ အခြေခံဥပဒေပြင်ရန် ထောက်ခံမှု ရရှိပြီဆိုလျှင် ၅၉(စ) ကိုလည်း
ပြင်ရနိုင်သည်ဟု ယုံကြည်ချက်ကြောင့် ဖြစ်နိုင်သည်။ ဒါမှမဟုတ် ထိုအချက်ကို ပြင်ဖို့သာ
အဓိက ဦးစားပေးပြောနေမည်ဆိုလျှင် ရခိုင်အရေး၊ တိုင်းရင်းသားအရေးများတွင် နှုတ်ဆိတ်နေခြင်းကြောင့်
အမြင်မကြည်သည့် ပြည်သူများ၏ ဆန့်ကျင်ဆန္ဒပြမှုများ နှင့် ကြုံတွေ့မှုကို ခံရနိုင်သည်ကို ကြိုတင်
တွက်ဆမိခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ NLD ၏ ပြည်သူ့ဆန္ဒကောက်ယူမှုများသည် အခြေခံဥပဒေပြင်ရေး
နောက်ကွယ်တွင် ၂၀၁၅ ၌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် ၅၉(စ) ကို အဓိကထားပြင်ဖို့ ကြိုးပမ်းလာမည်မှာ အမှန်ဖြစ်သည်။ NLD သတိထားဖို့လိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒသဘောထားရယူတဲ့ အခမ်းအနားများကျင်းပပြီး အခြေခံဥပဒေပြင်ရေးကို အကြောင်းပြု၍  နောက်တဆင့်တက်လာမည့် ၅၉(စ) ကိစ္စကို
မသိရိုးသားသည့် ပြည်သူများလည်း အများအပြားရှိသလို ပြင်ရန်လက်မခံသည့် ရိပ်စားမိသူ ပြည်သူအများအပြားလည်း ရှိသည်ဆိုသည့် အချက်ဖြစ်သည်။

ဆန္ဒခံယူပွဲများသည်လည်း NLD ပါတီဝင်များသာ တက်ရောက်ကြသည်ဟူသော သတင်းများ
ထွက်ပေါ်မှုရှိနေသော်လည်း NLD အနေဖြင့် ပြည်သူများ တက်ရောက်သည်ဟုသာ
သတင်းထုတ်ပြန်နေခြင်း၊ အစက အသစ်ပြန်ဆွဲမည်ဟု သတင်းများထွက်ပေါ်လာသော်လည်းဆန္ဒခံယူပွဲများတွင် ပြင်ဆင်လိုသူများသာ ပို၍ များပြားခြင်းကြောင့် NLD အနေဖြင့် နောက်ပိုင်း ပြင်ရေးဘက်ကိုသာ ယိမ်းသွားခြင်းများစသည့် NLD ၏ ပြည်သူ့အပေါ် မပွင့်
လင်းမှုများသည် ပြည်သူအပေါ် လှည့်စားနေသလိုဖြစ်နေသည်။ မိမိဆန္ဒတစ်ခုအတွက် ပြည်သူကို အသုံးချ
နေသလိုဖြစ်ပေလိမ့်မည်။

အချုပ်ဆိုရသော် နိုင်ငံတော်သမ္မတကလည်းပြီးခဲ့သည့် နိုဝင်ဘာလမိန့်ခွန်းတွင် အခြေခံဥပဒေပြင်ဆင်ရေးတွင် မိမိဆန္ဒထက် ပြည်သူလူထုအများစု၏လိုလားချက်များကို
ဖြည့်ဆည်းပေးနိုင်မည့် နိုင်ငံရေးစေတနာကောင်းများဖြင့် ဓမ္မဓိဋ္ဌာန်ကျကျ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ကို တိုင်းပြည်ရှိ အခြေခံဥပဒေပြင်လိုသူများနှင့် ပတ်သက်၍ မိန့်ခွန်းတွင်
ထည့်သွင်းပြောကြားခဲ့သည်ကို ပြည်သူများလည်း ကြားသိခဲ့ပြီး ဖြစ်သည်။
လောကတွင် ကိုယ်ကျိုးထက် အများအကျိုးဆောင်ရွက်သူသာ ပို၍ အောင်မြင်မှု
ရရှိသည်မှာ ဧကန်မလွဲပင်ဖြစ်သည်။

ကိုရင်သာဗြော(ပတ္တမြားမြေ)

9 comments:

If the Kalarmayar becomes president in Myanmar, the country, Myanmar will be Kalar Neigan. It is much sure.

ဒေါ်စု ကစိတ်က ပုံမှန် ကောဟုတ် ရဲ့လား ဆေးစစ် ပါအုံး အသက်ကကြီးနေပီးလေ

ဘယ်လိုပဲ အခြေခံ ဥပဒေ ကိုပြင်ပြင်
မြန်မာနိုင်ငံ ကို မွတ်ဆလင် နိုင်ငံ ဖြစ်အောင်လုပ်မဲ့သူကိုတော့
ဘယ်တော့မှ မဲပေးမှာ မဟုတ်ပါဘူး ....

