Subscribe to our RSS Feed

စကော်ပီယံဂိုဏ်းနှင့် လုံးဝပတ်သက်ခဲ့ခြင်း မရှိဟု ငြင်းဆိုလိုက်သည့် ဦးနေဝင်းမြေးများ

From : ..popular

၂ဝ၁၂ ခုနှစ် ဇန်နဝါရီလက လွတ်မြောက်ခဲ့သူ ဦးအေးဇော်ဝင်း၊ ကိုဇွဲနေဝင်းတို့နှင့် ၂ဝ၁၃ နိုဝင်ဘာ ၁၅ ရက်နေ့ တွင် လွတ်မြောက်လာခဲ့သူ ကိုအေးနေဝင်းနှင့် ကိုကျော်နေဝင်း
တစ်ချိန်က ဘုန်းမီးနေလတောက် ခဲ့သော ရဲဘော်သုံးကျိပ်ဝင်၊ တော်လှန် ရေးကောင်စီဥက္ကဋ္ဌ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ စသည့် တာဝန် များကို ထမ်းဆောင်ခဲ့သူ ဦးနေဝင်း၏ သားသမီးမြေးများ ဖမ်းဆီး ခံခဲ့ရပြီးနောက် ဒေါ်စန္ဒာဝင်းသည် ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာ ၁ဝရက်နေ့တွင် နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်ခဲ့ သည်။
ဦးအေးဇော်ဝင်းနှင့် ကိုဇွဲနေဝင်း တို့သည် ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလက သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် ပြန်လည် လွတ်မြောက်ခဲ့ကာ နိုင်ငံတော်ပုန်ကန် မှုဖြင့် သေဒဏ်ကျခံ နေရသည့် ကိုကျော်နေဝင်းနှင့် ကိုအေး နေဝင်းတို့သည်လည်း အင်းစိန်အကျဉ်း ထောင်မှ ၂ဝ၁၃ နိုဝင်ဘာ ၁၅ ရက်နေ့ တွင် လွတ်မြောက်လာခဲ့ ပြီဖြစ်ပါသည်။ နောက်ဆုံး လွတ်မြောက်လာခဲ့သော ဦးနေဝင်း၏မြေးများဖြစ်သည့် ကိုအေး နေဝင်းနှင့်ကိုကျော်နေဝင်းတို့အား အယ် ဒီတာအဖွဲ့မှ သွားရောက်တွေ့ဆုံမေး
မြန်းခဲ့သည်များအနက် အချို့အား ဖော် ပြအပ်ပါသည်။
► တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေက ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဆိုတာမျိုးကို ဒီနေ့တောင်း ဆိုနေတဲ့အပေါ် ဘာများပြောချင်ပါ လဲ။ ဖြစ်နိုင်ပါ့မလား။
တပ်မတော်ဆိုတာကို မပြောခင် ပြည်ထောင်စုဆိုတဲ့ဟာကို ကျွန်တော်ခံ ယူချက်အရ ပြောချင်တယ်။ ပြည် ထောင်စုဆိုတာ အခု အများပြောနေတဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရ မယ်ဆိုတာ အင် မတန် အရေးကြီးတဲ့ စရိုက်လက္ခဏာ တစ်ခုပါ။ အဲဒီထက်ပိုပြီး အရေးကြီးတာ က ကျွန်တော်တို့ နိုင်ငံတော် သီချင်းဖြစ် တဲ့ တို့ဗမာ သီချင်းထဲမှာ ပါသလို ဗမာ ပြည်တစ်ဝှမ်းအကုန် ကိုယ့်အိမ်မှတ်ပါ။ ကိုယ့်ရာမှတ်ပါဆိုတာ ပြည်ထောင်စုပါ ပဲ။ ဆိုလိုတဲ့ သဘောက ရန်ကုန်မြို့မှာ နေတဲ့ ဗမာတစ်ယောက်ကလည်း ကိုယ့် မြို့လို့
