Subscribe to our RSS Feed

၃ နှစ်အတွင်း ဒေါ်စုဘာတွေလုပ်ခဲ့လဲ? (အပိုင်း - ၂)


၂၀၁၀ နိုဝင်ဘာ ၁၄ ရက်နေ့က ပထမဆုံး မိန့်ခွန်းကို လူအချို့အားပြောဆိုပြီးနောက် တွင် မြန်မာနိုင်ငံရေးကို ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မည်သည့်နေရာမှ စတင်၍လုပ်ဆောင်မည်ကို လူအများက စိတ်ဝင်စားခဲ့ကြသည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ နာမည်သာကြားဖူးပြီး အရည်အချင်းအမှန်တကယ်ရှိမရှိ သိလိုသော ကမ္ဘာ နှင့် မြန်မာ မှ နိုင်ငံရေး လေ့လာသူများက အထူးစိတ်ဝင်စားခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ စကား များသည် ကမ္ဘာတွင် အလွန်နာမည်ကြီးလျှက်ရှိရာ စကားသာ နာမည်ကြီးပြီး လက်တွေ့လုပ်ဆောင်နိုင်မှုရှိမရှိ အား လူအများက သိလိုကြသည်။ ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ပထမဆုံးခြေလှမ်းအဖြစ် ဒုတိယပင်လုံ အမည်ရှိ ခေါင်းစဉ်တစ်ခုဖြင့် မြန်မာ့နိုင်ငံရေးကို ချဥ်းကပ်ခဲ့သည်။ 
နိုင်ငံရေး စလုပ်ပြီး တပတ်အတွင်းမှာပင် ၂၀၁၀ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဒုတိယ ပင်လုံညီလာခံ ကျင်းပရေး ဆိုင်ရာ အစည်းအဝေးတစ်ခု ကို ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများက ၎င်းအား ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့သည်။ သို့သော် ဝါရင့် နိုင်ငံရေးသမားများက ဒုတိယ ပင်လုံ ဆိုသည့် အဓိပ္ပါယ်မရှိသော အလုပ်တခုကို ဒေါ်အောင်ဆန်းစုကြည် မှ  ပထမဆုံး ခြေလှမ်းခြင်းအတွက် လွန်စွာ စိတ်ပျက်ခဲ့ကြသည်။ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဥက္ကဌ ဦးသုဝေ နှင့် ဦးကောင်းမြတ်ထွဋ်တို့မှာ ဒေါ်အောင်ဆန်း စုကြည်အား အလျှင်အမြန်သွားရောက်တွေ့ဆုံကာ ဒုတိယပင်လုံ ဆိုသည်မှာ အလုပ်မဖြစ်ကြောင်း၊ ဦးစားမပေးသင့်ကြောင်း နဲ့ ပါတီမှတ်ပုံတင်သင့်ကြောင်း ရှင်းပြခဲ့သည်။ ထို့အပြင် သမိုင်းအခြေခံနည်းသော ဒေါ်အောင်ဆန်းစုကြည်အား ၁၉၄၇ ပင်လုံညီလာခံဖြစ်ပေါ်လာပုံ နှင့် အဆင့်ဆင့်ကို ရှင်းပြခဲ့ကြောင်း သိရသည်။  ၂၀၁၃ တွင် ဦးကောင်းမြတ်ထွဋ်မှ ဒေါ်အောင်ဆန်းစုကြည်ကို ၄၅ မိနစ် လက်ချာရိုက်ခဲ့သည့် အသံဖိုင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
 ဒေါ်အောင်ဆန်းစုကြည်မှ ဒုတိယပင်လုံ ဟု ပြောလိုက်သည်နှင့် တပြိုင်နက် ပြည်တွင်း ပြည်ပ မီဒီယာများ နှင့် အင်တာနက် စာမျက်နှာများတွင် ဒုတိယ ပင်လုံ၏ အရေးပါပုံ များကို ချီးမွှမ်းခန်းဖွင့်ခဲ့ကြသော်လည်း ဦးသုဝေ ကြောင့် ဒေါ်အောင်ဆန်းစုကြည် အမြင်မှန် ရသွားချိန်မှ စ၍ ဒုတိယ ပင်လုံ ဆိုသည့် နာမည်မှာ ယနေ့အချိန်ထိ ကွယ်ပျောက်သွားခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မှာလည်း ပထမဆုံး အဖွင့်ချေလှမ်း မအောင်မြင်သဖြင့် စိတ်ဓာတ်ကျသွားခဲ့သလို စိတ်ဝင်တစား စောင့်ကြည့်သူများ ကလည်း ဒေါ်အောင်ဆန်းစုကြည်သာ အပြောသမားတစ်ဦးသာ ဖြစ်ကြောင်း၊ လက်တွေ့လုပ်ဆောင်နိုင်သည့် အရည်အချင်းမရှိကြောင်း ဝေဖန်ခဲ့ကြသည်။ 



