Subscribe to our RSS Feed

နိုင်ငံတော်သမ္မတကြီးမှ ပြည်ထောင်စုလွှတ်တော်သို့ ပေးသို့သည့် လျှပ်စစ် (၁/၂) ဝန်ကြီးဌာနများ ဖျက်သိမ်းရေး သဝဏ်လွှာ



နိုင်ငံတော်သမ္မတရုံး
စာအမှတ်၊ ၁၀၇(၅)/၈/သမ္မတရုံး
ရက်စွဲ၊ ၂၀၁၂ ခုနှစ်၊သြဂုတ်လ ၂၉ ရက်
သို့
နာယက
ပြည်ထောင်စုလွှတ်တော်

အကြောင်းအရာ ။ ။ သ၀ဏ်လွှာပေးပို့ခြင်း

၁။ နိုင်ငံတော်၏ လျှပ်စစ်စွမ်းအင်ဖူလုံရေးအတွက် အမှတ်(၁)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနများအဖြစ် တာဝန်ခွဲ၍ ကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

၂။ လုပ်ငန်းဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှု ထိရောက်ကောင်းမွန်ရန်နှင့် ပေါင်းစပ်ညှိနှိုင်းမှု လွယ်ကူစေရန်တို့အတွက် အဆိုပါ ၀န်ကြီးဌာနနှစ်ခုအား ပေါင်းစည်း၍ ''လျှပ်စစ်စွမ်းအားဝန်ကြီးဌာန'' အဖြစ် ၀န်ကြီးဌာနတစ်ခုတည်းသို့ ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်လိုပါသည်။

၃။ ပြည်ထောင်စုဝန်ကြီးဌာန နှစ်ခုအားဝန်ကြီးဌာနတစ်ခုတည်းအဖြစ် ပြင်ဆင်ဖွဲ့စည်းနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၂၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူပေးနိုင်ပါရန် သ၀ဏ်လွှာပေးပို့အပ်ပါသည်။

သိန်းစိန်
နိုင်ငံတော်သမ္မတ

Myanmar Express

ပါဂျောင် ရှင်းတမ်း





 Myanmar Express

ဒေါ်အောင်ဆန်းစုကြည်အရေးပေါ် နေပြည်တော်ဆေးရုံ တင်ရ


From : မောင်ကာလု

ယမန်နေ့ ညမြန်မာစံတော်ချိန် 8နာရီ အချိန်၌ ဒေါ်စုသည် ရုတ်တရပ် နှလုံးအမောဖောက်လာသဖြင့် နေပြည်တော်ဆေးရုံသို့ တင်ပို့ရကြောင်း သတင်းရရှိပါသည်..

ဖြစ်စဉ်မှာ.. ယခုအချိန်ထိ မြန်မာနိုင်ငံတဝှမ်း NLD ပါတီဝင်များမှ လည်ကောင်းတို့ ပါတီကို ပြန်လည် ဆန္ဒပြမှုများဖြစ်ပေါ်သဖြင့်....ထို့သို့ ဆန္ဒပြမှုများကို ယခုအချိန်ထိ မဖြေ ရှင်းနိုင်သေး ခြင်း ထို့ပြင် ဒေါ်စုမှာ သူမ၏ပါတီကို ပြန်လည် မထိန်းမသိမ်းနိုင်ခြင်းနှင့် သူမ၏ အာဏာရှင်ဆန်းမှု များကြောင့် ပါတီဝင်များမှ အယုံကြည်မရှိတော့ချင်းများကို ရင်ဆိုင်နေရပါသဖြင့် ယမန်နေ့ ည8 နာရီ အချိန်တွင် ဆန္ဒပြသူများနှင့် ဖုန်းမှတဆင့် ညှိနှိုင်းမှုများပြုနေစဉ်အတွင်းမှာပင် ထို့သို့ နှလုံးအမောဖောက်လာသဖြင့် ဆေးရုံသို့အရေးပေါ်တင်ရကြောင်းသိရှိရပါသည်...

တဆက်တည်.. ယခုအချိန်တွင် ကျန်းမားရေးပြန်လည်ကောင်မွန်လာပြီးဟုလည် သိရပါသည်.. ဒေါ်စု သည်.. သားအိမ်ကင်ဆာပါ ရှိနေသဖြင့် စိုးရိမ်းရသည်ဟုသိရပါသည်...။

Myanmar Express


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနအား ဖျက်သိမ်းရန် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရယူပေးနိုင်ရန် ပေးပို့ သည့် သ၀ဏ်လွှာ



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
စာအမှတ်၊ ၁၀၇ (၀၁)/၈/သမ္မတရုံး
ရက်စွဲ၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်

သို့
နာယက
ပြည်ထောင်စုလွှတ်တော်

အကြောင်းအရာ။ သ၀ဏ်လွှာပေးပို့ခြင်း

၁။အစိုးရသစ် တာဝန်ယူစအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန (၂)ဌာနကို ပြည်ထောင်စုဝန်ကြီးတစ် ဦးမှ တာဝန်ယူ၍ အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။
၂။သို့သော်လည်း လတ်တလော အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး အချိန်ယူပြင်ဆင်ရန် လိုအပ်လျက်ရှိသောကြောင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါ။ သို့ပါ၍ မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနအား ဖျက်သိမ်းနိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၂၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူ ပေးနိုင်ပါရန် သ၀ဏ်လွှာပေးပို့အပ်ပါသည်။

သိန်းစိန်
နိုင်ငံတော်သမ္မတ

Myanmar Express

လူသတ်တရားခံ နိုင်အောင် ရန်ကုန်လေဆိပ် သတင်းစာရှင်းလင်းပွဲ


စွပ်စွဲခံထားရသော အစုလိုက်အပြုံလိုက် လူသတ်တရားခံ ဒေါက်တာနိုင်အောင် ရန်ကုန်လေဆိပ် သတင်းစာရှင်းလင်းပွဲ တစ်ခု လုပ်ခဲ့သည်။

“ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းနေတဲ့ အချိန်ဖြစ်တဲ့ အတွက်ကြောင့်မို့ အစိုးရနဲ့ မတူညီတဲ့ သဘောထားတွေ ထုတ်ဖော် ပြောဆိုတ ကြောင့်မို့လို့ ပြည်ပမှာရှိတဲ့ ဘယ်သူတစ်ဦး တစ်ယောက်ကိုမှ အမည်းရောင် စာရင်းထဲမှာ ထပ်မရှိ သင့်တော့ပါဘူး။ အကျဉ်း ထောင်တွေထဲ ရောက်နေ တာလည်း မရှိသင့်တော့ဘူး”ဟု ယနေ့မြန်မာနိုင်ငံသို့ ပြန်လည်လာ ရောက်သော ဒေါက်တာနိုင်အောင်က ရန်ကုန်လေဆိပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမည်ပျက်စာရင်းနှင့် ပတ်သက်၍ ၎င်း၏သဘောထားကို ထုတ်ဖော်ပြောကြားသည်။

ထို့အပြင် ဒေါက်တာနိုင်အောင်က ယခုခရီးစဉ်နှင့် ပတ်သက်၍လည်း အောက်ပါအတိုင်း ပြောသည်။

“အခုကတစ်ဦးချင်းကို တစ်သီးပုဂ္ဂလအနေနဲ့ ဖိတ်လို့လာတာ ဖြစ်ပေမယ့် ကျွန်တော်တို့ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ဒီမိုကရေစီအရေး အမျိုးသား ပြန်လည်သင့်မြတ်ရေး အမြင်တွေ အဲဒီမူသဘောထားတွေအရ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်”

ဒေါက်တာနိုင်အောင်၊ ဒေါက်တာသောင်းထွန်း၊ ဦးညိုအုန်းမြင့်တို့သည် ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် အချိန်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း စသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးရန် အစီအစဉ်ရှိသည်ဟု ပြောကြားခဲ့သည်။

ဒေါက်တာနိုင်အောင်က မြောက်ပိုင်းမှ ထွက်ပြေးလွတ်မြောက်လာသူ ကျောင်းသားများနှင့် တွေ့ဆုံရန် အစီအစဉ် ရှိ၊ မရှိ သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ၎င်း၏အဖွဲ့သို့ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိမှာသာ တွေ့ဆုံရန် အစီအစဉ်ရှိသည်ဟု ပြောသည်။

Myanmar Express

နိုင်ငံတော် သမ္မတကြီးမှ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သည့် သဝဏ်လွှာ (ဝန်ကြီးဌာန အတို:၊အလျှော့)







ပြည်ထောင်စုအစိုးရ ၀န်ကြီးဌာန အရေအတွက် ပြင်ဆင်ခြင်းနှင့် ပြည်ထောင်စုဝန်ကြီးဦးရေ တိုး/လျော့ခြင်းများ ပြုလုပ်လိုကြောင်း နိုင်ငံတော်သမ္မတမှ ပြည်ထောင်စု လွှတ်တော်နာယကထံသို့ သြဂုတ်လ ၂၉ရက်နေ့နှင့် သြဂုတ်လ ၃၁ရက်နေ့ ရက်စွဲများဖြင့် သ၀ဏ်လွှာများပေးပို့ ခဲ့ကြောင်း သိရသည်။

ယင်းသ၀ဏ်လွှာများတွင် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနများအား လျှပ်စစ်ဝန်ကြီးဌာနအဖြစ် ၀န်ကြီးဌာနတစ်ခုတည်းသို့ ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်လိုခြင်း၊ မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနအား ဖျက်သိမ်းနိုင်ရေးများအတွက် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူပေးနိုင်ပါရန် သ၀ဏ်လွှာပေးပို့အပ်ပါကြောင်း ဖော်ပြထားသည်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်နေ့က ထုတ်ပြန်ခဲ့သော ပြည်ထောင်စုဝန်ကြီးဌာန (၃၄) ခုအနက် အမှတ်(၁)၊ (၂)စက်မှုဝန်ကြီးဌာနများကို စက်မှုဝန်ကြီးဌာနအဖြစ်လည်းကောင်း၊ အမှတ် (၁)၊(၂)လျှပ်စစ်ဝန်ကြီးဌာနများကို လျှပ်စစ်ဝန်ကြီးဌာန အဖြစ်လည်းကောင်း၊ သမ္မတရုံး ၀န်ကြီးဌာနကို ၀န်ကြီးဌာန (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆)အဖြစ်လည်းကောင်း ပြောင်းလဲ၍ မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ဖျက်သိမ်းကာ ပြည်ထောင်စုဝန်ကြီးဌာန (၃၆)ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်လိုပြီး ၀န်ကြီးဦးရေကိုလည်း မူလ (၃၄) ဌာနတွင် ပြည်ထောင်စုဝန်ကြီး (၃၀) ဦးခန့်အပ်ခဲ့ရာမှ ယခု (၃၆) ဌာနတွင် ပြည်ထောင်စုဝန်ကြီး (၃၆) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခွင့်ပြုနိုင်ပါရေး ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရလိုပါကြောင်း သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၂ နှင့် နည်းဥပဒေ ၂၄ တို့အရ ပြည်ထောင်စုအစိုးရ ၀န်ကြီးဌာနအရေအတွက်နှင့် ပြည်ထောင်စုဝန်ကြီးဦးရေကို အခါအားလျော်စွာ ပြင်ဆင်ဖြည့်စွက်ခြင်း၊ တိုး/လျော့ခြင်း ပြုလုပ်လိုကြောင်း နိုင်ငံတော်သမ္မတ၏ တင်ပြချက်နှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၏ တင်ပြချက်နှင့်စပ်လျဉ်း၍ လွှတ်တော်က အဆုံးအဖြတ်ပေးရမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ ယင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များရှိပါက စက်တင်ဘာလ ၃ ရက်နေ့ နောက်ဆုံးထား၍ လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း ပေးပို့နိုင်ပါကြောင်းနှင့် စက်တင်ဘာလ ၄ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင် လွှတ်တော်၏ အဆုံးအဖြတ်ရယူမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များကို ပြည်ထောင်စု လွှတ်တော်နာယကက အသိပေး ကြေညာထားသည်။

Myanmar Express

သတင်းထောက်များအား ဇာဂနာဆဲ


From : Messenger

ABSDF ဥက္ကဋ္ဌဟောင်းဒေါက်တာ နိုင်အောင်မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမှုကို ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၌ စောင့်ဆိုင်းသတင်းရယူနေသော ပြည်တွင်း ပြည်ပ သတင်းထောက်များအား စွယ်စုံရ အနုပညာရှင် ဇာဂနာက ညစ်ညမ်းစွာ ဆဲဆိုသွားခဲ့ကြောင်း ယင်းသို့ သွားရောက်သတင်းယူရာတွင် ပါဝင်ခဲ့သော ပြည်တွင်း အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်မှ သတင်း ထောက်တစ်ဦးက ပြောသည်။

ယနေ့မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်က ABSDF ဥက္ကဋ္ဌ ဟောင်းဒေါက်တာနိုင်အောင်၊ ငြိမ်းချမ်းရေးအကျိုး ဆောင် ဦးညိုအုန်းမြင့် (NLD-LA ) နှင့် ဒေါက်တာ သောင်းထွန်း (NCGUB) တို့သည် မြန်မာနိုင်ငံသို့ ပြန် လည်ရောက်ရှိလာခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ ပြည်တွင်းပြည်ပ ဂျာနယ်လစ်များ သွားရောက် သတင်းရယူခဲ့ပြီး ဦးလှမောင်ရွှေ၊ ဇာဂနာ၊ ဦးကျော်ရင် လှိုင်အပါအဝင် ပြည်တွင်းမှ နာမည်ကြီးပုဂ္ဂိုလ်တချို့ လည်း သွားရောက်ကြိုဆိုခဲ့ကြသည်။

ယင်းသို့ သတင်းရယူခြင်း သတင်းဓာတ်ပုံရိုက် ကူးရန် စောင့်ဆိုင်းနေသည့် ဂျာနယ်လစ် ၅ဝ ဝန်းကျင် ခန့်ရှိပြီး ပြည်ပဆိုက်ရောက်ဌာန အထွက်လမ်းတွင် ဝိုင်း ဝန်းပိတ်ဆို့နေကြသည့်အတွက် ဒေါက်တာနိုင်အောင်နှင့် အဖွဲ့အား လမ်းရှင်းပေးနေသည့် ဇာဂနာက ညစ်ညမ်းစွာ ဆဲဆိုခဲ့ခြင်းဖြစ်သည်။

