Subscribe to our RSS Feed

သူရိယနေ၀န်း နှင့် ဦးတေဇ ပြဿနာ ပိုမိုကြီးထွားလာပြီလား

From : .. irrawaddy
 အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင် ခရိုနီများကို ပြင်းထန်စွာ ဝေဖန်သည့် သူရိယနေ၀န်း ဂျာနယ်အား ထူးကုမ္ပဏီ အုပ်စု ဥက္ကဌ ဦးတေဇက တရားစွဲဆိုမည့် ဖြစ်စဉ်အပေါ် ပြည်တွင်း စာနယ်ဇင်းများနှင့် လူမှုကွန်ရက် စာမျက်နှာများ၌ စိတ်ဝင်တစား ရေး သား ဖော်ပြလာကြောင်း တွေ့ရသည်။

ယခင်စစ်အစိုးရ အကြီးအကဲ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူဟု လူအများက ပြောဆိုနေသော ဦးတေဇ ကလည်း သူ၏ လူမှု ကွန်ရက် စာမျက်နှာ ကိုယ်ပိုင် ဖေ့စ်ဘုတ်မှတဆင့် တုံ့ပြန်ထားသည်။

“ယခုလို ဘယ်မီဒီယာမှ မကျင့်သုံး မရေးသားခဲ့တဲ့ အဝါရောင်ဆန်သော အရေးအသားများနဲ့ မိမိအပေါ်စော်ကားမှုများအတွက် လည်း လူကြီးလူကောင်း ပီသစွာ ဥပဒေဘောင် အတွင်းမှပဲ စကားပြောပါမယ်။ လမ်းဘေးစရိုက်ဆန်စွာ စိန်ခေါ်မှုအတွက် မိမိ ဥပဒေဘောင် အတွင်းမှ တုံ့ပြန်ပါမယ်။ မိမိကို ပုတ်ခတ်စော်ကား ရေးသားသော တခြားသော စာစောင်များကိုလည်း ဥပဒေကြောင်း အရ တုံ့ပြန်သွားပါမည်။ ၎င်းအချိန်မှ ထွက်မပြေးရန် မိမိပြောလိုပါသည်”ဟု ဦးတေဇ က ရေးသားထားသည်။

ဦးတေဇ၏ ဖေ့စ်ဘုတ် စာမျက်နှာမှာ အမှန်ဖြစ်ပြီး ယင်းရေးသားချက်များမှာလည်း ဦးတေဇ၏ အာဘော်များ ဖြစ်ကြောင်း ထူးကုမ္ပဏီ အုပ်စုမှ ရုံးအဖွဲ့မှူး ဦးညီညီအောင်က ဧရာဝတီသို့ ပြောသည်။

“ဦးတေဇနှင့် စိန်စီသောညများ” ခေါင်းစဉ်ဖြင့် ဦးတေဇ အပါအ၀င် ခရိုနီများကို အတိအလင်း စစ်ကြေညာလိုက်ကြောင်း စာစုကို နိုဝင်ဘာ ၂၃ ရက်နေ့ထုတ် သူရိယနေ၀န်း ဂျာနယ်တွင် ထောင်သူရဲ ဘအုပ် အမည်ဖြင့် သူရိယနေ၀န်း အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်းက သူကိုယ်တိုင် ရေးသားခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။

ထောင်သူရဲ ဘအုတ် ၏ စာစု၌“ခင်ဗျားတို့ ခရိုနီအားလုံး ရန်ကုန်မြစ်ထဲက မော်တော်တစင်းနဲ့ ဘင်္ဂလားပင်လယ်အော်ထဲထိ မောင်း သွားပြီး အားလုံးခုန်ချပြီး အဆုံး စီရင်လိုက်တာ ပိုကောင်းပါတယ်။ ရန်ကုန်မြစ်ထဲမှာဆို ပေါ်လာမယ့် Body က မြင်မကောင်းရှုမကောင်း ဖြစ်နေမှာ စိုးလို့ပါ။ ဘင်္ဂလား ပင်လယ်အော်ထဲမှာဆိုတော့ Body တွေ ပြန်ပေါ်မလာတော့ဘူးပေါ့ဗျာ။ ဘင်္ဂလား ပင်လယ် အော်ထဲမှာက ငမန်းတွေ ရှိတယ်လေ”ဟု ပါရှိသည်။

