Subscribe to our RSS Feed

သူရဦးရွှေမန်းဦးဆောင်သောမြန်မာလွှတ်တော်ကိုယ်စားလှယ်များ ဂျပန်-မြန်မာပါလီမန်ချစ်ကြည်ရေးအသင်းနှင့်တွေ့ဆုံဆွေးနွေး

From : .. UD


ဂျပန်-မြန်မာ ပါလီမန်ချစ် ကြည်ရေးအသင်းနှင့်ပြည်ထောင်စု လွှတ်တော်နာယကသူရဦးရွှေမန်း ဦးဆောင်သော မြန်မာလွှတ်တော် ကိုယ်စားလှယ်များတွေ့ဆုံပွဲကို ယနေ့ညနေတွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ရာ နှစ်နိုင်ငံသံတမန် ရေးနှင့်နိုင်ငံရေးကိစ္စရပ်များ၊ လူမှု ရေးနှင့် စီးပွားရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်
ဆွေးနွေးခဲ့ကြသည်။

ယင်းသို့တွေ့ဆုံရာ၌ ဂျပန်- မြန်မာပါလီမန်ချစ်ကြည်ရေးကော် မတီဥက္ကဋ္ဌ Mr.Ichiro Aisawa က ဂျပန်-မြန်မာပါလီမန်ချစ်ကြည် ရေးအသင်းတွင် အဖွဲ့ဝင်ဦးရေများ နေခြင်းသည်ဂျပန်လွှတ်တော်များ၌ မြန်မာနိုင်ငံကို စိတ်ဝင်စားသည့် အမတ်များစွာရှိကြောင်း ဖော်ပြနေ သည်ဟု
ပြောကြားသည်။

၎င်းက မြန်မာနိုင်ငံအနေဖြင့် မကြာမီအချိန်တွင် အာဆီယံဥက္ကဋ္ဌ
ဖြစ်လာတော့မည်ဖြစ်၍နိုင်ငံတကာ အရေးကိစ္စများ၌ မြန်မာက တာဝန် ရှိလာကြောင်း၊မြန်မာနိုင်ငံ၌အခြေခံ အဆောက်အအုံများဖြစ်သည့် လျှပ် စစ်၊ ရေရရှိမှု၊ ပြည်သူများချမ်းသာ ကြွယ်ဝစွာနေနိုင်ရေးကို ကြိုးပမ်းဖော်ဆောင်နေသည်ဟုသိရ၍ ဂျပန်အစိုးရအနေဖြင့် အားသွန် ခွန်စိုက်ဘက်စုံမှကူညီသွားမည်ဟုဆိုသည်။
သူရဦးရွှေမန်းက မြန်မာ-ဂျပန်ပါလီမန်ချစ်ကြည်ရေးအသင်း ကိုလည်း အမြန်ဆုံးဖွဲ့စည်းသွားရန် စီစဉ်သွားမည်ဖြစ်ကြောင်း၊ ဂျပန်-မြန်မာပါလီမန်ချစ်ကြည်ရေးအသင်း ဖွဲ့စည်းပုံကိုနမူနာယူ၍ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ၁၉၈၈ခုနှစ်မှ ၂ဝ၁ဝအထိ ဂျပန်- မြန်မာဆက်ဆံရေးသည် ပုံမှန်အနေအထားမရှိခဲ့ကြောင်း၊ အကြောင်း ရင်းမှာ မြန်မာနိုင်ငံ၌လွှတ်တော်များမရှိခဲ့၍ ဒီမိုကရေစီစနစ်ကျင့်သုံး နိုင်ခြင်းမရှိခဲ့၍ဖြစ်ကြောင်း။
ယခုအခါ မြန်မာနိုင်ငံ၌လွှတ်တော်များရှိပြီဖြစ်ပြီး ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေပြီဖြစ်၍ ပြန်ချေဖျက်သည့် အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ရန်လိုပါကြောင်း၊ ယင်းအတွက် မြန်မာ-ဂျပန်နှစ်နိုင်ငံပါလီမန်များ၌လည်း တာဝန်ရှိပါ ကြောင်း ပြောကြားသည်။

