Subscribe to our RSS Feed

ဇဗ္ဗူဒီပါ တောင်းကျွန်း သြဘာ နိမိတ်ထွန်း

From : .. Jing Hpaw Land


တစ်နေ့က ကထိန်သင်္ကန်းကပ်ပွဲ (ကထိန်) ကိုသွားရင်းနဲ့ ဆရာတော်ထံကို သင်္ကန်းကပ် တရားလည်း နာ ၊ ပြီးတာနဲ့ ငေါက်ကနဲထပြီး လစ်မယ်လုပ်တုန်း
ဆရာတော်က နောက်ကနေ ဟဲ့ ဒါကာ Jing Hpaw Land ဒါကဘယ်တုန်း လို့
နောက်က လှမ်းအဟောက် ကျောင်းပေါ်ကနေ အောက်ကို ဆင်းမဲ့ ခြေလှမ်းက
တုန့်ကနဲ၊ လူတောင် တွန့်သွားတယ် ၊ ဆရာတော်ဘုန်းကြီးက ဘုန်းကြီးယုံတင်
မဟုတ်ဘူး၊ ငယ်ငယ်ကတည်းက သူ့ကြိမ်လုံးကြီးကြီး ခဏခဏ စားခဲ့ရဖူးတော့
ကြောက်တာပေါ့..

ဒါနဲ့ အသာကလေး ပြန်လှည့်ပြီး လိမ်ရတော့တာပေါ့ တင်ပါ ညောင်းလို့ အောက်ခဏ ဆင်းမလို့ပါ ဘုရားလို့ လည်းလျောက်ရော ကိုယ်စကားတောင်မပြီးသေးဘူး ဆရာတော်က ဟဲ့ Jing Hpaw Land ရယ်၊ နင့်အကြောင်း ငါက သိပ်မသိဘူး၊ နင်အူဗြဲ အူဗြဲ အော် လေးဘက်သွားတတ်စတုန်းကတည်းက ငါ့ကျောင်းပေါ် ကြီးလာတဲ့ကောင်
(ဂျော်ကီ) ၊ ပြီးတာနဲ့ ချက်ချင်းပြန်တက်လာခဲ့၊ ၅ မိနစ်ထက်ပိုမကြာစေနဲ့ ကြာလား၊ ငါ
မိန့်စရာရှိတယ်၊ အောင်မယ်လေး ၊ အမိန့်က ပြင်းတယ်ဗျ၊ ပြောတဲ့ အတိုင်းမလုပ်လို့
တော်ကြာကြိမ်လုံးနဲ့ ထဆောင်ရင် ဆော်နေမှာ၊ သူများသာ မဆော်တာ ကိုယ့်ကျရင်
အခုထိ ဆော်မဲ တကဲကဲ၊ သင်္ကန်းမပြီး လက်တပြင်ပြင်နေတုန်းဗျ၊

ငယ်ငယ်ကတည်းက ကိုယ့်ဆရာတော် ဆိုတော့ ငြိမ်ဆိုရင် တုန့်တုန့်မျှ မလှုပ်ရဲဘူးဗျ၊
တင်ပါဘုရား ပြန်တက်လာပါ့မယ်ဘုရားလို့ လျောက်ပြီး ကျောင်းအောက်ကို ခပ်သုတ်
သုတ် ပြေးဆင်းပြီး ၊ ဟိုရောင်ရောင် ဒီယောင်ယောင် လုပ်နေလိုက်ရလေရဲ့ ဗျ၊ ဘယ်လစ်ရဲမလဲ ၊ ကျွန်တော် အခုအထိ ဆရာတော့် ကြိမ်လုံး ကြောက်ရတုန်းဗျ၊
အော်ကိုယ်က တောသူ တောင်သား ဘုန်းကြီးကျောင်းသားပေကိုဗျ