ထိုသို့သော သူရိယနေ၀န်း ဂျာနယ်၏ ရေးသား ဖော်ပြချက်များသည် စာနယ်ဇင်းကျင့်ဝတ်နှင့် မညီကြောင်း၊ မီဒီယာတခု အနေဖြင့် ရပ်တည်မည်ဆိုပါက မီဒီယာကျင့်ဝတ်နှင့် အညီ အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ရေးသားသင့်သည်ဟု အကြံပြုလိုကြောင်း သတင်းစာပညာ သင်တန်းများ ပို့ချနေသည့် ဦးကြည်မင်းက ပြောသည်။

“အကုန်လုံးကတော့ ဒုက္ခတော့ ရောက်ကုန်တော့မှာ။ ဦးတေဇ ဘက်ကလည်း အသေရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ စွဲခွင့် ရှိတယ်။ သူရိယနေ၀န်း ဘက်ကလည်း ဦးတေဇက န၀တ(နိုင်ငံတော် ငြိမ်ဝတ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) လက်ထက်မှာ ယူကရိန်း ကနေ ဟယ်ရီကော်ပတာတွေ ၀ယ်တဲ့ ကိစ္စတွေ ရှိတယ်။ ကော်မရှင်ခ ဒေါ်လာ သန်းချီ သွားတာ။ အဲဒီနောက်ပိုင်း သစ်တောတွေ အကုန်ခုတ်။ တခြားလုပ်ချင်တာတွေ လုပ်ခွင့်ရခဲ့တော့ အဲဒါကို တွယ်ရင် ပြဿနာတက်မှာ”ဟု ဦးကြည်မင်းက ဆိုသည်။

မြန်မာ ဂျာနယ်လစ်များ ကွန်ရက် အဖွဲ့(MJN) မှ ဦးမြင့်ကျော် ကလည်း အသေရေဖျက်မှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အချက် အလက် အထောက်အထားမရှိဘဲ လူတယောက်ကို နစ်နာစေပါက အသရေဖျက်မှု မြောက်သောကြာင့် ဦးတေဇဘက်မှ အသေရေ ပျက်စေနိုင်သော အထောက်အထားများ ရရှိထားပါက တရားစွဲခွင့်ရှိကြောင်း ဧရာဝတီသို့ ပြောသည်။

“မြန်မာပြည်မှာက လူတွေ မုန်းတဲ့ အာဏာရှင်၊ ခရိုနီတွေကို ပြောတယ်ဆိုရင်ပဲ အဲဒီလူက သူရဲကောင်းလို ဖြစ်နေတယ်။ ပြဿနာ က သူက ဘာသူရဲကောင်းမှ မဟုတ်ဘူး။ မကျေနပ်လို့ လမ်းပေါ်ထွက်ဆဲတဲ့ အဆင့်ပဲရှိတာ။ ဆဲတော့ အခု လူတွေထွက်ကြည့်နေ တယ်။ အခုထွက်ကြည့်နေတဲ့ ကာလလို့ပြောရမှာပေါ့။ ဆဲလိုက်တော့ တဖက်က တုံ့ပြန်မှုတခုခုတော့ ရှိလိမ့်မယ်။ ကျနော်တို့ကတော့ အ၀ါရောင် စာနယ်ဇင်းလို့ပဲ မြင်တယ်”ဟု ဦးမြင့်ကျော်က ဆိုသည်။

ကျင့်ဝတ်နှင့်မညီသော အရေးအသားများကြောင့် မြန်မာနိုင်ငံ၏ မီဒီယာ ပုံရိပ်မှာ ထိခိုက်လျက်ရှိပြီး ဆင်ဆာမူဝါဒများနှင့် ကိုယ်ကျိုး စီးပွားရှေ့တန်းတင်မှုတို့ကြောင့် လွတ်လပ်သော မီဒီယာများ ရှားပါးသွား၍ ယခုအချိန်တွင် အမှန်တကယ်လွတ်လပ်သော သတင်း မီဒီယာများ ပေါ်ထွက်လာစေရန် အရေးကြီးကြောင်း ပဲ့တင်သံ ဂျာနယ် တာဝန်ခံအယ်ဒီတာ မသီတာ(စမ်းချောင်း)ကလည်း ပြော သည်။

