Subscribe to our RSS Feed

၃ နှစ်အတွင်း ဒေါ်စုဘာတွေလုပ်ခဲ့လဲ? (အပိုင်း - ၃)


နှစ်ပေါင်းများစွာ ဒေါ်အောင်ဆန်းစုကြည်ကို စောင့်နေတဲ့ NLD ပါတီဝင်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုဖြင့် ပထမဆုံး လုပ်ဆောင်သည့် အလုပ်မှာ ဈေးရောင်းခြင်း ပင်ဖြစ်သည်။  ၂၀၁၀ နှစ်ကုန်မှ -၂၀၁၁ နှစ်ကုန်ထိ (၁) နှစ်ကျော် မှာ ဈေးရောင်းပွဲလုပ်ရင်း အချိန်ကုန်ခဲ့သည်။ တစ်လလျှင် ၂ ကြိမ်ခန့် အထိမ်းအမှတ်ပွဲတွေ ... နှစ်ပြည့် .... ရတုတွေ ဆက်တိုက် ကျင်းပခဲ့သလို ဈေးရောင်းပွဲများ၊ ကာရာအိုကေဆိုပွဲများ၊ ကဗျာပြိုင်ပွဲများ ကို အလျှင်းသင့်လျှင် သင့်သလို ကျင်းပခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို NLD မှ ပုဂ္ဂိုလ်များ အချိန်ကြာကြာ စောင့်နေခဲ့ သည်မှာ ဈေးရောင်းပွဲ လုပ်ဖို့လား ဟူ၍ လူထုက ဝေဖန်ခဲ့ကြသည်။



ယခင်က အနှစ် (၃၀) ကျော် နိုင်ငံခြားတွင် ပျော်ပါးနေခြင်း မြန်မာနိုင်ငံ နှင့် နိုင်ငံသားများကို မေ့လျှော့နေခြင်းများ ကိုလည်း လူထုက ပြန်လည် သတိထားမိလာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးလိုက်လျှင် ရုတ်ချည်းပြောင်းလဲသွားမည်ဟု ထင်ခဲ့သူများအားလုံး အားမလိုအားမရဖြစ်သူများ ရှိလာသလို စိတ်ပျက်သူများကလည်း အများအပြားရှိလာသည်။ အနှစ် ၂၀ ကျော် လုပ်ခဲ့ကြပြီး ဘာမှဖြစ်မလာကြသည့် မြန်မာ့အတိုက်အခံအင်အားစုများ၏ အရည်အချင်းမရှိပုံကိုလည်း ပိုမိုသိသာထင်ရှားလာခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ မြေးဖြစ်သူ ကမ်င်အဲရစ်သည် မြန်မာနိုင်ငံသို့ ၂ ကြိမ် လာရောက်ခဲ့ပြီး ပထမ တစ်ခေါက်မှာ မတွေ့တာ ကြာသဖြင့် လာတွေ့ခြင်းဖြစ်ပြီး ဒုတိယ တစ်ခေါက်မှာ The Lady ဇတ်ကား ရိုက်ရန် လာရောက်ခဲ့ခြင်းဖြစ်သည်။ နှစ်ပေါင်းများစွာ ချစ်လှစွာ သော သားများနှင့် ဝေးရသည် ဟု ဆိုကာ အချို့မှ သနားနေကြသော်လည်း ကင်မ် အဲရစ် သည် ၃ နှစ်အတွင်း ၂ ကြိမ်သာ လာခဲ့၍ အလက်စန္ဒားအဲရစ်မှာ လုံးဝ မလာခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည်ကို မိခင်အဖြစ်လည်း အသိအမှတ်မပြုဟု သိရသည်။


မြန်မာ စကားမပြောတတ်၊ ပုဆိုးမဝတ်တတ်သော ကမ်င်အဲရစ် မြန်မာနိုင်ငံသို့ ရောက်ရှိချိန် တစ်လျှောက်တွင် NLD ပါတီဝင် လူငယ်များက ဘေးမှ လက်ချင်းချိတ်ကာ စောင့်လျှောက်ပေးခဲ့ကြရသည်။