၅ မိနစ်လည်းပြည့်တော့ မနေရဲဘူး၊ ကျောင်းပေါ် ခပ်သုတ်သုတ် ပြန်တက် ဆရာတော်
ရှေ့ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဟိုကောင့်လက်ညှိုးထိုးခိုင်း၊ ဒီကောင့်ခိုင်းနဲ့
မင်းကဒါသယ်၊ ဟိုပဒေသာပင် ဒီဘက်ရွှေ့ ၊ မျက်နှာလုပ်ရတာပေါ့၊ ဒီလိုနဲ့ ၁၄ ငါးမိနှစ်
လောက်ကြာတော့ လူတွေလဲရှင်၊ တစ်ဖွဲဖွဲနဲ့ ပြန်ကြတော့ ကိုယ်နဲ့ ဆရာဒါကာ အရင်း လေး ငါးဆယ်ယောက်လောက်ဘဲ ကျန်တော့တဲ့ အချိန်၊

ဟဲ ဘယ်သူတွေကျန်သေးတုန်း၊ Jing Hpaw Land နင်တို့ အဲဒါပြီးရင် ငါရှေ့ကို အကုန်လာခဲ့ကြ၊

တင်ပါ့ဘုရား၊ လက်အုပ်လေးချီပြီးလျှောက်ရင်၊ ဟေ့ကောင်တွေ လုပ်ကြဟေ့ မြန်မြန်
ဆရာတော် ခေါ်နေပြီ ၊ ကိုယ်ကဆရာဆိုတော့ ခါးထောက်ပြီး လက်ညှိုးထိုး အမိန့်ပေးပေါ့၊

ဒါနဲ့ ဆရာဒါကာအရင်း ကိုယ်နဲ့ စုစုပေါင်း ဆယ့်လေးငါးယောက် ဆရာတော့်ရှေ့ လက်အုပ်ကလေးချီပြီး ကျုံ့ ကျုံ့ ထိုင်၊ ဆရာတော် ဘာများ မိန့်မလဲ မသိဘူးဆိုပြီး
အသာကလေး ငြိမ်နေရတာပေါ့၊

ဟဲ့ Jing Hpaw Land ငါ နင်တို့ကို ငယ်ငယ်ကတည်းက သင်ပေးထာတဲ့ ကထိန်အကြောင်း မှတ်မိသေးလား၊ င့ါတပည့်တွေဘယ်လောက် များ ငါသင်ပေးတာတွေ မှတ်မိသေးလဲ ကြည့်ဦးမယ်၊

ဒါမျိုးတော့ ဘယ်ရလဲ မှတ်မိတာပေါ့၊ ကြိမ်လုံးနဲ့ အကြိမ်ကြိမ်တွေ့ခဲ့ရတာဘဲ
မှတ်မိတာပေါ့...

တင်ပါ့ဘုရား ကထိန်မည်သည် ကထိန ခေါ် ကထိန်သင်္ကန်းလျာကို ၀ါတွင်းသုံးလပတ်လုံး တရာဘာဝနာများဖြင့် မွှေ့ လျော်အားထုတ် စံပျော်တော်မူ
ထသော မြတ်စွာဘုရားရှင်၏ သားတပည့် ရဟန်း သံယာတော်များကို ဒါယိကာ
ဒါယိကာမ များကိုယ်တိုင် မိမိလက်ဖြင့် ဆက်ကပ်လှူ ဒါန်းရတဲ့ သင်္ကန်းကပ်လှူပွဲလို
ဆရာတော်ဘုရား တပည့်တော်တို့ ငယ်ငယ်ကတည်းက သင်ပေးခဲ့တာပါဘုရား၊

ဆရာတော့် မျက်နှာက ကျွန်တော့် အဖြေကို နှစ်ထောင်း အားရတော်မူတဲ့ မျက်နှာတော်နဲ့ နောက် သူ့တပည့်တွေ ဒီလိုစာကြေတယ်ဆိုတာ ကိုလဲ လူအများရှေ့ မှာ ပြနိုင်တယ်တယ်ပေါ့၊ ဆရာတော့်မျက်နှာက အဖြေအပေါ်မှာ တပြုံးပြုံး ပေါ့။