လူထုအသံအား နားထောင်လိုသော ဒေါ်အောင်ဆန်းစုကြည်အတွက် ၂၀၁၁ ဖေဖော်ဝါရီလတွင် ဆောင်းပါးရှင် အက်စစ် မှ ဒေါ်အောင်ဆန်းစုကြည် နှင့် ၁၉၉၀ ရွေးကောက်ပွဲဝင်များ ပြင်းပြင်းထန်ထန် ဝေဖန်မှုတစ်ခု ထွက်ပေါ်ခဲ့သည်။  "တာဝန်မယူရဲသော၊ တာဝန်ယူစိတ်မရှိသော၊ တာဝန်မကျေသော ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီနဲ့ ၁၉၉၀ ပြည့်နှစ် အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ" ဟူသည့် ခေါင်းစဉ်ဖြင့် ရေးသားထားသော စာတစ်စောင်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်တွင်းပြည်ပ အလုပ်လက်မဲ့များကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့သည်။ ထိုဆောင်းပါမှာ


"ပြည်သူတွေရဲ့ မျက်နှာကိုမှ မ ထောက်ဘဲ နေသာသလို နေနေကြတဲ့ ဒီမိုကရေစီခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ၉၀ ရွေး ကောက်ပွဲက လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ နာကြည်းမိတယ်။

ဘာလို့များ သူများနိုင်ငံကိုလည်း ဝေ့လည် ကြောင်ပတ်စကားတွေနဲ့ သွားနှစ်သိမ့်နေရသလဲဆိုတာ နားမလည်နိုင်ပါဘူး။ ပြီးတော့ အမေးချင်ဆုံးစကား ကတော့ သူများနိုင်ငံကို စိတ်ဝင်စားပါတယ်ဆိုတဲ့ ဒေါ်စုရယ် ... ကိုယ့်နိုင်ငံရဲ့ အခြေအနေက ဘယ်လမ်းကို သွားနေပြီလဲဆိုတာကော စိတ်ဝင်စားရဲ့လားဆိုတဲ့ မေးခွန်းပါပဲ။

ဘာမဆို ပြတ်ပြတ်သားသား မပြောရဲသူဟာ ခေါင်းဆောင်ကောင်းတယောက် ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ဝေ့ လည်ကြောင်ပတ်တွေ ပြောပြီး ပြည်သူတွေကိုပဲ တာဝန်ကျေပါ၊ ပန်းတိုင်ကိုရောက်အောင် ချီတက်ပါ၊ သတ္တိရှိ ပါဆိုတဲ့ အဆိုအမိန့်တွေကို ပေးတတ်တဲ့ ခေါင်းဆောင်ဟာ မြန်မာပြည်သူတွေ တာဝန်ကျေခဲ့ပြီ၊ တာဝန်ကျေ နေပြီ၊ ချီတက်ခဲ့ပြီ၊ ချီတက်နေပြီ၊ သတ္တိရှိခဲ့ပြီ၊ သတ္တိရှိဆဲဆိုတာကို မသိဘဲ ကယောင်ချောက်ချား အော်ပြော နေသူနဲ့ တူနေတယ်ဆိုတာကို သတိမပြုမိလေလျော့သလား။

