Subscribe to our RSS Feed

ကိုးတန်းကျောင်းသူတစ်ဦးကို အဓမ္မသားမယားပြုကျင့်သည်ဟုဆိုကာ အမှုဖွင့်ထား

From : ..age

ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်နေ အသက်(၂၁)နှစ်အရွယ်
ကိုပြည့်ဖြိုးအောင် ဆိုသူသည် ကလေးမြို့နယ်၊မွန်းလိုင်ကျေးရွာနေ
ကိုးတန်းကျောင်းသူတစ်ဦးကို အဓမ္မသားမယားပြုကျင့်သည်ဟုဆိုကာ
အမှုဖွင့်ခံထားရကြောင်း ကလေးမြို့၊ မြို့နယ်ရဲစခန်းမှ သိရသည်။

"ကိုပြည့်ဖြိုးအောင်ကိုတော့ (ပ)၅၃၂/၂၀၁၃၊ ပြစ်မှုပုဒ်မ - ၃၇၆ အရ
ဖမ်းဆီးထားပြီး စစ်ဆေးနေပါပြီ။ မ .......ကိုလည်း ဆေးစစ်ဆေးမှု
ခံယူနိုင်ရေးသဘောထားမှတ်ချက်ရယူပေးဖို့မြို့နယ်တရားသူကြီးထံမှာ
ခွင့်ပြုမိန့်ရယူနေပါပြီ။ တရားခံအဖြစ်ယူဆထားတဲ့
ကိုပြည့်ဖြိုးအောင်ကိုလည်း ဆေးစာရေးသားထင်မြင်ချက် တောင်းခံပြီး
အမှုကိုခိုင်မာအောင်တည်ဆောက်တရားစွဲဆိုတင်ပို့နိုင်ဖို့
ဆောင်ရွက်နေပါတယ်" ဟု မြို့နယ်ရဲစခန်းမှ သိရသည်။

နိုဝင်ဘာ(၂၄)ရက်နေ့ (၁၂)နာရီတွင် ကိုပြည့်ဖြိုးအောင်၊
ကိုးတန်းကျောင်းသူမ ......နှင့် ရှစ်တန်းကျောင်းသူတစ်ဦးတို့သည် ဆိုင်ကယ်တစ်စီးတည်းဖြင့် ကလေးမြို့ရှုခင်းသာသို့ သွားခဲ့ကြကြောင်း၊ ရှုခင်းသာမှအပြန်ညနေ(၃)နာရီခန့်တွင် ဘီယာများသောက်နေခဲ့ကြပြီး
မ .... က ရာဇဂြိုဟ်သို့ သွားလိုသဖြင့် ဆိုင်ကယ်တစ်စီးတည်းဖြင့် သွားခဲ့ကြကြောင်းသိရသည်။

ကလေး-တမူး ကားလမ်းအတိုင်း မောင်းနှင်လာကြပြီး
ည(၇)နာရီခွဲခန့် တွင်ကံလှကျေးရွာ အထွက်သို့အရောက်၌ ကိုပြည့်ဖြိုးအောင်သည်ဆိုင်ကယ်ကိုစက်ရပ်ကာ မ .... ၏ပါးကို
နမ်းသဖြင့် မ ....က ခြေထောက်ဖြင့်ကန်ကြောက်ခဲ့ကြောင်း၊
ကိုပြည့်ဖြိုးအောင်သည် မ.... ကိုနာရီဝက်ခန့်ကြာသည်အထိ
အတင်းအဓမ္မ သားမယားပြုကျင့် ခဲ့ကြောင်း အမှုဖြစ်စဉ် အကျဉ်းတွင်ဖော်ပြထားသည်။

ကျော်သူစိုး(ကလေးမြို့)


 .. www.MyanmarExpress.net
 

11 comments:

တစ်ခါတစ်လေကျတော့လည်း မြန်မာ့လူ့ဘောင်အဖွဲ့အစည်းမှာ ဘာတွေဖြစ်ကုန်တာလဲ...ကျွန်တော်တစ်ဦးတည်း အမြင်ကတော့ ကောင်လေးတစ်ယောက်တည်းရဲ့ အပြစ်မဟုတ်ဘူးထင်ပါတယ်...ဘာဖြစ်လို့ အသက် 15 နှစ်ပဲရှိတဲ့ ကျောင်းသူက ဘီယာသောက်ရတာလဲ...ည 7 နာရီ 8 နာရီထိအိမ်ပြန်မလာတဲ့သမီး အပျိုဘော်ဝင်စ ကျောင်းသူကို သူ့မိဘ တွေက သွားချင်ရာသွား ဒီအတိုင်းပဲ လွှတ်ထားပါသလား...နောက်ပီး လူငယ်တွေကြားမှာ ခေတ်စားလာတဲ့ ကိုရီးယားယဉ်ကျေးမှု အ ခွေတွေ အင်တာနက်လိုင်းတွေက နေလွတ်လပ်စွာ မြင်တွေ့နေရတဲ့ SEX နဲ့ ဆိုင်သော အ ကြောင်းအရာများ...ဟား....မြန်မာ့ အနာဂတ်လူ့ဘောင်အဖွဲ့အစည်းက တော့ ရင်လေးစရာပါ...နောက်ဆို ရှေ့တင်မက အ နောက်ကိုပါ မုဒိန်းကျင့်ကုန်ကြရင်ဖြင့်....
ရှင်စောပု ဂျုတ်ကြီး

ကောင် မ လေး နောက် တစ် ယောက် က ဘယ် ရောက် နေ တာ လဲ ပြော တော့ ၃ ယောက် ဆို .ဆော် တွေ လဲ အမှား ပါ ပါ တယ် ၉ တန်း ကျောင်း သူ က ဘီ ယာ ဆိုင် ၀င် သောက် တယ် ဆို က တည်း က ကုန် လုံး စဉ်း စား တတ် နေ ပီ မြန် မာ ပြည် က လူ တွေ လဲ နည်း နည်း ပါး ပါး တော့ တွေး တတ် ပါ တယ် ကွာ

ဒါက​တော့ ​ကောင်​​လေးဘက်​ကမ မှားဘူး ထင်​တာပဲ ရန်​ကုန်​မှာ လဲ အတိုအပြတ်​​တွေ နဲ့ လိုင်းကားစီး ကြ တာမြင်​လို့​တောင်​ မ​ကောင်းဘူး ဒါမိဘ ​တွေ က​ကောင်း​ကောင်းဆုံးမသင့်​ ပါတယ်

ကြက်တူရွေး တော်တော် မယ်တော်ကဲကဲပါ လူတင် ပါလို့  နွားကျားကိုက်ပါ

က‌လေးနဲ့ရာဇဂြိုဟ် ဆိုတာအ‌ဝေးကြီး မိန်းက‌လေးကဒီအချိန်မှာ ဘာသွားလုပ်‌ခြင်‌တာလဲ

မကျင့်စေ ချင်ယင် လုံခြုံအောင် ဝတ်ပေးပါ

ဒီကောင်ကလဲကွာ နာရီဝက်တောင်ကြာတယ်ဆိုတော့

မိန်းကလေး ဖြစ်ပြီး သွားချင်တုန်းက ဘယ် သူမှမသိ လိုက်ဘဲနဲ့ ဖြစ် လာမှ လျှောက် ပြောနေတယ်။ ယောကျာင်္းလေးမမှားဘူး..

မိန်း ကလေး ဖြစ်ပြီး သွားချင်ရာသွား ပြီး လာချင်ရာလာ ပြီးတော့မှ အမေ ကယ်ပါ အဖေကယ်ပါ မလုပ်နဲ့ (၉) တန်း အရွယ် ကျောင်းသူက ဘီယာ သောက်တယ် ဆိုတာ ပရိတ်သတ် ကြီးလဲ စဉ်းစားကြည့်ပေါ့ သေချာခြုံငုံ ကြည့်မယ် ဆိုရင် အပြစ်ရှိတာကတော့ အုပ်ထိန်းသူပါပဲ လို့ ထင်မြင်မိပါတယ်

မိန်း ကလေး ဖြစ်ပြီး သွားချင်ရာသွား ပြီး လာချင်ရာလာ ပြီးတော့မှ အမေ ကယ်ပါ အဖေကယ်ပါ မလုပ်နဲ့ (၉) တန်း အရွယ် ကျောင်းသူက ဘီယာ သောက်တယ် ဆိုတာ ပရိတ်သတ် ကြီးလဲ စဉ်းစားကြည့်ပေါ့ သေချာခြုံငုံ ကြည့်မယ် ဆိုရင် အပြစ်ရှိတာကတော့ အုပ်ထိန်းသူပါပဲ လို့ ထင်မြင်မိပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်