''သူပြောတဲ့ အသံအနေအထားက သာမန်ပြောတဲ့ အနေအထားမျိုးမဟုတ်ဘဲ ဒေါသသံနဲ့ ပြောတာ၊ ခင်ဗျား တို့ ဗမာလိုပြောနေတာ နားမလည်ဘူးလား၊...... ပဲ ကွာလို့ အကျယ်ကြီးနဲ့ ဆဲတာ'' ဟု ကိုယ်တွေ့ကြုံရ သည့် သတင်းထောက်တစ်ဦးက ပြောသည်။

''တကယ်တော့ သူတို့က နိုင်ငံရေးလုပ်ဖော်လုပ် ဖက် အသိမိတ်ဆွေပေါ့ဗျာ၊ ကာယကံရှင်ဘက်က ဘာမှ မပြောဘဲနဲ့ သူ့ဘက်က အခုလို ရိုင်းစိုင်းတဲ့အသုံးအနှုန်း ပြောခဲ့တာကတော့ နိုင်ငံရေးလုပ်နေတဲ့ သူတစ်ယောက် အနုပညာရှင်တစ်ယောက်အနေနဲ့ မလုပ်သင့်လုပ်ထိုက် ဘူးလို့ ကျွန်တော်ထင်ပါတယ်။ မီဒီယာတွေက ပိတ်နေ တာကို အခုလိုမျိုး အသုံးအနှုန်းမျိုးမဟုတ်ဘဲ အခြား အသုံးအနှုန်းတစ်ခုခုနဲ့ ပြောရင်လည်း ရမှာပါ။ အလွန် ဆုံးအနေနဲ့ လေသံခပ်တင်းတင်းနဲ့ပြောရင်တောင် ကျွန် တော်တို့ဘက်က အဆင်ပြေအောင် လုပ်ပေးနိုင်မှာပါ။ ခုကျတော့ သူ့အနေနဲ့ လိုအပ်တဲ့ အတိုင်းအတာထက် ပိုသွားတယ်လို့ ကျွန်တော်မြင်တယ်။ မီဒီယာဘက်က တော့ဗျာ သတင်းဖြစ်တဲ့လူလာတော့ သတင်းအချက်အ လက်တွေ၊ ပုံတွေရဖို့ ကြိုးစားကြတာပေါ့။ သူ့အနေနဲ့ နားလည်ပေးသင့်တယ်။ သူထောင်က လွတ်လာတုန်း ကလည်း ခုလိုပဲ ဖြစ်ခဲ့တာ'' ဟု အဆိုပါ နေရာတွင် သတင်းရယူနေသည့် ပေါ်ပြူလာသတင်းဂျာနယ်မှ အယ်ဒီတာ ကိုဥာဏ်လင်းအောင် မှတ်ချက်ပြုပြောကြားသည်။

''တို့သတင်းထောက်တွေမှာ အားနည်းချက်တွေ ရှိတယ်ဆိုတာ လက်ခံပါတယ်။ ကိုယ့်အလုပ်ကိုပဲ အာရုံ စိုက်ပြီးလုပ်တဲ့အတွက် တခြားသူကို ထိခိုက်သလို ဖြစ် သွားတာတွေလည်း ရှိနိုင်ပါတယ်။ ဒီအပေါ်မှာ အဆူခံ၊ အပြောခံရတာတွေရှိပေမယ့် အခုလို အဆဲခံရတာတွေအ ထိတော့ မဖြစ်သင့်ဘူး။ အထူးသဖြင့် တစ်စုံတစ်ရာအ တိုင်းအတာအဆင့်ရှိတဲ့ သူက အခုလို လုပ်တာတော့ မဖြစ်သင့်ဘူး၊ သူက လူကြီးပဲ၊ ဆုံးမရင်တောင် ရနိုင် ပါတယ်။'' ဟု NHK သတင်းဌာနမှ ကိုသီဟက ပြော သည်။

ဇာဂနာကို ဘက်စုံ စွယ်စုံရ အနုပညာရှင်ဟု ခေါ်ဆိုလေ့ရှိကြပြီး ၎င်း တက်ကျွမ်းသော စွယ်စုံအတတ်ပညာတွင် မိုက်ရိုင်းဆဲဆိုခြင်း၊ မယဉ်ကျေးခြင်း များလည်းပါဝင်ကြောင်းသိရသည်။ ဒေါ်အောင်ဆန်းစုကြည် လန်ဒန်ခရီးစဉ်တုန်းကလည်း အင်္ဂလန်မှ မြန်မာများနှင့် ဇာဂနာ ပြဿနာ တက်ခဲ့ပြီး နောက်တခေါက် အင်္ဂလန်လာလျှင် ဝိုင်းထိုးကြရန် ကြေညာထားသည်။

ယနေ့ နေ့လည်း ၂ နာရီတွင် ကမ္ဘာပေါ်မှာ နိုင်ငံနဲ့လူမျိုးအတွက်စွန့်လွတ်စွန့်စားတော်လှန်ရေးလုပ်ရင်း သန်းကြွယ်သူဌေးဖြစ် သွားခဲ့တဲ့ အင်မတန်ထူးဆန်းတဲ့ လူသတ်ကောင် ဒေါက်တာနိုင်အောင် နှင့် ဒေါက်တာသောင်းထွန်း ဆိုတဲ့ လူနှစ်ယောက်
မြန်မာနိုင်ငံ ကိုရောက်ရှိလာပါပြီဖြစ်သည်။။

Myanmar Express

နိုင်ငံတော်သမ္မတကြီးကို နိုင်ငံတဝှမ်းထောက်ခံကြ

From : http://mg-kar-lu.blogspot.com/2012/08/blog-post_29.html#more


ရိုဟင်ဂျာအရေးနှင့်ပက်သက်သော နိုင်ငံတော်သမ္မတကြီး၏သဘောထားအားထောက်ခံကြောင်း နှင့်
မန္တလေးတွင်ပြုလုပ်မည့် သမ္မတကြီးအားထောက်ခံသော ဆန္ဒထုတ်ဖေါ်ပွဲအား အားပေးထောက်ခံ
သည့် အနေဖြင့် မျိုးချစ်မြန်မာ လူငယ်များမှ ယနေ့ ၂၈.၈.၂၀၁၂ ရက်နေ့ စမ်းချောင်းတရားရုံးရှေ့တွင

တီရှပ်ဝတ်ကာ ပြသနေပုံ


Myanmar Express

စဉ်းစားစေချင်တယ် ဒေါက်တာ နိုင်အောင်


From : Nang Aung Htwe Kyi (နန်းအောင်ထွေးကြည် ။ ABSDF-NB ရဲမေဟောင်း)

ကိုနိုင်အောင်ရဲ့  သြဂုတ်လ ၁၉၉၁ ခုနှစ်မှ မေလ ၁၉၉၂ ခုနှစ် အထိ ABSDF-NB မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု့များ ၊ကျောင်းသားအချင်းချင်း ရက်စက်စွာ ခေါင်းဖြတ် သတ်မှု့များကို ခပ်ပေါ့ပေါ့ ခပ်ပါးပါးလွှာလွှာလေးရှင်းပြသုံးသပ်ပြီး အနူးအညွတ်တောင်းပန် အပ်ပါသည် ဆိုတာကိုဖတ်မိပြီး ရသမျိုးစုံ ခံစားလိုက်ရပါတယ်။

ဟာသရသတပုဒ်ဖတ်လိုက်ရသလို အော်ဟစ်ပြီးရီလိုက်ရမှာလား ၊ ဒေါသဘဲထွက် လိုက်ရမှာလား ၊ ဒါမှမဟုတ် ကျေးဇူးရှင် ကြီးရှင့် ဆိုပြီးထိုင်ကန်တော့လိုက်ရမှာလား .. တပြိုင်နက် ခံစားမှု့ပေးနိုင်တဲ့ ဖြေရျင်းချက်ပါဘဲ ။

တော်ပါပေတယ် ဒေါက်တာနိုင်အောင်ရယ် ၊ ဘယ်အချက်ကနေ စပြီးပြောရရင်ကောင်းမလဲ ။ နှစ်ပေါင်း ၂၀ ဆိုတော့ပြောစရာ တွေ မေးစရာတွေများလှပေါ့ ။ " ဖမ်းဆီးစစ်ဆေးခံရမှု့များ၌ လူသားဆန်မှု့ ကင်းမဲ့စေသည့်လူ့အခွင့်အရေး ချိုးဖေါက်မှု့များရှိမရှိ " ဆို တဲ့အချက်ကို စပြီး မေးခြင်ပါတယ် ။

(၁) ၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီ ၁၂ ပြည်ထောင်စုနေ့မှာ ကျောင်းသား ၁၅ ဦးကို ရက်စက်စွာခေါင်းဖြတ်သတ်တယ် ။ မခင်ချိုဦးကို မသတ် ခင်အဝတ်အစားချွတ်ပြစ်ပြီးမှ သတ်တာဖြစ်တယ် ။

(၂) အသတ်မခံရဘဲ ကျန်ရှိနေတဲ့ ကျောင်းသား တွေမှာ နည်းမျိုးစုံနဲ့ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာဒဏ်ချက်တွေ ၊ ကျမ ကိုယ်တိုင် လက်ကို ဒါးနဲ့ လှီးတဲ့ဒဏ်ရာ ၊ နှစ် ၂၀ ဆိုပေမဲ့ကျန် ရှိ နေပါသေးတယ် ။
( အဖမ်းမခံရတဲ့ မျက်မြင်သက်သေ တွေနဲ့ အဲ့ဒီ ၂ ချက် လေးနဲ့တင် လူ့အခွင့်အရေး ချိုးဖေါက် မှု့ အထမြောက်မမြောက် ) အကုန်ရေးပြနေရင် ပြီးနိုင်မှာမဟုတ်လို့ပါ ။

လွန်ခဲ့တဲ့ ၂၀ နှစ်က ABSDF-NB တာဝန်ရှိခေါင်းဆောင်ပိုင်းမှ ကျောင်းသား ၈၀၀ မှာထောက်လှမ်းရေး ၈၀ ဖမ်း ခဲ့ပြီး ၁၅ ဦး ကိုသတ်ခဲ့တယ်လို့ ယိုးဒယားသတင်းထောက် ယင်ဒီး ကို ပြောခဲ့ပါတယ် ။ ထိုအချိန်က ကျောင်းသားအင်အား ၄၀၀ ပတ်ဝန်းကျင်သာရှိခဲ့ တယ် ။
သိသလောက် ပြောရရင် စုစုပေါင်း ရက်ရက်စက်စက် ခုတ်သတ်တာ ၁၈ ဦး ။
လူမဆန်တဲ့ ညှင်းပမ်း နှိပ်စက်မှု့ဒဏ်တွေနဲ့ ကျဆုံးခဲ့တာ ၁၄ ဦး ။
မျိုးဝင်းသဘောနဲ့ ထောင်က လွှတ်ပေးလိုက်တာ ၂ ဦး ။
စစ်ကြောရေး ကာလမှာ ထွက်ပြေးလွတ်မြောက် သွားတာ စုစုပေါင်း ၄ ဦး ။
မိဘတွေ တောထဲလာပြီး ငိုပြီး တောင်းပန်ကြလို့ လွတ်ခဲ့တာ ၇ ဦး ။
ထောင်ဖောက် ထွက်ပြေး လွတ်မြောက် ခဲ့တာ ၅၅ ဦး ၊ နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကြောင့် လမ်းမှာ ၁ ဦး သေခဲ့တယ် ။
ဆိုတော့စုစုပေါင်း ဖမ်းတာ ၁၀၀ ဦး ရှိတယ် ။

( လိုအပ်တဲ့ စာရင်းရှိရင် message မှာထားခဲ့ပါ ၊ ဒီစာရင်းဟာ ဒီအမှု့ တခုထဲရဲ့ စာရင်း ပါ ၊ မြတ်ကိုကို တို့ လွှမ်းမိုးတို့မပါသေးပါ ။ )
ကမ္ဘာ ကိုပထမ ဆုံး တင်ပြခဲ့တဲ့ Nation သတင်းစာမှာ ၁၅ ဦး ဘဲ သေဆုံးစာရင်း ပါတော့ ကျန်တဲ့ စစ်မှန်တဲ့ ကျောင်းသားသ မိုင်း ရိုက်ချိုး အသတ်ခံခဲ့ရတဲ့ ၁၈ ဦး က စာရင်းပျောက် အင်းပျောက် အလုပ်ခံ လိုက်ရပါလား ။ ဆိုတော့ ဒီလို လိမ်ညာပြီး လိုတိုး ပိုလျှော့ မမှန်ကန်တဲ့ သေဆုံးစာရင်း တွေ ဖမ်းဆီးတဲ့ စာရင်းလိမ် တွေကိုကော ဘယ်လိုကုလားဖန်ထိုး ဆင်ခြေပေးကြမလဲ ။ မြောက်ပိုင်း ကိစ္စသတ် ဖြတ်မှုတွေကို ထောက်ခံတာဝန် ယူ လက်မှတ်ထိုး ခဲ့တဲ့ ABSDF ဥက္ကဌ ဟောင်း မို့လို့မေးလိုက်တာပါ ။

ကိုနိုင်အောင်ရဲ့ ရှင်းလင်းချက်မှာ " ဦးစိုင်းထွန်း၏ မေတ္တာရပ်ခံချက်အရ ၄င်း၏တူမဖြစ်သူ နန်းအောင်ထွေးကြည်ကို ပြန်လွှတ် ပေးခဲ့ပြီး ၄င်းနှင့်အတူ တပါတည်းထည့်ပေးလိုက်ရန် မြောက်ပိုင်းဗဟိုနှင့် ညှိနှိုင်းခဲ့ပါသည် " ဆိုတဲ့အချက်မှာ ..

