Subscribe to our RSS Feed

အကူအညီ တောင်းမည့် သူများကို မျှော်လင့်စောင့်စားနေသူ ဦးခင်ညွန့်

From : .. popular

 

ယခင် အစိုးရ လက်ထက်တွင်  ထောက်လှမ်းရေး ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့စဉ်က ဒီမိုကရေစီ ဟူသည့် ဝေါဟာ ရကို ဟစ်ကြွေးခဲ့ သူများအား အပြစ် ဒဏ် သင့်စေနိုင် စွမ်း ရှိခဲ့သည့် ဦးခင်ညွန့် သည် ရာထူးမှ ဖယ်ရှား ခံရပြီးနောက် နေအိမ် အကျယ်ချုပ်အဖြစ် ဆယ်စုနှစ် တစ်ခု နီးပါးမျှ အပြစ်ပေးခံခဲ့ ရကာ ယခု အချိန်တွင် မူ သူ့ထံမှ အကူ အညီတောင်း ခံမည့်သူများအား မျှော်လင့်လျက် ရှိ သည်။

”ကျွန်တော့်မှာ အတွေ့အကြုံတွေ အများကြီး ရှိပေမယ့် နည်းဗျူဟာ သမား တစ်ယောက် အဖြစ် ဒါမှမဟုတ် အတိုင်ပင်ခံ တစ်ယောက် အဖြစ် ဘယ်သူကမှ အကူအညီ လာမတောင်းကြပါဘူး။ အကယ်၍ တစ်ယောက်ယောက် က ချဉ်းကပ်ပြီး အကူအညီ တောင်းလာခဲ့ရင် အကောင်းဆုံး ညွှန်ကြားချက်တွေ ကျွန် တော်ပေးမှာပေါ့။ ဒါဟာ လည်း နိုင်ငံတော် အကျိုး အတွက်ပါပဲ။ ကျွန်တော်က နိုင်ငံရေးသမား တစ်ယောက် မဟုတ်တဲ့ အတွက် ဘယ်ဘက်ကို မှလည်း လိုက်မှာ မဟုတ်ဘူးလေ” ဟု ဦးခင်ညွန့် က ပြော ပါသည်။

တစ်ချိန်က လူ အများကြောက်ရွံ့ ခဲ့ကြသည့် ဗိုလ်ချုပ်ကြီးဟောင်း သည် ယခုအခါ သစ်ခွပန်းများ ပြုစု ပျိုးထောင် ခြင်း၊ တရား အားထုတ်ခြင်း တို့ကိုပြုလုပ် လျက် ရှိပြီး ပန်းချီပြခန်း ငယ်တစ်ခုကို လည်း တည်ထောင် ဖွင့်လှစ်ထားသေး သည်။

”ကျွန်တော့် စစ်မှု ထမ်းသက် ၄၅ နှစ် ရှိခဲ့ပါတယ်”ဟု ဦးခင်ညွန့်က ပြောသည်။ ”ဒါပေမဲ့  ခုကျွန်တော့် ဘဝဟာ တော့ အင်မတန် ပျော်ရွှင်စရာ ကောင်းပြီး ငြိမ်းချမ်း လှပါတယ်” ဟု သူက ဆက် ပြောပါသည်။

သို့ရာတွင် သူ့ဧည့်ခန်း ထဲရှိ ကွန်ပျူတာ စကရင် တစ်ခုတွင်မတော့ ခြံဝင်း ထဲတွင် တပ်ထားသော စီစီ တီဗီကင်မရာ များမှ မြင်ကွင်းငယ်လေး များ ၁၆ ခုကို တွေ့နေ ရခြင်း က သာမန် အသက် ၇၃ နှစ် အရွယ် ပုဂ္ဂိုလ်တစ်ဦး မဟုတ်သည့် အရိပ်အယောင် ကိုပြနေလေ၏။ ဧည့် ခန်း နံရံနှင့် စင်များပေါ် တွင်လည်း မိ သားစု ဓာတ်ပုံများ၊ ဗုဒ္ဓ ဆင်းတုတော် များရှိနေသလို ရှိုးကေ့စ်ထဲ တွင်လည်း ယခင် ဗိုလ်ချုပ်ကြီး ဘဝက ရွှေပေါင်ကွပ် အနီးကပ် ဓာတ်ပုံ သုံးခုတို့ ရှိနေသည်။

