Subscribe to our RSS Feed

လွှတ်တော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ရောက်ရှိလာသော အကြံပြုစာများကို လာမည့်ဇန်န၀ါရီ ၇ ရက်မှစ၍ စတင်စိစစ် လေ့လာမည်

From : ..eleven


လွှတ်တော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ရောက်ရှိလာသည့် အကြံပြုစာများကို လာမည့်ဇန်န၀ါရီ ၇ ရက်တွင် စတင်စိစစ် ဆောင်ရွက်မည်ဟု အဆိုပါ ကော်မတီ၏ အတွင်းရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ပြောကြားသည်။

နိုဝင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးတွင် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးအေးမောက်က ဆိုသည်။

"ကျွန်တော်တို့ စတင်သုံးသပ်မယ့် အစီအစဉ်ကို ဇန်န၀ါရီ ၇ ရက်ကစပြီး အားလုံးဝိုင်းလုပ်ကြမယ်။ ကော်မတီရဲ့ အစီရင်ခံစာက ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၃၀ ရက် နောက်ဆုံးထားပြီး တင်ရမယ်။ လွှတ်တော်ပြန်စဖို့ မှန်းတာတော့ ဇန်န၀ါရီ တတိယပတ်လောက် မှန်းတာပေါ့။ သို့သော် အလုပ်လုပ်ရမယ့် အချိန်က အနည်းဆုံး သုံးပတ်ကျော်လောက် အသေးစိတ် လုပ်ရမယ်လေ။ အဲဒါကြောင့် ကျွန်တော်တို့ ကြိုလုပ်ကြဖို့ ဆုံးဖြတ်လိုက်ကြတာပါ" ဟု ပြောကြားသည်။

လက်ရှိအချိန်တွင် ကော်မတီသို့ ပြည်သူများထံမှ အကြံပြုစာ ၂၄၀ ကျော် ရောက်ရှိနေပြီဖြစ်ကြောင်း၊ မိမိတို့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ အကြံဥာဏ် တောင်းခံသည့် အချိန်အား ဒီဇင်ဘာ ၃၁ ရက်တွင် နောက်ဆုံးထား လက်ခံသွားမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၇ ရက်တွင် စတင်စိစစ် သုံးသပ်သွားမည်ဟု သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မများအနက် မည်သည့်အချက်အား ပြင်ဆင်လိုသည့် အကြံပြုစာများ များပြားကြောင်း ခွဲထုတ်ကာ လွှတ်တော်သို့ တင်ပြသွားမည်ဟု ဦးအေးမောက်က ပြောကြားသည်။


 .. www.MyanmarExpress.net
 

1 comments:

ခင် ဗျား တို့ ဖယ် ဒ ရယ် ကျောင်း တုးံ မ ကျေ ညက် ခဲ့ ဘူး


ဒါ ပေ မဲ့ တပ် မ တော်က တော့ တ ခု တည်း နော်

မ သေ မ ခြင်း မှတ် ထား



TT

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်