 ပထမဆုံး ခရီးစဉ်အဖြစ် ပဲခူးမြို့ကိုလည်းကောင်း၊ ဒုတိယ ခရီးစဉ်အဖြစ် ပုဂံသို့လည်းကောင်း အပန်းဖြေခရီးထွက်ခဲ့ပြီးနောက် ထိုအပန်းဖြေခရီးအကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်မှ ဆောင်းပါး တစ်စောင် ရေးသားခဲ့သည်။  ပထမဆုံး ဆောင်းပါးမှာပင် လူထုက လက်မခံသဖြင့် နောက်ထပ် ဆောင်းပါးများ ထွက်ပေါ်လာခြင်းမရှိတော့ပဲ NLD မှ ထုတ်ဝေ သော ဒီလှိုင်း စာစောင်တွင်သာ ဒေါ်အောင်ဆန်း စုကြည်၏ ရေးသားချက်များကို တွေ့မြင်ရတော့သည်။

  ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်းပါးတွင် ယခင် မိုက်ကယ်အဲရစ် နှင့် တူနှကိုယ် ပျော်ပါးနေချိန်အခါက ဖြစ်စဉ် အများအပြားကို ထည့်သွင်းရေးသားခဲ့သည်။

 ဟိမ၀န္တာတောကြီး၏ အလှ၊ သူများနိုင်ငံမှ မျက်ခင်းများ၊ ချောင်းများအလှကို အစချီကာ "ဟိမ၀န္တာမှာ...
ရေညှိတွေ ဖုံးလွှမ်း စိမ်းမြနေတဲ့ တောအုပ်ကြီးတွေကြား၊ တောင်တက် တောင်ဆင်းလမ်းတွေပေါ်က မျက်တောင်ရှည်မြည်းကြီး တစ်ကောင်ရဲ့ ကျောကုန်းထက်မှာ။

မြက်ခင်း၊ ဆင်ခြေလျှောပေါ်မှာ ထိုင်ပြီး၊ ထမင်းခြောက်၊ ကြက်ဥပြုတ်နဲ့ နေ့လယ်စာ စားရင်း ရှုမြင်ရတဲ့ မြူတွေဆိုင်းနေတဲ့ ရိုးတိုးရိတ်တိပ် မြေခင်းအနေအထားကို ငေးကြည့်နေခဲ့တာ..။" ဟု ပထမပိုဒ်တွင် ရေးသားခဲ့သည်။
ထို့နောက် ခတ္တမန္ဒူမြို့ မှာ အမေရိကန် ကိတ်မုန့်ညိုကြီး စားခဲ့ပုံနှင့် နာမည်ကြီးကော်ဖီဆိုင် ကိုသွားခဲ့ပုံ ကို ထည့်ရေးခဲ့သည်။ ဆင်စီးခဲ့တဲ့အကြောင်းများ၊ ဖောင်စီးခဲ့တဲ့အကြောင်းများလည်း ပါဝင်ခဲ့သည်။

"ခတ္တမန္ဒူမြို့က ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းတွေကနေ၊ ဟိန္ဒူပုထိုးတွေအထိ လှည့်ပတ်လွင့်မျောရင်း အမေရိကန် ကိတ်မုန့်ညို.. နာမည်ကြီးတဲ့ကော်ဖီဆိုင်လေးကို ရောက်သွားခဲ့တာ...။

မြန်မြတ်ကြမ်းကြမ်း စီးဆင်းနေတဲ့ ရေပြင်ထက်က ဖောင်လေးပေါ်မှာ၊ အလေ့ကျ ချုံတွေထဲက ဆွတ်ခူးထားတဲ့ ဆီးဖြူသီး၊ ချဉ်ဖြုံးဖြုံးကို မြုံ့ရင်း ဆင်တစ်ကောင်ရဲ့ကျောကုန်းပေါ်မှာ...။" ဟု ရေးသားခဲ့သည်။