သူသည် ဒေါ်အောင်ဆန်းစုကြည် ကို ထင်ရှား ကျော်ကြား လာစေသည့် ၁၉၈၈ လူထုအုံကြွမှုအား ရက်ရက်စက်စက် နှိမ်နင်းခဲ့သူ အဓိက ပုဂ္ဂိုလ် အဖြစ် ထင်ရှားပြီး ၊ ပြိုင်ဖက် များကိုလည်း လူမ ဆန်စွာ အပြစ်ပေးတတ်သူ တစ်ဦးအဖြစ် သတ်မှတ်ခံ ရသူလည်း ဖြစ်ခဲ့၏။ သူ့ သတင်းပေးများ နေရာ တကာတွင် ရှိနေ ခဲ့ချိန်က သာ မန်ပြည်သူများ အနေဖြင့် အစိုးရ မကောင်းကြောင်း ကိုပင် အသံ ကျယ်ကျယ် မပြောဝံ့ ခဲ့ကြချေ။

၂ဝဝ၃ ခုနှစ်တွင် ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီးနောက် တစ်နှစ် အကြာတွင်ပင် စစ် အုပ်စု ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က သူ့အား အကျင့်ပျက် လာဘ် စားသည်ဟု ဆိုကာ ရာထူးမှ ချ၍ နေအိမ် အကျယ်ချုပ် အပြစ်ပေးခဲ့သည်။ သူကမူ အဆိုပါ အကျင့်ပျက် လာဘ်စားသည် ဆို ခြင်းကို ငြင်းဆိုခဲ့လေ၏။

၂ဝ၁၂ ခုနှစ်တွင်မူ ထောင်ထဲသို့ သူ အများဆုံး ပို့ခဲ့သည့် နိုင်ငံရေးအကျဉ်း သားတို့နှင့်အတူ လွတ်ငြိမ်း ချမ်းသာခွင့် ရလာခဲ့ပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ် တွင် သာမန် အရပ်သား တစ်ဦးအနေဖြင့် လျှောက်လှမ်းလျက်ရှိသည်။

သူ့အဖွဲ့သား ၂ဝ ကျော် တို့မှာမူ အကျဉ်းမှ လွတ်မြောက်ပါက နိုင်ရေး မလုပ်ပါဟူ၍ သဘောတူ လက်မှတ်ရေး ထိုးပြီးဖြစ် ကြသော်လည်း ယခုတိုင် မလွတ်မြောက် ကြသေးချေ။ သူတို့၏ မိသားစု များမှာလည်း ယင်းတို့လွတ် မြောက်ရေးအတွက် ကြိုးစား လျက်ရှိကြ ၏။

 မြန်မာ့ အရေး ကျွမ်းကျင်သူ သတင်းစာ ဆရာကြီး မစ္စတာ ဘာတီးလ် လင့်တနာ ကမူ ”ပြဿနာကို (ဘာကြောင့် ခုထိ မလွတ်ရသေးလဲ ဆိုတာ) အဲဒီ လူ တွေ ကောင်းကောင်း ကြီး သိကြပါတယ် လေ”ဟု ပြောပါသည်။

ယခု ဝေါလ်စထြိ ဂျာနယ်နှင့် တွေ့ဆုံရာတွင်မူ သူနေအိမ် အကျယ်ချုပ်ကျ နေစဉ်က အိမ်ထောင် ပစ္စည်း များနှင့် ဝန်ကြီးချုပ်ဘဝကရရှိခဲ့သည့် လက်ဆောင် များ ကို ရောင်းချကာ အိမ်ထောင် လိုအပ် ချက်များကို ဖြည့်ဆည်း ခဲ့ရကြောင်း ဦးခင်ညွန့်က ပြောပါသည်။ မိသားစု ပုံမှန် ဝင်ငွေ အတွက် ခြံထွက် သစ်ခွပန်း များကို သူ့ မိသားစု ဝင်များက အပတ်စဉ် ဈေးသို့ သွားရောင်းခဲ့ ရကြောင်းကိုလည်း သူ ကပြောပါသေးသည်။

”ကျွန်တော်က နေအိမ် အဝန်းအ ဝိုင်းထဲက ထွက်လို့ မရသလို ဆွေမျိုးမိတ် သင်္ဂဟတွေ ကလဲ ကျွန်တော့်ကို လာ တွေ့လို့မရဘူး”ဟု ဦးခင်ညွန့် က ပြောပါသည်။ ခြံထဲတွင် လမ်းလျှောက်လျှင် သော်မှ သူ့အနီးဝယ် လုံခြုံရေး အစောင့် များ ရှိနေခဲ့သည်။