“အချက်အလက်နဲ့ဝေဖန်ထောက်ပြနိုင်ရင် ဂျာနယ်တစောင်၊ သတင်းထောက်တယောက် အကျိုးထက် တိုင်းပြည်အတွက်ပါ အကျိုး ရှိနိုင်တယ်။ ခရိုနီတွေရဲ့ စီးပွားရေးနဲ့ပတ်သက်တဲ့ မသမာမှုတွေ အခွန်ရှောင်မှုတွေကို စနစ်တကျနဲ့ ထိထိရောက်ရောက် ဖော်ထုတ် နိုင်တယ် ဆိုရင်တော့ ကောင်းပါတယ်။ သတင်းဖတ်တဲ့သူတွေမှာ Right to Know လို့ခေါ်တဲ့ သတင်းသိပိုင်ခွင့်ရှိဖို့ လိုသလို သတင်း ပေးတဲ့ Source(သတင်း ရင်းမြစ်) နဲ့ သတင်းကို ဆန်းစစ်ခံရတဲ့ သူတို့ဘက်မှာလည်း ပြောရေးဆိုခွင့် ဆိုတာ ရှိရမယ်”ဟု မသီတာ(စမ်းချောင်း)က ဆိုသည်။

လက်ရှိအခြေအနေအရ သူရိယနေ၀န်း ဂျာနယ်ကို တရားစွဲဆိုရန် စီစဉ်နေပြီး ဥပဒေကြောင်းအရ အရေးယူနိုင်ရန် အချက်အလက် များ စုဆောင်းလျက်ရှိကြောင်း ထူးကုမ္ပဏီ အုပ်စု ရုံးအဖွဲ့မှူး ဦးညီညီအောင် က ဧရာဝတီသို့ ပြောသည်။

“တရားစွဲနိုင်ဖို့ အချက်အလက်တွေ စုဆောင်းနေတယ်။ တိုင်ပင်နေတယ်။ သူရိယနေ၀န်းကိုပဲ တရားစွဲဖို့ လုပ်မှာပါ”ဟု ဦးညီညီ အောင် က ပြောပြသည်။

ဦးတေဇမှာ တိုင်းပြည်၏ စီးပွားရေး လုပ်ငန်းရှင်ဖြစ်သောကြောင့် စာစောင်များက စာနယ်ဇင်းကျင့်ဝတ်နှင့် အညီ အမြင်အမျိုးမျိုးဖြင့် ရေးသားနေကြသည်မှာ ပြဿနာမရှိကြောင်း၊ သို့သော် သူရိယနေ၀န်းဂျာနယ်မှာ ပုဂ္ဂိုလ်ရေး ခြိမ်းခြောက်မှုများသာမက အလွန် ဆိုး ၀ါး လာသောကြောင့် ဥပဒေကြောင်းအရ အရေးယူရန် စဉ်းစားရခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။

“တော်ရုံတန်ရုံ ကိစ္စဆိုရင် တိုင်းရေးပြည်ရေး မီဒီယာ ကိစ္စတွေကို အကုန်လုံး နားလည်ပါတယ်။ ဘာမှမပြောပါဘူး ။ သူရိယ နေ ၀န်း ကတော့ လူပုဂ္ဂိုလ်အနေနဲ့ ခြိမ်းခြောက်တာတွေရော တခြားကိစ္စတွေရော တော်တော် ဆိုးဆိုးဝါးဝါး မို့လို့ပါ”ဟု ဦးညီညီအောင် က ပြောဆိုသည်။

သူရိယနေ၀န်း ဂျာနယ်မှ အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်းကမူ ဦးတေဇ၏ သူရိယနေ၀န်း အပေါ် တုံ့ပြန်လာမှုကို လုံးဝအံ့သြခြင်း မရှိဘဲ ကမ္ဘာ့သမိုင်းတွင် တရားလိုမှ တရားခံဖြစ်သွားသော ဖြစ်စဉ်များစွာရှိသောကြောင့် ဆက်လက် လှုပ်ရှားသွားမည်ဖြစ်ပြီး မည်သည့် အခြေအနေတွင်မှ နောက်ကြောင်း ပြန်လှည့်မည်မဟုတ်ကြောင်း ပြောသည်။

“ကျနော်တို့လို လူထုဘက်ကရပ်တည်နေတဲ့ ဂျာနယ်တစောင်ရဲ့ ကြန်အင်လက္ခဏာတွေနဲ့ သဘောသဘာဝတွေကိုက အာဏာရှင် ကရော၊ အာဏာပိုင်ကရော၊ ခရိုနီတွေကရော အထူးသဖြင့် သူရိယအလင်းနဲ့ သူရိယနေ၀န်းဂျာနယ်မှာ ဖော်ပြခဲ့တဲ့၊ ပါဝင်ရေးသား ခံရတဲ့ ခရိုနီဇာတ်ကောင် အကြီးကြီးတွေအနေနဲ့ ကျနော်တို့ကို တနေ့မဟုတ် တနေ့ ဒီလိုလုပ်လာမယ်ဆိုတာ အစကတည်းက ကြိုတွက်ထားပြီးသားပါ။ တခုပြောချင်တာက တရားစွဲမယ့်လူကလည်း တရားခံပြန်ဖြစ်သွားနိုင်တယ် ဆိုတာမျိုးက ကမ္ဘာ့သမိုင်းမှာ ပြည့်နှက်နေတာပါပဲ”ဟု ဦးမိုးဟိန်းက ဆိုသည်။