အပြောင်းအလဲလိုချင်ရင် မိမိဘာသာ အပြောင်းအလဲလုပ်နိုင်ဖို့ ကြိုးစား” ဆိုတဲ့စကားကို ကြားမိတိုင်း ပြည် သူ့ဆီကိုပဲ ပြန်ပြီးပုတ်ထုတ် မိန့်မှာတတ်တဲ့ စကားတွေပဲ ပြောတတ်တဲ့ ဒေါ်စုဟာ ပြည်သူ့ဘ၀ကို နားလည်ဖို့ အတွက် အချိန်ယူ ကြိုးစားရပါလိမ့်မယ်လို့ ဆိုချင်ပါတယ်။

လွတ်မြောက်လာတော့ ဘာတွေများ လုပ်လေမလဲလို့ ကြည့်လိုက်မိတော့လည်း အခြေအနေတွေဟာ ပိုပြီး မျှော်လင့်ချက်မဲ့ ဖြစ်ခဲ့ရတယ်။ ဒေါ်စု လွတ်လာမှပဲ မတရားတဲ့ ဖွဲစည်းပုံ၊ မသမာတဲ့ ရွေးကောက်ပွဲ ဆန့်ကျင် သံတွေလည်း တိတ်သွားတယ်။ အားလုံးက ‘အိပ်ခ်ျအိုင်ဗွီကို ကူညီပါ’ ‘လူမှုကယ်ဆယ်ရေးတွေကို အရှိန်မြှင့် လုပ်ပါ’ ဆိုတာတွေပဲ ကြားရတော့ ဒီလို အန်ဂျီအိုဆန်ဆန် အလုပ်တွေကို လုပ်မယ်ဆိုရင် ဒေါ်စုဟာ အစက တည်းက အန်အယ်လ်ဒီဆိုတဲ့ နိုင်ငံရေးပါတီကြီးကို မထောင်သင့်ဘူးလို့ဘဲ ပြောချင်တယ်။

အထူးသဖြင့် နိုင်ငံရေးကို ဘာလို့ လုပ်ခဲ့သလဲဆိုတဲ့ မေးခွန်းကို အမေးချင်ဆုံးပါပဲ။ ပြန်လည်လွတ်မြောက်လာ ကတည်းက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဆိုတာကို တစိုက်မတ်မတ်မလုပ်ဘဲ အကျဉ်းသား တွေ ထောက်ပံ့ရေးကိုသာ လုပ်နေတာကြောင့် အာဏာရှင်သက်ဆိုးရှည်နိုင်ရေး အကူအညီပေးနေတာလား လို့ပဲ ပြောလိုက်ချင်တော့တယ်။

နိုင်ငံရေးအကျဉ်းသားတွေ လိုချင်တာက သူတို့အတွက် စားဝတ်နေရေး အကူအညီ အထောက်အပံ့မဟုတ်ပါ ဘူး။ သူတို့ အစားကောင်းတွေ စားပြီး ထောင်ထဲမှာ သက်ဆိုးရှည်စွာ နေထိုင်ရရေး မဟုတ်ပါဘူး။ မတရားတဲ့ အမိန်တွေနဲ့ အကျဉ်းချခံထားရတာကြောင့် သူတို့လုံးဝလွတ်မြောက်ရေးကိုပဲ လိုချင်တာပါ။ ဒေါ်စု လုပ်ပေးနေ တာက သူတို့လွတ်မြောက်ရေးကို လူသာမန်တွေ ပြောသလို အလ္လာပသလ္လာပသာ ပြောပြီး အကျဉ်းသားမိ သားစုနဲ့တွေ့၊ အားပေးစကားပြော၊ မင်္ဂလာဆောင်နဲ့ အသုဘ၊ မွေးနေ့၊ နှစ်ပတ်လည်အခမ်းအနားတွေ တက်ပြီး ကိုယ်လုပ်သင့်တဲ့ အလုပ်တွေကို မေ့လျော့နေတာကတော့ အတော်ကို စိတ်ပျက်နာကျည်းစရာကောင်းလှတဲ့ မြင်ကွင်းလို့တောင် ဆိုချင်ပါတယ်။ ဒေါ်စု ဒါတွေ လုပ်ရမယ့် အချိန်ကာလမဟုတ်ပါဘူး။

