Subscribe to our RSS Feed

"အစိုးရရဲ့ ရပ်တည်ချက်ကတော့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို လုံးဝလက်မခံပါဘူး" ~ ဦးရဲထွဋ်

From : ..ye htut


ရိုဟင်ဂျာကို နိုင်ငံသား ဖြစ်ခွင့်ပေးဖို့ ဖော်ပြထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက မြန်မာ အစိုးရ ကိုတိုက်တွန်းကြောင်း သတင်းထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စာနယ်ဇင်းများရဲ့ မေးမြန်းချက်များကို ဒီကနေပဲ ဖြေကြား လိုက်ပါတယ်။

အစိုးရရဲ့ ရပ်တည်ချက်ကတော့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို လုံးဝလက်မခံပါဘူး။ ရခိုင် ပြည်နယ်အတွင်းမှာ ရှိနေတဲ့ ဘင်္ဂလီလူမျိုးများအနက် ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ ကိုက်ညီသူတိုင်း နိုင်ငံသားပြုခွင့်ရမှာဖြစ်ပါတယ်။

ဥပဒေနဲ့ မညီသူများကိုတော့ ဘယ်သူက ဖိအားပေးပေး နိုင်ငံသားပြုခွင့်မပေးနိုင်ပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ အချုပ် အခြာအာဏာပိုင်ခွင့်ဖြစ်ပါတယ်။ အမေရိကန်၊ ဗြိတိန်အပါအ၀င် အနောက်ဒီမိုကရေစီနိုင်ငံများ မှာလည်း နိုင်ငံသားပြုခွင့်နဲ့ပတ်သက်ပြီး သီးခြားပြဋ္ဌာန်းထားတဲ့ဥပဒေများ၊ စည်းကမ်းချက်များ ရှိပါတယ်။ အဲဒီဥပဒေများနဲ့ မကိုက်ညီတဲ့သူတွေကို ဘယ်နိုင်ငံတကာအဖွဲ့အစည်းပြောပြော သက်ဆိုင်ရာနိုင်ငံက နိုင်ငံသားပြုပေးမှာမဟုတ်ပါဘူး။ ကျွန်တော်တို့လည်း အဲဒီသဘောပဲဖြစ် ပါတယ်။

နောက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီအနေနဲ့ လူဝင်မှုကြီး ကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာနက ဆောင်ရွက်နေတဲ့ စာရင်းကောက်ယူရေး လုပ်ငန်းများမှာ ဘင်္ဂလီလူမျိုးများက ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်နေတဲ့ လုပ်ဆောင်ချက် များကိုလည်း ထောက်ပြဖို့လိုမယ်လို့ယူဆပါတယ်။


 .. www.MyanmarExpress.net
 

7 comments:

ဦးရဲထွဋ်ရဲ့ဖြေဆိုချက်ကို၊အထူးလေးစားပါတယ်။ဘာဖြစ်လို့UN
နှင့်အနောက်နိုင်ငံတွေက၊မြန်မာ့ပြည်တွင်းရေးကိုဝင်စွက်ချင်ရတာလဲ။ဒေါ်စုသမတမဖြစ်သေးလို့လား။ဘင်္ဂါလီတွေနိုင်ငံသားဖြစ်ရေးမဖြစ်ရေးကို၊တည်ဆဲဥပဒေအတိုင်းဆောင်ရွက်ပေးပါမယ်လို့ပြောထားပြီးသား။သူတို့နိုင်ငံတွေရဲ့တည်ဆဲဥပဒေကို
ဖျက်ခိုင်းယင်၊သူတို့ဘယ်လိုခံစားရမလဲ။ဒါလုပ်မှဒါပေးမယ်ဆို
တဲ့approachကိုလုံးဝလက်မခံသင့်ဘူး။

လုံးဝလက်မခံရပါ

လေးစားပါတယ်။ တို့မြန်မာတွေ အမှန်တရား အတွက် အားလုံး သတ္တိ ရှိ ရမယ်။

ခွေးတိုးပေါက်ကတိုးဝင်လာတဲ့ကောင်တွေ၊ ကုလားဆိုးတွေ။ ဘာရိုဟင်ဂျာမှမရှိဘူး။

ရိုဟင် ဂျာလည်းကုလားပဲ သူတို့အမျိုးကြ တော့ အရမ်းချစ်ကြတယ် မြန်မာလည်း ကိုယ့် အမျိုးကိုယ် ချစ်ကြပါ စည်းလုံးကြပါ

Hi myanmar express. how about moon tat nay journal?Why you still quiet until this time?

Hi myanmar express. how about moon tat nay journal?Why you still quiet until this time?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်