Subscribe to our RSS Feed

စစ်တပ်ကို အမြဲတမ်း မကောင်းပြောခဲ့သော်လည်း တပ်မတော်နှင့် တွေ့ဆုံဆွေးနွေး နိုင်ရေးအတွက် သမ္မတအား ဒေါ်စု မေတ္တာရပ်ခံမည်

From : ..eleven

N-24-11
နိုဝင်ဘာ ၁၈ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် အင်န်အယ်လ်ဒီ ပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့သဘောထား ရယူပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြားစဉ်

အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက် တစ်စောင်ကို နိုဝင်ဘာ ၂၃ ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် "ယခု နိုင်ငံတော်တွင် အဓိက အကျဆုံး ကိစ္စတစ်ရပ် ဖြစ်နေသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး အဆင်ပြေ ချောမွေ့စွာ ဖြစ်မြောက်စေရန် ရည်ရွယ်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အုပ်ချုပ်ရေးမဏ္ဍိုင် အကြီးအကဲဖြစ်သူ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၊ လွှတ်တော်၊ တပ်မတော်တို့နှင့် တွေ့ဆုံဆွေးနွေး နိုင်ရန်အတွက် သမ္မတကြီးအား စာအားဖြင့် မေတ္တာရပ်ခံရန် ၂၃-၁၁-၂၀၁၃ နေ့၌ ကျင်းပပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ပါသည်" ဟု ဖော်ပြထားသည်။

လက်ရှိ အနေအထားမှာ သူတို့လေးယောက် တွေ့ဆုံဖို့ အင်န်အယ်လ်ဒီဘက်က ပန်ကြားမယ် ဆိုတာက ကြိုဆိုရမှာပါ။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းအရ ဖြေရှင်းဖို့ဆိုတာ အဓိကကျတဲ့ တွေ့ဆုံဆွေးနွေးမှုဟာလည်း အရေးကြီးပါတယ်။ အင်န်အယ်လ်ဒီဘက်က ဒီလိုကမ်းလှမ်းမှုဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကောင်းမွန်တဲ့ ခြေလှမ်းတစ်ခုလို့ ကျွန်တော်မြင်ပါတယ် . . . . .
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထား ရယူပွဲများကို နိုင်ငံတစ်ဝန်းတွင် ပြုလုပ်လျက် ရှိနေပြီး အများစုက ပြင်ဆင်ရေးကို ထောက်ခံဆန္ဒပေးလျက် ရှိနေသည်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ကိစ္စပဲလေ။ အခုလို အားလုံးဝိုင်းဝန်း ဆွေးနွေးနိုင်ကြရင် ပိုပြီးထိရောက်မှု ရှိတာပေါ့။ ဘယ်လိုပိုမို ကောင်းမွန်လာမယ် ဆိုတာတော့ ဆွေးနွေးပြီးမှပဲ ပြောလို့ရမှာပါ" ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က The Daily Eleven သို့ ပြောကြားသည်။

ယင်းသို့ တွေ့ဆုံရန် မေတ္တာရပ်ခံမည်နှင့် ပတ်သက်၍ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက "လက်ရှိ အနေအထားမှာ သူတို့လေးယောက် တွေ့ဆုံဖို့ အင်န်အယ်လ်ဒီဘက်က ပန်ကြားမယ် ဆိုတာက ကြိုဆိုရမှာပါ။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းအရ ဖြေရှင်းဖို့ဆိုတာ အဓိကကျတဲ့ တွေ့ဆုံဆွေးနွေးမှုဟာလည်း အရေးကြီးပါတယ်။ အင်န်အယ်လ်ဒီဘက်က ဒီလိုကမ်းလှမ်းမှုဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကောင်းမွန်တဲ့ ခြေလှမ်းတစ်ခုလို့ ကျွန်တော်မြင်ပါတယ်" ဟု ပြောကြားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရန်အတွက် ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းထားပြီး ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက် မတိုင်မီ လေ့လာတွေ့ရှိချက်များကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရမည် ဖြစ်ကြောင်းလည်း သိရသည်။
ထို့အပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် နိုင်ငံရေး ပါတီများ အနေဖြင့်လည်း ပါတီအလိုက် လေ့လာသုံးသပ်မှုများ၊ ပြည်သူလူထုအား ရှင်းလင်းမှုများ ပြုလုပ်လျက် ရှိသည်။
S-24-11
နို၀၀်ဘာ ၁၈ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် NLD ပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့သဘောထား ရယူပွဲ၌ တက်ရောက်လာကြ သူများက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ရန် လက်ထောင်ဆန္ဒ ပြုနေကြစဉ်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မအချို့သည် ဒီမိုကရေစီ စံနှုန်းများနှင့် မကိုက်ညီဟု အတိုက်အခံနှင့် ပြည်သူများက ပြောကြားနေသော အချက်များကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံမှသာ ပြင်ဆင်နိုင်မည် ဖြစ်သောကြောင့် လွှတ်တော်တွင်းရှိ ၂၅ ရာခိုင်နှုန်းရှိသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် အဓိက အခန်းကဏ္ဍတွင် ပါဝင်နေသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် တပ်မတော်အားလည်း ပါဝင်ဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားထားပြီး ထိုသို့ တိုက်တွန်းရခြင်းမှာ တပ်မတော်၏ အခွင့်အရေးများကို လျှော့ချစေလို၍ မဟုတ်ဘဲ ဒီမိုကရေစီနှင့် ကိုက်ညီသည့်၊ ပြည်သူလေးစား ချစ်ခင်သည့်၊ မြင့်မြတ်သော တပ်မတော်ကောင်းတစ်ခု ဖြစ်စေလိုသည့် အတွက်သာဖြစ်ကြောင်း နိုဝင်ဘာ ၁၈ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒ သဘောထား ရယူပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးနှင့် ပတ်သက်၍ ပြည်သူများထံမှ ရောက်ရှိလာသည့် အကြံပြုချက် များစွာရှိကြောင်း၊ ၎င်းတို့မှာ အခန်း(၁)တွင် ၅၁ ချက်၊ အခန်း(၂)တွင် ၁၅ ချက်၊ အခန်း(၃)တွင် ၁၅ ချက်၊ အခန်း(၄)တွင် ၃၃ ချက်၊ အခန်း(၅)တွင် ၁၁၈ ချက်၊ အခန်း(၆)တွင် ၂၅ ချက်၊ အခန်း(၇)တွင် သုံးချက်၊ အခန်း (၈)တွင် ၂၈ ချက်၊ အခန်း(၉)တွင် ကိုးချက်၊ အခန်း(၁၀)တွင် လေးချက်၊ အခန်း(၁၁)တွင် ၁၁ ချက်၊ အခန်း(၁၂)တွင် နှစ်ချက်၊ အခန်း (၁၃)တွင် နှစ်ချက်၊ အခန်း(၁၄)တွင် နှစ်ချက်နှင့် အခန်း(၁၅)တွင် လေးချက်တို့ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီမှ သိရသည်။