လူထုခေါင်းဆောင်ဆိုတာ သာမန်လူတွေလုပ်တဲ့ အလုပ်တွေထက် ထူးခြားတာကို လုပ်နိုင်ဖို့ လိုပါတယ်။ လူ သာမန်တွေလုပ်တတ်တဲ့ လူငယ်ကွန်ရက်နဲ့ တွစ်တာ၊ ဖေ့စ်ဘွတ်၊ ၀က်ဆိုက်လေးတွေနဲ့ သာယာနေတဲ့ ဒေါ်စု ဟာ မြန်မာပြည်လွတ်မြောက်ရေး ပြည်သူဘ၀တွေကို ကယ်တင်နိုင်ဖို့ အရည်အချင်းမရှိဘူးဆိုတာ တနေ့ ထက်တနေ့ ပြသလာသလို ခံစားမိတဲ့အတွက် ဒီလိုရေးသားလိုက်ရတာလည်းဖြစ်ပါတယ်။

ဒေါ်စုတင်မကပါဘူး။ ၉၀ ခုနှစ်က ရွေးကောက်ခံ ပြည်သူလွှတ်တော်ကိုယ်စားလှယ်ကြီးများလည်း ငြိမ်နေကြ တာ တွေ့ရတယ်။ သူလုပ်နိုး၊ ငါလုပ်နိုးနဲ့ ဖောက်ထွက်ပြီး ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းမရှိလို့ တိုင်းပြည် က အစိုးရ (၅) ဆက်စာလောက် နစ်နာခဲ့ရပြီ။ လိုတော့ လိုချင်တယ်၊ အနစ်နာတော့ မခံချင်ဘူး အနစ်မခံဘဲ နဲ့တော့ ဘယ်ရမလဲဆိုတာ ခင်ဗျားတို့ကို ပြည်သူတွေက ပြန်ပြောရမယ့် စကားရပ်တွေပါ။

အန်အယ်လ်ဒီဆိုတဲ့ ပါတီကြီးကလည်း လူထုက အားကိုးရမလား မှတ်ပါတယ်။ ကျားရှေ့ အသနားခံနေတာ တွေကို မြင်ရတိုင်း ခင်ဗျားတို့အစား ရှက်မိပါတယ်။ ခင်ဗျားတို့တတွေဟာ မတရားတဲ့ ဥပဒေရှေ့မှောက်မှာ အသနားခံစာတွေနဲ့ အယူခံတွေ အထပ်ထပ်တင်ပြီး တောင်းဆိုနေတာက အကြမ်းမဖက်လှုပ်ရှားမှုတွေလို့ ခေါ်ဆိုနိုင်ပါသလား။ အန်အယ်လ်ဒီက နိုင်ငံရေးလုပ်စရာမရှိလို့ လူမှုရေးလုပ်ငန်းလေးတွေကို လုပ်နေတာ တွေက အင်မတန် ရှက်စရာကောင်းတဲ့ လုပ်ရပ်၊ လုပ်စရာမရှိလို့ ရှာလုပ်နေတဲ့ အလုပ်လို့များ မတွေးတော မ ဆင်ခြင်မိဘူးလား။