မြန်မာနိုင်ငံမှာ ဆင်တွေ၊ ဖောင်တွေ ရေတွက်လို့မကုန်အောင် ရှိနေခဲ့သော်လည်း  ဒေါ်အောင်ဆန်းစုကြည် တစ်ကြိမ်  တစ်ခါမှ အနားမကပ်ခဲ့ဖူးခဲ့ချေ။ ယခုအခါ နေပြည်တော်မှ ရန်ကုန်ကိုပင် လေယဉ် စင်းလုံးငှားကာ ပိုက်ဆံများသုံးပြနေသဖြင့် လူထုက စိတ်ပျက်ရပြန်သည်။
အသက် ၄၃ မတိုင်ခင် အရွယ်ကောင်း၌ မြန်မာနိုင်ငံနှင့် မြန်မာလူထုအား မေ့လျှော့ကာ နိုင်ငံခြားတွင် ယောင်္ကျားဖြစ်သူနှင့် အပန်းဖြေနေစဉ်


မြန်မာနိုင်ငံက သာယာလှပမှုများကို အထင်မကြီး၊ စိတ်မဝင်စား သော ဒေါ်အောင်ဆန်းစုကြည်


နိုင်ငံခြားရှိ တောထဲတွင် ဘောင်းဘီတိုဖြင့် ဒေါ်အောင်ဆန်းစုကြည်

ထို့အပြင် အိန္ဒိယ အရှေ့မြောက်ပိုင်းမှ မျက်တောင်ခတ်ဖို့နဲ့ အသက်ရှူမှားဖို့ထိ ဆွဲဆောင်ထားကြောင်း၊ များကိုလည်း ထည့်သွင်းရေးသားခဲ့သည်။
 မြန်မာနိုင်ငံမှာ မျက်တောင်ခတ်ဖို့နဲ့ အသက်ရှူမှားလောက်အောင်ထိ သာယာလှပသော ရှုခင်းများအား စိတ် ဝင်စားခြင်း မရှိခဲ့သလို သွားရောက်ကြည့်ရှုခဲ့ခြင်းမရှိပေ။ အထူးသဖြင့် နိုင်ငံခြားသား ဧည့်သည် များပင် လာရောက်အပန်းဖြေနေသည့် ရခိုင်ပြည်နယ် မြောက်ဦးဒေသ၊ စစ်ကိုင်းတိုင်း မင်းကွန်းဒေသ များ ကိုတော့ ဒေါ်အောင်ဆန်းစုကြည်မှ လုံးဝ ဥပက္ခာပြုထားခဲ့သည်။
ရခိုင်တိုင်းရင်းသားတို့၏ အိမ်များ မီးလောင်ချိန်၊ ရခိုင်တိုင်းရင်းသားတို့ အသတ်ခံရချိန်တွင် ဥရောပ ရှိ သားအငယ်ဖြစ်သူ ကမ်င်အဲရစ်ထံသို့ သွားရောက်နေခဲ့ပြီး၊ စစ်ကိုင်း၊ မင်းကွန်း နှင့် ရွှေဘိုဒေသ မှ ဒေသခံများ ငလျှင်ကြောင့် ဒုက္ခရောက်နေချိန်တွင် အိန္ဒိယသို့ ထွက်ခွာနေပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာဂျာနယ်တွင် ရေးသားထားသော နိုင်ငံခြားရှုခင်း အလှအပ ဖော်ကျူးဆောင်းပါးတွင်

