Subscribe to our RSS Feed

လေ့ကျင့်ရင်း ဗုံးပေါက်ကွဲမှုကြောင့် အမေရိကန် ရေတပ် စစ်သား ၄ ဦး သေဆုံး၊ အမေရိကန်မှ စစ်ရေးအကူအညီပေးပါက သတိထားရန်လို

From : .. hot news


အမေရိကန်တို့၏ပင်ဒယ်လ် တန် (Penlleton)   ရေတပ်လေ့ ကျင့်ရေးစခန်းစက်ပစ်ကွင်း၌ စစ် သည်များလက်တွေ့ပစ်ခတ်စဉ် များပစ်ခတ်လေ့ကျင့်နေစဉ်မတော် တဆရေတပ်စစ်သည် ၄ ဦးပွဲချင်း ပြီးသေဆုံးခဲ့သည်ဟုစစ်တပ်ပြော ခွင့်ရပုဂ်္ဂိုလ်ကအတည်ပြုပြောကြား သည်။

အဆိုပါစက်ပစ်ကွင်းတွင် ၂၀၁၂ ခုနှစ်ဖေဖော်ဝါရီအတွင်း ကရဟပ်ယာဉ်တစ်စီးပျက်ကျမှု ကြောင့်စစ်သည် ၇ဦးသေဆုံးခဲ့ ပြီး ၆ ဦးမှာပင်ဒယ်လ်တန်စစ် စခန်းမှဖြစ်သည်ဟုတာဝန်ရှိသူ များကပြောကြားသည်။


ယခုသေဆုံးရသည့်စစ်သည် ၄ ဦးတို့၏ဖြစ်စဉ်ကိုစုံစမ်းစစ်ဆေး နေသည့်အတွက်၎င်းတို့၏မိသားစု များထံအစောတလျင်သတင်းပို့ အကြောင်းကြားခြင်းမပြုသေးပါ ဟု အဆိုပါစခန်းတပ်ရေးကပြော သည်။


ကနဦးသတင်းများအရအဆို ပါစစ်သည်များသည်ဗုံးပစ်ခတ်စဉ် အတွင်းအသက်သွင်းထားသည့် စနက်ဗုံးတစ်လုံးရုတ်တရက်မတော် တဆပေါက်ကွဲရာမှယင်းသို့သေ ဆုံးခဲ့ရသည်ဟုဆိုသည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်