ကိုနိုင်အောင်ရေ .. အသားလွတ်ကြီး မျက်နှာပြောင်တိုက်ပြီး လူစွမ်းကောင်း လုပ်လိုက်ပြန်ပြီလားနော် ။ အံ့ပါရဲ့ ။ ကျေးဇူး
တင်ပါတယ်ရှင့် ဆိုပြီးထိုင် ကန်တော့တာ ခံခြင်တယ်ထင်တယ် ။ ဟုတ်လား ။ ကျမအမေက ရော်နယ်အောင်နိုင် ရှေ့မှာ ဒူးထောက်ထိုင်
ချပြီး တောင်းပန်ခဲ့ လိုက်ရတယ် ။ အားလုံး သိအောင် ပြောပြမယ်နော် ။

(၁) ၁၂ . ၂ . ၁၉၉၂ မှာ ၁၅ ဦး ကို ရက်စက်စွာ ခေါင်း ဖြတ်သတ်တယ် ။

(၂) ၁၃ . ၂ . ၁၉၉၂ မှာ NATION သတင်းထောက် ယင်ဒီး နဲ့ ကျမအပါအဝင် ၅ ဦး ကိုတွေ့ခိုင်းတယ် ။

(၃) ၁၉ . ၂ . ၁၉၉၂ မှာ မျိုးဝင်း ကမိဘတွေဆီ စာရေးခိုင်းလို့ ကိုမောင်မောင်မှတဆင့် ကျမတို့ (ရ) ဦး စာရေး ခဲ့ကြရတယ် ။

(၄) ၁၉ . ၃ . ၁၉၉၂ မှာ မိဘ (ရ) ဦးအဖွဲ့ရောက် လာတယ် ။

(၅) ၂၀ . ၃ . ၁၉၉၂ မှာ အမေ နဲ့တွေ့ခွင့် ရခဲ့တယ် ။ ဒါပေမဲ့ မိဘနဲ့ပြန်ထည့်ပေးမဲ့ ဂတိဖျက်တယ် ။ ကျမအမေက
ရော်နယ် အောင်နိုင်ကို ဒူးထောက်တောင်းပန် ၊ အမေတွေအားလုံးလဲ ပြောဆို တောင်းပန် ကြတော့မှ ....

(၆) ၂၄ . ၃. ၁၉၉၂ မှာ ကျမတို့ (ရ) ဦး ABSDF-NB ငရဲထောင် မှ လွတ်မြောက် ခဲ့တာ ဖြစ်ပါတယ် ။

ကျမတို့ (ရ)ဦး ထောင်ကလွတ် တဲ့အချိန် မှာ ABSDF-NB ထောင်တွင်းမှာ ကျောင်းသား (၅၅) ဦးကတော့ သံခြေကွင်းတွေနဲ့ သံကွင်း စွတ်မင်းသားများအဖြစ်နဲ့ ဆက်လက့် အကျဉ်းကျခံနေရစဲပါ ။

ကိုနိုင်အောင် နဲ့ပီထွန်းနဲ့ ABSDF-NB ကိုရောက်တာ ၁၉၉၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့ ဆိုတော့ အသလွတ် နာမည်ကောင်း လက်မှတ် အတင်းဝင်ယူ နေပုံက ရီစရာကောင်း နေရောနော် ။ကျမတို့ရဲ့ မိဘတွေ ကိုသနားပါဦးလေ ကိုနိုင်အောင်ရေ ။

မတရားသဖြင့် ခံထားခဲ့ရတာ နှစ် ၂၀ ကျော်ရှိခဲ့ပါပြီ ။ ကိုယ်ချင်းစာနာစိတ်လေးများ ရှိပေးပါ ။

ပီထွန်းနဲ.ကျမနဲ.တွေ.တဲ့အချိန်မှာ ကျမထောင်ကလွတ်ပြီး ကျောင်းသား ရဲမေပြန်ဖြစ်နေပြီ ။ ကျမမှတ်မိတာပေါ့။ ကိုနိုင်အောင်က ကျမကို မေးမြန်းတယ်ဆိုတာ ဘာများမေးမြန်းလိုက်လို.လဲ၊ မြင်သာမြင်လိုက်တာပါ ။ ကျမစကားတစ်လုံးတောင် မပြောလိုက်ပါဘူး။ ပီထွန်းနဲ.သာ ရှမ်းဘာသာစကားနဲ. ပြောသင့်ပြောထိုက်တာ ပြောပြီး ကျမအဆောင်ကို ပြန်သွားခဲ့တာပါ။ အော် ပီ ဆိုတာ ရှမ်းလိုခေါ်လိုက်တာ ဗမာလို ဘာသာပြန်ရင် အကိုလို.ခေါ်ပါတယ်။ ကိုနိုင်အောင်တို. နားလည်အောင်လို.ပါ။

“ မှန်သည်ဖြစ်စေ။ မှားသည်ဖြစ်စေ၊ အမှန်တကယ် သူလျှိုဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ “ ကျမတို.အားလုံးရဲ. ဒေါသတွေကို ကိုနိုင်အောင်လိုက်ထိုးဆွနေတာလား။ အယေါက် ၁၀၀ ဟာ ကျောင်းသားတွေပါဆိုတာကို လက်မခံပဲ မျက်စေ့မှိတ်၊ နားပိတ်ပြီး ဇွတ်ပြောနေကြတုန်းလား။

မတရားနှိပ်စက်ကြတာ၊ မခံမရပ်နိုင်အောင် နှိပ်စက်ကြတာ။ ကိုနိုင်အောင်ကို ကျမခံခဲ့ ရသလို Electric Shock ၂ လုံး မပေးဘူးလေ ။တစ်လုံးပဲပေးမယ်။ ဘယ်လိုလဲ ကိုနိုင်အောင် (၇) လမဟုတ်ဘူး ။ တစ်ညပဲ။

ကျမလိုချင်တဲ့ အဖြေကို ရအောင်တောင်းပြမယ်။ ကိုနိုင်အောင် ကျမတို. အယေါက် ၁၀၀ ခံစားခဲ့ရသလို ခံစားခဲ့ဘူးလား။ စဉ်းစားကြည့်ပါ ။

ကျမတို့ကို နှိပ်စက်ပုံက သူတို့လိုချင်တဲ့ အဖြေရရင်ရ မရရင်ကြွ ။ အဖြူရောင်ပြပြီး ဟေ့ကေါင်ဖြေစမ်း ဒါအမဲလို.၊ အမဲလို. မပြောမချင်း ကျမတို့ကို shock ရိုက် နှိပ်စက်၊ အမဲလို. မဖြေလဲရတယ်။ မဖြေနဲ.။ သေလိုက်။ အတည်ပြောနေတာ။ သဘောပေါက်တယ်နော် ။
အမဲပါလို. မပြောပဲ သေသွားတဲ့သူတွေရှိတယ်။ မဲလိုက်ဖြူလိုက် ပြောပြီးသေသွားတဲ့သူတွေရှိတယ်။

စစ်ချက်တွေနဲ့ ရိုက်ထားတဲ့ ဗွီဒီယို အခွေ ဖြန်.ချီလိုက်ပါ ကိုနိုင်အောင်။ မြောက်ပိုင်းအနှစ်နှစ်ဆယ် အထိမ်းအမှတ်မှာ ပြောခဲ့ပြီပဲ၊ စစ်ချက်နဲ. ဗွီဒီယို ချပြပါလို့ ။ ကျမတို. အယေါက် ၁၀၀ ဆီက ယူထားတဲ့ တစ်ယေါက်ကို တစ်ယေါက် နင်ထောက်လှမ်းရေး။ သူလဲထောက်လှမ်းရေးဆိုပြီး စွဲဆိုထားခဲ့ရတဲ့ စစ်ချက်တွေ။

စကားပြောစက်က သူ.ဆီမှာ၊ အဆိပ်က ဟိုလူ.ဆီမှာ ဆိုတဲ့ စစ်ချက်တွေ၊ ဗွီဒိယိုတွေ ကိုနိုင်အောင်တို. ဖျက်ဆီးဖျောက်ဖျက်လိုက်ပြီလား၊ မဖျက်ဆီးပြစ် သေးဘူးဆိုရင် တတိုင်းပြည်လုံးသိအောင်ပါ။

အဖြူကို အမဲဖြစ်အောင်။ အမဲပါလို. မပြောပြောအောင် နှိပ်စက်ညှင်းပန်းပြီး ရထားတဲ့ ထွက်ချက်တွေကို ခိုင်လုံတဲ့အထေါက်အထားတွေပါဆို၇င် အခုချက်ချင်းချပြပါ။

တချို.စစ်ချက်ဆိုရင် စစ်ချက်အပေါ်မှာ သွေးတွေနဲ.နော် ကိုနိုင်အောင်၊ သွေးစက်တွေ ပေနေတဲ့ စစ်ချက်ကို ချပြလိုက်ပါ။ တောင်ပိုင်းမှာ ဒီစစ်ချက်တွေနဲ. ဗွီဒီယိုအခွေ မရှိဘူး မပြောပါနဲ.။ယုံကြည်ဖို့ ခက်တယ် ။

ကျမတို.အယောက် ၁၀၀ လုံး တစ်ယေါက်ကို တစ်ယေါက် ကျနော်/ကျမတို.ရဲ. ထောက်လှမ်းရေး ကွင်းဆက်တွေဟာ သူတို.ပါ …. ဟုတ်ပါတယ် ….. သူလဲပါပါတယ် …. သူကတော့ဖြင့် ဗိုလ်ကြီးပါ။ ဗိုလ်မှူးပါ။ ဒုဗိုလ်ပါလို. ဖြေထားခဲ့ရတဲ့ အယေါက် ၁၀၀ ရဲ. စစ်ချက်တွေ၊

ကျမရဲ.ထွက်ချက်ဖြစ်တဲ့ ရေလှိုင်းစစ်ဆင်ရေးတို. ငါးနှစ်စီမံကိန်းတို. ချပြလိုက်ပါ၊ ကျမရဲ. NIB ဒုဗိုလ် ကိုယ်ပိုင်နံပါတ်တို. ဘာတို. အကုန်အစင် တစ်ခုမကျန် ချပြပါ၊

အစဦးဆုံး အဖမ်းခံရတဲ့ စိုးမင်းအောင်ရဲ. ထွက်ချက်။ သူကနေ စတာ။ သူ.ထွက်ချက် မရှိဘူး မငြင်းနဲ. မဖျောက်ဖျက်ပစ်လိုက်ပါနဲ. ။

အခုထက်ထိလဲ ထောက်လှမ်းရေး ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေတဲ့ ဟုတ်လား။ တော်ပါတော့ ဘာတစ်ခုမှ ဖြစ်သည် ဖြစ်စေမဟုတ်ဘူး။
ကျမနဲ.တကွ အယေါက်၁၀၀ ကျန်ခဲ့တဲ့သူတွေနဲ. အသတ်ခံခဲ့ရတဲ့ သူတွေရောဟာ လုံးဝစစ်မှန်တဲ့ ကျောင်းသားစစ်စစ်တွေဆိုတာ ပြောခဲ့ပြီးပါပြီ ။ ကိုမင်းကိုနိုင် ကိုကိုကြီး ကိုမြအေးတို့ ပြတ်သားစွာရပ်တည်ပေးခဲ့ပြီ ။

ကိုနိုင်အောင်နဲ. ကိုရော်နယ်အောင်နိုင် မှန်မှန်ပြောကြတော့။ ရှင်တို.ဖက်က ရရှိထားတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေဆိုတာတွေနဲ့ ကျမတို့ ကျန်ရှိနေသူများနဲ့ ဖြေရှင်းပါတော့ ။

ကိုနိုင်အောင်နဲ့ ရော်နယ်အောင်နိုင်တို့ကို မေးပါရစေ။

(က) ကျမတို.ကို မတရားဖမ်းဆီး စွပ်စွဲပြီး မခံမရပ်နိုင်လောက်တဲ့ လူမဆန်တဲ့ နှိပ်စက်မှုတွေနဲ. ညှင်းပန်းပြီး ဘာလို့ အတင်းဝန်ခံခိုင်းရတာလဲ။

(ခ) ဘာလို. မင်းတို.ကွင်းဆက်တွေ ဖေါ်စမ်းဆိုပြီး လိုင်းတင်တဲ့ မေးခွန်းတွေ၊ နာမည်တွေကို ဖေါ်ပြောပြီး မေးရတာလဲ။

(ဂ) ကိုနိုင်အောင် (DNA) အနေနဲ. ဘာမှတိတိကျကျ မသိပဲ ဘာလို.ဒီလူသတ်မှုကို တာဝန်ယူတယ်ဆိုတဲ့ စာကိုလက်မှတ်ထိုးပြီး ထုတ်ပြန်ကြေငြာရတာလဲ။

(ဃ) ဒီလောက်အများကြီး မဟုတ်တာတွေပါ ပါတယ်ဆိုတော့ ဒါတွေကို သိနေရဲ.သားနဲ. ဘာလို. အဖြစ်မှန် အမှုမှန်ကိုဖုံးကွယ်ထားပြီး ခေါင်းရှောင်နေတာလဲ။

(င) မဟုတ်တာပါနေတယ်လို. သိရင်ကိုနိုင်အောင်ကိုယ်တိုင်ရော ဘာဖြစ်လို. ကိုသိန်းထွန်းတို.ကို နှိပ်စက်သွားရတာလဲ။

မေးခွန်းတွေ အများကြီးရှိနေသေးတယ်။ ရှင်းနေတာတွေကို ရှုပ်အောင်လုပ်ဖို. မကြိုးစားနဲ.တော့။ အချိန်ဆွဲဖို.လဲ မကြိုးစားနဲ.တော့။

ကျမရဲ.နာမည်ကျော် ထွက်ချက်လဲ တင်ပြအုံး။ ရေလှိုင်းစစ်ဆင်ရေးဆိုတာလေ။ အဲဒါဘယ်လိုရသလဲ ဆိုတာသိချင်ရင် ပြောပြမယ်။ ကျမကို လက်ဝါးကပ်တိုင်မှာကားစင်တင် ကြိုးတုပ်ပြီး နှိပ်စက်တော့ ဒီစစ်ချက်ကို ကျမသံချောင်းကို ၀တ္ထုတိုတစ်ပုဒ် ရေးပေးလိုက်တာ၊ ၅ နှစ် စီမံကိန်းဆိုတာ သိချင်ရင်တော့ လက်ရှိ ABSDF ဥက္ကဌ သံခဲမိန်းမ ခင်ရွှေလှိုင် အသိဆုံးပဲ။

