Subscribe to our RSS Feed

တစ်သက်လုံး စစ်တပ်ကို မကောင်းပြောခဲ့တဲ့ ဒေါ်စု၏ ချဉ်းကပ်ရန် ကြိုးစားမှုကို ကာချုပ် နှင့် တပ်မတော်သားအားလုံး သတိထားရန် လိုအပ်



 စစ်တပ်က ကာကွယ်နေတဲ့ အခြေခံဥပဒေကို စစ်တပ်ကို တခြားဖိအားတွေ သုံးပြီး အပြင်းအထန် ပြင်ရန်ကြိုးစားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ  ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက် တစ်စောင်ကို နိုဝင်ဘာ ၂၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်မှာ တပ်မတော် နဲ့  တွေ့ဆုံဆွေးနွေး နိုင်ရန်အတွက် သမ္မတကြီးအား စာအားဖြင့် မေတ္တာရပ်ခံရန် ၂၃-၁၁-၂၀၁၃ နေ့၌ ကျင်းပပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပါတယ်။


ပြီးခဲ့တဲ့ နိုဝင်ဘာလာ ၁၈ ရက်နေ့က နေပြည်တော်မှာလုပ်တဲ့ ဆန္ဒခံယူပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က တပ်မတော်ကို လေးစားကြောင်း၊ တန်ဖိုးထားကြောင်း၊ တပ်မတော်နဲ့ NLD ကို စိတ်ဝမ်းကွဲအောင် တိုက်ပေး နေသူတွေရှိကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်မှ တပ်မတော်ရဲ့ အခွင့်အရေးတွေ လျှော့ချင်လို့ အခြေခံဥပဒေကို ပြင်ချင်တာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

တပ်မတော်ကို လေးစားတန်ဖိုးထားပြီး မြင့်မြတ်စေချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခြေပြတ် လက်ပြတ်နဲ့ ဒဏ်ရာရ စစ်သည်တွေကို တစ်ခါမှ အားပေးစကားပြောတာ မရှိခဲ့ဖူးပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်အောက်က တပ်မတော်သားတွေရဲ့ အခက်အခဲပေါင်းစုံ၊ လိုအပ်ချက်ပေါင်းစုံကို မေးမြန်းခြင်းလည်း မရှိဖူးသလို၊ ကူညီဖူးတာလည်း မရှိပါဘူး။


 နှုတ်မှ  တပ်မတော်ကို လေးစားတန်ဖိုးထားကြောင်း၊ မြင့်မြတ်တဲ့ တပ်မတော်ဖြစ်စေချင်ကြောင်း တဖွဖွပြောနေပေမယ့် နေပြည်တော် ဆန္ဒခံယူပွဲမှာ တပ်မတော်အပေါ် ရိသဲ့သဲ့စကားလုံးတွေ အများကြီးပါတယ် လို့ ပြည်တွင်းဆောင်းပါးရှင် ပိုက်တင်က မှတ်ချက်ပြုပါတယ်။