စစ်အုပ်စုက ရည်ရွယ်ချက် ရှိတယ်။ ဦးတည်ချက်ပန်းတိုင် ရှိတယ်။ သူ့ရည်မှန်းချက်ကို ရောက်အောင်သွား တယ်။ အခု လွှတ်တော်ခေါ်ပြီ၊ အစိုးရဖွဲ့ပြီ ဘာလုပ်ကြမလဲ။ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေက စစ် အုပ်စု ချပေးတာကို လိုက်အော်ကြတယ်။ ဆန့်ကျင်ကြောင်း တာဝန်အရ လုပ်ကြတယ်။ ပြီးတော့ ရည်မှန်း ချက်တခုပြီးတခု ပြောင်းတယ်။ အခုတော့ ကိုယ့်ဘယ်လမ်းသွားနေပြီလဲဆိုတာတောင် မမှတ်မိတော့တဲ့ အ နေအထားတွေ ဖြစ်ကုန်ပြီ။

လမ်းပျောက်ပြီး တောင်ရောက်မြောက်ရောက် ရောက်နေပြီလို့ပဲ ခပ်ရှင်းရှင်း ပြောလိုက်ကြပါစို့။ လူထုတွေ ဘ ၀ကို ကြည့်ပါဦး။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အဘက်ဘက်က ချွတ်ခြုံကျနေတာကို ဒေါ်စုနဲ့ အန်အယ်လ်ဒီက အန်ဂျီအိုတွေလို သေးသေးမွှားမွှား အကူအညီလေးတွေ လိုက်ပေးနေမယ့်အစား မြန်မာ ပြည်သူတရပ်လုံး ခံစားနေရတဲ့ လူမှုဒုက္ခကြီးကနေ လွတ်မြောက်အောင် လုပ်လိုက်ပါတော့လား။ တိုင်းပြည်ကို လူတန်းစေ့နေနိုင်တဲ့ ဘ၀ရောက်အောင် ခေါင်းဆောင်ပြီး လုပ်ပေးနိုင်လေမလားလို့ အရင်တုန်းကတော့ အားကိုးမျှော်လင့်ခဲ့မိပါတယ်။ ပြတ်ပြတ်သားသား ခေါင်းဆောင်ရဲတဲ့ ဗိုလ်ချုပ်အောင်ဆန်းလို သူ့သမီးက လည်း သူ့လိုဖြစ်လေမလားလို့ အားကိုးယုံကြည်ခဲ့မိတာလေ။ အခုတော့ လူသာမန်တွေလုပ်တဲ့ အလုပ်ကို လုပ်ပြီး လက်ခုပ်တီး ပန်းကုံးစွပ်တာကို သာယာနေတဲ့ အကယ်ဒမီပေးပွဲက မင်းသမီးတလက် ဖြစ်နေတာကို ရင်နာလို့မဆုံးဖြစ်ရတယ်။

တာဝန်မကျေတာက ပြည်သူက ပေးအပ်တဲ့ တာဝန်ကို မယူရဲဘဲ ပြည်သူကိုပဲ ပုံချလုပ်ခိုင်းနေတဲ့ ရှောင်ပြေး နေတဲ့ ဒေါ်စုနဲ့ ၉၀ ပြည်နှစ်က ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေပါပဲ။ ဘယ်အထိ လူထုက တာ ၀န်ကျေပေးရမှာလဲ၊ ဘယ်အထိ လူထုက လိုက်ပါဆောင်ရွက်ပေးရမှာလဲ။ နိုင်ငံတကာအနေနဲ့ကလည်း ကြည့် ပါဦး။ ဘာတခုမှ ထမလုပ်ဘဲ ကြေညာချက်ထုတ်ပြီး အခမ်းအနားပဲ လုပ်တတ်တဲ့ အတိုက်အခံကို ဘယ်လို အားပေးကူညီရမှာလဲ။ ဘာတွေ လုပ်ခဲ့ပြီးလို့ ဘာတွေ ထောက်ခံပေးရမှာလဲ။ မိမိတို့ဘာသာ စဉ်းစားကြပါ တော့။ "
ဟူ၍ဖြစ်သည်။ သို့သော် ထူးထူးခြားခြားအမြင်မှန်ရလာခြင်းမရှိချေ။ ဒေါ်အောင်ဆန်းစုကြည်၏ (၁) နှစ် နီးပါး မီးကုန်ရမ်းကုန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း NLD ပါတီသည် သာမန် ပရဟိတ အဖွဲ့တစ်ခုထက် ပိုသည့် လုပ်ဆောင်မှုများ လုပ်ပြနိုင်ခြင်းမရှိခဲ့ပါ။ ထိုအချိန်တွင် ဦးသိန်းစိန်အစိုးရ နှင့် လွှတ်တော် သုံးရပ်မှာ ၆ လ အတွင်းမှာပင် နိုင်ငံတကာ၏ အသိအမှတ်ပြုခြင်းကို ထင်ထင်ရှားရှားခံနေရပြီဖြစ်သည်။