”မနက်နိုးတာနဲ့ ဘုရားရှိခိုးတယ်၊ တရား ထိုင်တယ် ပြီးတော့ ခြံထဲမှာ လမ်း လျှောက်တယ်။ ဥယျာဉ် စိုက်တာရယ် မြန်မာ့အလင်း သတင်းစာက သတင်း တွေ ဖတ်တာ ရယ်၊ ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေ တို့အပါအဝင် ရေဒီယို နားထောင်တာတွေ နဲ့ပဲ အချိန်တွေ ကုန်ခဲ့ ရတယ်”ဟု ဦးခင်ညွန့်ကပြောသည်။

သူ့အဖြစ်သည် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကျခြင်းနှင့် သိပ်မထူးခြားလှ။ ဒေါ်အောင်ဆန်းစုကြည် ကလည်း သူနေအိမ် အကျယ်ချုပ် ကျစဉ်ကာလ များက တရား အားထုတ် ခြင်း၊ ဒဿနနှင့် နိုင်ငံရေး စာပေများဖတ် ရှုခြင်းနှင့် သတင်းများ နားထောင်ခြင်းတို့ ဖြင့် အချိန်များ ကုန်လွန်စေခဲ့ရကြောင်း အင်တာဗျူးပေါင်း များစွာတွင် ပြောခဲ့ သည်။

”ကျွန်တော့် စိတ်ထဲ မှာတော့ သူ့ကို ညီမလေး တစ်ယောက်လိုပဲ ရှိနေပါတယ်”ဟု ဦးခင်ညွန့် ကပြောသည်။ ယခု ဆောင်းပါး ရေးသားရန် အတွက် တွေ့ ဆုံမေးမြန်းခြင်း ကိုမူ ဒေါ်အောင်ဆန်းစု ကြည်က ငြင်းပယ်ခဲ့ပါသည်။
ဦးခင်ညွန့် အနေဖြင့် ဒေါ်အောင် ဆန်းစုကြည်နှင့် ယခင်/ယခု ဆက်ဆံ ရေးကို ညွှန်းဆို ပြောကြားခြင်း မရှိခဲ့ပါ။

သို့ရာတွင် ပြီးခဲ့သည့် ဧပြီလ အတွင်းက ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြခဲ့သည့် သတင်း ဆောင်းပါး တစ်ပုဒ်ကြောင့်မူ ဦးခင်ညွန့် ထံသို့ မြန်မာ နိုင်ငံ အထူး သတင်း တပ်ဖွဲ့မှ တာဝန် ရှိသူများ ရောက်လာခဲ့ကြသေးသည်။

”အထူး သတင်းတပ်ဖွဲ့က သူ့ဆီ ရောက်လာကြတဲ့ အချိန်မှာ သူက ကျုပ် တို့ကျောင်းမှာ ရဟန်း ဝတ်ကြီးနဲ့လေ”ဟု ရန်ကုန် အလိုတော်ပြည့် ကျောင်းတိုက်မှ ဦးဇင်း ဘီလူးက ပြောပါသည်။ ”ဘန် ကောက်ပို့စ်မှာ သူပြောခဲ့တာတွေ နဲ့ပတ် သက်လို့မေးကြတော့ ငါသည် နိုင်ငံ တော် အကျဉ်းသား တစ်ယောက် ဖြစ်ခဲ့ သလိုမျိုး လာ ခြိမ်းခြောက် မနေကြနဲ့။ ခုချိန်ထိ ဘယ်ဥပဒေကိုမှ မချိုးဖောက် ခဲ့ဘူးလို့ သူက ပြန်ပြောလိုက်တယ်” ဟု ဦးဇင်းဘီလူး က ပြောပြပါသည်။

ဦးခင်ညွန့်သည် ကဖေးဆိုင်လေး တစ်ခုနှင့် ပန်းချီပြခန်း တစ်ခုကို သူ့အိမ် ၏ တစ်ဖက် တစ်ချက်တွင် ဖွင့်လှစ် ထားသည်။ ပန်းချီ ပြခန်းလေး တွင် ပြပွဲများ ရံဖန်ရံခါ လုပ်လေ့ ရှိသည်။ ထို့အတွက် သူက အခကြေးငွေမယူပါ။