ထရိုင် မြို့ကြီး ပျက်စီးခန်း လိုမဖြစ်စေနဲ့

အ ဖွား ကြီး က တော့ သေ မှ ပဲ သ မ္မ တ ရူး ပျောက် တော့ မယ်

နိုင်ငံခြားသားလင်လုပ်တုန်းကတော့ ကောင်းလှချည့်ရဲ့ဆို၊ မြန်မာ ယောင်္ကျားတွေ လူစဉ်မမီဘူးဆို၊ အခုမှ ဘာတတ်နိုင်မှာလဲ။

တိုင်းပြည်တိုးတက်အောင်လုပ်ရမည့်အစား လူကြီး မပီသတဲ့အလုပ်၊ သေးသိမ်သည့်အလုပ်များ ကိုသာ ဒေါ်စု လုပ်နေတော့သည်။ ကျွန်တော်တို့နိုင်ငံမှာ ဒေါ်စုလို လူမျိုးကို နိုင်ငံရဲ့ခေါင်းဆောင်အဖြစ် အသိ အမှတ် ပြုရမှာလား။ ဒေါ်စုက သူ့ကိုယ်သူ လူထုခေါင်းဆောင် ဟု ပြောသည်။ ဘာကိုကြည့်ပြီး လူထုရဲ့ ခေါင်းဆောင် ဟု ပြောပါသလဲ။ ဒေါ်စု အနားလာပြီး ပြည်ပက သူတောင်းစားလို တောင်းစားနေ ခဲ့တဲ့ အဖွဲ့တွေက ဒေါ်စုကို လူထုခေါင်းဆောင် ဟု အမည်တပ်ထားခြင်းသာ ဖြစ်ပေတော့သည်။ အထင်ကြီး စရာ ဆိုလို့ မတွေ့ရ။ တိုင်းပြည် အတွက် ဘာမှအလုပ်အကျွေးပြုမှု မရှိခဲ့။

မြန်မာပြည်ကို ဒေါ်စုပြန်ရောက်ချိန်မှ ယနေ့အထိ ဒေါ်စု ဘာအလုပ်လုပ်နေပါသလဲ။ ပညာသာ တတ် သည်။ ဘာမှမလုပ်ပါ။ ပြည်သူ့အကျိုးပြုတဲ့ လုပ်ငန်းကိုလည်း မလုပ်။ နိုင်ငံအကျိုးပြုတဲ့လုပ်ငန်းကိုလည်း မလုပ်။ မျက်နှာဖြူကို လင်တော်ပြီး ပြည်ပမှ ပေးစာ၊ ကမ်းစာကိုသာ စားနေခဲ့တာ နှစ်(၂၀)ကျော် လာပြီ ဖြစ် သည်။ ဒေါ်စုက သူ့ကိုယ်သူ နိုင်ငံသားတစ်ယောက်အဖြစ် ခံယူထားတယ်ဆိုတာမျိုးလဲ မရှိခဲ့။ ပြည်ပနိုင်ငံ များ၏ အလိုကျ သံကုန်ဟစ်ကြွေးပြီး ပြည်ပထောက်ပံ့ကြေးများကို ရယူခြင်းဖြင့် ကိုယ်ကျိုးရှာနေတော့သည်။

ထိုင်းဘုရင် သမီးတော် မဟာချက်ကရီသီရိဒုံနှင့် နှိုင်းယှဉ်ပါက ဒေါ်စုသည် မိုးနဲ့ မြေ ကွာခြားနေ ပါသည်။ မျိုးချစ်ခေါင်းဆောင်ကြီး၏ သမီးတစ်ယောက်ဖြစ်သော်လည်း.. နိုင်ငံခြားသားကိုလင်တော်… နိုင်ငံခြား မှ ပေးကျွေးမှုကို ခံယူနေသောသူကို နိုင်ငံ့ခေါင်းဆောင်အဖြစ် ပြည်သူပြည်သားများ လက်ခံနိုင်ပါမည်လား။ အဖြေကို ပြည်သူကပင် သက်သေတည်ပါလိမ့်မည်။ ဒေါ်စုကို အကြံပေးလိုပါသည်။ တိုင်းပြည်တိုးတက်ရေး အတွက် လုပ်မယ်ဆိုရင် ကြိုဆိုပါတယ်။ ပြည်သူကောင်းစားရေးအတွက် လုပ်တယ်ဆိုရင် ကြိုဆိုပါ တယ်။ ဒေါ်စု လုပ်နေ တဲ့ အလုပ်တွေကို ပြည်သူတစ်ယောက်အနေနဲ့ တွေ့မြင်ရတာ စိတ်မချမ်းမသာဖြစ် ရပါ တယ်။ ဘာလုပ် သင့်တယ်။ ဘာလုပ်ထိုက်တယ်ဆိုတာကိုတောင် ခွဲခွဲခြားခြား မသိနိုင်သူကို ကျွန်တော် မည်သို့ ထောက်ခံရမည်နည်း။

လုပ်သင့်လုပ်ထိုက်သည့်အလုပ်ကိုသာ လုပ်ကိုင်မည်ဆိုပါလျှင်…..

ပေးပို့သူ - မောင်စည်သူ
နေ့စဉ်သတင်း

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်