  ထို့အပြင် လူထု၏ ဝေဖန်မှုကိုခံနိုင်ဖို့၊ လူထုအသံနားထောင်ဖို့ အမြဲလိုလိုပြောနေသူ ဒေါ်အောင်ဆန်းစုကြည် အား ပြည်သူထဲမှ ပြည်သူတစ်ဦးဖြစ်သူ ဦးမင်းဆွေမှ စာရေးသားပေးပို့ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ထံသို့ မရောက်ရှိခဲ့ပေ။ ထိုစဉ်က NLD ရုံး မှ တာဝန်ခံ ဦးဝင်းထိန် တို့မှ "ဒေါ်စုကြည်" ဟု ရေးသားထားသည့် ဦးမင်းဆွေ၏ အသုံးအနှုံးများကို ရိုင်းပြကြောင်း၊ "အောင်ဆန်းစုကြည်" ဟူသော နာမည်အား "အောင်ဆန်းစုကြည်" ဟူ၍ သာ အသုံးပြုသင့်ကြောင်း ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကမူ ၎င်း ကိစ္စနှင့်ပတ်သက်၍ စာဖတ်သည်၊ မဖတ်သည်၊ စာရသည်၊ မရသည် ကို တစုံတရာ ထုတ်ပြန်ပြောဆိုခြင်း လုံးဝမရှိခဲ့ခြေ။ ထိုစဉ်က ဦးမင်းဆွေမှာ တီရှပ် အကျီအဖြူပေါ်တွင် "ဒေါ်အောင်ဆန်းစုကြည်ကို မျက်စိပိတ်၊ နားပိတ် မလုပ်ကြပါနှင့်" ဟု စာရေးသားခဲ့သည်။


ငါးမင်းဆွေမှ ဒေါ်အောင်ဆန်းစုကြည်သို့ (၃) ~ http://www.myanmarexpress.net/2010/12/blog-post_12.html


"ဒေါ်အောင်ဆန်းစုကြည်" နာမည်အား "ဒေါ်စုကြည်" ဟု ပြဿနာတတ်ခဲ့သည့် အမည်နာမ ကိစ္စသည် "မြန်မာ"၊ "ဘားမား" နှင့် "ကုလား" ပြဿနာများတွင် ပုံစံတူပြဿနာများ ပေါ်ပေါက်လာခဲ့သော်လည်း ယခုအချိန်ထိ တိတိကျကျ မူဝါဒ အမှန် သတ်မှတ်ထားခြင်းမရှိပဲ ဒေါ်အောင်ဆန်းစုကြည် နှုတ်ကထွက်သည့် စကားသာလျှင် အမှန်ဖြစ် မှတ်ယူနေကြရသည်ကို စိတ်ပျက်ဖွယ် တွေ့မြင်ရသည်။

ဦးမင်းဆွေပြီးလျှင် အိပ်ဖွင့်ပေးစာ တစ်စောင်အား " ဒေါ်အောင်ဆန်းစုကြည်သို့ နောက်ဆုံးပေးစာ ဟု ခေါင်းစဉ်တပ်၍ပေးပို့သူမှာ လမ်းပြကြယ် မှ ဦးအေးမြင့်ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား ...