ခံယူနိုင်တဲ့ အခြေအနေမျိုး ရှိရ မယ်။ ကရင်တစ်ယောက်၊ ချင်းတစ် ယောက်၊ ရှမ်းတစ်ယောက် စတဲ့ တိုင်း ရင်းသားတွေကလည်း ရန်ကုန်မြို့မှာနေ ရင် ကိုယ့်မြို့လို့ ခံယူနိုင် တဲ့ အခြေအနေ ရှိရပါမယ်။ တစ်ယောက်နဲ့ တစ်ယောက် လူမျိုးရေးအရ ခွဲခြားမှုမရှိဘဲ ညီရင်းအစ်ကို မောင်ရင်းနှမ သဖွယ်ချစ်ချစ်ခင်ခင် နေနိုင်ရပါမယ်။ အဒီလို ဖြစ်လာရင် တကယ် စစ်မှန်တဲ့ ပြည်ထောင်စုကြီး ဖြစ်လာမှာပါ။ ကိုယ့်ပြည်နယ်အကျိုးကို ဆောင်ရွက်နိုင်မယ်ဆိုရင် ကချင်ပြည် နယ် ဝန်ကြီးချုပ်က ရှမ်းလူမျိုးဖြစ်ချင်ဖြစ် နေမယ်။ မွန်ပြည်နယ်မှာလည်းဝန်ကြီး ချုပ်က စစ်ကိုင်းသား ဖြစ်ချင်ဖြစ်နေ မယ်။ အဲဒီလို ပြည်နယ်စွဲ၊ လူမျိုးစွဲ မ ထားဘဲ သီလ၊ သမာဓိ ရှိရှိ ပြည်နယ် ကောင်းကျိုးကို သယ်ပိုးနိုင်မယ့် သူကို အားလုံး ထောက်ခံကြမယ်ဆိုတဲ့ စိတ် ဓာတ်မျိုး ပေါ်လာရင် ပြည်နယ်တစ်ခု ချင်းဆီကလည်းတိုးတက်ကြီးပွားလာ မယ်။ အဲဒီတော့ ဖက်ဒရယ်တပ်မတော် ဆိုတာ ကလည်း အားလုံး ညီညီညွတ် ညွတ် လုပ်ကြရင် မပေါ်ပေါက်နိုင်စရာ အကြောင်း မရှိပါဘူး။ ဖက်ဒရယ်ပြည် ထောင်စုဆိုတာ ဘယ်လို အဓိပ္ပာယ် ဖွဲ့ကြမှာလဲ။ ကျွန်တော် တို့နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၂ဝ မှာ တပ်မတော်မှာ အင်မတန်ကြီးမားတဲ့ အစဉ်အလာတွေ က စိတ်မကောင်းစွာ ပျောက်မသွားတာ တွေ ရှိပါတယ်။ အဲဒါ တိုင်းရင်းသားတပ် ရင်းတွေက ပြောင်းလဲဖွဲ့စည်းတာ ခံ လိုက်ရပါတယ်။ ဥပမာ ချင်းတပ်လိုဟာ မျိုးက တိုင်းရင်းသားတပ်တွေပါ။ ပြည် ထောင်စုအကျိုးအတွက် တိုက်ယူခဲ့ကြ တယ်။ အခု ကချင်ဆိုလည်း ကချင် လက်နက်ကိုင် အဖွဲ့တွေ၊ ရှမ်းဆိုလည်း ရှမ်းလက်နက်ကိုင် အဖွဲ့တွေ စသဖြင့် ညီညီညွတ်ညွတ် ပြန်ဖွဲ့နိုင်ရင် တစ်ခု တည်းသော တပ်မတော်အဖြစ် တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အောက် မှာ ပြည်ထောင်စုကို ကာကွယ်သွားမယ် ဆိုတဲ့စိတ်ဓာတ် မွေးနိုင်မယ် ဆိုရင် ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် ဆိုတာ   ပေါ်လာပါလိမ့်မယ်။ ဗမာနိုင်ငံ သား တိုင်းရင်းသား တပ်ရင်းတွေ ရှိသ လို အညာဘက်မှာ ရှိတဲ့ တပ်မ (၃၃) လက်အောက်ခံ ခလရ (၄) ဆိုတာ ရှိပါ တယ်။ အဲဒါကိုအရင် က ဂေါ်ရခါး တပ် ရင်း (၄)လို့ ခေါ်ပါတယ်။ အဲဒီ အဝင်မှာ ဂေါ်ရခါး ဓားကောက်(၂) ခုရှိပါတယ်။ အခုတော့ ရှိလားမရှိလား မသိတော့ ဘူး။အဲဒီတော့ ကိုယ့်တိုင်းရင်းသားထဲ မှာမပါတဲ့ ဂေါ်ရခါးလူမျိုးတွေရဲ့ တပ် တောင် ပါနိုင်ခဲ့သေးရင်တကယ် ဖက်ဒ ရယ်ပြည်ထောင်စုတပ်မတော်ကိုတိုင်းရင်း သားတွေဘာကြောင့် မလုပ်နိုင်ရမှာ လဲ။
► အခု လက်ရှိကျင့်သုံးနေတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ဘာများပြောလိုပါသလဲ။
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ က စတင်ပေါ်ပေါက်လာကတည်းက အငြင်းပွားစရာတွေ ရှိပါတယ်။ အဲဒါ ကြောင့် အခြေခံ ဥပဒေထဲမှာ ကောင်း မွန်တဲ့ အချက်တွေ ရှိသလို ပိုမိုကောင်း မွန်အောင် ပြင်သင့်တဲ့ အချက်တွေ ရှိ နေတယ်ဆိုတာကို လက်ခံပါတယ်။ အ ခြေခံ ဥပဒေပြင်ဆင်ရေးဆွဲရေးတို့၊ အသစ် ပြန်လည်ရေးဆွဲရေးတို့၊ ဒီအ တိုင်း ထားရေးတို့ဆိုတာက ကျွန်တော် တို့နိုင်ငံမှာ ရှိတဲ့ ပါတီတစ်ခုနဲ့ တစ်ခု သဘောထား ကွဲလွဲနေတဲ့ ကိစ္စဖြစ်ပါ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ မိသားစုက ကိုယ်နေခဲ့တဲ့ အသိုင်းအဝိုင်းက ကြီးတဲ့ အတွက် မြန်မာနိုင်ငံမှာ အခု လှုပ်ရှား နေတဲ့ နိုင်ငံရေးပါတီကြီးတွေရဲ့ ခေါင်း ဆောင်ပိုင်းတွေနဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးကျွမ်းဝင်တဲ့ အနေအထား မှာ ရှိ ပါတယ်။ ဒါကြောင့် ပါတီတစ်ခုဘက်၊ နိုင်ငံရေး ခေါင်းဆောင်တစ်ဦးဘက်ကို ဝင်ရပ်အားပေးပြီး ပုံချထားဖို့ မသင့် တော်ပါဘူး။ အားလုံးမိတ်ဆွေတွေလို မိတ်မ ပျက်နေသွားချင်ပါတယ်။ တစ်မျိုး သားလုံး ညီညီညွတ်ညွတ် ဆောင်ရွက် နိုင်မယ့် ကိစ္စတွေဆို ပြောပြနိုင်ပါတယ်။ လက်ရှိ ပါတီချင်း သဘောထားကွဲလွဲနေ တဲ့ ကိစ္စဖြစ်နေ တာကြောင့် မိသားစုမူအ ရ ဒီကိစ္စကို တစ်ဖက်ဖက်မှာ ရပ်တည်ဖို့ ကို ငြင်းဆန်ပါတယ်။