"အိန္ဒိယ အရှေ့မြောက်ဘက်မှာ၊ မျက်တောင် ခတ်ဖို့၊ အသက်ရှူဖို့ မေ့လောက်အောင် ဆွဲဆောင်ထားတဲ့ တိဘက် ဘုန်းတော်ကြီးတွေရဲ့ ညင်သာနူးညံ့လှတဲ့ သေခြင်းရဲ့အနုပညာ သရုပ်ဖော်ကတစ်ကွက်၊
ဆွစ် (ဆွစ်ဇာလန်) က ရေကန်ကြီးတစ်ကန်ကို စီးမိုးထားတဲ့ ရဲတိုက်တစ်ခုပေါ်မှာ၊ အရသာပြည့်စုံလှတဲ့ အစားအသောက်တွေ ကြားထဲက မမေ့နိုင်တဲ့ လက်ဖက်ရည်ချိန် အိမ်လုပ် နှင်းဆီးသီးယိုကို စားနေခဲ့တာ....။" ဟု ရေးဖွဲ့ထားသည့်အပြင် ယောင်္ကျားဖြစ်သူ မိုက်ကယ်အဲရစ်၏ အင်္ဂလန်နိုင်ငံ မှ အကြောင်းများကိုလည်း 
"အင်္ဂလန်ရဲ့ မြစ်ကြိုချောင်းကြား တစ်လျှောက်က တူးမြောင်းသွား သင်္ဘောတစ်စီးပေါ်မှာ၊ ကျွန်မက စိမ်းမြ၀န်းကျင်ကို ငြိမ်သက် အေးချမ်းစွာကြည့်မော့လို့၊ မိသားစုဝင် ခွေးငယ်လေးက အမိုးပေါ်မှာ …။"

ဟူ၍ မြန်မာနိုင်ငံကို မေ့ထားစဉ် အနှစ် (၃၀) ကျော် ဘဝ အား လွမ်းစွတ်နေဟန်ဖြင့်ရေးသားခဲ့သည်။



တိုင်ရီကျွန်းလေးပေါ်က သဲသောင်ပြင်စခန်းမှာ၊ ကျယ်ပြန့်ပြောတဲ့ စကော့တလန်ရဲ့ မီးခိုးရောင် သမုဒ္ဒရာ မြင်ကွင်းမှာ ဖျံလေးတစ်ချို့ ကစားမြူးထူး၊ နေကြတာ။

ပြန်တွေးလိုက်တိုင်း ဒီမြင်ကွင်းတွေဟာ မယုံနိုင်လောက်အောင် အသက်ဝင် တောက်ပလှပေမယ့် တကယ်မဟုတ်သလို ခံစားရပါတယ်။ " ဟု ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရင်တွင်းမှ ဖြစ်ပေါ်လာသော ဆောင်းပါးပါ စကား လုံးများကြောင့် ဒေါ်အောင် ဆန်း စုကြည်အနေဖြင့် အသက် ၄၃ နှစ် မတိုင်ခင်အချိန်က နိုင်ငံခြား တွင်နေထိုင် ရင်း မြန်မာနိုငံ နှင့် မြန်မာ လူထု အား မေ့လျှော့ကာ အင်္ဂလိပ် မိသားစုဖြင့်  ပျော်ပါးအချိန်ကုန်နေ ခဲ့ကြောင်း မြင်သာစေခဲ့သည်။ 