သူသည် အစိုးရနှင့် သဘောထား ကွဲလွဲ ဆန့်ကျင်သူ ထောင်ပေါင်း များစွာ ကို အကျဉ်းကျ စေခဲ့ပြီး၊ ယင်းတို့ အနက် အများစု ကိုလည်း နှိပ်စက်ခဲ့ ဖူးသော်ငြား လည်း လက်ရှိ မြန်မာနိုင်ငံ ၏ ပြုပြင် ပြောင်းလဲနေမှု များကို အပြည့်အဝ ထောက်ခံကြောင်း ဦးခင်ညွန့်က ပြောပါသည်။ ”နိုင်ငံရေး ပြုပြင်ပြောင်းလဲ တာ ဟာ ကောင်းတဲ့ လက္ခဏာ တစ်ရပ်ပါပဲ။ ကျွန်တော်တို့ ရှေ့ကို ဆက်သွားရမယ်။ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ လျှောက် ကြရမယ်။ စစ်အစိုးရ ဆိုတာ ကြာလာ ရင်အလုပ် မဖြစ် ဘူး” ဟု သူကပြောသည်။

 နိုင်ငံရေး ဆိုတာ လူငယ်တွေ လုပ် ရမယ့်အလုပ်၊ အထူးသဖြင့် အသွင် ပြောင်းလဲရေး ကာလမှာပေါ့”ဟု ဦးခင် ညွန့်က ပြောပါသည်။

သို့ရာတွင် ဒီမိုကရေစီ ဆိုသည်မှာ စည်းကမ်း ရှိကိုရှိရမည် ဟူ၍တော့ ဦးခင် ညွန့်ယူဆပါသည်။ သူ၏ စံနမူနာခေါင်း ဆောင်များမှာ စင်ကာပူ မှ လီကွမ်းယူနှင့် တရုတ်မှ တိန့်ရှောင်ဖိန် တို့ ဖြစ်သည် ဆို၏။

ဦးခင်ညွန့်သည် ငြိမ်းချမ်းသော လက်ရှိဘဝတွင် ပျော်မွေ့နေသည့်တိုင် အောင် နိုင်ငံရေးမှာတော့ သူ့စိတ်ထဲတွင် ရှိနေသေးပုံ ရ၏။ ၁၉၈ဝ ခုနှစ်က တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး အတွက် သူ ဘယ်လို ညှိနှိုင်းဆောင်ရွက်ခဲ့ ရသည် တို့ကို အသေးစိတ် ပြောပြသည်။ ”အပြန်အလှန် ယုံကြည်လေး စားမှုနဲ့ ပွင့်လင်းမြင်သာမှု တွေကစခဲ့တာ”ဟု သူကပြောပါသည်။

သူ ထောက်လှမ်းရေး အကြီးအကဲ အဖြစ် တာဝန် ယူခဲ့စဉ်က ဆောင်ရွက်ခဲ့သည် တို့နှင့် ပတ်သက်၍မူ မည်သည့် နိုင်ငံရေး ဆိုင်ရာ ရည်မှန်းချက်မှ မပါဘဲ ဆောင် ရွက်ခဲ့ခြင်းများဖြစ်ကြောင်း သူ ကပြောပါသည်။ ”ဒါဟာ ကျွန်တော့် တာဝန်လေ။ အမိန့်တွေကို နာခံရတာပဲလေ။ ဒီတော့ကာ အဲဒီ လုပ်ငန်းစဉ်တွေ မှာ ကျွန်တော် ပါဝင် ပတ်သက်ရတော့တာ ပေါ့”ဟု သူက ပြောပါသည်။

သို့ရာတွင် သူအကျဉ်းကျစေခဲ့ သူ များကမူ ဦးခင်ညွန့် တွင် အပြစ်မရှိဟု ဆိုခြင်းကို လက်မခံကြပါ။

”သူ ကျူးလွန်ခဲ့တာတွေ အတွက် သူ့မှာ အပြစ်မရှိကြောင်းကို မဟုတ်တ ရုတ်တွေ လျှောက်ပြောနေတယ် လို့ပဲ ကျွန်တော် ယုံကြည်တယ်” ဟု နိုင်ငံရေး အကျဉ်းသား တစ်ဦး အဖြစ် ထောင်ထဲ တွင် ၁၁ နှစ် နေခဲ့ရသော ကိုခင်ဇော်ဝင်း ကပြောပါသည်။ သူကမူ ဦးခင်ညွန့်နှင့် တပ်မတော် ထောက်လှမ်းရေး တို့ကြောင့် သာဟု အပြစ်တင် ပါသည်။ ”တရားစီ ရင်ရေး လုပ်ငန်းစဉ်ဟာ ဒီလိုလွယ်လွယ် လေးတော့ မဟုတ်ဘူးလေ”ဟု ကိုခင် ဇော်ဝင်း ကပြောပါသည်။
ဟက်ကာ
.. www.MyanmarExpress.net
 