ယင်းနောက် ဂျပန်နိုင်ငံအောက်လွှတ်တော်နှင့်အထက်လွှတ်တော် အမတ်များက ၄င်းတို့သိလိုသော မြန်မာနိုင်ငံ၏နိုင်ငံခြားရေးမူဝါဒ၊ စိုက်ပျိုးရေးလုပ်ငန်းများ အခြေအနေ၊ အခြေခံဆောက်အအုံလိုအပ် ချက်၊ လူ့စွမ်းအားအရင်းအမြစ်အခြေအနေများကိုမေးမြန်းကြရာ သူရဦးရွှေမန်းက ပြန်လည်ရှင်းလင်းဖြေကြားသည်။
သူရဦးရွှေမန်းက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေး ကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်နှင့်အညီ ကျင့်သုံးလျက်ရှိကြောင်း၊ လွတ်လပ်၍တက်ကြွသည့်နိုင်ငံခြားရေး မူဝါဒကိုကျင့်သုံးလျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် မည်သည့်နိုင်ငံနှင့် မဆို ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရန်ကြိုးစားကြောင်း၊ မြန်မာက တရုတ်၊ အိန္ဒိယ၊ ဂျပန်အပေါ်ထားရှိသည့်သဘောထားမှာ အတူတူပင် ဖြစ်ကြောင်း၊ ထို့အတူ အရေးယူပိတ်ဆို့ခဲ့သည့် အမေရိကန်ကိုလည်း အဆိုပါသဘောထားပင်ထားရှိကြောင်း၊ အခြေခံအဆောက်အအုံ လိုအပ်ချက်တွင် လျှပ်စစ်စွမ်းအားလိုအပ်ချက်၊ ပို့ဆောင်ဆက်သွယ်ရေး လိုအပ်ချက်၊ ဘဏ်နှင့်ငွေရေးကြေးရေးဆိုင်ရာလိုအပ်ချက်၊ ဘဏ္ဍာ ရေးဆိုင်ရာလိုအပ်ချက်များရှိကြောင်း၊ မြန်မာနိုင်ငံတွင် အင်ဂျင်နီယာ များအလုံအလောက်ရှိ၍ ၄င်းတို့ကို ဂျပန်မှလိုအပ်သည့်သင်တန်းများ ပေးမည်ဆိုပါက ဂျပန်အနေဖြင့် စက်မှုလုပ်ငန်းများရင်းနှီးမြှုပ်နှံရာ တွင် အသုံးဝင်မည်ဖြစ်ကြောင်းများဖြေကြားခဲ့သည်။

ယင်းနောက် ဂျပန်နိုင်ငံ၏ အာဏာရပါတီ LDP နှင့် ဂျပန်-မြန်မာပါလီမန် ချစ်ကြည်ရေးအသင်းတို့က ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံသည်။


.. www.MyanmarExpress.net
 

2 comments:

It is very important that Asian Countries have people to people, parliament to parliament contact to combat the western pressure. The white kalars are very foxy people. They have grabbed many parts of our lands and are still trying to grab at present.

လူ သား အား လုးံ သေ လျှင် ကိုယ့် နောက် ပါ ပါ သ လား ပါ တာ လုပ် ကြ ပါ လူ ဘ ဝ ဆို တာ တို တို လေး ပါ

အာ ဏာ ပိုင် အ ဖွဲ့ အ စည်း က လဲ ပြည် သူ ကို ညှာ စေ ချင် ပါ တယ် သ မာ သ မတ် ကျ ကျ လုပ် ကြ ပါ
ပြည် သူ တွေ က လဲ ယဉ် ကျေး စွာ နေ ကြ ထိုင် ကြ ပါ အား လုးံ ငါ စွဲ ဖြုတ် ကြ ပါ

TT

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်