► အစ်ကိုတို့က နိုင်ငံရေးအကျဉ်းသား စာရင်းမှာ ထည့်သွင်းပေးဖို့ တောင်း ဆိုခဲ့တယ်လို့ သိရပါတယ်။ ဘာကြောင့် ဒီလို တောင်းဆိုခဲ့တာလဲ။ နိုင်ငံရေး အကျဉ်းသားဆိုတာ ကို ဘယ်လို နား လည် ထားပါသလဲ။
နိုင်ငံရေးအကျဉ်းသားထဲမှာ ထည့် ဖို့ တောင်းဆိုတာထက်စာရင် အကျဉ်း ထောင်ထဲမှာ ရောက်ရှိနေတဲ့ လူတွေကို လွှတ်ပေးဖို့ နိုင်ငံတော် သမ္မတရဲ့ ညွှန် ကြားချက်နဲ့ ဗိုလ်ချုပ်ကြီး သိန်းစိုးတို့ ဦး ဆောင်တဲ့ ကော်မတီဖွဲ့ထားတဲ့အတွက် အင်မတန် လေးစားပါတယ်။ မိသားစု တွေထဲမှာ အကျဉ်းထောင်ထဲ ကျန်ရှိနေ သေးတဲ့ သူတွေရှိရင် သူတို့ဆီကို အ ကြောင်းကြားပြီး စာရင်းပေးကြပါလို့ ကမ်းလှမ်းထားတာ ရှိတဲ့အတွက် တုံ့ ပြန်ပြီးတောင်းဆိုလိုက်တာပဲ ရှိပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဘယ် တုန်းကမှ နိုင်ငံရေး အကျဉ်းသားဆို တာ တစ်ပိုင်းထားဦး၊ နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ နိုင်ငံရေး လုပ်ရ မယ်ဆိုတဲ့ အယူအဆ မျိုးနဲ့ရပ်တည်ခဲ့ တာမျိုးမရှိပါဘူး။ ကိုယ့် အမျိုးသားရေး အကျိုးစီးပွားထိခိုက်လာရင် ကာကွယ် ဖို့က လွဲရင် နိုင်ငံရေးသမားလို့ ခံယူ ထားတာ မရှိပါဘူး။ နိုင်ငံရေး အကျဉ်း သားဆိုတဲ့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတွေကို သတ်မှတ် ထားတာက ရာနှုန်းပြည့်မဟုတ်ရင် အတော်အတန်ကို သဘောကျနိုင်စရာ အဓိပ္ပာယ်ဖွင့်ဆိုချက်လို့ ယူဆပါတယ်။ ဒါပေမဲ့ လက်ရှိ   နိုင်ငံတော် သမ္မတ ဦးသိန်းစိန် လွတ်ငြိမ်းချမ်းသာခွင့်ပေး တာက နိုင်ငံရေးအကျဉ်းသားတွေပဲ ကွက်ပြီး မပေးဘဲနဲ့ လွတ်သင့်လွတ်ထိုက် တဲ့ သူတွေကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေး မယ်ဆိုရင် တိုင်းပြည်အသစ်တည် ထောင်နေတဲ့ နေရာမှာ လူ့စွမ်းအား အရင်းအမြစ်တွေ အများကြီး ထွက်လာ နိုင်ပါတယ်။
အဲဒါကြောင့် ရာဇဝတ်ပြစ်မှု အရ ပုဂ္ဂိုလ်ရေး နစ်နာမှုရှိတဲ့ လူသတ်မှု၊ ရိုက် မှု၊ မုဒိမ်းမှုလိုမျိုး နစ်နာတဲ့ မိသားစုက တိုင်တန်းစွဲဆိုထားတဲ့ အမှုတွေကလွဲရင် ကျန်တဲ့ အမှုတွေကို လွှတ်ပေးသင့်တယ် လို့ မြင်ပါတယ်။ အဲဒီလို လွှတ်ပေးခြင်း အားဖြင့်လည်း တိုင်းပြည်နဲ့လူမျိုး အတွက် အများကြီးအကျိုးရှိပါလိမ့် မယ်။ ကျန်ခဲ့တဲ့ ရာဇဝတ်ပြစ် မှုကြောင့် ကျခဲ့တဲ့ သူတွေကိုလည်း မကျေနပ်လို့ တရားစွဲတဲ့ မိသားစုအပေါ်ကို ကြည့်ပြီး အမှုအကြီး၊ အသေးပေါ်မူတည်ပြီး လုပ်သင့်ပါတယ်။ ထောင်ထဲမှာကျနေတဲ့ သူတွေကလွန်ခဲ့တဲ့နှစ်တွေမှာ တရား ဥပဒေမဏ္ဍိုင် တိမ်းစောင်းပြီး မရောက် သင့်ဘဲရောက်လာတဲ့သူတွေ ရှိပါတယ်။ ဘယ်လိုဟာမျိုးလဲဆိုရင် အကျင့်ပျက် ခြစားတယ်။ လာဘ်ပေး လာဘ်ယူလုပ် တယ်ဆိုပြီး အရေးယူထားတဲ့သူတွေ ရှိပါတယ်။ သို့သော် ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာ အကျင့်ပျက်ခြစားတဲ့ သူတွေ အကုန်လုံး အရေးယူခဲ့သ လား ဆိုတဲ့အဖြေကို လူတိုင်းသိပါတယ်။တကယ်လာဘ်စားလို့ အရေးယူတာ လား၊ အစိုးရရဲ့ပေါ်လစီတစ်ခုနဲ့ ငြိလို့ အဖွဲ့အစည်းတစ်ခုလုံးကို ဖယ်ရှား ချင်လို့ လာဘ်စား တဲ့ ပုဒ်မတပ်လိုက် တာလားဆိုတာ လုပ်တဲ့သူတွေနဲ့အလုပ် ခံရတဲ့သူတွေသိပါတယ်။ အဲဒီလိုမျိုး တရားဥပဒေ မဏ္ဍိုင်တိမ်းစောင်းလို့ မရောက်သင့်ဘဲ ရောက်နေတဲ့သူတွေ ရှိ ပါတယ်။ အဲဒါကြောင့် ဒီလို လွှတ်ပေး ခြင်းက နတ်၊ လူသာဓုခေါ်နိုင်မယ့် ကိစ္စ လို့ ထင်ပါတယ်။
ဒီနိုင်ငံရေး အုပ်ချုပ်မှုနဲ့ အစိုးရအနေ အထားတွေအရ စီးပွားရေးဘက်မှာ လည်း နီးစပ်ရာလူတွေသာ အများစု လုပ်ကိုင်ခွင့် ရခဲ့ ရနေဆဲပါ။ အဲဒီလိုပဲ အုပ်ချုပ် မှုဘက်က ပတ်သက်ဆက်စပ် တဲ့ မိသားစုတွေ၊ သားသမီးတွေ၊ တစ်ခါ လုပ်ငန်းရှင်တွေရဲ့ မိသားစု သားသမီးစတာတွေရဲ့ ထင်ရာစိုင်း၊ အနိုင်ကျင့် ဗိုလ် ကျမှုတွေဆိုတာ ဟိုတုန်းက တည်း က ရှိခဲ့သလို၊ အခုထိလည်း မြင်တွေ့ ကြားသိနေရဆဲပါ။အစ်ကိုတို့တုန်းက လည်း စကော်ပီယံဂိုဏ်းအနေနဲ့ ထွက် ပေါ် လာတဲ့သတင်းတွေအပေါ် အမြင် ကို သိချင်ပါတယ်။
ကျွန်တော်တို့နဲ့ ပတ်သက်လို့ဂိုဏ်း တွေဖွဲ့တယ်။ ဆိုးသွမ်းနေတယ်ဆိုတဲ့ ဟာတွေက အဲဒီချိန်တုန်းကအခြေအမြစ် မရှိဘဲနဲ့ ပြောဆိုခဲ့တဲ့စကားတွေ၊ အဲဒီလို စွပ်စွဲပြော ဆိုခဲ့တာတွေက ဥပမာအား ဖြင့် ၂ဝဝ၁ ခုနှစ် ဇန်နဝါရီလတုန်းက ရန်ကုန်မြို့အဝင်မှာ ယာဉ်တိုက်မှု ဖြစ်တယ်ဆိုပြီး မြို့အဝင်မှာရှိတဲ့ စစ် တပ်တစ်ခုက ရှင်းပေးလိုက်ရ တယ်ဆိုပြီး အိမ်ကို လှမ်းအကြောင်းကြားပါတယ်။ ဘာလို့ ရှင်းပေးရလဲဆိုရင် ကားတိုက်တဲ့ ကျွန်တော်တို့ ညီအစ်ကိုတွေ ပါဝင်ကျူး လွန်ခဲ့တာဖြစ်တဲ့အတွက် တပ်ကဖုံးဖုံး ဖိဖိနဲ့ လုပ်ပေးတယ်လို့ အကြောင်းကြား ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ မိဘများကအရမ်းအံ့သြခဲ့ပါတယ်။သူတို့ ပြောတဲ့အချိန် ကျွန်တော်တို့ အားလုံး မန္တလေးကို   ရောက်နေပါတယ်။ရေစကြို ဆရာတော်ဘုရားကြီးကို တိပိဋကဘွဲ့ တံဆိပ် ချီးမြှင့်ခြင်းပွဲကို တက်ရောက်နေ ကြတဲ့ အချိန်ဖြစ်ပါတယ်။ နောက်တော့ ကျွန်တော်တို့မေးလို့ သိရတာကတကယ် ယာဉ်တိုက်မှု  ဖြစ်ပွားတဲ့သူက သူ့ကိုယ် သူ လူကြီးသားသမီးဆိုပြီး ပြောသွား တယ်။ ပြန်စဉ်းစားကြည့်ရင် လူကြီး သား၊ သမီးလို့ ပြောရင်ရတယ်။ ဒီလမ်းထဲ မှာ နေတဲ့ စစ်မဖြစ်ခင်က နန်းရင်းဝန် တစ်ယောက်ရဲ့ မြေးဖြစ်နေတယ်။ သူများ ကြားရင် ယုံထင်ကြောင်ထင်ဖြစ်သွား တာပါ။ ဒါတွေ အကုန်လုံးက တစ်ဖက် က မလိုမုန်းထားတဲ့စိတ်နဲ့ ကောလာ ဟလ လုပ်တာမျိုးတွေ ရှိသလိုကျွန်တော် တို့ မိသားစုကိုကလည်း နေတဲ့ထိုင်တဲ့ ပုံစံက အဘိုးရဲ့ချမှတ်ထားတဲ့ စည်း ကမ်းအတိုင်း နေကြ တယ်။ အဘိုးက နိုင်ငံတော် အခမ်းအနားတွေပဲတက် တက်၊ ဧည့်ခံပွဲပဲ တက်တက် ပြည်သူကို တင်ပြဖို့ မှတ်တမ်းတင်နေတဲ့အတွက် တကယ့်တိုင်းပြည် တာဝန် ထမ်းေ ဆာင်  နေတဲ့ အဘိုးကပဲ လုပ်စရာကိုင်စရာလုပ်တယ်။ မိသားစုတွေကို တီဗွီပဲ ရိုက်ရင်ဖြစ်ဖြစ်၊ ဓာတ်ပုံပဲ ရိုက်ရိုက် မပါဖြစ်အောင် ရှောင်နေရတယ်။ ခရီး သွားလို့ လေ ယာဉ်ပေါ်တက်ရင်တောင် ကင်မရာကိုရှောင်ပြီး သွားရတယ်။ ခြွင်းချက်အားဖြင့် နိုင်ငံတော် အခမ်း အနားတွေမှာ တစ်ဖက်နိုင်ငံက မိသားစု တွေ ပါလာရင်တော့ ရှေ့ထွက် ဧည့်ခံရ တာမျိုးတွေ ရှိတယ်။ ကျွန်တော်တို့ လွတ်လပ်မှု အသီးအပွင့်ကို ခံစားရ တာက ရပ်ကွက်တွေထဲ မှာ ခွေးခြေခုံနဲ့ အကြော်စားရင်တောင် ဘယ်သူမှ မသိ ဘဲနဲ့ လွတ်လွတ်လပ်လပ် စားနိုင်တယ်။ တစ်ဖက်က ကိုယ့်အကြောင်းကို ပုံမှား ရိုက်ပြီးပြောရင် ပြောလို့ရတဲ့ အပိုင်းတွေ ရှိတယ်။ ပြည်သူလူထုက ကျွန်တော် တို့ကို မသိတာများ တယ်။ စကော်ပီယံ ဂိုဏ်းနဲ့ ပတ်သက်လို့ ပြောနေကြတယ်။ အဲဒီအဖွဲ့ ဘယ်လိုဖွဲ့ထားလဲဆိုတာမသိ ဘူး။ ကျွန်တော်တို့ ညီအစ်ကိုတွေ တစ်ခုခု လုပ်ချင်ရင် ဂိုဏ်းဖွဲ့ပြီးလုပ်ရ မယ့် အနေအထားမှ မဟုတ်တာ။ တကယ်လုပ်မယ်ဆိုရင် ကိုယ့်နည်းကိုယ့် ဟန်နဲ့လုပ်ရမယ့် အနေအထားပါ။အဲဒီလိုမျိုးဖွဲ့တဲ့ ပုဂ္ဂိုလ်တွေကတော့ သူတို့ရဲ့ အနေအထားကို ပိုလုံခြုံအောင် အလွဲသုံးစားလုပ်ပြီးထွက်လာတဲ့ စကား သံတွေပါ။
► ယတိပြတ် အဖြေကြားသိချင်တာက စကော်ပီယံနဲ့ ပတ်သက်ခဲ့ခြင်း ရှိ မရှိ ဆိုတာပါ။
ယတိပြတ် ပြောနိုင်ပါတယ်။ လုံးဝ (လုံးဝ) ပတ်သက်ခဲ့ခြင်း မရှိပါဘူး။
► နောက်ဆုံး မေးခွန်းအနေနဲ့ ဒေါ်အောင် ဆန်းစုကြည်ဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့သမ္မတ ဖြစ်သင့် တယ်လို့ ထင်ပါသလား။
တကယ်တမ်းဖြစ်လာခဲ့ရင် ဘာမှ မလိုလားစရာ၊ မရှုဆိတ်စရာ မရှိပါဘူး။ ကျွန်တော်ကျေကျေနပ်နပ် ဝမ်းသာဂုဏ် ယူကြောင်း ဆုတောင်းစကားပြောမယ့် အထဲမှာ ပါတယ်။ သို့သော် အားလုံး သိကြတဲ့အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ က ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော မိသားစု ဖွဲ့စည်းပုံမျိုးကို သမ္မတဖြစ်လို့ မရအောင် ရှိထားပါ တယ်။ တားလည်း တားဆီးထားတယ်။ အဲဒီတော့ နိုင်ငံရေး ဆိုတာက အင်မတန် သိမ်မွေ့ပါတယ်။ ကြိုတင်ဟောကိန်းထုတ်ဖို့လည်း အင်မ တန် ခက်ခဲပါတယ်။ ဒီထက်
ပိုသိမ်မွေ့ တာက သမ္မတဖြစ်နိုင်တဲ့ အနေအထား ပါ။ တစ်တိုင်းပြည်လုံးမှာ Ph.D ရတဲ့ သူ၊ ပန်းချီပညာကျော် စတဲ့သူတွေက ရာနဲ့ ထောင်နဲ့ သောင်းဂဏန်းလောက်ထိ ရှိနိုင်ပါတယ်။ သမ္မတဆိုတာ တစ် ယောက်ပဲ ရှိပါတယ်။ ဒီတစ်ယောက် တည်းရှိတဲ့ သမ္မတရာထူးကို ရဖို့အတွက် ကံ၊ ဥာဏ်၊ ဝီရိယ အကုန်လုံး စိုက်ထုတ် ရမှာပါ။ တကယ် သမ္မတဖြစ်ဖို့ ကံပါလာ တဲ့သူက ဘယ်လိုပဲ ပိတ်ပင်တားဆီးမှု တွေ ရှိရှိ ဖြစ်သင့်တဲ့ အချိန်မှာ ဖြစ်သွား ပါလိမ့်မယ်။ တကယ်သမ္မတဖြစ်ဖို့ ကံမ ပါလာရင် ဘယ်လောက်ပဲ ပံ့ပိုးမှုတွေ ရှိရှိ၊ ဘယ်လောက်ပဲ ဝိုင်းဝန်းကြိုးစား၊ ဘယ်လောက်ပဲ ချီးမြှောက်နေပါစေ ဖြစ် လာစရာ အကြောင်းမရှိပါဘူး။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

.. www.MyanmarExpress.net
 

8 comments:

ကောင်းတယ်။အမှန်တရားဟာတနေ့ ပေါ်လာမှာပဲ။ကွယ်လွန်သွားရှာတဲ့ ဦးနေဝင်းကျိုလးစားစွာအလေးပြုပါတယ်။အဘကောင်းရာသုဂတိရောက်ရှိပါစေ။

U Ne Win was one of the co-founder of Tat-Ma-Daw. He was number three, Bo Let Yar was number two and Bo Aung San was number one in rank and file of Tat-Ma-Daw when it was formed. Aung San left Tat Ma Daw only after 3 years in service. Let Yar again left after 6 years in service. U Ne Win devoted his entire life to Tat-Ma-Daw. He was the man who nurtured today's Tat-Ma-Daw which every pariot of this country can be proud of. U Ne Win was indeed longest serving patriotic soldier of Myanmar after the King Ba Yint Naung. I salute him with all my heart and soul and thank him for preventing the country from disintegration. from the bottom of my heart.[ U Nu Government has control only 12 miles radius wide of Yangon area.]

မှန်ပါတယ်။ဦးနေဝင်းဟာတကယ့်အာဇာနည်ခေါင်းဆောင်တဦးပါ။တနေ့တော့အမှန်တရားဟာပေါ်ပေါက်လာမှာပါ။

He screwed up Burma to become one of the poorest in the world and his grandsons wanted to follow up. The way they say is like insulting and comparing with the ex-senior general (that sent Ne Win's parasites to jail) and his grand son.

ဖြေကြားသွားတာ တော်တော်ပါးပါးနပ်နပ်ရှိလှပါတယ်။ သူတို့ရဲ့ အတိတ်ကအကြောင်းတွေ မှန်/မမှန်ဆိုတာကိုလည်း စိတ်ဝင်စားတာကလွဲလို့ ဘာမှကောက်ချက်မချလိုပါဘူး၊ နိုင်ငံရဲ့အကြီးအကဲဟောင်း မိသားစုဝင်တွေမလို့ လက်ရှိကနေ အနာဂတ်မှာ တိုင်းပြည်ရဲ့ တထောင့်တစ်နေရာကနေဖြစ်ဖြစ် တိုင်းပြည်အကျိုးသယ်ပိုးကြဖို့ကိုတော့ လိုအပ်မယ်လို့ထင်မြင်မိပါတယ်။

Ne Win was a fu*cked-up dude. The whole group is bitter with the fact that another dog Than Shwe fu*cked them up. It was a good show (dog-eat-dog scenario). Hahaha.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်