ကဲ ဒါနဲ့ နေစမ်းပါဦးဟဲ့ ဟိုတစ်လောက ကြားလိုက်ပါတယ် ငါ့ကို နင်လျောက်တာမဟုတ်လား Jing Hpaw Land ရတနာ ဆင်ဖြူတော် ဆင်ထိန်းကို
ဆင်ဖြူက ပြန်နင်းသတ်တယ်ဆို၊ ဆင်ထိန်း နာမည်က ဦးသိန်းစိန်ဆို၊
ပြီးတော့ ဟိုတစ်နေ့ကလဲ နင်တို့ အခုအစိုးရသစ်လက်ထက်မှာ လုပ်နေတဲ့ လွှတ်တော်မှာ ဦးအောင်ဆန်း ဆိုတဲ့လူ ထိုင်ရပ် နှလုံးခုံရပ်ပြီး ဆုံးသွားတယ်ဆို၊

တင်ပါ့ဘုရား

အိမ်း အိမ်း နမိတ်ကတော့ မကောင်းတာ အမှန်ဘဲဟဲ့

တင်ပါ မိန့်တော်မူပါ အရှင်ဘုရား

ဆင်ထိန်းတို့ ဆင်ဦးစီတို့ကို ဆင်ကပြန်နင်းတယ်ဆိုတာ ရာဖ၀င်ရှေးကျန်းစာတွေအရ
ဆင်ထိန်း ဆင်ဦးစီ ရဲ့ မိသားစု ၊ မယား တို့မှာ မကောင်းမှုပြုခြင်း၊ဆင်ထိန်း မယား ဖောက်ပြန်ခြင်း၊နောက် ဖောက်လွဲဖောက်ပြန်လုပ်ချင်တဲ့ စိတ်ဖြစ်ခြင်း၊ အဲဒါတွေ
ဖြစ်ရင် ဆင်က နင်းပြီးသတ်သတဲ့ကွဲ့

ဒါကတော့ ထားပါတော့ နင်တို့ သိအောင် ငါရှင်းပြတာ

နောက်တစ်ခု သတိထားရမှာက နိုင်ငံရေးနယ်ပယ်ဘဲ၊
၂၀၁၅ အကုန်မှာ နောက်ထပ် ရွေးကောက်ပွဲရှိတယ်မဟုတ်လားဟေ့၊

တင်ပါ့ဘုရား၊ ယခု အစိုးရ သက်တမ်း ၅ နှစ်ပြည့်လို့ ဒီမိုကရေစီ စနစ်အရ ရွေးကောက်ပွဲ လုပ်ရပါ့မယ်ဘုရား၊


အေး အဲဒါကို ငါကျမ်းဂမ်တွေနဲ့ ရှေ့ထုံး အဆိုတွေပေါင်းပြီး တွက်ချက်ပြီးပြီကွဲ့
အဲဒါကို နင်တို့ကို မိန့်ချင်လို့ နင်တို့ကို မပြန်ခိုင်းသေးတာ၊

တင်ပါ မိန့် ကြားတော်မူပါ အရှင်ဘုရား

ဆင်နင်းလို့ သေသွားတဲ့ ဒါကာသိန်းစိန်ဆိုတဲ့ နာမည်က လက်ရှိ နင်တို့ပြည်သူတွေ
အတွက် အပြောင်းအလဲ လုပ်ပေးခဲ့တဲ့ ပြည်သူတွေထောက်ခံမှုအားကောင်းနေတဲ့
သမ္မတကြီးနဲ့ နာမည်သွားဆင်နေတယ်၊ ဒါကို အတိတ် သဘောင်တွေနဲ့ ငါတွက်ချက်
ကြည့်လိုက်တော့ နောင်တစ်ဆက်မှာ နင်တို့ သမ္မကြီးဆက်လက်ပြီး အရွေးခံရ လိမ့်ဦးမယ်ဟဲ့၊