ဒီစာကို လေးလေးစားစားဖြင့် ရေးသားလိုက်ပါတယ်။ ယခုစာရေးချိန် ထိ လေးစားလျက်ပါ။ အောက်ပါမေးခွန်းများကို သေသေချာချာ စဉ် စားပြီး ဖြေစေလိုပါတယ်။

(၁) ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် တိုက်တွန်းမိန့်ကြားခဲ့လို့ မဲ မပေးဘဲနေခဲ့သူများအတွက် ဘာလုပ်ပေးခဲ့ပြီးပြီလဲ၊ ပြင်ဆင်ထားပြီ လား။

(၂) VOA, RFA, BBC, DVB အသံလွှင့်ဌာနများက ဒေါ်စုနဲ့ အန်အယ် လ်ဒီကို အမွှန်းတင်လွန်းတဲ့ အရှိန်ကို မီအောင် ဒေါ်စု လိုက်မလုပ် နိုင်ခြင်းကို ပြည်သူလူထုက နားလည်ပေးနေတာ သိပါရဲ့လား။

(၃) ဒေါ်စုအနေနဲ့ ပြည်သူလူထုရဲ့လေးစားကြည်ညိုမှုကိုသာ ခံယူတတ်ပြီး ပြည်သူလူထုအတွက် ဘာမျှလုပ်မ ပေးနိုင်တာကို သတိပြုမိပါရဲ့လား။

(၄) လယ်ယာမြေကိစ္စ၊ မတရားဥပဒေမဲ့အနိုင်ကျင့်ခံရသောကိစ္စများကို အောက်ခြေအရောက် ကိုယ်တိုင်ဆင်း ပြီး သွားရောက်ကူညီဆောင်ရွက်ပေးခြင်း ရှိခဲ့ပါသလား (ဒီအချက်ဟာ အဓိက နိုင်ငံရေးတိုက်ကွက်ဆိုတာ သိစေချင်တယ်)။

(၅) ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဆန့်ကျင်ရေး၊ ၁၉၉၀ ခုနှစ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၊ ပင်လုံညီလာခံ၊ တိုင်းပြည်အတွက် ကောင်းစားမည်ဆိုလျှင် (ကြံ့ဖွံ့ပါတီ) ကိုတောင် လက်တွဲနိုင်ပါတယ် ဆိုသောစကားများ ပြောကြားထုတ်ဖော်ခဲ့သောကိစ္စ တခုမျှ မအောင်မြင်ခဲ့သည်ကို ပြန် လည်သုံးသပ်မိပါသလား။

(၆) ယခု ဒေါ်စုနဲ့ အန်အယ်လ်ဒီပါတီ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တာ မအောင်မြင်ဘူး၊ အစိုးသစ်ပေါ် လာပြီိ။ မိမိမကြိုက်တဲ့ အစိုးရသစ်ကို ဘာလုပ်မလဲ။

(ရ) မြင့်သောနေရာမှနေသော ဒေါ်စုက အခြားနိုင်ငံရေးသမားများကို စတင်ဖိတ်ခေါ် ဆွေးနွေးရမည့်အစား ဒေါ်စုကို တွေ့ခွင့်တောင်းနေရခြင်းသည် နိုင်ငံရေးဆုံးရှုံးမှုတရပ်ဖြစ်ခဲ့သည်ကို သတိထားမိပါသလား။

ဦးအေးမြင့် (လမ်းပြကြယ်)
ဟု၍ဖြစ်သည်။ 
ယခုအခါတွင် မိန့်ခွန်းပြောဆိုချိန်တိုင်းမှာ "ကျွန်မကို မေးခွန်းတွေမေးပါ.. မေးခွန်းမေးမှ ဖြေလို့ရမှာပါ" ဟု အသံကောင်းဟစ်နေသော်လည်း ထိုစဉ်က မေးထားသော မေးခွန်းများကိုတော့ လုံးဝ လုံးဝ ဖြေကြားခဲ့ခြင်းမရှိပေ။ အထူးသဖြင့် မေးခွန်း (၅၅) ခု အား http://www.myanmarexpress.net/2011/11/blog-post_13.html တွင် မေးမြန်းထားခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယနေ့အချိန်ထိ ဖြေဆိုနိုင်စွမ်း မရှိပေ။
 
