Subscribe to our RSS Feed

၂၀၁၆ တွင် UK နိုင်ငံ ပြိုကွဲတော့မည်

From : .. the voice

လွတ်လပ်ရေး ဆန္ဒခံယူပွဲတွင် ဗြိတိန် နိုင်ငံမှ နုတ်ထွက်ရေး စကော့တလန် ပြည်သူများ ထောက်ခံမဲပေးပါက မတ် ၂၄ ရက် ၂၀၁၆ ခုနှစ်ကို စကော့တလန် လွတ်လပ်ရေးနေ့ အဖြစ် သတ်မှတ်မည်ဟု စကော့တလန် အမျိုးသားပါတီ (SNP) မှ ထုတ်ဝေသော စက္ကူဖြူစာတမ်းတွင် ဖော်ပြထားကြောင်း Guardian သတင်းတွင် ဖော်ပြထားသည်။

သတ်မှတ်ထားသောနေ့မှာ သမိုင်းကြောင်းအရ ထူးခြားမှု မရှိဘဲ မတ်လ ၂၄ ရက်နေ့တွင် ဘုရင်များ ပူးပေါင်းမှု ဖြစ်ပေါ်ခဲ့ပြီး စတော့တလန်ဘုရင် ဂျိန်း ၆ မှာ ဝမ်းကွဲ ညီမ ဖြစ်သူ အဲလီစဘတ် ၁ ဘုရင်မ သေဆုံးပြီးနောက် အင်္ဂလန်နှင့် အိုင်ယာလန် ဘုရင်ဂျိန်း ၁ ဖြစ်လာခဲ့သည်။

ထို့အပြင် ၁၇၀၇ ခုနှစ် မတ်လ ၂၄ တွင် ပူးပေါင်းမှု ဥပဒေလက်မှတ် ရေးထိုးခဲ့ပြီး အင်္ဂလန် ပါလီမန်နှင့် စတော့တလန် ပါလီမန်တို့ ပူးပေါင်းခဲ့ကာ ဂရိတ်ဗြိတိန် နိုင်ငံအဖြစ် ပေါ်ထွက်လာခဲ့သည်။

စာမျက်နှာပေါင်း ၆၇၀ နှင့် စာလုံးပေါင်း ၁၇၀,၀၀၀ ထိ ရှိသည့် စက္ကူဖြူ စာတမ်းမှာ လွတ်လပ်ရေးနှင့် ပတ်သက်၍ အသေးစိတ် ပြည့်ပြည့်စုံစုံ ရေးသားထားပြီး ယင်းကဲ့သို့ ပြည့်စုံသည့် လွတ်လပ်ရေးနှင့် ပတ်သက်သည့် စာတမ်းမျိုး ထုတ်ဝေခဲ့ခြင်း မရှိသေးကြောင်း SNP ပါတီက ပြောကြားသည်။

မိတ္တူပေါင်း ၂၀၀၀၀ ကို ထုတ်ဝေ ပေးထားပြီး လွတ်လပ်ရေးစာတမ်း ဖတ်ရှုလိုသူ မှန်သမျှကို ပေးအပ်သွားမည် ဖြစ်ပြီး စာတမ်းတွင် အကူးအပြောင်း ကာလတွင် အစိုးရအဖွဲ့ ရွေးချယ်မည့် ဆွေးနွေးမှုများနှင့် လွတ်လပ်သည့် စကော့တလန် အစိုးရအဖွဲ့က လုပ်ဆောင်မည့် မူဝါဒများကို ဖော်ပြထားကြောင်း စကော့တလန် လက်ထောက် ပထမ ဝန်ကြီးဖြစ်သူ နီကိုလတ်စတာဂျီယွမ် က ပြောကြားသည်။

ထို့အပြင် အင်္ဂလန်နှင့် စကော့တလန် နိုင်ငံကြား လူမှုရေးနှင့် စီးပွားရေး မူဝါဒများ ကြီးမားစွာ ခြားနားနေသည်ကို စာတမ်းက သုံးသပ် ဖော်ပြထားသည်။