မြန်မာနိုင်ငံ နှင့် မြန်မာလူထုကို မေ့လျှော့ကာ နိုင်ငံခြားတွင် ပျော်ပါးနေစဉ်


မြန်မာ့ မြေပေါ်တွင် မိသားစုနှင့် သေဆုံးသည်အထိ နေထိုင်သွားသော ဗိုလ်ချုပ်အောင်ဆန်း


နိုင်ငံခြားတွင်း အသက် ၄၃ နှစ်အထိ ကပြား မိသားစုဖြင့် အချိန်ကုန်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်
ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ သူမ၏ နိုင်ငံခြားတွင် နေထိုင်စဉ် ဘဝ အားရေးသားခဲ့သော ပထမဆုံး ဆောင်းပါး အား လူထု လက်မခံ သဖြင့် နောက်ထပ် ဆောင်းပါးများကိုလည်း ဒေါ်အောင်ဆန်းစုကြည် ဆက်လက်ရေးသားခြင်း မရှိတော့ချေ။ ဒေါ်အောင်ဆန်းစုကြည် ၏ ဆာင်းပါးကြောင့် ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် အသက် ၄၃ နှစ်ထိ နေထိုင်ကြီးပြင်းလာခဲ့တဲ့ နိုင်ငံခြားကို လွမ်းနေကြောင်း၊ မြန်မာနိုင်ငံက သာယာလှပမှုတွေကို မသိကျိုးကျွံပြုနေကြောင်း၊ မေးခွန်းထုတ်သူများ ရှိခဲ့သော်လည်း ထုံးစံအတိုင်း ဒေါ်အောင်ဆန်းစုကြည်မှ ဘာမှ ဖြေကြားခြင်းမရှိခြေ။ မြန်မာပြည်တွင်းမှ အလှအပ များကို သွားရောက် မခံစား၊ ဒုက္ခသည်များကို သွားရောက် မကူညီသော ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ တွင် ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲဆွယ်စဉ်အချိန်တွင် မဲဆန္ဒနယ် အားလုံးနီးပါးအား ကိုယ်တိုင်သွားရောက်ကာ ၎င်း အာဏာရရှိရေးအတွက် အစွမ်းကုန် လုပ်ဆောင်ခဲ့သည်။
  ၂၇ ရက်နေ့ ပြည်ထဲရေးဝန်ကြီးမှ စာတစ်စောင်ပို့ခဲ့ချိန်တွင်  ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးတင်ဦး၊ ဦးဝင်တင်တို့အပါအဝင် NLD ဝင် အားလုံး ထိတ်လန့်တုန်လှုပ်ခဲ့ကြရသည်။



NLD ပါတီအား မှတ်ပုံရန် အစိုးရ မှ အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း အယူ မှား ကို လက်ကိုင်ထားကာ လုံးဝ မှတ်ပုံမတင်ပဲ နေခဲ့ပြီးမှ ယခု အခါ NLD နမည်များဖြင့် ဘောင်မဝင်ပဲ လုပ်ဆောင်ခြင်းများကြောင့် ပြည်ထဲရေး ဝန်ကြီးမှ သတိပေး ဆုံးမ စာ ပို့ခဲ့ရာ မျှော်လင့်မထားသည့် သတိပေးဆုံးမ စာကြောင့် ဒေါ်အောင်ဆန်း စုကြည်မှ လွန်စွာမှာ စိုးရိမ်ကြောက်ရွံ့ပြီး မေတ္တာရပ်ခံစာ ပြန်လည် ပေးပို့ခဲ့ရသည်။



ထိုနေ့ ထိုအချိန်ထိ ၂၀၀၈ အခြေခံဥပဒေကို လုံးဝ လုံးဝ ပြင်းပြင်း ထန်ထန်ကန့်ကွက်နေသော ဒေါ်အောင်ဆန်း စုကြည်သည် မေတ္တာရပ်ခံ စာတွင်တော့ ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ အများအပြားကို ကိုးကားထား သဖြင့် မြန်မာ့အရေး ကျွမ်းကျင်သူများက ရယ်မောခဲ့ကြရသည်။ ယခုအခါ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ကာ သမ္မတ လုပ်မည်ဟု ကြွေးကြော်နေပြီး ဖွဲ့စည်းပုံပြန်ရန် ပြည်ပနိုင်ငံများကို ဖိအားပေးရန် တောင်းဆိုလျှက် ရှိပြန်သည်။





 ဆက်လက်ဖော်ပြပါမည်..

3 comments:

ဒေါ်စု ရေ ဒီတ ခါ အိုဗားမား နဲ့တွေရင် ပြော

လိုက်ပါ။ နေပြည်တော် ကို ဗုံး ကျဲပေးပါလို့

တပ်မတော်က တပ်မတော်အလုပ်လုပ်
ရဲက ရဲအလုပ်လုပ်
ကျောင်းဆရာ -----
ရှေ့နေ -------
တရားသူကြီး -------
ဆရာဝန်-----
အင်ဂျင်နီယာ -----
ဈေးသည် -----
နိုင်ငံရေး-------
----
-----
ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ သူများအလုပ်တွေ ငါလုပ်မှ ဖြစ်မှာဆိုပြီး လုပ်ခဲ့ကြလို့ … အကျင့်ပျက်ခဲ့ကြလို့… လာဘ်စားခဲ့ကြလို့… အပေါ်ဖား အောက်ဖိခဲ့ကြလို့… အာဏာယစ်မူးခဲ့ကြလို့…

---=======----
-----=
တိုင်းပြည်မွဲပြာကျသွားတာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်