ပြည်တွင်ငြိမ်းချမ်းရေး၊ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ခရိုနီစနစ် အမြစ်ဖြုတ်ရေးဆိုသော အချက်များနှင့် ညီညွှတ်သော ဆောင်း ပါး၊ သတင်းများ အားလုံးကို ဆက်လက်ဖော်ထုတ်ပြီး ပြည်သူလူထု၏ တထောင် တန်သော ပိုက်ဆံကို တကျပ်နှင့် ယူထားသော ကိစ္စရပ်များကို ဆက်လက် ဖော်ပြပေးရမည်မှာ သူရိယအလင်း၏ တာဝန် ဖြစ်ကြောင်း ဦးမိုးဟိန်းက ဆက်လက် ပြောဆိုသည်။

“ကျနော်တို့က ဘယ်တော့မှ နောက်ပြန်မလှည့်ဘူး။ ၈၈ ကတည်းကစပြီး တခါမှ နောက်ပြန်မလှည့်ခဲ့ဘူး။ ကျနော်တို့ ၈၈ ကျောင်း သား ခေါင်းဆောင်တွေက ဘယ်တော့မှ နောက်ပြန်မလှည့်ဘူး။ ရှေ့ကိုပဲ ရအောင်ထိုးဖောက်တာ”ဟု ဦးမိုးဟိန်းက ဆိုသည်။

 

32 comments:

မိုးဟိန်း​ရေ ​နောက်​ပြန်​မလှည့်​ဘူးဆိုပြီး ဘာဖြစ်​လို့ထွက်​​ပြေးတိမ်း​ရှောင်​သွားရတာလဲ ဘာဖြစ်​လို့ အ​မေရိကန်​မှာ နိုင်​ငံ​ရေးခိုလှုံခွင့်​​တောင်းရတာလဲ။ နိုင်​ငံ​ရေးခိုလှုံ ခွင့်​​တောင်းတယ်​ဆိုတာ သူရဲ​ဘော​ကြောင်​တဲ့သူ​တွေ လုပ်​တဲ့အလုပ်​ကွ သူရဲ​ကောင်းမဟုတ်​ဘူး။ ကိုယ့်​အပြစ်​ကို မခံရဲတဲ့​ကောင်​​တွေ ကိုယ်​လုပ်​တာကိုယ်​ တာဝန်​မယူရဲတဲ့​ကောင်​​တွေပဲ။

Rubbish, Dick sucker. West ideology is destroying country.

မိုးဟိန်း မကြားဖူးပေါင်

ယူ က ရိန်း က ဟယ် ရီ ကော် ပ တာ ဆို တဲ့ ကိ စ္စ က တိုင်း ပြည် အ တွက် လုပ် တာ မ ဟုတ် လား လက် နက် ကိစ္စ တွေ ကို အ ကျယ် ချဲ့ ပြော မယ် ဆို ရင် ဦး မိုး ဟိန်း ခင် ဗျား လွန် လွန်း တယ် လို့ ပြော မယ်

တိုင်း ပြည် အ တွက် စီး ပွါး ရေး ပိတ် ထား ချိန် မှာ ဘယ် နည်း နဲ့ ဖြစ် ဖြစ် ဦး တေ ဇ က စစ် လက် နက် ပစ္စည်း တွေ တင် သွင်း ပေး ပါ တယ် ဆို ရင် ငါဘတို့ ပြည်ဘသူ တွေ က ကျေး ဇူး တောင် တင် မှာ
မိုး ဟိန်း မင်း က တိုင်း ပြည် အ တွက် ဘာ လုပ် ပေး ဘူး သ လဲ

မင်း တို့ စာ န စဉ်း လော က က စည်း ပျက် ကမ်း ပျက် ရေး တာ များ တယ် အ ဖေ ကျော် ပြိး ပ ထွေး တော် ချင် ကြ တယ်

နိုင် ငံ ခေါင်း ဆောင် တွေ ဟာ တိုင်း ပြည် အ တွက် ကောင်း ကွက် တွေ အ များ ကြိး ရှိ ကြ တာ ပါ ဘဲ အ ပြစ် ရှာ ပြိး အ ပြစ် ပြော နေ လို့ က တော့ ဂျော့ စ ဘို့ တောင် အ ပြစ် တွေ နဲ့ ပါ
ဘာ ဘဲ ဖြစ် ဖြစ် အ မူ ဖြစ် ခဲ့ ရင် ဦး တေ ဇ ဘက် က ပါ မှာ ဘဲ