နေပြည်တော်မိန့်ခွန်းမှာ ''တပ်မတော်သား ကိုယ်စားလှယ်များကိုလည်း ပြောချင်ပါတယ်။ တိုင်းပြည် အကျိုးကို ကြည့်ပါ၊ အမှန်တကယ်ပဲ တိုင်းပြည်အပေါ် စေတနာရှိတယ်ဆိုရင် တပ်မတော်ရဲ့ အခြေအနေ၊ အနေအထားကို ပြန်ကြည့်စရာ မလိုပါဘူး။ ကိုယ့်တိုင်းပြည် တောင့်ရင် တပ်မတော်ပါ တောင့်ပါမယ်။ ပြည်သူလူထုက တပ်မတော်ရဲ့နောက်မှာ မားမားမတ်မတ်ရှိရင် ဘယ်တပ်မတော်မှ ယိမ်းယိုင်မှာ မဟုတ်ပါဘူး'' ဘူးလို့ လက်ပံခါးလှမှာ ဒေါ်အောင်ဆန်း စုကြည် ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုတဲ့ စကားလုံး တွေက ရိသဲ့သဲ့ တိုက်ခိုက်တဲ့ အဆင့်မဟုတ်တော့ဘဲ ပေါ်တင်တိုက်ခိုက်နေတာ အထင်အရှားပါ။ အရင်တုန်းက ဒေါ်စု မိန့်ခွန်းတွေမှာ စစ်အာဏာရှင်ဟောင်း၊ စစ်အစိုးရဟောင်းနဲ့ အရင်ဗိုလ်ချုပ်တွေကို ထိပါးပြောတာတွေ ရှိခဲ့ဖူးပေမယ့် လက်ရှိတပ်မတော်နဲ့ လက်ရှိဗိုလ်ချုပ်တွေကို တိုက်ရိုက်ပြောဆိုတာမျိုး မရှိဖူးပါဘူး။ နေပြည်တော် မှာ ဒေါ်စုပြောတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ဆိုတာက လက်ရှိတပ်မတော် အကြီးအကဲ ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခန့်အပ်ထားတဲ့ တပ်မတော်သား အမတ်တွေကို တိုက်ရိုက်ပြောတာ ပါ။ တပ်မတော်ကို တိုင်းပြည်အကျိုးကို ကြည့်ပါ ဆိုတာက မကြည့်ဘူးလို့ ဆိုလိုတဲ့ သဘောပါ။  အမှန်တကယ်ပဲ တိုင်းပြည်အပေါ် စေတနာ ရှိတယ်ဆိုရင် တပ်မတော်ရဲ့ အခြေအနေ၊ အနေအထားကို ပြန်ကြည့်စရာ မလိုပါဘူး ဆိုတဲ့ စကားက လက်ရှိ တပ်မတော်က တိုင်းပြည် အပေါ် စေတနာ အမှန်တကယ်မရှိဘူးဆိုတဲ့ သဘောပါ။ 


ပြီးခဲ့တဲ့ အောက်တိုဘာလတွင်း ဥရောပခရီးစဉ်များမှာတော့ လက်ရှိအခြေခံဥပဒေမှာ တပ်မတော်က အခွင့်ထူးခံ ဖြစ်နေကြောင်း၊ တပ်မတော်နေရာယူမှု အဆုံးသတ်ရန်အတွက် အခြေခံဥပဒေကို ပြင်ဆင်ရ မည် ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဗြိတိန် စင်းဟက် စစ်တက္ကသိုလ်ရောက်စဉ် က မြန်မာစစ်တပ်ကို ဗြိတိန်စစ်တပ် လို ဖြစ်စေချင်ကြောင်းနဲ့ ဗြိတိန်စစ်တပ်မှ မြန်မာစစ်တပ်ကို သင်ပေးစေလိုကြောင်း ပြောဆိုခဲ့ ပါတယ်။ အခြားနိုင်ငံများသို့ရောက်တိုင်း လက်ရှိမြန်မာ့တပ်မတော်ကို သိက္ခာချတဲ့သဘော သက်ရောက်သည့် စကားတွေ အမြဲပြောလေ့ရှိပါတယ်။ 


ဖေဖေတည်ထောင်ခဲ့တဲ့ တပ်မတော်ဟု အမြဲပြောဆိုနေပေမယ့် တပ်မတော်သားများကို အမြဲနိမ့်ချ ဆက်ဆံပြီး တိုင်းရင်းသားလက်နက်ကိုင်များကို အမွှန်းတင်ပြောဆိုတဲ့အပြင် ပြည်တွင်းစစ် ဖြစ်နေရခြင်းမှာ တပ်မတော်၏ အပြစ်ပင် ဖြစ်သယောင် ပြောဆိုလေ့ရှိပါတယ်။ 


ဒေါ်အောင်ဆန်းစုကြည်တင် မဟုတ်ပါဘူး။ NLD ပါတီဝင်များနှင့် ဒေါ်အောင်ဆန်း စုကြည် ထောက်ခံသူများ ကလည်း တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီ ပတ်သက်သယောင် အမြဲတန်းဝါဒဖြန့်ရေးသား ခံရခြင်းများ၊ တပ်မတော်နှင့် လူထုကို ရန်တိုက်ပေးသည့် စကားများ၊ စာများ အမြဲတန်းရေးသား ဖြန့် ချိခြင်း၊ ပြည်တွင်းစစ် ဖြစ်နေရခြင်းမှာ တပ်မတော်၏ အပြစ်ပင် ဖြစ်သယောင် အမြဲပြောဆို ၀ါဒဖြန့် ကြခြင်း၊ စစ်တပ်တွင်း ပုန်ကန်မှုရှိလာစေရန် သွေးထိုးခြင်းများ၊ စစ်သားဟောင်းများကို သူရဲကောင်းသဖွယ် ဆက်ဆံပြီး ဂုဏ်ပြုကြခြင်းများ ပြုလုပ်နေကြပါတယ်။


ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော်အကူအညီကို ရယူလိုသော်လည်း တပ်မတော်ကို အောက်ကျခံရမည်ကို စိုးရိမ်နေပါတယ်။ ထောက်ခံသူများက ဒုတိယ ဘုရားသခင်၊ လူထုခေါင်းဆောင်၊ တစ်ဦးတည်းသော နိုဘယ်ဆုရှင်ဟု အမွှန်းတင်နေသော်လည်း တပ်မတော်က အောက်ကျို့မခံသည့်အတွက် မကျေမနပ်ဖြစ်နေရပါတယ်။ ဒါကြောင့်  တစ်ဖက်မှာ တပ်မတော် ကို ချစ်ကြောင်း၊ လေးစားကြောင်း၊ တန်ဖိုးထားကြောင်း  ပြောနေပေမယ့် အခြားတပ်ဖက်မှာတော့ တပ်မတော် က ပြည်သူကို မချစ်သယောင်ယောင်၊ ပြည်သူအပေါ် စေတနာ အမှန်မရှိသယောင်ယောင် ပြောဆိုနေပြီး တပ်မတော်က အခွင့်ထူးခံဖြစ်နေကြောင်း၊ တပ်မတော်သား အမတ်တွေကို ဖယ်ထုတ်ချင် ကြောင်း၊ မြန်မာ့တပ်မတော်ကို ဗြိတိသျှတပ်မတော်ရဲ့ တပည့်ဖြစ်စေချင်ကြောင်း ပြောဆိုမှုတွေ လုပ်နေပါတယ်။ 


နေပြည်တော် ဟောပြောပွဲဟာ ပထမဆုံး ဒေါ်စု ကိုယ်တိုင်ပြောတဲ့ ဟောပြောပွဲ တစ်ခုဖြစ်ပါတယ်။ နောက်ပိုင်း ၂၀၁၅ နီးလာတာနဲ့အမျှ ဟောပြောပွဲတွေ စိပ်လာပြီး တပ်မတော်ကို ဒီထက်မက ထိခိုက်ပြောဆို တာတွေ လုပ်လာအုံးမှာပါ။ အမြဲတမ်း တိုက်ခိုက် ရိသဲ့သဲ့ စောင်းမြောင်း တိုက်ခိုက်လာပြီး မအောင်မြင်တဲ့ ဒေါ်စုဟာ အကြံကုန် ဂဠုန်ဆားချက် လုပ်လာပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ဟာ မီးစာ တဖက် ရေမှုတ် တဖက် ဖြင့် ကလိန်ကကျစ် ခြေလှမ်းများကို ကာချုပ် နှင့် တပ်မတော်မှ အကပ်မခံပဲ သတိထား ရှောင်းရှားသင့်ပါတယ်။ 


.. www.MyanmarExpress.net
 

9 comments:

မီးစတစ်​ဖက်​ ​ရေမှုတ်​တစ်​ဖက်​ လုပ်​​နေတဲ့ ဇာတ်​ပျက်​ ကပြား စုကြည်​ပဲ သတိထားကြပါ

ဒေါ်စု ရယ် နိုင်ငံတကာခုံရုံးက အလိုရှိနေတဲ့ သူတွေ ကို ညှီ နိုူင်း မနေပါနဲ့။

စောက်ကောင်မကြီး လိုချင်တာ ရချင်တော့ စစ်တပ်လီးလာစုပ်ပြီပေါ့

ဒါပေမယ့် ဘွားတော်ကိုတော့ နိုင် ငံကအလိုမရှိလို့ ညှိနှိုင်းစရာမလိုဘူးလေးးးးးးး

အခုစုပ်​​နေတာ ​နောက်​ကျရင်​ သူ့ဟာနဲ့ ပွတ်​မလို့ ​နေမှာ​ပေါ့

ဗိုလ်ချုပ်တို့အသက်နဲ့ရင်းပြီးမောင်းထုတ်ခဲ့ရတဲ့ အယုတ်တမာ နယ်ချဲ့ဗြိတိသျှလူမျိုးကိုမှ လင်တော်ထားတော့ ဘယ်နှယ့်သမ္မတ ဖြစ်လို့ရမှာလဲဗျာ။ တကယ်က လွှတ်တော်ထဲ တောင် ၀င်ခွင့်မရှိပါဘူး။ အထူးအခွင့်အရေးနဲ့ ၀င်နေတာပါ။ တော်လောက်ပြီပေါ့။

အင်ဂိုလာနိုင်ငံရဲ့ယဉ်ကျေးမူ့  ဓလေ့ ထုံးစံနဲ့ ဆန့် ကျင်တဲ့
ဘာသာရေးအဆောက်အုံတွေကို အလျော့မပေးပဲ မဖြစ်မနေ ဖျက်စီးနေကြတယ်။
ပြည်သူလူထု၏ ဆန္ဒအရ “ အင်ဂိုလာနိုင်ငံတွင် အစ္စလာမ်အယူဝါဒ ကို
တရားဝင် ပိတ်ပင်ပြီး ၊ နိုင်ငံတစ်ဝှမ်းရှိ ဗလီများအားလုံးကိုလည်း
တစ်လုံးမကျန် ဖျက်သိမ်းပစ်တော့မည် ဖြစ်ကြောင်း ” သတင်းရရှိပါတယ်။
အင်ဂိုလာနိုင်ငံ အစိုးရအဖွဲ့၏ ခေါင်းဆောင်ကလည်း ရေဒီယိုမိန့်ခွန်းမှ
“ အစ္စလာမ်အယူဝါဒ ဆိုတာဟာ လိုရာဆွဲထားတဲ့ ဥပဒေ တစ်ခုသာဖြစ်ပြီး ၊
ဘာသာတရား တစ်ခုအဖြစ် ၎င်းတို့အနေဖြင့် လုံးဝ လက်မခံနိုင်ပါကြောင်း ”
တရားဝင် ပြောကြားလိုက်ပါတယ်။

ကျုပ်တို့မှာလဲ ကျုပ်တို့ ပြည်သူတွေ ဒီလိုလုပ်ရမယ်။

ဒေါ်စုကြည် ပုံကိုကြည့်ပါ ခေါင်းဆောင်က ခေါင်းဆောင်နေရာမှာရှိရမှာပေါ့။
အခု ဒေါ်စုကြည် ပုံက ခေါင်းဆောင်အဆင့် လုပ်ရမယ့်ဟာမဟုတ်ဘူး၊
သူဌေးအကြိုက် အရောင်းစာရေးမ လုပ်ရတဲ့အလုပ်ဖြစ်နေတယ်။
အနောက် တိုင်းယဉ်ကျေးမူက။ အနောက် တိုင်းယဉ်ကျေးမူပဲ ။

မြန်မာ့ ယဉ်ကျေးမူ့  ဓလေ့ ထုံးစံနဲ့ ဆန့် ကျင်နေတယ် ။
မြန်မာ့ပြည်သူတွေကို သိက္ခာကျစေတယ်၊

ဒါကို ဖြတ်ဖြတ်သားသား ဆန့်ကျင်ရမယ်။
ဒီတော့ ဒေါ်စုကြည် ဟာ မြန်မာ့နိုင်ငံရဲ့ သမ္မတ လုံးဝမဖြစ်သင့်ဘူး။
သူမသာ သမ္မတဖြစ်ရင် သူမ အဖေ (ဗိုလ်ချုပ်)ပြောခဲ့သလို နိုင်ငံမျိုးဖြစ်သွားနိုင်တယ်။

ထောင်ထဲကလွတ်လာတော့..
သောင်ပြင်လွှတ်လိုက်တဲ့ ခွေးမကြီးကျနေတာဘဲ...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်