အဲဒါသူလုပ်ခဲ့တဲ့ ဇတ်လမ်း၊ ကျမက သူ.ကိုအကာအကွယ်ပေးပြီး အသားအနာခံ ကာကွယ်ပေးခဲ့ပြီး ရခဲ့တဲ့ဇတ်လမ်း၊ ဟုတ်ပြီလား။

ကိုနိုင်အောင်ကို ကျမက မိုးသီးဇွန်ထက် အင်အား တောင့်ချင်လို. မြောက်ပိုင်းအဖွဲ. ရှင့်လက်အောက်ရောက်လာအောင် မြောက်ပိုင်းနဲ. မြောက်ပိုင်းလူသတ်မှုကြိးကို တာဝန်ယူလိုက်တာလို. ကျမကတော့ သုံးသပ်လိုက်တယ်။ အာဏာတွေ ပါဝါတွေ ရူးကြတယ်လား။
ကိုယ့်အာဏာအတွက် ကိုယ့်ကျောင်းသားအချင်းချင်း သတ်တာကို လက်မှတ်ထိုးတယ်တဲ့လား။

တော်ပြီ ဆက်ရေးနေလို. အရှည်ကြီး အများကြီးဖြစ်တော့မယ်။
အချိန်မဆွဲဖို့ ကျမက မြောက်ပိုင်းအယေါက် ၁၀၀ ကိုယ်စား လေးစားစွာနဲ.တောင်းဆိုပါတယ်။

ကျမတို. အယေါက် ၁၀၀ ရဲ. ထွက်ချက်တွေ။ စစ်ချက်တွေ၊ ဗွီဒီယိုကို တပြိုင်ထဲနဲ. ပြည့်ပြည့်စုံစုံ တင်ပြ၊ ပေးပို.ပေးပါ။ ဖြည့်စွက်တာတွေ၊ ဖျောက်ဖျက်တာတွေ လုံးဝမလုပ်ပါနဲ.၊ မရှိတော့ဘူး တချို.ပဲ ရှိပါတော့တယ်ဆိုပြီး ကွင်းဆက်ပြတ်အောင် မလုပ်စေခြင်ပါ ။

"ကိုနိုင်အောင် အနေဖြင့် ABSDF-NB အတွင်း ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့၌ ရက်စက်စွာ ခေါင်းဖြတ်သတ်ဖို့ အ

မိန့် ပေးခဲ့သည်ဖြစ်စေ ၊ မပေးသည် ဖြစ်စေ ။ သေဆုံးခဲ့သူများနှင့် နစ်နာခဲ့ရသူများ စစ်မှန်သော သမိုင်း ချေမွှဖျက်ဆီးခြင်း ခံစားရသူများ

အတွက် ကိုယ်ချင်းစာမှု တကယ်ရှိသည်ဖြစ်စေ ၊ မရှိသည် ဖြစ်စေ ။ ကိုယ်ချင်းစာမှု အခြေခံဖြင့် လေးနက်စွာတောင်းပန်အပ်ပါသည် ဆိုသော

အချက်နှင့် မိမိဆောင် ရွက်ပေးနိုင်သည်များကိုလည်း ဆောင်ရွက်ပေးသွားပါမည် ဟူသောအချက်ကို ကြိုဆိုပါသည် ဟုပြောကြားရင်း ...

လေးစားစွာဖြင့်


Myanmar Express

မြန်မာ့စီးပွားရေးအနာဂတ်အတွက် အကြံဉာဏ်ကောင်းများ

From : YPI

ဒုတိယကမ္ဘာစစ်ကြီးပြီးကာစက အမေရိကရဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ ဒင်းန်အာချီဆန်လို့ခေါ်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ သူက သူ့ရဲ့ကိုယ်တိုင်ရေးအထ္ထုပ္ပတ္တိကို “ဖန်ဆင်းချိန်တွင်ရှိနေခြင်း” လို့ခေါ်ပါတယ်။ သူဆိုလိုတာက သူဟာ စစ်ကြောင့်ပျက်စီး ခဲ့ရတဲ့ကမ္ဘာကို ပြန်လည်တည်ဆောက်ဖို့ အကူအညီပေးခဲ့သူတစ်ဦး ဖြစ်ခဲ့တယ်ဆိုတာပါပဲ။ စကြ၀ဠာကြီးကိုဖန်ဆင်းချိန်မှာ ရှိနေခဲ့သလိုမျိုးပေါ့။

အာချီဆန်ဟာ ဒီလိုအရာမျိုးကိုစိတ်ကူးကြည့်ခဲ့တဲ့ ပထမဆုံးပုဂ္ဂိုလ်တော့မဟုတ်ပါဘူး။ ၁၃ ရာစုနှစ်က စပိန်ဘုရင်တစ်ပါးက “ဖန်ဆင်းချိန်မှာ ငါသာရှိခဲ့ရင် စကြ၀ဠာကို ပိုပြီးစနစ်တကျဖွဲ့စည်းဖို့ အသုံးဝင်တဲ့အကြံကောင်း၊ ဉာဏ်ကောင်းတချို့ ပေးခဲ့မိမှာပါပဲ” လို့ပြောခဲ့ ပါတယ်။

မြန်မာနိုင်ငံဟာလည်း အထိုက်အလျောက်တော့ ဒီအခြေအနေမျိုးမှာရောက်နေပါတယ်။ မြန်မာနိုင်ငံဟာ ပြန်လည်ဖန် ဆင်းခြင်းခံနေ ရပါတယ်။ ပြီးတော့ ဒါတွေက တိုင်းပြည်ရဲ့စီးပွားရေးကို ပြန်လည်တည်ဆောက်ဖို့အတွက် ကျွန်တော်ရဲ့ “အသုံးဝင်တဲ့အကြံဉာဏ်တွေ” ပဲဖြစ် ပါတယ်။ ဒါတွေက စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေအတွက် “ဈေးဝယ်စာရင်း” တော့ မဟုတ်ပါဘူး။ ဘာာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံဟာ စီးပွားရေးတစ်ရပ်အတွက် လိုအပ်တဲ့အရာအားလုံးမရှိတာကြောင့် အဲဒီစာရင်းသာချရေးရင် စာမျက်နှာနဲ့အပြည့် ဖြစ်သွားမှာမို့လို့ပါပဲ။ ဒါပေမဲ့ လည်း ဘယ်မူဝါဒတွေက အခရာကျပြီး အရေးကြီးဆုံးဖြစ်တယ်ဆိုတာကိုတော့ ဒီအကြံဉာဏ်တွေကပြောပါတယ်။ ဘာတွေမှားသွားနိုင်သလဲ ဆိုတာကို သတိပေးတာတွေလည်း ပါဝင်ပါတယ်။

၁၉၈၀ ခုနှစ်မှာတော့ ရောဘတ်မူဂါဘီဟာ လူကောင်းတစ်ယောက်အဖြစ်နဲ့ရှိနေပါသေးတယ်။ ကိုလိုနီအုပ်ချုပ်မှုကနေလွတ်မြောက် အောင် သူကူညီခဲ့တဲ့ ဇင်ဘာဘွေနိုင်ငံရဲ့သမ္မတအဖြစ်နဲ့ သူ့နိုင်ငံသားတွေကို ကြွယ်ဝချမ်းသာတဲ့ဘ၀သစ်ကိုရစေရမယ်လို့ သူကတိပေးခဲ့ပါ တယ်။ သူပထမဆုံးလုပ်ခဲ့တာကတော့ ပညာတတ်တစ်ယောက်ကစတင်လိုက်တဲ့ စစ်မှန်တဲ့ “လူထုရဲ့ပြုပြင်ပြောင်းလဲမှု” အစီအစဉ်နဲ့ ပတ်သက်လို့ လူတိုင်းကစိတ်လှုပ်ရှားခဲ့ပါတယ်။ နောက်ဆယ်နှစ်အကြာ ကျောင်းတွေ၊ တက္ကသိုလ်တွေကနေ ကျောင်းသားတွေဘွဲ့ရလာ တဲ့အခါ ဆယ်ယောက်မှာတစ်ယောက်ပဲ အလုပ်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရင်းနှီးမြှုပ်နှံမှုကိုအားပေးတဲ့မူဝါဒတွေကိုချမှတ်ဖို့ မူဂါဘီပျက် ကွက်ခဲ့လို့ပါပဲ။ နောက်ဆယ်စုနှစ်နှစ်ခုအကြာမှာတော့ စီးပွားရေးချွတ်ခြုံကျခဲ့ပြီး ဒေါသထွက်နေတဲ့ အလုပ်လက်မဲ့ဇင်ဘာဘွေနိုင်ငံသားတွေကို သူတို့ရဲ့တော်လှန်ရေးကနေသွေဖယ်ရတဲ့ တကယ့်အကြောင်းအရင်းတွေကနေ အာရုံလွှဲဖို့ကြိုးစားခဲ့တဲ့အခါမှာတော့ မူဂါဘီဟာ ကြောက်စရာ ဘီလူးတစ်ကောင်ဖြစ်လာပါတော့တယ်။

(ဓါတ်ပုံ - ဇေယျာလှိုင်)

ဒါကြောင့် အကြံပြုချက်နံပါတ်(၁)ကတော့ ပညာရေးနဲ့ကျန်းမာရေးတို့လို ကောင်းမွန်တဲ့လူမှုရေးမူဝါဒတွေကို အလုပ်အကိုင်ဖန်တီး မယ့် ရင်းနှီးမြှုပ်နှံမှုမူဝါဒတွေနဲ့ ဟန်ချက်ညီအောင်လုပ်ပါ။

ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုကိုဘယ်လိုအားပေးမလဲ။ တိုင်းပြည်တစ်ပြည်ဟာ ဘဏ်စနစ်တစ်ခုလိုတာပေါ့လို့ စီးပွားရေးပညာရှင်တွေ မျက်နှာပူစရာမလိုဘဲဖြေနိုင်ခဲ့တဲ့ အချိန်တစ်ချိန်တော့ ရှိခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်တုန်းက ဘဏ်တွေကြောင့် နိုင်ငံဘယ်လောက် များများ ဒူးထောက်ခဲ့ရတယ်ဆိုတာကိုထောက်ပြီးတော့ ဘဏ်စနစ်တစ်ခုရှိရမယ်လို့အကြံပေးဖို့ကတော့ ခက်နေပါပြီ။

ဘဏ်တွေနဲ့ပတ်သက်လို့သိထားရမယ့် ပထမဆုံးသင်ခန်းစာကတော့ ခွေးချေးကယင်ကောင်တွေကိုဆွဲဆောင်သလို ဘဏ်တွေက လူဆိုးတွေကိုဆွဲဆောင်တယ်ဆိုတာပါပဲ။ ကွန်မြူနစ်စနစ်ကနေ အရင်းရှင်စနစ်ကိုကူးပြောင်းတဲ့လုပ်ငန်းစဉ်ရဲ့ အစောပိုင်းကာလတုန်းက ရုရှားမှာ ဘဏ်ပေါင်း ၃၀၀၀ ကျော်ရှိခဲ့ပါတယ်။ စီးပွားရေးမှာ အင်မတန်ဝင်ငွေကောင်းလှတဲ့ ဒီကဏ္ဍကိုထိန်းချုပ်ဖို့ ပြိုင်ဘက်ဂိုဏ်းတွေက အလုအယက်ကြိုးစားလာတဲ့အခါ ဒါဇင်နဲ့ချီတဲ့ဘဏ်လုပ်ငန်းရှင်တွေဟာ လူသတ်သမားတွေသတ်ဖြတ်တာကို ခံခဲ့ရပါတယ်။ မကြာလှသေးတဲ့ ၂၀၀၆ တုန်းကတောင် ဘဏ်လုပ်ငန်းကဏ္ဍကို သန့်စင်ဖို့ကြိုးစားတဲ့ ဗဟိုဘဏ် ဒုတိယဥက္ကဌဟာ အငှားလူသတ်သမားတစ်ယောက် သေနတ် နဲ့ ပစ်သတ်တာကို ခံခဲ့ရပါတယ်။

ဒါကြောင့် အကြံပြုချက်နံပါတ်(၂)ကတော့ ဘဏ်လုပ်ငန်းဟာ တကယ့်ကို ပီပီပြင်ပြင်လုပ်နိုင်ပြီး လွတ်လပ်တဲ့ဗဟိုဘဏ် (ဤဗဟို ဘဏ်သည် တစ်ပြိုင်နက်တည်းတွင် မြန်မာနိုင်ငံ၏နှစ်မျိုးဖြစ်နေသော ငွေလဲလှယ်နှုန်းကို အဆုံးသတ်ရမည့် ခက်ခဲသော တာဝန်ကိုကြီးကြပ် ရန်လည်း တာဝန်ယူသင့်သည်။) တစ်ခုရဲ့ တင်းတင်းကျပ်ကျပ် စည်းမျဉ်းစည်းကမ်းနဲ့ ထိန်းချုပ်ထားတာမျိုး ရှိသင့်ပါတယ်။ ဒါကိုသာ သတိ ရှိရှိနဲ့ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရင် ဘဏ်တွေအနေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ အကြွေးလိုနေတဲ့သူတွေကို ငွေထုတ် ချေးနိုင်ဖို့အတွက် စုဆောင်းငွေတွေကို ဆွဲဆောင်နိုင်ပါလိမ့်မယ်။

ဒါပေမဲ့ ဘယ်သူတွေကို အကြွေးပေးသင့်ပါသလဲ။ အပေးသင့်ဆုံးသူတွေကတော့ လယ်သမားတွေပါပဲ။ ရှင်သန်နေတဲ့လယ်ယာ စိုက်ပျိုးရေးကဏ္ဍဟာ ရှင်သန်နေတဲ့ကျယ်ပြန့်တဲ့စီးပွားရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ လယ်သမားတွေငွေချေးနိုင်ဖို့ဆိုရင် သူတို့အနေနဲ့ သူတို့စိုက်ပျိုးတဲ့လယ်မြေကို ပိုင်ဆိုင်ခွင့်နဲ့ အဲဒီလယ်ကို ငွေချေးရာမှာအပေါင်ပစ္စည်းအဖြစ် အသုံးပြုခွင့်ရဖို့ လိုအပ်ပါတယ်။ တရုတ်ပြည်ကို အင်အားမရှိတဲ့ဘ၀ကနေ ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးအဖြစ် ပြောင်းလဲခဲ့တုန်းက တိန့်ရှောင်ဖိန်လုပ်ခဲ့တဲ့ ပထမဆုံးနဲ့ အရေးကြီးဆုံး ပြုပြင်ပြောင်းလဲမှုကတော့ စိုက်ပျိုးရေးဈေးနှုန်းထိန်းချုပ်မှုတွေကို ဖယ်ရှားပစ်ပြီး လယ်သမားတွေကို ၀င်ငွေကောင်းစေခဲ့တာပဲဖြစ်ပါတယ်။