 
ဒေါ်အောင်ဆန်းစုကြည်ကို မိသားစု သံယောဇဉ် ကို စွန့်လွှတ်သူအဖြစ် ၎င်း အားထောက်ခံသူများမှ ကြံဖန်ချီးကျူးကြသော်လည်း (၃) နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် နှင့် မိုက်ကယ်အဲရစ် တို့မှ မွေးဖွားသော သားအငယ်ဖြစ်သူ အကြိမ်ကြိမ် လာရောက်တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကြီးမှလည်း သားအငယ်၏ မိသားစုရှိရာ ဗြိတိန်နိုင်ငံသို့လည်းကောင်း၊ သားအကြီးရှိရာ အမေရိကန်နိုင်ငံသို့လည်းကောင်း၊ လင်ယောင်္ကျားဖြစ်သူ မိုက်ကယ်အဲရစ် ၏ အုပ်ဂူသို့လည်းကောင်း ၂ ကြိမ်တိတိ သွားရောက်ခဲ့သည်။ 
 ထူးဆန်းသည်မှာ မြန်မာ သမ္မတလုပ်မည်ဟု ကြွေးကြာ် ထားသူ ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ယောက်လုံး နှင့် မြေးများမှာ မြန်မာစကား လုံးဝ နားမလည်၊ မပြောတတ်ကြပေ။ ၂ နှစ်အတွင်း သား၊ ချွေးမ၊ မြေးများနှင့် အကြိမ်ကြိမ် ဖုန်းဆက်စကားပြောခြင်း၊ အင်တာနက်ပေါ်တွင် တွေ့ဆုံခြင်း အကြိမ်ကြိမ်ရှိခဲ့သော်လည်း မိသားစုချင်းပြောဆိုသည့် စကားများမှာ မြန်မာစကားမဟုတ်ချေ။


၂၀၁၀ ခုနှစ် နှစ်ကုန်တွင် ကမ္ဘာ တစ်ခုလုံးသို့ ထိတ်လှန့်တုန်လှုပ်စေသည့် ဝီကီလိခ် ပြဿနာ သည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကိုလည်း များစွာထိခိုက်စေခဲ့သည်။ NLD မှ သက်ကျားအိုများကို "အန်ကယ်ကြီးများ" ဟူ၍ အမေရိကန် သံအရာရှိမှ လှောင်ပြောင်ပြောဆိုမှုများ ရှိခဲ့ပြီး အဆိုးဆုံးမှာ မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ “အခန်းကဏ္ဍမှာ ပြီးဆုံးသွားပြီ”ဟု အိန္ဒိယနိုင်ငံခြားရေး ၀န်ကြီးဌာနမှ အမေရိကန် အရာရှိများကို ပြောဆိုကြောင်း ကို ၀ီကီလိစ်က ဖော်ထုတ်လိုက်ခြင်းပင်ဖြစ်သည်။ သို့သော် ဝီကီလိစ်ခ်၏ ဖွင့်ချချက်များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်မှ မိမိကိုယ်တိုင်လည်း ခုခံချေပနိုင်ခြင်းမရှိခဲ့သလို အပြောခံရသူ သက်ကြားအိုများအတွက်လည်း ခုခံပြောဆိုနိုင်စွမ်းမရှိခဲ့ခြေ။

.
 အပိုင်း (၁) အား http://www.myanmarexpress.net/2013/11/blog-post_5937.html တွင် ဖတ်ရှုနိုင်သည်...။

 www.MyanmarExpress.net
 

1 comments:

ဘိုကုန်းမအမြှောက်ကြိုက်ပြီးသူ့ကိုဝေဖန်မခံနိုင် ဘူး။တကယ်တော့အာဏာရှင်ဆ်ုတာသူပဲ။ ဦီးနေဝင်းတို့ဦးသန်းရွှေတို့မဟုတ်ဘူး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်