ဦး တေ ဇ ဆို တာ လဲ မ ရင်း နီး ပါ ဘူး
မိုး ဟိန်း ဆို တာ လဲ မ မြင် ဘူး ပါ ဘူး
လက် နက် စစ် ပစ္စည်း ကိစ္စ ဆို ရင် တော့
မိုး ဟိန်း မင်း ထွက် ပြေး ဘို့ ပြင် ထား ပါ
တိုင်း ပြည် သစ္စာ ဖေါက် ဖြစ် သွား မယ်

အ ခက် အ ခဲ တွေ ကြား က စစ် ပစ္စည်း အ ရ ယူ ပြိး သစ် တော တွေ ကုန် သွား တယ် ပေါ
တ ပင် မှ မ ကျန် တော့ လီး ဖြစ် လား

ဦး သန်း ရွှေ ဦး နေ ဝင်း မိုး ဆက် အား လုးံ ကို
အ နောက် နိုင် ငံ တွေ ပ ယော ဂ ဆန် ဆန် တ ပည့် ကြိး ပုံ စံ စစ် ခုံ ရုးံ တင် တရား စွဲ ပုံ စံ လာ မ လုပ် နဲ့
မင်း တို မီဒီယာ စာ စော င် ပိုင် ရှင် တွေ အ ကုန် ပေါင်း လိုက် ပါ တိုင်း ပြည် အ တွက် လုပ် ခဲ့ တာ ဦး သန်း ရွှေ ရဲ့ ခြေ မ တောင် မ မှီ ပါ ဘူး

မ နာ လို စိတ် တွေ စိတ် ယုတ် တွေ မွေး ပြိး
မ ကောင်း တာ ချည်း မြင် နေ တာ ကိုး ကွ
ကောင်း ကွက် တွေ ကြ မျက် စိ က ကမ်း နေ ကြ တာ ကိုး
မိုး ဟိန်း ၆ ပေ နဲ့ ၂ပေ ကျင်း လေး တူး ထား နှင့် ပါ

TT

ဦးမိုးဟိန်း အ တွက် ခု ကိစ္စ ကဘာ အကျိုး ရှိ မလဲ ကို တေ ဇ အတွက်ကော ဘာ အကျိုးရှိ မလဲ နိုင် ငံ တည် ဆောက် ရေး ကာ လ ပွဲ ဆူ တာ ပေါ့

၈၈ လောကမှာ နောက်လိုက်ဆိုတာမရှိတော့ဘူးလား တစ်ကောင်လာလည်း ၈၈ ခေါင်းဆောင် ၈၈ ခေါင်းဆောင်နဲ့ အဲဒီတုန်းက တောင်းစားနေတဲ့ကောင်ကလည်း ခေါင်းဆောင်ဆိုပြီး အခုမှ ထအော်နေတာလား လူအထင်ကြီးအောင်လုပ်နေကြတယ် နိုင်ငံကောင်းကျိုးအတွက် မလုပ်ဘဲ ကန့်လန့်လိုက်နေတဲ့ ဘေးလွယ်အိတ်တွေ စောက်မြင်ကိုကပ်လာပြီ

၈၈ လောကမှာ နောက်လိုက်ဆိုတာမရှိတော့ဘူးလား တစ်ကောင်လာလည်း ၈၈ ခေါင်းဆောင် ၈၈ ခေါင်းဆောင်နဲ့ အဲဒီတုန်းက တောင်းစားနေတဲ့ကောင်ကလည်း ခေါင်းဆောင်ဆိုပြီး အခုမှ ထအော်နေတာလား လူအထင်ကြီးအောင်လုပ်နေကြတယ် နိုင်ငံကောင်းကျိုးအတွက် မလုပ်ဘဲ ကန့်လန့်လိုက်နေတဲ့ ဘေးလွယ်အိတ်တွေ စောက်မြင်ကိုကပ်လာပြီ

Jမောင်မောင် ။ Jညီညီတို့ကိုအားကျလို့ နောက်အဆိုတော်တယောက်ပေါ်လာကြောင်းသိရှိရပါတယ်။ သူကတော့ရန်ကုန်ကမြို့ပတ်ရထားနဲ့သင်္ဘောတွေပေါ်မှာသီချင်းဆိုလဲကောင်းဆီပြားလဲရောင်းတဲ့Jမိုးဟိန်းလေးပါ။ မုံ့ဖိုးနဲနဲထပ်ပေးရင်တော့ အကအလှလေးပါရှုစားနိုင်ပါတယ်။