“အောင်မြင်မှု ရရှိမယ့် စကော့တလန်မှာ လူတိုင်းအတိုင်းအတွက် စီးပွားရေး တိုးတက်မှုတွေ ရှိနေပြီး အမျိုးသမီးများ အပါအဝင် လူတိုင်း ပါဝင်ဆင်နွှဲဖို့ အထောက်အပံ့ ပေးထားပါတယ်” ဟု စတာဂျီယွမ်က ပြောကြားသည်။

ယင်းကဲ့သို့သော စာတမ်း ထုတ်ဝေလိုက် သဖြင့် စကော့တလန် နိုင်ငံရေး လောကတွင် အချေအတင် ငြင်းခုံမှုများ ပေါ်ပေါက်လာခဲ့ပြီး နှစ်ပေါင်း ၅၀ ကြာ ဘဏ္ဍာရေး တင်းတင်းကျပ်ကျပ် သုံးစွဲမှုဖြင့် စကော့တလန် ကြုံတွေ့ရနိုင်သည်ဟု Institute of Fiscal Studies က ဖော်ပြလိုက်သည်။

“အဆုံးအဖြတ် ပေးရမယ့်အချိန် ရောက်လာပါတယ်။ သမိုင်းမှာ တစ်ခါတလေမှပဲ ရောက်လာတာပါ။ ကျွန်တော်တို့တွေ အဟောင်းကနေ အသစ်ကို သွားမယ့်အချိန်၊ အိုမင်းမှုတွေ ရပ်သွားတဲ့အချိန်၊ နိုင်ငံရဲ့ စိတ်ဝိညာဉ်တွေ ဖိနှိပ်ခဲ့နေရတဲ့ အချိန်တွေမှာ ထုတ်ဖော် လှစ်ဟပြလိုက်ပါ” ဟု အိန္ဒိယနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် နေရူး ပြောကြားခဲ့သည်ကို ကိုးကားပြီး စကော့တလန် ပထမဝန်ကြီး အဲလတ်ဆဲမန်က တုံ့ပြန် ပြောကြားသည်။

ပြည်သူ့ဆန္ဒခံယူပွဲ မကျင်းပခင် လွတ်လပ်ရေးနေ့ သတ်မှတ်လိုက်သဖြင့် စကော့တလန် အစိုးရအဖွဲ့၏ ဆွေးနွေးမှု အနေအထား ထိခိုက်စေမည်ဟု စကော့တလန်ရုံးက သတိပေးလိုက်သည်။

“စကော့တလန် အစိုးရ ဆွေးနွေးမယ့် အချက်တွေကို စကော့ပြည်သူ့တွေ အခုထိ မသိသေးပါဘူး။ စကော့တလန် အစိုးရက ရက်စွဲ သတ်မှတ်မှုကို ဆွေးနွေးပွဲထက် ပိုအရေးထားတာ ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၈ နိုင်ငံ၊ နေတိုးနဲ့ ကျန် ဗြိတိန် နိုင်ငံတို့က သိနေပါတယ်” ဟု ဆက်လက် ပြောကြားသွားသည်။

စကော့တလန် လွတ်လပ်ရေး ပြည်သူ့ ဆန္ဒခံယူပွဲကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့တွင် ကျင်းပသွားမည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။


.. www.MyanmarExpress.net
 

4 comments:

I do not think Britain will split.

ကောင်းတာပေါ့။ ဒါမှ ကလားမြအေးသမီးဖင်ကြီးပွင့်တို့ဇိုရာဖင်တို့လဲ ဘုံပျောက်မှာ။ ဟဟ

တကယ်ဘဲခွဲထွက်နိုင်မှာလား၊ ကြည့်ရသေးတာပေါ့။ ဒီမိုကရေစီနိုင်ငံရယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်