Subscribe to our RSS Feed

ရန်ကုန်-မော်လမြိုင် ခရီးသည်တင် မှန်လုံယာဉ် မုဒုံတွင် လမ်းဘေးချောင်းထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ပြီး ခရီးသည် ၂၂ ဦး ဒဏ်ရာရရှိ

From : ..eleven


မုဒုံမြို့နယ် ကမာဝက်တိုက်နယ် ဖောင်စိန်ကျေးရွာ ဖေါင်စိန်ချောင်းထဲသို့ ရန်ကုန်-မော်လမြိုင် ပြေးဆွဲနေသော အောင်သီဟ ယာဉ်လိုင်းမှ မှန်လုံကားတစ်စီး ထိုးကျတိမ်းမှောက်မှု နိုဝင်ဘာလ (၁၆) ရက် နံနက် ၄ နာရီ ၃၀ မိနစ်တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အောင်သီဟ မှန်လုံယာဉ်လိုင်းမှ ဟီးနိုးအမျိုးအစား ယာဉ်အမှတ် ၄ခ။--- သည် ကမာဝက်တိုက်နယ် ဖေါင်စိန်ကျေးရွာအရောက် မောင်လမြိုင်-သံဖြူဇရပ်-ရေး လမ်းမိုင်တိုင်အမှတ် (၃၇။၃) တံတားအမှတ် ၃၈။၂ (သံဖြူဇရပ် မြို့အ၀င်) အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တံတားပေါင်ကိုတိုက်ပြီး ဖေါင်စိန်ချောင်းထဲသို့ ထိုးကျတိမ်းမှောက် ခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါလာသူ ၂၂ ဦးလုံး ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကာ သံဖြူဇရပ်မြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့ဆေးကုသမှု ခံယူခဲ့သည်။

"ကျွန်တော်က လမ်းမှာအိပ်ပျော်လာတာ။ ကားနဲ့တံတားပေါင် တိုက်မိပြီး ချောင်းထဲကျတဲ့ အချိန်မှ နိုးလာတာ။ ဖြစ်ဖြစ်ချင်း မထနိုင်ဘူး။ ကားသမားတွေ အော်တော့မှ အတင်းထပြီး လမ်းပေါ်ပြန်တက်လာတာ" ဟု ယာဉ်ပေါ်ပါလာသူ ခရီးသည် တစ်ဦးက ပြောကြားသည်။

"ကားက အရှိန်များပြီး လမ်းရဲ့ ညာဘက်မှာရှိတဲ့ လမ်းဘေးက ပန်းခုံကို အရင်တိုက်တယ်။ နောက် တံတားရဲ့ ဘယ်ဘက်တံတားပေါင်ကိုတိုက်ပြီး ချောင်းထဲကျသွားတယ်။ ချောင်းထဲမှာ ရေနည်းနေတဲ့ အချိန်ဖြစ်လို့ ခရီးသည်တွေ သက်သာတာ။ ချောင်းရေများနေရင် မလွယ်ဘူး" ဟု ကမာဝက် တိုက်နယ်ရဲစခန်းမှ တာဝန်မှူးက ပြောကြားသည်။

ထို့ကြောင့် အောင်သီဟ မှန်လုံကားမှ ယာဉ်မောင်း ဦးအေးကျော်အား ယာဉ် (ပ) ၁၁။ ၂၀၁၃ ပုဒ်မ ၃၃၇။၃၃၈ အရ ကမာဝက် တိုက်နယ်ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

(နိုဝင်ဘာ ၁၆ ရက်က ခရီးသည်တင် မှန်လုံယာဉ် မုဒုံမြို့နယ် ကမာဝက်တိုက်နယ် ဖောင်စိန်ကျေးရွာ ဖောင်စိန်ချောင်းထဲသို့ ထိုးကျနေစဉ်)

.. www.MyanmarExpress.net
 

2 comments:

1-NEED WARNING SIGNS AT ALL BRIDGE TO SLOW DOWN SPEED FOR EXAMPLE
15 MILES PER HOUR BY ALL VEHICLES.AND
ALL MOTOR VEHICLES MUST STOP AT ALL
RAILWAY JUNCTION AND ONLY PROCEED
IF IT IS SAFE TO DRIVE THROUGH.
2-NEED DRIVER HAND BOOK FOR ALL DRIVER.
3-NEED MORE STRICT TO ALL PROFESSIONAL DRIVER LICENSE EXAMINATION AND LICENSE
RENEWAL.
4-VALIDITY OF ALL DRIVER LICENSE
SHOULD BE 4 YEARS.
5-EXPIRY DATE OF ALL DRIVER LICENSE
SHOULD BE ON HIS/HER BIRTH DAY.
6-WE KNEW IT IS VERY LONG TO RENEW
LICENSE AND A GREAT TIME CONSUMPTION.
PLEASE IMPROVE.
7-ALL BRIDGE SIDE AND ROAD SIDE GUARD
RAIL/FENCE SHOULD BE SPECIAL DESIGN
AND STRONG ENOUGH SO THAT VERY
HARD TO BREAK THROUGH THE GUARD
RAIL/FENCE AND ALSO SOME KIND OF
DESIGN TO PREVENT BREAK THROUGH
BUT IT WILL ALSO PREVENT THE
AUTOMOBILE GOING THROUGH.
8-PLEASE RECHECK ALL ROADS AND HIGH
WAYS SHOULD BE SAFE DRIVING.
9-WE HEARD MANY ACCIDENT ON YANGON MANDALAY HIGH WAY.
10-REQUEST TO CHECK HOW ROADS AND
HIGH WAYS ARE DESIGN AND BUILD FOR
PUBLIC SAFETY IN OTHER COUNTRIES.
11-PLEASE DO RESEARCH WORK HOW
THE OTHER COUNTRIES ARE UPDATING
THEIRS RULES OF THE ROADS.
12-WE KNEW WE NEED TO CHANGE A LOT
BUT INTENTIONALLY LEFT TO AUTHORITY
TO TAKE ACTIONS.

PLEASE SEE THE PHOTOGRAPH SHOWING
THE GUARD RAIL.
THIS GUARD RAIL IS JUST LOOK LIKE A
FENCING BETWEEN TWO HOUSES.
ALL ROAD SIDE GUARD RAILS SHOULD
DESIGN NOT TO BREAK THROUGH THE
GUARD RAIL BUT ITSELF PREVENT THE CAR
STOP AND HOLD IT LIKE A VERY
STRONG BRAKE.
PLEASE DO RESEARCH WORK AND
NEED IMPROVEMENT.
THANK YOU.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်