ဒါကြောင့် အကြံပြုချက်နံပါတ်(၃)ကတော့ စက်ရုံအရေအတွက်ကို ဖွံ့ဖြိုးတိုးတက်မှုရဲ့အတိုင်းအတာအဖြစ် မမှတ်ယူဖို့ပါပဲ။ စစ်မှန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ လယ်ယာမြေပေါ်ကစတင်ပြီး အဲဒီကမှတစ်ဆင့် ပျံ့နှံ့ခဲ့တာပါ။

ဒီအချက်က နောက်တစ်ချက်ဖြစ်တဲ့ ဘယ်နေရာတွေမှာ ရင်းနှီးမြှုပ်နှံသင့်သလဲဆိုတဲ့အချက်ကို ပေါ်ပေါက်စေပါတယ်။ လယ်ယာ မြေတွေမှာ စိုက်ပျိုးလိုက်တဲ့ စားသောက်ကုန်တွေကို ပြည်တွင်းဈေးကွက် ဒါမှမဟုတ် ပို့ကုန်ဈေးကွက်ကိုရောက်အောင် ပို့ဖို့လိုအပ်ပါတယ်။ ဒါကဘာကိုဆိုလိုတာလဲဆိုတော့ စီးပွားရေးပညာရှင်တွေက အခြေခံအဆောက်အအုံလို့ခေါ်တဲ့ ကားလမ်းတွေ၊ ရထားလမ်းတွေ၊ တံတားတွေ၊ ပိုက်လိုင်းတွေနဲ့ ဆိပ်ကမ်းတွေမှာ ငွေအလုံးအရင်းထည့်ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ့ထက်ပိုပါတယ်။ ကျောင်းတွေနဲ့ ဆေးရုံတွေကိုလည်း ပြုပြင်ဖို့လိုအပ်ပါတယ်။ ဒါမှ နိုင်ငံကိုပြောင်းလဲမယ့်အလုပ်တွေအားလုံးကိုလုပ်ကြမယ့်သူတွေ ပိုပြီးပညာတတ်ပြီး ပိုပြီးကျန်းမာနိုင်စေမှာပါ။ ဒီလို အကြီးအကျယ် လုပ်ဆောင်တာကို ကမ္ဘာ့ဘဏ်နဲ့အာရှဖွံ့ဖြိုးရေးဘဏ်တို့က အကူအညီပေးဖို့လိုအပ်ပါလိမ့်မယ်။

အကြံပြုချက်နံပါတ်(၄)ကတော့ တောက်ပတဲ့အစိုးရအဆောက်အအုံတွေ၊ ရုံးသုံးကားတွေ၊ လေဆိပ်အဆောက်အအုံတွေနဲ့ နိုင်ငံ တကာအစည်းအဝေးခန်းမကြီးတွေကို အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုအဖြစ် အလွဲမမှတ်ယူဖို့ပါပဲ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက လူတွေဘာ့ကြောင့် ဆင်းရဲကြပြီး ဆင်းရဲမှုကနေ သူတို့ဘယ်လိုလွတ်မြောက်နိုင်မလဲဆိုတဲ့ မေးခွန်းကိုဖြေဖို့ကြိုးစားထားတဲ့ အင်မတန်မှ သြဇာကြီးတဲ့စာအုပ်တစ်အုပ် ထွက်လာခဲ့ပါတယ်။ အောက်စဖို့ဒ်ကပညာရှင် ပေါလ်ကိုလီယာကရေးသားပြီး ““အောက်ခြေကဘီလျံ”” (ဆိုလို တာက ကမ္ဘာပေါ်မှာ ဘီလျံနဲ့ချီပြီးရှိနေတဲ့ အဆင်းရဲဆုံးလူသားတွေပါ) လို့ခေါ်တဲ့ ဒီစာအုပ်ဟာ နိုင်ငံတွေအနေနဲ့ ဆင်းရဲတွင်းမှာ ပိတ်မိရတဲ့ အကြောင်းအရင်း လေးချက်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီနိုင်ငံတွေဟာ (၁)ကုန်းတွင်းပိတ်နိုင်ငံဖြစ်နေရင်၊ (၂)“ညံ့ဖျင်းတဲ့အုပ်ချုပ်မှု”မျိုးရှိနေရင်၊ (၃)ပြည်တွင်းစစ်ရှိနေရင်၊ (၄)“သယံဇာတကျိန်စာ” ဆိုတာမျိုး တွေရှိနေရင် ဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံကိစ္စမှာတော့ ပထမဆုံးအချက်ကတော့ ဖြေရှင်းဖို့လွယ်ကူသလောက်(နီးပါး)ပါပဲ။ မြန်မာနိုင်ငံဟာ ကုန်းတွင်းပိတ်နိုင်ငံ မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံအနေနဲ့ ပင်လယ်ထွက်ပေါက်ရှိတယ်ဆိုတဲ့အချက်ကို ပိုပြီးအသုံးချနိုင်ဖို့ အင်မတန်ကြိုးစားဖို့ လိုအပ်ပါတယ်။

ဒုတိယအချက်ဖြစ်တဲ့ “အုပ်ချုပ်မှု” ညံ့ဖျင်းတာကတော့ အင်မတန်အရေးကြီးပြီး ကျော်လွှားဖို့ မျိုးဆက်တွေနဲ့ချီပြီးကြာတတ်ပါတယ်။ အဂတိလိုက်စားမှု၊ ဥပဒေကင်းမဲ့မှု ဒါမှမဟုတ် တည်ဆဲဥပဒေတွေကို လေးစားလိုက်နာအောင် လွတ်လွတ်လပ်လပ်နဲ့ မျှမျှတတလုပ် ဆောင်ခြင်းမရှိမှု၊ ပိုင်ဆိုင်မှုတွေမှာ မသေချာမှုနဲ့ မရေရာမှု အဲဒီအချက်တွေအားလုံးဟာ စီးပွားရေးတစ်ခုကို အကြီးအကျယ်ပျက်စီးစေတာပါ။

တတိယအချက်ဖြစ်တဲ့ ပြည်တွင်းစစ်ဟာ မြန်မာနိုင်ငံကို ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ဒုက္ခပေးနေတာဖြစ်ပြီး အဲဒါကို အဆုံး မသတ်နိုင်ဘူးဆိုရင် စီးပွားရေးထဲကိုရောက်ရမယ့် သယံဇာတ၊ ခွန်အားတွေနဲ့ ယုံကြည်မှုတွေဟာ ဆက်ပြီးယိုစိမ့်နေဦးမှာပါပဲ။

ဆင်းရဲမှုထဲပိတ်မိရတဲ့ စတုတ္ထအချက်ဖြစ်တဲ့ “သယံဇာတ ကျိန်စာ” ဆိုတာက နိုင်ငံတစ်နိုင်ငံဟာ သဘာဝသယံဇာတကြွယ် ၀တဲ့အခါ (မြန်မာနိုင်ငံဟာ သယံဇာတကြွယ်ဝပါတယ်) အဂတိ လိုက်စားမှုတွေ၊ “နီးစပ်သူတွေကို အခွင့်အရေးပေးခြင်း” နဲ့ စီးပွားရေးရဲ့ အခြားကဏ္ဍတွေကို လျစ်လျူရှုမှုတွေကြောင့် အဲဒီသယံဇာတတွေဟာ အလဟဿဖြစ်ရပါတယ်။ အချိန်နဲ့ ခွန်အားအများအပြားဟာ ဒီပြဿနာကိုတိုက်ဖျက်တဲ့ဆီရောက်သွားပါလိမ့်မယ်။

အဆုံးသတ်မှာတော့ မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့ အချက်သုံးချက်ကို ပင်မပြဿနာတစ်ခုအဖြစ် အကျဉ်းချုံးလို့ရနိုင်ပါတယ်။ လူ့အဖွဲ့ အစည်းအတွင်းမှာ အာဏာနဲ့သယံဇာတတွေကို မမျှမတ ခွဲဝေနေခြင်းပဲဖြစ်ပါတယ်။

ဒါကြောင့် နိဂုံးချုပ်အနေနဲ့အကြံပြုချက်နံပါတ်(၅)ကတော့ မညီမျှမှုနဲ့ မတရားမှုတို့ကြောင့် ရေရှည်မှာဖြစ်နိုင်ခြေရှိတဲ့စီးပွားရေးအရ ထိခိုက်မှုကို အထင်သေးပြီးလျှော့မတွက်နဲ့ဆိုတာပါပဲ။ ။


Myanmar Express

အာအက်ဖ်အေရေဒီယို မြန်မာပိုင်းသတင်းဌာန အယ်ဒီတာကျင့်ဝတ်မညီသူတဦးအား အရေးယူခြင်းမရှိ


From : မိုးဇော်ကို

မိမိလက်အောက်မှာအမှုထမ်းနေ သူအိမ်ထောင်ရှင်ဝန်ထမ်းအမျိုးသမီးနှစ်ဦးနှင့်လူမှုရေးဖောက်ပြန်သည်ဟုသတင်းထွက်ပေါ်နေသည့်
အမေရိကန်နိုင်ငံဝါရှင်တန်အခြေစိုက်အာအက်ဖ်အေမြန်မာပိုင်းဌာန အယ်ဒီတာဦးခင်မောင်စိုးအားသက်ဆိုင်ရာ ကယနေ့အထိအရေးယူမူမရှိသေးကြောင်းစုံစမ်းသိရှိရသည်။

လွန်ခဲ့သောသတင်းပတ်ကအာအက်အေ၀ိုင်းတော်သူ ဒေါ်ခင်ခင်အိနှင့်အယ်ဒီတာဦးခင်မောင်စိုးတို့၏
တယ်လီဖုံးမှတဆင့် ၎င်းတို့အတွင်းရေးများအချီအချပြောဆိုသည်ဟုယုံကြည်ရလောက်သည့်လှို့ဝှက်
အသံဖိုင်နှစ်ခု ပြင်ပအင်တာနက်မီဒီယာလောကသို့ပေါက် ထွက်လာရာမှအစပြုပြီးအဆိုပါဋ္ဌာနအယ်ဒီတာ
ဦးခင်မောင်စိုးနှင့်ဒေါ်ခင်ခင်အိအပြင်ဒေါ်သင်းသီရိတို့၏လူမှုရေးဖောက်ပြန်မှုများပေါ်ထွက်
လာခြင်းဖြစ်သည်။

အာအက်ဖ်အေနှင့်နီးစပ်သည့်သတင်းရပ်ကွက်၏အဆိုအရ လတ်တလောအချိန်အထိကာယကံရှင်
အယ်ဒီတာနှင့်ဝန်ထမ်း များအပေါ် အရေးယူခြင်းမရှိသေးသော်လည်းဋ္ဌာနတွင်းစုံစမ်းစစ်ဆေးမှုများကိုမူ
ဆောင်ရွက်နေသည်ဟုယူဆရကြောင်းသိရသည်။

အဆိုပါလေ့လာစုံစမ်းမှု၌အာအက်အေ မြန်မာပိုင်းဋ္ဌာနမှမဟုတ်သည့်အထက်လူကြီးများပါဝင်နိုင်သလို၊
ရုံးတွင်းလှို့ဝှက်ချက်များပြင်ပသို့ ပေါက်ကြားခဲ့သည့်ဖြစ်စဉ်ကိုအဓိက ဦးစားပေးစစ်ဆေးနေသည်ဟုယူ
ဆရကြောင်းလည်းအဆိုပါအာအက်အေနှင့် နီးစပ်သည့်သတင်းရပ်ကွက်အဆိုအရသိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍၀ါရှင်တန်ဒီစီအခြေစိုက်အာအက်ဖ်အေမြန်မာပိုင်းဌာနသို့ ဆက်သွယ်
မေးမြန်းကြည့်သောအခါထိုဋ္ဌာနမှအမည် မဖော်လိုသည့်အယ်ဒီတာတဦးကယင်းကိစ္စရပ်များနှင့်
ပတ်သက်၍မိမိတို့သတင်းဋ္ဌာနမှမည် သူတဦးတယောက်မှပြောဆိုဖြေကြားခွင့်မရှိကြောင်း၊

သို့သော်အရေးယူစုံစမ်းမှုများလုပ်ကောင်းလုပ်နိုင်ကြောင်း၊မိမိတို့အနေနှင့်ဤကိစ္စတစုံတရာမှမသိရှိသလို၊
ထင်မြင်ချက်လည်းမပေးနိုင်ကြောင်းတုန့်ပြန်ဖြေကြားခဲ့သည်။

လွန်ခဲ့သောသတင်းပတ်ကပြင်ပသို့ပျံ့နှံ့ခဲ့သည့်အသံဖိုင်နှစ်ခုစလုံးတွင်ဒေါ်ခင်ခင်အိ၏အသံတခု
သာကြားရပြီးတဖက်မှအယ်ဒီတာဦးခင်မောင်စိုး၏အသံကိုသဲကွဲစွာမကြားရပါ။

သို့သော်အဆိုပါအသံဖိုင်ကိုသေချာလေ့လာနားထောင်ပါကတဖက်အသံရှင်မှာဦးခင်မောင်စိုးဖြစ်နိုင်
သလို၊သူတို့နှစ်ဦး၏ချစ်မှုရေးရာနှင့်ပတ်သက်သည့်မကြေနပ်ချက်များ၊ဖြေရှင်းချက်များ၊
ပါဝင်နေပါသည်။

အဆိုပါအသံဖိုင်အရအယ်ဒီတာဦးခင်မောင်စိုးသည်သူ၏လက်အောက်ငယ်သားနှစ်ဦးဖြစ်သည့်အာအက်
အေ၀ိုင်းတော်သားဒေါ်ခင်ခင်အိနှင့်ဒေါ်သင်းသီိရိတို့နှင့်ချစ်မှုရေးရာငြိစွန်းမှုများရှိသလို၊သုံးပွင့်ဆိုင်မကြေ
လည်မှုများ လည်းရှိနေကြောင်းသိနိုင်သည်။