၈၈ လောကမှာ နောက်လိုက်ဆိုတာမရှိတော့ဘူးလား တစ်ကောင်လာလည်း ၈၈ ခေါင်းဆောင် ၈၈ ခေါင်းဆောင်နဲ့ အဲဒီတုန်းက တောင်းစားနေတဲ့ကောင်ကလည်း ခေါင်းဆောင်ဆိုပြီး အခုမှ ထအော်နေတာလား လူအထင်ကြီးအောင်လုပ်နေကြတယ် နိုင်ငံကောင်းကျိုးအတွက် မလုပ်ဘဲ ကန့်လန့်လိုက်နေတဲ့ ဘေးလွယ်အိတ်တွေ စောက်မြင်ကိုကပ်လာပြီ

၈၈ အပြေးသမားတွေဆီးဂိန်းမှာနိုင်ငံကိုယ်စားပြုပြီးမာရသွန်ဝင်ပြေးရင်ဆုတွေမနဲရမယ်။သတ္တိခဲကြီးတွေမြန်မာပြည်တော့ကိုယ်စားပြူလို့မရတော့ ကပ်ပလီပင်လယ်တို့ဘင်္ဂလားပင်လယ်တို့ကိုယ်စားပြုပေါ့။ ပြီးရင်တခါထဲကန်ချခံရအောင်။ဟိဟိ

မိုး ဟိန်း မင်း က အ ကု သိုလ် တော် တော် များ တာ ဘဲ မ နာ လို စိတ် များ တယ်
စိတ် လျှော့ ပါ

“ကျနော်တို့လို လူထုဘက်ကရပ်တည်နေတဲ့ ဂျာနယ်တစောင်ရဲ့ ကြန်အင်လက္ခဏာတွေနဲ့ သဘောသဘာဝတွေကိုက အာဏာရှင် ကရော၊ အာဏာပိုင်ကရော၊ ခရိုနီတွေကရော အထူးသဖြင့် သူရိယအလင်းနဲ့ သူရိယနေ၀န်းဂျာနယ်မှာ ဖော်ပြခဲ့တဲ့၊ ပါဝင်ရေးသား ခံရတဲ့ ခရိုနီဇာတ်ကောင် အကြီးကြီးတွေအနေနဲ့ ကျနော်တို့ကို တနေ့မဟုတ် တနေ့ ဒီလိုလုပ်လာမယ်ဆိုတာ အစကတည်းက ကြိုတွက်ထားပြီးသားပါ။ တခုပြောချင်တာက တရားစွဲမယ့်လူကလည်း တရားခံပြန်ဖြစ်သွားနိုင်တယ် ဆိုတာမျိုးက ကမ္ဘာ့သမိုင်းမှာ ပြည့်နှက်နေတာပါပဲ”ဟု ဦးမိုးဟိန်းက ဆိုသည်။

“အကုန်လုံးကတော့ ဒုက္ခတော့ ရောက်ကုန်တော့မှာ။ ဦးတေဇ ဘက်ကလည်း အသေရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ စွဲခွင့် ရှိတယ်။ သူရိယနေ၀န်း ဘက်ကလည်း ဦးတေဇက န၀တ(နိုင်ငံတော် ငြိမ်ဝတ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) လက်ထက်မှာ ယူကရိန်း ကနေ ဟယ်ရီကော်ပတာတွေ ၀ယ်တဲ့ ကိစ္စတွေ ရှိတယ်။ ကော်မရှင်ခ ဒေါ်လာ သန်းချီ သွားတာ။ အဲဒီနောက်ပိုင်း သစ်တောတွေ အကုန်ခုတ်။ တခြားလုပ်ချင်တာတွေ လုပ်ခွင့်ရခဲ့တော့ အဲဒါကို တွယ်ရင် ပြဿနာတက်မှာ”ဟု ဦးကြည်မင်းက ဆိုသည်။

ပြည်သူလူထု၏ တထောင် တန်သော ပိုက်ဆံကို တကျပ်နှင့် ယူထားသော ကိစ္စရပ်များကို ဆက်လက် ဖော်ပြပေးရမည်မှာ သူရိယအလင်း၏ တာဝန် ဖြစ်ကြောင်း ဦးမိုးဟိန်းက ဆက်လက် ပြောဆိုသည်။

ရှေ့ကိုဆက်သွားမယ်ဆိုတာဘယ်လိုမျိုးပါလိမ့်။ သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းပြောနေရုံနဲ့ ရှေ့ကိုမရောက်နိုင်တာတော့ သေချာတယ်။ တကယ်ကတော ခရိုနီအချင်းချင်း ကိုက်ကြတာလို့ဘဲမြင်ပါတယ်။

