Subscribe to our RSS Feed

စည်းကမ်းမဲ့ ရွာသား ၈၀ ကျော် မှ ရဲကင်းအား လေးဂွများ၊ ခဲများဖြင့် ၀ိုင်းဝန်း ပစ်ပေါက်မှု ကြောင့် ရဲ ၉ ဦး ဒဏ်ရာရ

From : ..MOI
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင် အလယ်နှင့် မျက်နှာချင်း ဆိုင်တွင် ရှိသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေ ပုသိမ်-မုံရွာ လမ်းပေါ်ရှိ ဆားလင်းကြီး၊ ယင်းမာပင် လမ်းဆုံ မိုင်တိုင်(၄၄၀/၄) အနီး လုံခြုံရေးရဲကင်းအား နိုဝင်ဘာ(၁၄)ရက် ည(၁၉း၃၀)အချိန်က ရွာသား (၈၀)ခန့်က လာရောက်ပြီး လေးဂွများ၊ ခဲများဖြင့် ၀ိုင်းဝန်းပစ်ပေါက်ခဲ့ကြသည်။

အကြမ်းဖက်မှု ထပ်မံ မဖြစ်ပွားစေရေးအတွက် ရဲစခန်းမှ အသံမြည် ဗျောက်အိုးများဖောက်၍ ကာကွယ် ပစ်ခတ် သဖြင့် ရွာသားများ နောက်ဆုတ် ထွက်ပြေးခဲ့ကြသည်။

အခင်းဖြစ်နေရာသို့ ပုသိမ်-မုံရွာလမ်းပေါ်ရှိ (၅/၁)လမ်းဆုံ ရဲတပ်ရင်းမှ တပ်စု(၂)စုက မော်တော်ယာဉျ (၂)စီးဖြင့် ကူညီရန် သွားရောက်စဉျ (၂)ဖာလုံခန့်အလိုတွင် လမ်းဘေးဝဲယာမှ ရွာသားများက လေးဂွများဖြင့် ၀ိုင်းဝန်း ပစ်ပေါက်ကြသဖြင့် ရဲအရာရှိ(၂)ဦးနှင့် အခြားအဆင့်(၇)ဦးပေါင်း(၉)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ ရွာသားများအား ရဲတပ်ဖွဲ့မှ ခြောက်လှန့်သည့်အနေဖြင့် အဓိကရုဏ်းလက်နက်ဖြင့် ပစ်ခတ် ခြောက်လှန့် ခဲ့ရာ ည(၂၀း၃၀)နာရီတွင် ရွာသားများ ကျေးရွာဘက်သို့ ထွက်ပြေးခဲ့ကြသည်။

အခင်းဖြစ်ပွားသည့် ရဲကင်းပတ်ဝန်းကျင်တွင် အကြမ်းဖက်မှု ထပ်မံ မဖြစ်ပွားစေရေးအတွက် လုံခြုံရေးများ အပြည့် အ၀ ချထားကြောင်းနှင့် ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည့် ရဲအရာရှိ(၂)ဦးနှင့် အခြားအဆင့် (၇)ဦးတို့အား ဆေး ကုသမှု ခံယူနိုင်ရေးအတွက် မုံရွာပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသလျက်ရှိကြောင်း ကနဦး သတင်း ရရှိ ပါသည်။


.. www.MyanmarExpress.net
 

9 comments:

Mizzima reports entirely twisted and slant version of the same news. Then worthless BBC and other worthless media will make this perverted news plausible.

အကြမ်းဖက်မှု ထပ်မံ မဖြစ်ပွားစေရေးအတွက် ရဲစခန်းမှ အသံမြည် ဗျောက်အိုးများဖောက်၍ ကာကွယ် ပစ်ခတ် သဖြင့် 
လူလိမ်​​တွေ ဖတ်​တဲ့သူ​တွေကို သူ့အ​မေလင်​ငတုံး​တွေများမှတ်​​နေလား

ပြစ်မှုပြစ်ဒဏ်မပါဘဲ တရားဥပဒေစိုးမိုးအောင် ဘယ်လိုလုပ်ကြမလဲ။ဒုတ်မကိုင်ရင် ကလေးတောင် ထိန်းသိမ်းလို့မရဘူး။

အဲဒီရွာ ​ခွေးသူ​စောင်းစား​တွေကို ​ခွေးရိုက်​သလိုသာ ရိုက်​ပြီးဆုံး​တော့ကွာ ဒီ​ကောင်​​တွေက လူလိုဆုံးမလို့မရ​တော့ဘူး

ဝမ် ပေါင် ရဲ ။ ပြည့် သူ့ ရဲ မဟုတ်ဘူး။ သေ

ပါစေ

1-OUR PEOPLE ARE STILL MISLEADING
BECAUSE THEY GOT DEMOCRACY FOR
LESS THAN TWO YEARS.
2-MANY YEARS OUR PEOPLE COULD
NOT EXPRESS THEIR FEELING AND
COULD NOT PROTEST.
3-WE ALL DO NOT LIKE UNFAIRNESS AND
UNNECESSARY ATTACKING EACH OTHERS.
4-THE MAIN GOAL IS FAIR AND JUST IN
ALL MATTERS.
5-FAIR LAWS AND ORDERS FOR PEACE
AND SECURITY.
6-WE SHOULD NOT FIGHT EACH OTHERS.
7-WE NEED TO FIGHT OUR COMMON
ENEMIES.

စည်းကမ်းနဲ့မနေတတ် တဲ့ဒီလူရမ်းကားတွေကို England ကရဲခေါ်ပြီးမီးသတ်ပိုက်နဲ့ထိုးကွဲပြဲအောင်ရိုက်ခိုင်းရမယ်။

ကိုယ့်အာဏာ
ထိခိုက်မှာစိုးလို့၊
အကောင်းမြင်
သမားတွေ
လျှောက်လှမ်းမယ့်လမ်း
ဆူးကြမ်းတွေရောမွှေစေလို့တဲ့
ဆန္ဒတွေနဲ့
အုပ်ချုပ်ရေးအာဏာ
လိုတိုးပိုလျှော့
လုပ်တဲ့ဒဏ်တွေ
မင်းတို့ပြန်ခံနေရတယ်လို့
မှတ်လိုက်ကြပါ။

သူများလယ်သွားသိမ်းတာကို
ခံပေါ့..ရွာသားတွေကိုတော့ မသနားဘူး
စောက်ရဲတွေ ကလားတွေဆို ရင် အသေကြောက်
ဗမာဆိုရင် အနိုင်တအားကျင့်
တရုတ်ဆို တအားဖား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်