.. www.MyanmarExpress.net
 

2 comments:

ရဲဘော်သုံးကျိပ်ကအစပြုလို့ မြန်မာ့တပ်မတော်ပေါ်ပေါက်လာခဲ့ပါတယ်။ စစ်ပညာသင်ပေးတာကတော့ ဂျပန်တွေပါဘဲ။ နယ်ချဲ့ ဗြိတိသျှတွေကတော့ ဘယ်သောအခါတွင်မှ စစ်ပညာမသင်ပေးခဲ့ပါ။ ဒါကြောင့် နယ်ချဲ့ရဲ့ ပေတံနဲ့တိုင်းကြည့်ရင်တော့ ကျွန်တော်တို့တပ်မတော်က ပေမီချက်မှမီပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ပေတံနဲ့တိုင်းကြည့်ရင်လည်း နယ်ချဲ့စစ်တပ်ဟာ ပေမီဒေါက်မီမဟုတ်ပါဘူး။ ဥပမာလေးအနေနဲ့ ဦးစောက ဗိုလ်ချုပ်တို့ကိုသတ်ဖို့ လက်နက်အမြောက်အများကို ဒီနယ်ချဲ့စစ်တပ်က ခိုးထုတ်ခဲ့တယ်ဆိုတော့ ဒါဟာတော်တော့်ကိုညံ့ဖျင်းပြီး အဆင့်မရှိတဲ့စစ်တပ်တွေမှာဘဲ လုပ်လို့ရနိုင်လို့ပါ။ တစ်ခုတော့ရှိတာပေါ့ နယ်ချဲ့က ဦးစောကို တမင်လက်နက်ထုတ်ပေးပြီး ဗိုလ်ချုပ်တို့ကိုသတ်ခိုင်းတာဆိုရင် တော့တစ်မျိုးစဉ်းစားရမှာပေါ့။ ဒါဆိုရင်လည်း ကျွန်တော်တို့နိုင်ငံအနေနဲ့ကြည့်ရင် အောက်တန်းကျတဲ့လုပ်ရပ်ပါဘဲ။ ဒီလိုယုတ်ညံ့လှတဲ့ နယ်ချဲ့လူမျိုးကို လင်တော်ထားတဲ့ ဒီလိုအမျိုးသမီးမျိုးဟာ မျိုးချစ်တပ်မတော်နဲ့ လားလားမှမထိုက်တန်လို့ ကာချုပ်အနေနဲ့ ထည့်သွင်းစဉ်းစားစရာမလိုဟု ထင်မြင်မိပါကြောင်း။ ။

Myanmar Express ကိုတစ်ခုပြောချင်ပါတယ်...
အခု မြန်မာ နိုင်ငံထုတ် မုန့်တော်တောများများ ရဲ့ အခွံ့ဟာ
ကလားထုတ်ဖြစ်နေတာ သတိမူမိရဲ့လား..ကလားတံဆိပ်လေးတပ်ထားတာတွေ့ကြသေးရဲ့လား
Jamiat Ulama-el-Islam(HQ) Myanmar လို့တပ်ထားတာတွေ့တယ်မဟုတ်လား..၁၀၀ကျပ်တန် မုန့်ဆို အိပ်ဖိုးက ၁၀ကျပ်ကျရင် မြန်မာနိုင်ငံ က သန်း၆၀ ဆိုတော့ ၆၀×၁၀ ဆို တစ်ရက်ကို မြန်မာတွေက သန်း ၆၀၀ လှူနေတာလား..ကော်ဖီထုတ်တွေရော..ကွေကာတွေရော တီးမစ်တွေရော တော်တော်များ ကလားတံဆိပ်ပါတယ်..မြန်မာတွေ ပလပ်စတစ် မထုတ်နိုင်တော့ဘူးလား မြန်မာ သူဌေးတွေ ဒါမျိုးကို လက်မလွတ်သင့်ဘူးနော်....

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်