15 comments:

သို့ မ ကွေး ဒေ သ ကြိး အ ထွေ ထွေ အုပ် ခူပ် ရေး ရာ ဦး စီး ဌာ နဘ
ဝန် ကြိး ခူပ် အ ဘ ဦး ဘုန်း မောင် ရွှေ

ကျ နော်တို့ စက် သုးံ ဆီ ရောင်း ချ သူ များ မှ တင် ပြ အပ် ပါ သည်

ရွှေ ဧရာ ဝ တီ ဆီ ဆိုင် သည် မြို့ တွင်း ဖြစ် ပါ သည်

တက္ကသိုလ် ကျောင်း ရေ့ ဖြစ် ပါ သည်

စီပင် နယ် န မိတ် ဖြစ် ပါ သည်

ရပ် ကွက် အိမ် များ ကြား ဖြစ် ပါ သာ်

သို့ သော် မြို့ နယ် စီ ပင် မှ ပန့် ဆိုင် လုပ် ရန် ထောက် ခံ ချက် တွေ ပေး ပြိး ဖြစ် ပါ သည်
ပန့် ဆ်ုင် လျှော က် ခြင်း ဥ ပ ဒေ နှင့် မ ကိုက် ညီ ဘဲ နှင့် ထောက် ခံ ချက် ပေး ပါ သည်
ယခု လဲ ပန့် များ ဖြစ် ရောင်း ချ နေ ပါ သည်

အဲ ဒီ ရ လျှင် မြို့ တွင်း ပန် ဆို င် လုပ် ကြ ပါ လိမ့်  မည်
အဘ အား ကိုး စွာ ဖြင့် ဥပ ဒေ အ တိုင်း ဆောင် ရွက် ပေး ပါ ရ န် လေး စား စွာ ဖြင့်

ပ ခုက္ကူ စက် သုးံ ဆီရောင်း ဝယ် ရေး အ ဖွဲ့

ဟေ့ မင်း တို့ လဲ ရောင်း ကြ

သို့ အ ဘ ဦး ဘုန်း ရွှေ


မြို့ တွင်း လည်း ဖြစ် တက္ကသိုလ် ကျောင်း ရှေ့ လည်း ဖြစ့် ဧရာ ဝ တီ ဆီဆိုင် အား ပနါ့ ဆိုင် လိုင် စင် မ ပေး သင့် ပါ မြို့ နယ် အုပ် ခူပ် ရေး မူး မှ ကန့် ကွက် မ ရှိ ထောက် ခံ စာ ပေး ထား ပါ သည် စည် ပင် မှ လည်း ပေး ထား ပါ သည်
ကျ နော် တို့ လျောက် ဆဲ ပါ မြို့ ပြင် ဘဲ ရ ပါ သည် အဘ ၎င်း ဆိုင် အား ကြည် ရူ လေ့ လာ ပေး ပါ ရန် တောင်း ပန် အပ် ပါ သည်

ပခု က္ကူ

LOL Mg Khin Nyunt......murder killer.....

အ ပေါ် က ကောင် မြို့ နယ် အုပ် ခူပ် ရေး မူး က ငွေရင် ဘာ မ ဆို လုပ် ပေး တယ်လူ တုးံရဲ့

တရား မ ဝင် ပန် ဆိုင် တွေ အ ထက် က ဖမ်း လို့ အ မိန့် စာ ကျ ရော ပန့် ဆိုင် ထ လှေိာက် တယ် လျှောက် တော့ မြို့ ထဲ နေ ရာ ကျောငါး ရှေ့ တဲ့ မြို့ နယ် ဆ ရာ ငြိး က ငွေ အ များ ကြ်း ယူ ပြိး ကန့် ကွက် ရန် မ ရှိ ထောက် ခံ စာ ပေး ပေး တယ် စည် ပင် က လဲ ဘယ် လောက် ရ လဲ မ သိ ပေး တယ် တဲ့ ကောင်း ပါ့ 