စောက်ရူးမိုးဟိန်း
ဘာစောက်ဆင့်မှမရှိတဲ့ကောင်က
လာဖွ လာဆွနေသေးတယ်။
မင်းတို့လိုကောင်စားတွေကတော့ကွာ
ကိုယ့်ဂျာနယ် ကိုယ့်နာမည် လူသိများဖို့အရေး
ဘာတန်ဘိုး၊ ဘာကျင့်ဝတ်မှုကို မရှိကြတော့ပဲကိုး။
အေး မင်းကိုယ်တိုင်က ခလုတ်ကို ပေါ်တင်ကြီး လာတိုက်မှတော့ အမိတဘို့တော့ မကြိုးစားနဲ့ပေါ့။
ဥပဒေကြောင်းအရ လုံးဝပြေးမလွတ်စေရဘူး။
မင်းဘယ်လောက်သွေးကောင်းသလဲ စောင့်ကြည့်နေမယ်။
အဆံမပါဘဲ
အသံသက်သက်နဲ့များ ပွဲလာလှန့်နေသေးတယ်။
နောက်မှ ဘွာတော့လာမခတ်နဲ့.။

နောက်ပြန်မလှဲ့ဘူးဖနောက်နဲ့တင်ပါးတသားထဲကျအောင်ပြေးခဲ့တာ။ ဟဟ

အဲဒီဂျာနယ်မဆိုးဘူး လမ်းမှာအိမ်သာဝင်တာ တစ်ရှူးကုန်နေလို့ အဲဒါနဲ့သုံးခဲ့ရတယ်။ ဟီးဟီး

သနားပါတယ်။ သူ့မှာကပ်ပလီနိုင်ငံအမေရိကန်စာအုပ်လေးရ မှထမိန်ခြုံထဲကလက်သီးပြရရှာတာ။ သွတ်သွတ်။

မှန် လိုက် လေ ဘ ကြီး ရယ်။

Most of the commenters above have been fucked by Tay Za. Maybe, their whole families (both mother and father) were f*cked by Tay Za. I heard Tay Za is gay.

ဦးတေဇလိုပုဂ္ဂိုလ်မျိုးနဲ့ကလေကခြေအုပ်ကြားမျက်ပေါက်ခွေးဝဲစားမိုးဟိန်းနဲ့နှိုင်းယှဉ်စရာမလိုပါ။ ဒီလိုကောင်မျိုးမြန်မာပြည်မှာ အိမ်သာပေါက်စောင့်လောက်အဆင့်ရှိတာပါ။ အမေရီကန်ကနေမြန်မာပြည်ရောကပြီးမတန်မရာအယ်ဒီတာချုပ်လုပ်နေတာအံ့သြမိ တယ်။ အမေရိကန်မှာ အောက်ခြေသိမ်းကာယအလုပ်ကြုံရာကြပန်းလုပ်နေကြတဲ့ဒီလိုလူတောမတိုးတဲ့ခွေးသူခိုးတွေဟောင်တိုင်းထကြည့်ပါနဲ့။အိပ်ရေးပျက်ပါတယ်။ ကိုယ်နဲ့မတန်ပါဘူး။အမေရိကန်စာအုပ်ကိုင်တိုင်းမြန်မာပြည်ကထိပ်သီးတွေကိုယှဉ်လို့ရရင်ဒုက္ခသည်စခန်းတွေကလာတဲ့ မိုးဟိန်းတို့လိုဒုက္ခသည်အစုပ်အပြတ်တွေ မိကောင်းဖခင်မြန်မာအမျိုးကောင်းသားသမီးတွေကိုထင်တိုင်းလာဖြတ်စီးတော့မှာပါ။ ဒီခွေးတွေရဲ့ရန်ကိုသတိပြုပါ။ ပေးတာယူကျွေးတာစားပြီးသခင်အားရကျွန်ပါးဝတွေဖြစ်တယ်။ ကုလားထက်ဆိုးတဲ့ကပ်ပလီမျိုးတွေဖြစ်နေတာသိထားကြပါ။ ပုံ/ မင်းတို့နားကအကြောင်းသိ

အမေရိကန်နိုင်ငံမှာ ကြာကူရီရိုက်၊ ဖာချ၊ လုပ်စား ဇိမ်ခံခဲ.တာ
မိုးသီး၊ မိုးဟိန်း ၂ကောင်လုံးပါ။