စိတ်ဝင်စားဘွယ်ကောင်းသည့်အချက်များတွင်ရုံးတွင်းလျှို့ ၀ှက်ချက်အသံဖိုင်ပြင်ပပေါက်
ကြားမှုလည်းပါဝင်သည်။

အာအက်အေမြန်မာပိုင်းသတင်းဋ္ဌာနမှတစုံတယောက်မှမပို့ဘဲဤအသံဖိုင်များပြင်ပရောက်နိုင်မည်
မဟုတ်ပါ။

အကဲခတ်သုံးသပ်သူတို့အဆိုအရ၊ဤအသံဖိုင်ပေါက်ကြားမှုတွင်ဦးခင်မောင်စိုးတို့သုံးပွင့်ဆိုင်ချစ်မှုရေးရာ
သို့မဟုတ်အခြားအလုပ်ကိစ္စနှင့်ဖြစ်စေအလိုမကျသူ ၀ိုင်းတော်သားတဦးဦးကအသံဖိုင်မှတ်တမ်းကိုကူး
ယူဖြန့်ချိခြင်း၊သို့မဟုတ်ဒေါ်ခင်ခင်အိအလုပ်စားပွဲမှတိတ်တဆိတ်အသံဖမ်းဖြန့်ချိခြင်း၊

သို့မဟုတ်ကာရကံရှင်ဒေါ်ခင်ခင်အိကိုယ်တိုင်လည်းအသံဖိုင်သို့မဟုတ်အသံဖမ်း၍ဖြန့်ခြင်း
၊သို့မဟုတ်ပြင်ပမှတယ်လီဖုံးလိုင်းကှိုတဆင့်ခိုးယူအသံကူးခြင်းစသည်တို့ဖြစ်စေ၊အခြားနည်း
လမ်းတမျိုးမျိုးနှင့်ဖြစ်စေဆောင် ရွက်ဟန်တူကြောင်းခန့်မှန်းပြောဆိုမှုများ
လည်းရှိနေသည်။

သို့သော်ယခုကိစ္စသည်အသံဖိုင်မည်သို့သောနည်းနှင့်အပြင်ရောက်သည်မှာအရေးကြီးသလို၊ မီဒီယာသတင်းဋ္ဌာနကြီးတခု၏အကြီးအကဲအယ်ဒီတာတယောက်မှသတင်းသမားကျင့်ဝတ်နှင့်
မလျော်ညီသည့်၊

လူမှုဖောက်ပြန်မှု၊အဂတိလိုက်စားမှု၊အကျင့်ပျက်စာရိတ္တခြစားမှုတို့ကလည်းအထူးအရေးပါလှသည်။

ရန်ကုန်မြို့အခြေစိုက်သတင်းဂျာနယ်တခုမှဝါရင့်အယ်ဒီတာတဦးက“
ကျနော်ကအယ်ဒီတာကိုခင်မောင်စိုးနဲ့လည်းရင်းနှီးပါတယ်၊ပုဂ္ဂိုလ်ရေးအရဘာမှမပြောလိုပါဘူး၊
ဒါပေမဲ့အထက်လူကြီးတယောက်စောင့်စည်းရမဲ့
ကျင့်ဝတ်တွေတော့ရှိရပါ့မယ်၊။

အာအက်အေဆိုတာ မြန်မာပြည်သူတွေတလေးတစားနားဆင်နေတဲ့မီဒီယာတခုပါ။
ပိုဆိုးတာကဦးဝင်းတင်လို၊ရဟန်းရှင်လူတွေကလေးစားတဲ့နိုင်ငံရေးသမားကြီးတွေ၊ နိုဘယ်လ်ငြိမ်းရေးဆုရှင်လည်းဖြစ်၊ပြည်သူတွေလေးစားတဲ့ခေါင်းဆောင်လည်းဖြစ်တဲ့
ဒေါ်အောင်ဆန်းစုကြည်လိုပုဂ္ဂိုလ်တွေနဲ့လည်းကိုခင်မောင်စိုးကအင်တာဗျူးအစီအစဉ်တွေ
လုပ်ပြီးလွှင့်နေတာဗျ။

ဒီတော့ အဲဒီခေါင်းဆောင်တွေကို အားနာထောက်ထားဘို့ကောင်းပါတယ်၊ သူတို့ဂုဏ်သိက္ခာလည်း
ရှိသေးတာကိုး၊ကျနော်တို့စာနယ်ဇင်းလောကထဲမှာတောင်ဒီကိစ္စတွေဆွေးနွေးဖြစ်ပါတယ်၊
ဦးခင်မောင်စိုးအစီအစဉ်တွေကိုလူပြောင်းပြီးလုပ်သင့်ပြီဗျ”

ဦးခင်မောင်စိုးစီစဉ်သည့်၊ဦးဝင်းတင်၏ခေတ်ဝန်ကိုထမ်း၍ခေတ်လမ်းကိုလျှောက်ခြင်း၊
ဦးဝင်တင်နှင့်စကားပြောခြင်းအပြင်၊ဒေါ်အောင်ဆန်းစုကြည်နှင့်အစီအစဉ်တခုဖြစ်သည့်“ဒီမိုကရေစီ
ခရီးကြမ်းနှင့်ဒေါ်အောင်ဆန်းစုကြည်”အစီအစဉ်တို့သည်ပရိသတ်နှစ်ခြိုက်သည့်
အစီအစဉ်များလည်းဖြစ်သည်၊

သို့သော်ဒေါ်အောင်ဆန်းစုကြည်နှင့်အင်တာဗျူးအမေးအဖြေ၌ဦးခင်မောင်စိုး၏“အမ..အမ..
ဟုသုံးနှုံးခေါ်ဝေါ်ခြင်းအပေါ် အများကဝေဖန်ထောက်ပြသည်များရှိခဲ့သည်။

လတ်တလော၌အာအက်ဖ်အေရုံးချုပ်တွင်ဝန်ထမ်းအားလုံးယခင်ကအတိုင်းပုံမှန် အလုပ်များလုပ်နေသကဲ့သို့ကာယကံရှင်များမှာလည်းပိုနေမြဲကျားနေမြဲအတိုင်း အဆက်အဆံမပျက်ရှိနေသည်ဟုစုံစမ်းသိရှိရသည်။

အယ်ဒီတာဦးခင်မောင်စိုးသည်မြန်မာပိုင်းဋ္ဌာနအကြီးအကဲညွှန်ကြားရေးမှုးဒေါ်ငြိမ်းရွှေနှင့် ရင်းနှီးသူဖြစ်သလို၊အထူးအလေးပေးအားကိုးယုံကြည်မှုခံရသူဟုလည်းသတင်းထွက် နေသူဖြစ်သည်။

“အာအက်ဖ်အေမှာကိုခင်မောင်စိုးကအတော်သြဇာကြီးတယ်လို့ကျနော်တို့သိရတယ်၊
သူနဲ့ပိုင်ရင်၊တည့်အောင်ပေါင်းနိုင်ရင်၊

သူဘာပြောပြောသီးညီးခံနိုင်ရင်ရာထူးတောင်တက်နိုင်တယ်လို့ကြားဖူးတယ်။
သူကလည်းဋ္ဌာနမှုးဒေါ်ငြိမ်းရွှေကိုအတော်သြဇာလွှမ်းတယ် ကြားတယ်၊

သူနဲ့တည့်တဲ့ဒေါ်ခင်ခင်အိတို့၊ဦးဝင်းနိုင်တို့ကိုအရေးကြီးတဲ့NLDတို့၊ပြည်သူ့
လွှတ်တော်သတင်းတို့ကိုလိုက်ခိုင်းပြီးသူကိုအာခံသူတွေဆိုရင် လုပ်ပိုင်ခွင့်မပေးတာတို့၊ နှိမ့်ချဆက်ဆံတာတို့လုပ်တယ်လို့တောင်ကြားတာပဲ
”ဟုအမည်မဖော်လိုသည့် ဂျာနယ်အယ်ဒီတာတဦးကဆိုသည်။

ပြင်ပသို့ပေါက်ကြားသည့်အသံဖိုင်အမှတ်နှစ်၌ဒေါ်ခင်ခင်အိက ဦးခင်မောင်စိုးအားဋ္ဌာနမှုး ဒေါ်ငြိမ်းရွှေနှင့်ပတ်သက်၍မည်သို့မည်ပုံချည်း ကပ်သင့်ကြောင်းအကြံပေးခဲ့သည့်နည်းတူ၊

သူမ၏အသံလွှင့်အစီအစဉ်နှင့်ပတ်သက်၍အလေးပေးဆောင်ရွက်
ရန်တိုက်တွန်းသည့် အချက်များကဒေါ်ခင်ခင်အိသည်ဦးခင်မောင်စိုးအပေါ်သြဇာ
သက်ရောက်မှုရှိသည်ကိုပြသနေပါသည်။

အမည်မဖော်လိုသည့်အာအက်ဖ်အေ၀န်ထမ်းဟောင်းတဦးက“အရင်ဋ္ဌာနမှုးဦးစိုးသင်း လက်ထက်ကလည်းအာအက်ဖ်အေ၀န်ထမ်းတွေကြားမသင့်မြတ်မှုတွေနဲ့၊အထက်လူကြီးတွေ
အထိတိုင်တာ၊တောတာတွေရှိခဲ့တာပါဘဲ၊ဒါပေမဲ့ဒီတခါတော့အတော့

ကိုအခြေအနေဆိုးပုံရတယ်၊ဋ္ဌာနတွင်းလျှို့ဝှက်လုံခြုံရေးနည်းစနစ်ပေါက်ကြားမှုရော၊ တရားမျှတမှုမရှိတဲ့အထက်အောက်ဆက်ဆံရေးတွေနဲ့အဂတိလိုက်စားမှု၊မျက်နှာ လိုက်မှု တွေရောထွေးနေတဲ့၊အုပ်ချုပ်ရေးဖရိုဖရဲဖြစ်တာတွေရှိနေတယ်၊

ဟုတ်မဟုတ်တော့မသိဘူးဦးခင်မောင်စိုးရဲ့ကိစ္စတင်မက၊ဋ္ဌာနတွင်းအကြီးအကဲတွေရဲ့ဆက်
ဆံရေးတွေကိုပါဝန်ထမ်းတွေလက်မှတ် ထိုးပြီးအထက်လူကြီးတွေကိုတိုင်တဲ့အထိတောင်
ဖြစ်တယ်လို့ကြားတယ်”ဟုဆိုသည်။

“ဒီကိစ္စအမြန်ဆုံးစုံစမ်းအရေးယူမှုမရှိရင်အခြေအနေက ပိုဆိုးသွားလိမ့်မယ်အာအက်ဖ်အေနဲ့ဋ္ဌာန
အကြီးအကဲတွေရဲ့ဂုဏ်သိက္ခာပါကျဆင်းနိုင်တယ်။

နောက်ဆက်တွဲပြဿနာအများကြီးဖြစ်လာနိုင်တယ်”ဟုအဆိုပါအာအက်ဖ်အေ၀န်ထမ်းဟောင်း
ကမှတ်ချက်ချပြောဆိုပါသည်။

Myanmar Express

တွံတေး NLD ပြိုကွဲပြန်


From : မြန်မာပြည်သား

သြဂုတ်လ ၂၅ ရက် ၁၂၃၀ ချိန်မှ ဇော်မင်းထွန်း (တွံတေး မြို့နယ် NLD တွဲဖက် အတွင်းရေးမှူးဟောင်း)၊ ကိုကိုကြီး (NLD ပါတီဝင်) နှင့်အတူ တွံတေးမြို့နယ် ရဲဘက် အတွင်းရေးမှူး ရုံးသို့ လာရောက်၍ စက် ၄ ရက်နေ့ ၁၃၀၀ မှ ၁၄၀၀ ချိန်ထိ ကျွန်းတော ရပ်ကွက် ကန်သာယာ(၁၀)လမ်း အမှတ် (၅၂၇) ရှိ ဇော်မင်းထွန်း၏ နေအိမ်ရှေ့တွင် NLD ပါတီဝင် (၁၀)ဦးခန့် နှင့်အတူ ငြိမ်းချမ်းစွာ စုဝေး ဆန္ဒ ဖော်ထုတ်ပွဲ ပြုလုပ်ရန် အတွက် ခွင့်ပြုမိန့် လျှောက် ထားလာခဲ့ပြီး ရည်ရွယ်ချက်မှာ NLD ဗဟို ညီလာခံ ကျင်းပရေး ကော်မရှင်မှ ဖွဲ့စည်းပေးသည့် တွံတေးမြို့နယ် ညီလာခံ ကျင်းပရေး ကော်မရှင်အား တရားမျှတမှု မရှိ၍ NLD ပါတီတွင် တရား မျှတမှု ရှိစေရန်ဖြစ်ကြောင်းနှင့် လျှောက်ထား စာတွင် ပြုလုပ်မည့် နေ့၌ ဆန္ဒဖော်ထုတ်ရာသို့ လာရောက်သည့် ပါတီဝင် ၇ ဦးက အလျား ၃ပေ အနံ ၂ ပေ အရွယ်ရှိ ကတ္ထူ အဖြူရောင် ၇ ချပ်ပေါ်တွင် အောက်ပါ စာသားများ ပါရှိသည့် ပိုစတာများ အား ကိုင်ဆောင်ထားမည် ဖြစ်ကြောင်း သိရှိရပါသည်-