အင်း လော ဘ ဒေါ သ မော ဟ တွေ

ငွေရ ရင် လုပ် မှာ ဘဲ ဒီ လူ ဂိုး ကာ နိး သိမ် ကြုးံ ယူ နေ တာ

ဟုတ် တယ် ကျောင်း ရှေ့
မြို့ တွင်း မြို့ နယ် အုပ် ခူပ် ရေး မူး က တော် တော် ရ နေ တယ် သူ တို့ က ကုပ္ပဏီ ကငွေ တောင် ရအောင် ယူ ထား တာ ပေး နိုင် မှာ ပေါ့

ဟုတ် တယ် မြို့ ထဲ ကျောင်း နဲ့ မျက် နှာ ချင်း ဆိုင် အ ဘ အောက် က လူ တွေ လုပ် တာ အ ဘ အ သိ ပေး မှာ မ ဟုတ် ဘူး အ ဘ က ဒါ မိုး လက် မ ခံ ဘူး ဒီ ကောင် အော င် နိုင် ဦး လုပ် တာ ငွေ တော် တော် ရ မှာ ဘဲ တော် တော် ဆိုး တယ် တိုင် လိုက်

လူပု ဟက်ကာ .....ဟက်ကာ လူပု

ဒေါ်စုကိုတင်ပြကြည့်ပါလား သူဖြေရှင်းပေးမှာပေါ့။လူထုခေါင်းဆောင်ကြီးပဲ။သွတ်သွတ်

သို့ မ ကွေးတိုင်း ဒေ သ ကြိးအ ထွေ ထွေ အုပ် ခူပ် ရေး ရာ ဦး စီး ဌာ န ဝ န် ကြိး ရုးံ

ဝန် ကြိး ခူပ် ဦး ဘုန်း မောင် ရွှေ

ပခုက္ကူ မြို့ မြိုင် လမ်း တက္ကသိုလ် ကျောင်း ရှေ့ တည့် တည့် တွင် လောင် စာ ဆီ ဆိုင် များ ရောင်းချ လျှက် ရှိ ပါ သည် ယခင် ၆ နှစ် ကျော် က ဆီ ဆိုင် တစ် ဆိုင် မီး အ ကြိး အ ကျယ် လောင် ပါ သည် ကျောင်း နှင့် လမ် ဘဲ ခြား ခြင်း ဖြစ် ပါ သည် ည ၈ နာ ရီ လောက် လောင် ပြိး လောင် သည့် ဆိုင် ဘာ ပစ္စ ည်း မှ မ ရ လိုက် ပါ ဆိုင် ရှင် တွေ အ နိုင် နိုင် လွတ် ပါ သည် ကျောင်း ကို ကံ ကောင်း ၍ မ ကူး ပါ ကျောင်း ဆ ရာ များ ဆန တဲ့ အ ဆောင် နှင့် ကပ် လျက် ပါ
ယ ခု လဲ ရွှေ ဧရာ ဝတီ ဆီဆိုင် သည် အ ကြိး အ ကျယ် ရောင်း ချ လျှက် ရှိ ပါ သည် လောင် စာ ကန် များ စွာ ထား ပြိး ရောင်း ချ နေ ပါ သည်
အသိ ပေး သော် လည်း ဆက် လုပ် နေ ပါ သည် အ ကြိး အ ကျယ် လုပ် နေ သော ကြောင့် ဒီ တစ် ခါ လောင် လျှင် ဖြင့် မ လွယ် လှ ပါ
တက္ကသိုလ် ကျောင်း ရှေ့ တည့် တည့် ဖြစ် နေ သော ကြောင့် ဘယ် လို နည်း နှင့် မျှ လက် ခံ နိုင် စ ရာ မ ရှိ ပါ သို့ ပါ သော ကြောင့် အ မြန် ပြောင်း ရွှေ့ ပေး ပါ ရန် တင် ပြ အပ် ပါ သည်

ပခုက္ကူ တက္ကသိုလ်

ဘာ ကြောင့် ကော မက် မ တက် တာ လဲ

မင်း တို့မြို့ နယ် အုပ် ကြိ စား လှ ဆို

အကူအညီတောင်းဖို့ စောင့် မနေ နဲ့ ။ သေ ဖို့
စောင့် နေ ။ ဦးနေ ဝင်းမြေးတွေ လွှတ် လာ

ပြီ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်