သေဆုံးသွားတဲ့ ဒါကာကြီးနာမည်နဲ့ လက်ရှိသမ္မတ နံချင်း တိုက်ရိုက် အချိုးကျနေလို့ အခုကတည်းက ကျန်းမာရေး ဂရုစိုက်ဖို့ လိုလိမ့်မယ်၊ နာမ်ဟာ နင် တို့ သမ္မတကြီးနဲ့ တိုက်ရိုက်အချိုးကျနေလို့ တိုက်ရိုက်ယူတွက်ချက်ထားရတယ်၊ ဒါကြောင့် နင်တို့ သမ္မကြီးကျန်းမာအောင် ဂရုစိုက်ဖို့ လိုလိမ့်မယ်ကွဲ့ ၊ နင်တို့ သမ္မတကြီး ကျန်းမာရင် နောက်တစ်ဆက် သမ္မတ ထပ်ဖြစ်လိမ့်မယ်

တင်ပါ့ဘုရား အထူးဝမ်းသာမိပါတယ်ဘုရား၊

အိမ်း အိမ်း၊ နေဦး နောက်တစ်ခုကျန်သေးတယ်၊ လွှတ်တော်မှာ ဆုံးသွားတဲ့ ဒါကာကြီး အောင်ဆန်းနဲ့ ပက်သတ်ပြီးတော့လဲ ငါတွက်ချက်ထားသေးတယ်၊
သူ့ရဲ့ သေဆုံးနာမ်ဟာ အောင်ဆန်းဖြစ်တဲ့ အတွက် အာဇာနည် ခေါင်းဆောင်
ဗိုလ်ချုပ်ရဲ့ နာမ်နဲ့ သွားဆက်စပ်နေတယ်၊ တွက်ချက်ကြည့်လိုက်တော့ နင်တို့
အခုနိုင်ငံရေးနယ်ပယ်က အတိုက်အခံခေါင်းဆောင် ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်း
စုကြည်နဲ့ ဒါဟာ သွယ်ဝိုက်ပြီး ကက်ကင်း ထပ်နေတယ်၊

ဒါကာကြီး သွားလေသူ ဗိုလ်ချုပ်အောင်ဆန်းနဲ့ နာမ်တူ တိုက်ရိုက် အချိုးကျပြီး သမီးဖြစ်သူ ဒါယိကာမကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ကက်ကင်းထပ်နေတယ်၊
ကျမ်ဂမ် ရှေ့ ထုံးတွေနဲ့ ငါ့ တွက်ချက်ကြည့်တော့ ဒါယိကာမကြီး ဒေါ်အောင်ဆန်း
စုကြည် ဟာ ၂၀၁၅ ခုနှစ်အတွင်းမှာ အပြင်းအထန် နာမကျန်း ဖြစ်လိမ့်မယ်ကွဲ့
အသက်ကုန်နိုင်တယ်၊

ဒါကာမကြီးကျတော့ ဒါကာသမ္မတကြီးလို့ မဟုတ်ဘူး ၊ ဒါကာကြီး သမ္မတက နာမ်
တိုက်ရိုက် အချိုးကျနေလို့ သေဆုံးသွားသူဟာ မကောင်းတာတွေကို သယ်ဆောင်
သွားပြီလို့ တွက်ချက် မှတ်ယူလို့ရတယ်၊

ဒါကာမကြီး ဒေါ်အောင်ဆန်းစုကြည်က သေးဆုံးပြီးသူ အဖေနဲ့ တိုက်ရိုက်နာမ်ထပ်နေပြီးတော့ သမီးနဲ့ ကက်ကင်းကျနေလို့ မကောင်းတာတွေ စုပြုံ ၀င်လာလိမ့်မယ်လို့ တွက်ချက် မှတ်ယူရတယ်၊

နောက် သမ္မတဖြစ်နိုင်ခြေကို တွက်ချက်ကြည့်တော့ ဒီနှစ်ကုန်လောက်အထိ ဇာတာဟာ အားအလွန်ကောင်းနေတာကို တွေ့ရတယ်ကွဲ့