(က) ဒီချုပ် ဗဟိုဥက္ကဋ္ဌ ဒေါ်အောင် ဆန်းဆုကြည် ၏ဦးဆောင်မှုအား အကြွင်းမဲ့ယုံကြည် ထောက်ခံ ပါသည်။
(ခ) ဒီချုပ် ဗဟို၏ လုပ်ဆောင် ညွှန်ကြားချက်များ တရား မျှတမှုမရှိ၍ ကန့်ကွက်ခြင်း။
(ဂ) နီးစပ်ရာ ဦးစားပေးမှု လက်သင့်ရာ ခေါ်ပြီး နေရာပေးမှု ဗဟို ဦးစီးစနစ် ပုံစံဖြင့် လုပ်ဆောင် နေမှုများ ရပ်တန့်ရန်။
(ဃ) တစ်ဖွဲ့နှင့် တစ်ဖွဲ့ မပြေလည်မှု များကို ညှိနှိုင်း ဆောင်ရွက် ရမည့်အစား တစ်ဘက်သက် ဘက်လိုက် ဆောင်ရွက် နေမှုများ ရပ်တန့်ရန်။
(င) သမာ သမတ်ကြသော ပုဂ္ဂိုလ်များမှ ဦးစီး ဦးဆောင်၍ စည်းလုံး ညီညွတ်မှုဖြင့် စည်းလုံး ညီညွတ်စွာ ပါတီ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ သမာ သမတ်ကြသော နည်းလမ်းဖြင့် အကောင်းဆုံး ဖြစ်အောင်ဆောင်ရွက်ပေးရန်။
(စ) ယခင်မှ အခုထိ အနစ်နာခံ ကိုယ်ကျိုးစွန့်၍ ရဲရဲဝံ့ဝံ့ ဆောင်ရွက်ခဲ့သော စည်းဟောင်း များကို ဥပေက္ခာ ပြုပြီး မဆောင်ရွက် သင့်ပါ၊ မြို့နယ်/ ခရိုင်/ တိုင်းများတွင် ပါတီနှင့် ပြည်သူအတွက် အမှန်တကယ် အကျိုးပြု သူများ၊ အရည်အချင်း ရှိသူများ ဖြစ်ပေါ်စေရန်။
(ဆ) NLD ပါတီဝင် လျှောက်လွှာ တင်ခြင်းကို မြို့နယ် ကော်မရှင်မှ လက်မခံခြင်းနှင့် ပါတီဝင် စာရင်းအား ပျောက်ဆုံးခြင်းကို ဖြေရှင်းရန်။
ဇော်မင်းထွန်း၏ လျှောက်ထားမှု နှင့်ပက်သက်၍ မြို့နယ် ရဲတပ်ဖွဲ့မှူးက မြို့နယ် အထွေထွေ အုပ်ချုပ် ရေးမှူး နှင့်ညှိနှိုင်း၍ စိစစ်လျက် ရှိကြောင်း သိရှိရပါသည်။

Myanmar Express

ရော်နယ်အောင်နိုင် နှင့် စမားညီညီတို့ ပြောတဲ့ ABSDF (မြောက်ပိုင်း) ကိစ္စ


From : အေးချမ်းဟိန်×မင်းမင်းလတ်(မြစ်မခ)

ABSDFအဖွဲ့လက်နက်ကိုင်အဖွဲ့အစည်းအား ၁၉၈၈ခုနှစ်လူထုအုံကြွမှုဖြစ်ပွားပြီးနောက် နယ်စပ်သို့ ရောက်ရှိလာကြသည့် တိုင်းရင်းသားပေါင်းစုံပါ ၀င်သည့် ကျောင်းသားလူငယ်များဖြင့် ၄င်းနှစ်နိုဝင်ဘာလ(၁)ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

မကဒတ (မြောက်ပိုင်း) ဒေသတွင် ဖြစ်ပွားခဲ့သော သွေးထွက်သံယိုဖြစ်မှုအပါအ၀င်ကိစ္စရပ်များ စုံစမ်း ဖော်ထုတ်မှုကို ၂၀၁၃ ခုနှစ် မေလတွင်အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသား များဒီမိုကရက်တစ်တပ်ဦး(ABSDF)အဖွဲ့ကတာဝန်ပေးအပ် ထားသည့် အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ကကြေညာချက်ထုတ်ပြန်သည်။

အဆိုပါ အမှန်တရားဖော်ထုတ်မည့် လုပ်ငန်းစဉ်အချိန်မီအောင်မြင်စွာအကောင်အထည် ဖော်နိုင်ရန် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ တွင်နေထိုင်လျက်ရှိသော မကဒတ ရဲဘော်ဟောင်းများ၊ သက်ဆိုင်သူ များနှင့်အမှန်တရားနှင့်တရားမျှတ မှုကို မြတ်နိုးသူများကိုလည်းပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ဖိတ်ခေါ်ခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)အဖွဲ့အနေဖြင့်လူပြောများနေသည့် ၁၉၉၀၀န်းကျင်ကာလက အကြောင်းအရာများကိုစုံစမ်းဖော်ထုတ်ပြီး တရားမျှတမှုစွာ အမှန်တရား ပေါ်ထွန်းရေးအတွက်အမှန်တရားနှင့် တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ကို မတ်လ(၇)ရက်နေ့ ကကြေညာချက်ထုတ်ပြန် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလုပ်ငန်းအဖွဲ့အား ၂၀၁၂ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ဖွဲ့စည်းရန်စတင်ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း ‘အမှန်တရားဖော် ထုတ်ဖို့အတွက်အဖွဲ့အတွင်းမှာလည်း လွန်ခဲ့တဲ့တစ်လလောက်က တည်းက ပြင်ဆင်နေတယ်လို့ သိရတယ်၊ ‘ဟု ABSDF၏ အတွင်းရေးမှူးဟောင်းတစ်ဦးဖြစ်သည့် ဦးရော်နယ်အောင်နိုင်နှင့်တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။

အေးချမ်းဟိန် (ACH)။ ။ ဖေ့ဘွတ်စာမျက်နှာတွေပေါ်မှာတွေ့နေရတာနဲ့ပတ်သက်လို့ မီဒီယာတွေကိုအစ်ကို့အနေနဲ့ အင်တာဗျူးပေးတာမျိုး မတွေ့ရဘူးနော်၊ နောက်ဖေ့ဘွတ်မှာလည်းဘာဖြစ်လို့ပြန်မပြောတာလဲခင်ဗျ။


ရော်နယ်အောင်နိုင်(AN)။ ။ မီဒီယာတွေက မမေးလို့ ပါ။ ဖေ့ဘွတ်မှာတော့ ဒီအကြောင်းပြန်မပြောတော့ဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ပြန်ပြောရင့် ရပ်တော့မှာမဟုတ်ဘူး၊ မနေ့ကတောင် RFAကလား၊ VOAကလားမသိဘူး မေးသေးတယ်၊



ACH ။ ။ ၁၉၉၀၀န်းကျင်ဖြစ်က အကို ABSDF အထွေထွေအတွင်းရေးမှူး ဘ၀တုန်းက
ဖြစ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ ပြန်ပြောပြပါလင်းခင်ဗျ။


AN။ ။ အဲ့ဒီပြသာနာက ၁၉၉၁၊ေ၉၉၂ တုန်းကဖြစ်တာ၊ ကျွန်တော်က အဲ့တုန်းကABSDFမှာ အထွေထွေအတွင်းရေးမှူးတာဝန်ယူတဲ့အချိန်မှာ ကျွန်တော်တို့ဘက်မှာသူသျိုဝင်တယ်လို့ ယူဆနိုင်တဲ့အတွက် အဲ့ဒါကိုဖော်ထုတ်ပေးတယ်၊ယုံကြည်ရတဲ့သူတွေ အဖွဲ့အစည်းတွေနဲ့အပြစ်ပေးခဲ့တယ်၊
အဖွဲ့အစည်းတွေရဲ့လုပ်ထုံးလုပ်နည်းအရ တစ်ဘက်မှာ ပြောစရာရှိတာကတော့စစ်ကြောရေးပဲ၊ ဘယ်သူမှလည်း စစ်ကြောရေးသင်တန်း တတ်ထားတာမဟုတ်ဘူး၊အဲ့ဒီလိုအခြေအနေတွေရှိတယ်၊ အဲ့ဒီတုန်းက ကျွန်တော်တို့ကလည်းအထူးသဖြင့်သတိတော့ထားပါတယ်၊


ACH ။ ။ ဖြစ်ခဲ့တဲ့ပြသာနာအသေးစိတ်ကို ပြောပြလို့ရနိုင်မလားခင်ဗျ။

AN။ ။ကျွန်တော်တို့ ကချင်မှာ နေကြရတဲ့အချိန်မှာ စစ်အစိုးရကဆန်ဂိုထောင်တွေကို ထိုးစစ်ဝင် ၀င်ထိုးတယ်၊ ဆန်ဂိုထောင်တွေပါသွားပြီဆိုရင်ကျွန်တော်တို့ ဘက်ကရှုံးတယ်၊ ရှေ့တန်းမှာဆန်စားပြတ်ပြီဆိုရင် ရဲဘော်တွေကျတယ်၊ အဲ့ဒီတုန်းက အမြဲဖြစ်တယ်၊တစ်ဘက်ကလည်း ABSDFမြောက်ပိုင်းက ဒီဘက်နဲ့ မတူတာက တစ်ဘက်မှာရာဂဏန်းနည်းနည်းလောက်ရောက်သွားတယ်၊ ပြီးတော့မှ ဖြေးဖြေးချင်းပြန်စုတာ၊အဲ့ဒီမှာ UGလမ်းကြောင်းက အရမ်းအားကောင်းပြီး အောင်မြင်တယ်၊တစ်လကို
၃ခေါက်၊၄ခေါက်တတ်တာတောင် အဖမ်းအဆီးအနာအဆာမရှိဆိုတော့ ကျွန်တော်တို့နည်းနည်းသံသယဖြစ်လာတယ်၊ အဲ့ဒီမှာ ဖြစ်ချင်တော့ ကျွန်တော်တို့ထဲကတစ်ယောက်က ထွက်ပြေးတယ်၊ သူ့ဆီကနေစာလာတယ်၊ အဲ့ဒီတုန်းကကျွန်တော်တို့ဆီမှာရှိတဲ့ ထောက်လှမ်းရေးတပ်ဖွဲ့က အရေးယူဆောင်ရွက်တယ်၊ထွက်ချက်တွေ ပြန်ယူပြန်ဆက်စပ်ပြီး ထောက်လှမ်းရေးမှာ နာမည်ထွက်တဲ့သူတွေကအများကြီးဖြစ်နေတယ်၊ ကျွန်တော်တို့လည်း သေချာအောင်ပြန်လုပ်တယ်၊
နောက်ဆုံးတော့ လူ(၈၀)လောက်ထွက်လာတယ်၊ အဲ့ဒီအထဲမှာမှ သေချာတယ်အဖွဲ့အစည်းနဲ့ပတ်သက်လို့လုပ်ရပ်တွေအရ စည်းမျဥ်းစည်းကမ်းအရသေဒဏ်ပေးသင့်တယ်ဆိုတဲ့သူတွေကိုမြောက်ပိုင်းဗဟိုကော်မတီအစည်းဝေး ကနေပြီးတော့ သေဒဏ်ပေးခဲ့ တယ်၊လူ(၁၅)ယောက်လောက်ကို၊ ကျန်တဲ့သူတွေက ဟုတ်ချင်ဟုတ်မယ် မဟုတ်ချင်မဟုတ်ဘူးသံသယဖြစ်စရာရှိတယ်၊ ဥပဒေအရကြည့်မယ်ဆိုရင်တော့သူတို့မှာ အပြစ်မရှိဘူးပေါ့၊ ကျန်တဲ့သူတွေကိုထိမ်းထားရင်းနဲ့သူတို့ထွက်ပြေးသွားတယ်၊ ထွက်ပြေးတော့ တောထဲကနေထွက်ပြေးရတယ်ဆိုတာ ခက်ပါတယ်၊ စခန်းကနယ်စပ်မှာထွက်ပြေးတဲ့အချိန်မှာ အစိုးရရဲ့အစီစဉ်နဲ့ တရုတ်ကလာကြိုပေးတယ်ဆိုတော့အစီစဉ်တကျထွက်ပြေးတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်တာပေါ့နော်၊ သူ့တို့အားလုံးကိုသူလှိုဖြစ်တယ်လို့ ပြောချင်တာမဟုတ်ဘူး၊ ပါနိုင်တယ်၊


ACH ။ ။ အဲ့ဒီတုန်းက စစ်အစိုးရနဲ့ ဗဟိုဋ္ဌာနချုပ်ရဲ့အခြေအနေလေးလည်းအများသိအောင်ပြောပေးပါဦး။


AN ။ ။ အစိုးရဘက်ကလည်းအဲ့ဒီတုန်းက ကျောင်းသားတွေကို ကူမယ်ကယ်မယ်ဆိုတဲ့ဆနမျိုး ရှိတာတော့ မဟုတ်ဘူး၊ နောက်ဗဟိုကလည်း သူလှိုတွေအဲ့ဒီလောက်အများကြီးဖြစ်နိုင်ပါ့မလား သံသယရှိတယ်၊ ဒီဘက်မှာ
ကံကောင်းချင်တော့ ကျွန်တော်တို့ဘက်က ကိုယ်စားလှယ်အနေနဲ့လွှတ်ထားတဲ့သူတစ်ယောက်ပါတယ်၊ သူက အခုမြန်မာပြည်ထဲမှာ၊ သူ့ကို ဒီဘက်မှာ ABSDFဗဟိုကိုဖမ်းပေးပါ၊ကြည့်ပေးပါလို့ ကျွန်တော်အဲ့ဒီလောက် ပဲပြောလိုက်တယ်၊ သူ့ကိုဒီဘက်ကနေ ဖဖ်းတယ်၊စစ်တယ်၊ သူ့ထွက်ချက်တွေနဲ့ ဒီဘက်ကထွက်ချက်တွေသွားတူတယ်၊ မတူရင်ဗဟိုက ပြသာနာ၇ှိနိုင်တယ်၊ တူသွားတာက တော်တော်လေးခိုင်ခိုင်လုံလုံဖြစ်သွားတယ်လို့ ပြောလို့ရတယ်။

ACH ။ ။ အခုလိုနှစ်ပေါင်းများစွာကြာပြီးမှ ဒီကိစ္စကိုပြန်ဖော်ထုတ်တာနဲ့ပတ်သက်လို့ ပုဂိံ္ဂုလ်ရေးရာ တိုက်ခိုက် မှုလို့ပြောလို့ရမလား၊


AN ။ ။ ကျွန်တော်က ပုဂိံ္ဂုလ်ရေးရာ တိုက်ခိုက်မှုလို့တော့ မထင်ဘူး၊နိုင်ငံရေးပါနိုင်တယ်။ နိုင်ငံရေး ရည်ရွယ် ချက်တွေရှိကောင်း၇ှိနိုင်မယ်လို့ ထင်တယ်၊