ခွေးမသား နိုင်ငံရေးလုပ်စားတွေ

We support any journal which share relationship between Myanma Tatmadaw officers and any crony who abused natural resources of our country and became rich men. Thank Thuria Nay un Journal behalf of myanmar people to express the information and we hope to see more information about cronies. We are with THURIA NAY WUN JOURNALAND WE WILL SHARE ANY INFORMATION WE KNWE OF MYANMAR CRONIES

မိုးဟိန်းကပြောတယ် တေဇပြီးရင် နေ၀င်းမြေးတွေကိုစော်မယ်တဲ. ၊ ပြီးရင်ရွှေမန်းသားနဲ.တင်အောင်မြင်.ဦးသားတွေ အောင်သောင်းသားတွေပါဆက်တိုက်
တိုက်ခိုက်မယ်လို. ကြိမ်းဝါးထားပြီ ။

မိုဟိန်း နဲ. နိင်ငံတွင်းကစစ်တပ်အသိုင်းအ၀ိုင်းကလူတွေနဲ.ထိပ်တိုက်တွေ.တောမယ် ၊
ပွဲကြည့် မယ်. သာမန်ပြည်သူတွေကတော.၊ မိုးဟိန်းဘဲ ထွက်ပြေးရမလား ၊ ပြည်တွင်းခရီုနီတွေဘဲနိင်မလားစောင်.ကြည်.နေကြပါတယ် ။

ဘာပပဲလုပ်ရလုပ်ရလေ

ဦးတေဇကိုအားလုံးကသိပြီးသား
ဦးမိုးဟိန်းဆိုတာဘယ်ချောင်ကထွက်လာတာလဲနာမည်ကြီးချင်
လို့တမင်တကာအကွက်ချတိုတ်ခိုက်တာဂရုမစိုက်တာပိုကောင်း
မယ်ခွေးလေးခုန်ဖုန်မထပါဘူး၊ပြောချင်တာတခုတော့ရှိတယ်
၈၈ဆိုတာမသုံးရင်ကောင်းမယ်လုပ်စားတာမှန်းသိသာလို့ 
လက်ရှိနိုင်ငံတော်အတွတ်ကောင်းအောင်လုပ်တာဘဲမြင်ချင်
ပါတယ်၊ပုဂိုလ်ရေးတိုတ်ခိုက်မှုတွေရပ်ကြပါ။
(ပြည်သူတစ်ဦး)

because his main ideal is get US visa ,, this is old route moe heain,, dont want to be famous,, we know ,even begger also know u want this visa ,, better u do political begger , dont jelaous to famous people,, if u can perform like this u can attack.. if u read my comment , u must know urself,, NOTE,, i m not this relative,,not army realtive also. i m ordinary people,, but i can stand with my ability, not do like this stupid things,, MOE HEAIN must read my comment,,

H I V patient တဲ့ သံ ဃာေ မ တ် တာ စူး တာ

အောက်တန်းစား စာရေးဆရာဘဲ။ နာမည်ကြီးချင်တာကို သိက္ခာရှိရှိမလုပ်တတ်ဘူးလား။ လူများကို ဆဲရေးတိုင်းထွာ
တဲ့ အဆင့်လောက်နဲ့ဘဲ Media တစ်ခုကို တည်ထောင်နိုင်
သလား။ စာရေးသားခြင်းက အတတ်ပညာတစ်ခုပါ။ ဆဲတာက
တော့ လမ်းဘေးမှာ မူးနေတဲ့အရက်သမားလဲ ဆဲတတ်ပါ
တယ်။ လေဖမ်းဒါန်းစီးနေတဲ့ နိုင်ငံရေးဘဲ.......။ ဒီမိုကရေစီမှာ လုပ်ချင်တိုင်းလုပ်လို့တော့ရတယ်။ ဒါပေမယ့် ကိုယ့်ကြောင့်တစ်ပါးသူကိုတော့ ထိခိုက်လို့မရဘူး။ ကိုယ့်ရဲ့အပြောအဆို၊ အပြုအမူတွေအတွက် တာဝန်ယူရမယ်။
အောက်တန်းစားဆန်ဆန်ပြောတာ အနောက်နိုင်ငံက Media
တွေ၊ နိုင်ငံရေးသမားတွေမှာ မရှိဘူး။ မြန်မာနိုင်ငံရေးလောက ကတော့ အောက်တန်းစားတွေနဲ့ စုနေတယ်......

၈၈ အမည်ခံ အကိုက်အခံများ၊မိုးဟိန်းဆိုတဲ့ကောင် ကပ္ပလီ လီးစုတ်ခဲ့တာ အမှတ်ရလို့ ဘင်္ဂလားအော်တဲ့ကောင်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်