၁၃၇၅ ခုနှစ် တန်ခူးလပြည့်ကျော်တာနဲ့ ဒါယိကာမကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇာတာ ဆန်းလက်ဟာ ပါပ ဂြိုလ်ထဲရောက်ပြီး အညံ့ဘက်ကို တောက်လျောက်ရောက်
သွားတဲ့ အတွက် အသက်အန္တရာယ် ကျရောက်နိုင်တဲ့ ကျမ္မာရေး ထိခိုက်မှုတွေ မုချကြုံရ ဖွယ်ရှိတယ်ကွဲ့ ၊

၁၃၇၈ ခုနှစ် တန်ခူးလပြည့် ကျော်တာနဲ့ ဒါယိကာမကြီး ဒေါ်အောင်ဆန်းစုကြည် ဆန်းလက် ဇာတာ ပြန်ကောင်းလာတဲ့အတွက် ဒီကြားထဲမှာ ဒါကာမကြီး မသေခဲ့ရင်
အခက်အခဲတွေကျော်လွှာနိုင်ရင်တော့ နောင်တစ်ဆက်ကျော်မှာ ဒါယိကာမကြီး သမ္မတ ဖြစ်လိမ့်မယ်ကွဲ့၊

တင်ပါဘုရား

ဆရာတော်ဘုရား ဘာများ အမိန့်ရှိပါဦးမလဲဘုရား တပည့်တော် ဆရာတော်မိန့်တာလေး Online ပေါ်တက်ပြီး ပြောချင်လို့ပါဘုရား၊ နောက် ဒီနေ့လည့်
နေပြည်တော်မှာ ဖွဲ့စည်းပုံ အသစ်ဆွဲရေး၊ပြင်ဆင်ရေး ကို ဒေါ်စု တက်ရောက်မိန့်ခွန်း ပြောကြားမယ်လို့ ကြားသိရပါတယ်ဘုရား၊

အိမ်း အိမ်း ဒါဆိုလဲ သွားသွား ငါ့တပည့် Jing Hpaw Land

ဒါကာမကြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြောလိုက်ဦး ငါ မင်းကို မိန့်တာတွေ၊
ပြီးတော့ ဇာတာ ဆန်းလက်ညှိုးချိန်ရောက်တော့မှာ ဖြစ်လို့ လက်ရှိ နိုင်ငံရေး
လုပ်နေတာတွေ အကုန်လျော့ပြီး ၂၀၁၅ မတိုင်ခင် မသေဖို့နဲ့ ဒီကြားထဲသေသွားရင်
ကိုယ့်နောက်ပါဖို့ ဘုရားတရား အလုပ်တွေ များများ လုပ်ပေတော့လို့ ငါ မိန့်လိုက်တယ်လို့ ပြောလိုက်ဦးကွဲ့

ကဲကဲ ဇဗ္ဗူဒီပါ တောင်းကျွန်း သြဘာ နိမိတ်ထွန်း ဆိုတာလဲ မမေ့နဲ့ဦး ငါတပည့်

ပြန်ချေတော့ကွဲ့

တင်ပါဘုရား

တပည့်တော်ကို ခွင့်ပြုတော်မူပါဦးဘုရား....online ပေါ်တက်ပြီး ဆရာတော်ဘုရားမိန့်ကြား တာတွေ ပြောလိုက်ပါဦးမယ်ဘုရား..
 

 .. www.MyanmarExpress.net
 

4 comments:

NEWSWEEK ၂၁.၁၁.၂၀၁၃ နေ့ စာ ၆ တွင် သခင် လှကြိုင် အ ကြောင်း မှာ သခင် လှကြိုင် ဒို့ဗမာ အစည်းအရုံး ကို ၁၉၈၃ ခုနှစ်ခန့် ကဝင်ရောက်ခဲ့ ဟုတွေ့ရ

မှန်ပါစေ ဘုရားးးးးးးးး

တော် သေး တာ ပေါ့ ဘု ရား

အ ရှင် ဘု ရား မိန့် တာ တွေ sure ပါ စေ။

ယုံဘူး ဘုန်းကြီးအင်​ပဲ​နေမှာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်