ACH။ ။ တိတိကျကျပြောရရင် ဘယ်လိုမျိုးလဲ ခင်ဗျ။

AN။ ။ ပွင့်ပွင့်လင်းလင်းပြောရရင် အခုဟာက မြန်မာနိုင်ငံကိုအိမ်ပြန်ချိန်လို ဖြစ်နေတယ်၊ ABSDFလည်း တချိန်ချိန်မှာ အိမ်ပြန်ရမှာပဲ၊တကယ်တမ်း စွန့်လွတ်အနစ်နာခံတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်တွေ ဖြစ်တယ်၊တစ်ချို့လူတွေက ၈လေးလုံး မျိုးဆက်တွေလို လူချစ်လူခင်များတဲ့အဖွဲ့တစ်ခုထပ်မ၇ှိစေချင်ဘူးလား၊ ABSDFကို သိက္ခာချချင်လို့လား၊အဖွဲ့နဲ့အတူပူးပေါင်းခဲ့တဲ့ သူတွေကို တစုံတရာ ထိခိုက်စေချင်လို့လားအဲ့ဒီလိုရည်ရွယ်ချက်မျိုးတွေ ဖြစ်နိုင်သလား ကျွန်တော်စဉ်းစားမိတယ်၊



ACH ။ ။ အိမ်ပြန်ချိန်ဆိုတော့ ABSDF က ကိုယ့်အိမ်ကိုယ်ပြန်ဝင်မယ့်အဖွဲ့ဝင်တွေရဲ့ စိတ်ထဲမှာ ဘယ်လိုသဘောထားမျိုးတွေ ရှိနိုင်မလဲခင်ဗျ။


AN ။ ။ ABကျောင်းသားတွေရဲ့ သဘောထားက တိုင်းပြည်ကောင်းရင်တော့ပြန်ဝင်မှာပေါ့၊ ABSDFက ကျွန်တော်တို့ ပါဝင်ဖြတ်သန်းသလောက်ဆိုဒီမိုကရေစီအရေး၊လူ့အခွင့်အရေးနဲ့ ပြည်ထောင်စုတည်ဆောက်ရေး အဲ့ဒီအချက်တွေသာပြည်တွင်းမှာ ခိုင်မာမယ်ဆိုရင် သူတို့ အိမ်ပြန်ကြမှာပါ၊ အဲ့ဒီ(၃)ချက်မခိုင်သေးဘူးဆိုရင်တော့ သူတို့ပြန်ကြမယ် မထင်ဘူး၊


ACH ။ ။ အိမ်ပြန်မယ်ဆိုတဲ့ကျောင်းသားအဖွဲ့တွေရဲ့စိတ်ထဲမှာအချိန်ကာလသတ်မှတ်ချက်ဆိုတာနဲ့ ပတ်သက်လို့ တိုင်းတာမယ့်စံနှုန်းများရှိသေးလားခင်ဗျ။


AN ။ ။ အချိန်ဆိုတာထက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေးတိုးတက်သွားပြီလား၊ ပါလီမန်ထဲမှာ ရွေးကောက်ခံမဟုတ်ပဲနဲ့စစ် သားလေးပုံတစ်ပုံပါနေတယ်၊ အဲ့ဒါမျိုးက ဒီမိုကရေစီလို့ခေါ်လို့ရလား၊စစ်တပ်အတွက် တစုံတရာ အာမခံချက်မလိုဘူးလားဆိုတော့ လိုတယ်၊ ရှိတယ်၊ဒါပေမယ့်တစ်ချိန်ချိန်မှာ လျော့သွားမယ်ဆိုတဲ့သတ်မှတ်ချက်မျိုးဥပမာပြောတာပါ၊ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ မီဒီယာအခွင့်အရေးအတွက်အာမခံချက်ရှိပြီလား၊ နောက် လက်ရှိ ၇ှိပြီးသားဥပဒေတွေကဖိနှိပ်တာတွေအများကြီးရှိတယ်၊ အဲ့တော့ အာမခံချက်ရှိတဲ့ဥပဒေတွေတည်ဆောက်မယ်၊ အဓိကက တိုင်းရင်းသား ပြသာနာ၊ ABSDFကတိုင်းရင်းသားတွေနဲ့နီးစပ်တော့ တိုင်းရင်းသားတွေအပေါ် နားလည်တဲ့ခံစားချက်နဲ့ လိုအပ်ချက်တွေကိုနားလည်နိုင်ရင် ၊တိုင်းရင်းသားပြသာနာမပြီးရင်၊ ပြည်တွင်းစစ်မပြီးဘူး၊ပြည်တွင်းစစ်မပြီးရင် တိုင်းရင်းသားပြသာနာမပြီးဘူး၊ အဲ့တော့တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပြသာနာ အထူးသဖြင့်တော့ ၂၀၀၈ဖွဲ့စည်းပုံကိုကျော်တဲ့ နိုင်ငံရေးအရနားလည်မှုမျိုးလိုအပ်မယ်လို့ထင်ပါတယ်။


ACH ။ ။ နယ်စပ်မှာ အခြေစိုက်တဲ့ မြန်မာလူမျိုးတော်တော်များများကိုယ့်ပြည်တွင်းကို ပြန်လာချင်တဲ့ စိတ် ရှိကြသလား ။


AN ။ ။ နယ်စပ်မှာ အခြေစိုက်တဲ့လူတော်တော်များများကတော့ပြန်ကြမယ်ထင်ပါတယ်၊ သူတို့မှာ သွားစရာမှ မရှိတာ။

ဦးရော်နယ်အောင်နိုင်အား တွေ့ဆုံးမေးမြန်းဖြစ်ခဲ့ပြီးနောက်အစိုးရသစ်လက်ထက်အထိ ရေငုံနှုတ် ပိတ်နေခဲ့ရသောABSDFမြေပေါ်စည်း ရုံးရေးတာဝန်ခံ တစ်ဦးဖြစ်ခဲ့သူ GTI ကျောင်းသားထွန်းအောင်ကျော်နှင့် ကိုချိုကြီးတို့၏ သူငယ်ချင်းတစ်ဦးဖြစ်သည့်မန္တလေးမြို့တွင် နေထိုင်သည့် စမားညီညီကိုလည်းဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါသည်။


စမားညီညီ



မင်းမင်းလတ် (MML)။ ။ နှစ်ပေါင်း(၂၀)ကျော်မျိုသိပ်ခဲ့ကြပြီးမှ(၁၂)ရက်နေ့ကြမှ အားလုံးစုပြီးပြန်လုပ်ကြမယ်ဆိုတဲ့ အစီအစဉ်ကဘယ်လိုစိတ်ကူးတွေနဲ့ဒီအစီအစဉ်ကို အကောင်ထည်ဖော်မိကြတာလဲ။

စမားညီညီ(NN) ။ ။ ဒီမေးခွန်းကိုမေးတဲ့ အတွက်ကျေးဇူးပါပဲ ၊ ဘာဖြစ်လို့လဲဆိုရင်ဒီနှစ်(၂၀)ကျော်ကြီးအရင်က နေပြီးတော့မှ မကြုံဘူး မကြားဘူးတဲ့ပုံသဏ္ဍာန်ကြီးနှိပ်စက်ခံလာခဲ့ရတယ် ၊ခံလာပြီးပြန်လာတဲ့အချိန်မှာမြို့ပေါ် မှာရောက်တော့လဲနေရာ အသီးသီကနေပြီးတော့မှ ထောက်လှန်းရေးတွေ ပါဆိုပြီးဝိုင်းအပယ်ခံရဘူးတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဖွင့်ပြောလိုက်လို့ရှိရင်ဒီတော်လှန်ရေးကြီးက တစ်နေရာကနေထိခိုက်သွားမယ် ၊ ကျောင်းသားလှုပ်ရှားမှုတွေ၊ ကျောင်းသားကိုနိုင် ငံတကာကဖြစ်စေ အထင်မြင်သေးသွားမယ်ဆိုတဲ့ အသိတရားတွေနဲ့ ၊ ဒါကတော့ လုပ်သွားတဲ့ လူတွေက လူတစ်စု ၊မကောင်းတဲ့လူတစ်စုကလုပ်သွားတာ ၊ ကျွန်တော်တို့ အနေနဲ့ကတော့နဂိုရည်မှန်းချက်အတိုင်း တော်လှန်ရေးအပေါ်မှာ သစ္စာရှိရမယ်လို့ယုံကြည်ပြီးတော့မှ တို့အားလုံးက မတိုင်ပင်ပဲနဲ့ ပါးစပ်ပိတ်နေကြတာ။ခုသမ္မတအစိုးရလက်ထက်ရောက်တဲ့အခါ သမ္မတအစိုးရကလဲ အပြင်ရောက်တဲ့သူကိုပြန်ဝင်ခွင့်ပေးတယ် ၊ အပြစ်ရှိသူကို အပြစ်ရှိသလိုခံရမယ်လို့ ပြောတယ် ၊
နောက်ပြီး နိုင်ငံရေးအရလဲပွင့်လင်းမှုတွေအတိုင်းအတာတစ်ခုထိရှိလာတဲ့အချိန်မှာ ဒီအချိန်က တော့ ပြောလို့ရပြီ ၊ပြောသင့်ပြီ ဒီအချိန်မှ တို့မပြောတော့ဘူးဆိုရင် အတူတူသွားပြီးတော့မှအသက်ပေးခဲ့ရတဲ့ သူငယ်ချင်းတွေ ဥပမာ ထွန်းအောင်ကျော်ဆိုလို့ရှိရင်ကျွန်တော်နဲ့ ၁၉၈၅လောက်ကတည်းက ရင်းနှီးပြီး သီချင်းတွေအတူရေးကြစပ်ကြတီးကြဆိုကြ နေလာခဲ့ကြတာ ၊ ထွန်းအောင်ကျော်ရဲ့အကိုဝမ်းကွဲ
ကိုချိုကြီးဆိုရင် ၁၉၇၅ကတည်းက ခင်ခဲ့တာ ၊ တက္ကသိုလ်တက်တော့ဓါတုဗေဒပထမနှစ်မှာကတည်းက တစ်တန်းတည်းအတူ နေခဲ့ရတယ် ၊ အင်မတန်မှရင်းနှီးတဲ့ ညီအကိုသူငယ်ချင်းတွေဖြစ်တယ်။ ဒီသူငယ်ချင်းတွေကလဲ မသေခင်မှာနောက်ဆုံးအချိန်မှာ သူတို့သမိုင်းကိုတော့ မသေခင်ဖေါ်ထုတ်ပေးပါ ၊ကိုညီဖြစ်အောင်လုပ်ပါဗျာဆိုပြီး ပြောခဲ့တယ်။ နောက်ပြီးတော့မမှာခဲ့နိုင်ပေမဲ့ ဒီထဲမှာ အသက်ပေးသွားခဲ့တဲ့ဘ၀ပေးသွားခဲ့တဲ့သူတွေအတွက်ဒီနေ့လုပ်ဖြစ်တာဖြစ်တယ်။

MML ။ ။ ဒီ(၁၂)ရက်နေ့ပွဲမှာ အသက်ရှင်ပြီး ကျန်နေခဲ့တဲ့သူတွေက အဲဒီတုန်းက
ဖြစ်ခဲ့ခံခဲ့ရတဲ့ဟာတွေ ကိုရော ဘယ်သူဟာလက်သည်တရားခံအစစ်ပါလို့ဖွင့်ချသွားဖို့ အစီအစဉ်ရှိလား။


NN ။ ။ လက်သည် တရားခံအစစ်ဆိုတာက ဖွင့်ချမှာပါ၊ဘာလို့လဲဆိုတော့ မျိုသိပ်ထားရတာကြာပြီ ဆိုတော့ဖွင့်မချပါနဲ့ပြောလဲမရပါဘူး ဖွင့်ချမှာပါ။ ဖွင့်ချပေမဲ့ဒီကိစ္စကအဲဒီအဖမ်းဆီးခံခဲ့တဲ့ အခြေနေမျိုးပြန်တွေး
ပေးစေခြင်တယ် ၊ အဲဒီအခြေအနေတုန်းက ကျနော်တို့အားလုံးက ထိပ်တုံးထဲမှာနေရင်နေရတယ် ၊ မနေရရင် လည်း သံကြိုးချည်ခံထားရတယ် ၊ လမ်းလျှောက်ရင်ခေါင်းငုံ့လျှောက်ရတယ် ၊ အချုပ်ခန်းထဲထည့်လိုက်ပြီဆိုရင် မျက်စိအ၀တ် စည်းထားတယ် ၊ တစ်ယောက်နဲ့တစ်ယောက်စကားပြောခွင့်မရှိဘူး၊ အဲဒီတော့ ကျွန်တော်တို့မှာက သတင်းတွေကအကန့်အသတ်ဖြစ်နေတယ်၊ ကိုယ်တိုင်ကြုံခဲ့ရတာတောင်မှ နောက်တစ်ယောက်ဘာဖြစ်နေတယ်ဆိုတာ အတိအကျသိနိုင်ဖို့ နည်းနည်းခဲယဉ်းတယ် ၊ အကြားတွေနဲ့ပဲ
သိရတာတွေရှိတယ်။ တစ်ယောက်ခြင်းကတော့ ကိုယ့်အတွေ့အကြုံကို သိကြတယ်အဲဒါကြီးကိုပြန်စုစည်းမိဖို့ဆိုတာကြီးက ကျွန်တော်တို့စုစည်းပြီးလုပ်ကြမှဖြစ်မှာ ၊ကိုယ်နဲ့ ပတ်သတ်လို့ ဘယ်သူနှိပ်စက် တယ် ဘယ်သူလုပ်ခဲ့တယ်ဆိုတာအားလုံးကိုပြောနိုင်တဲ့ ၊ အဲလိုပဲ အထဲထဲမျာပါတဲ့ တစ်ယောက်ချင်းကိစ္စတွေပြောမှာပါပဲ ၊ ပြောပေမဲ့လဲ ဒါတွေအားလုံးက တရားခံတွေအားလုံးက ဘယ်လိုကနေဘယ်လိုစုစည်းပြီး ဘယ်လို လုပ်တယ်ဆိုတာ ကောက်ချက်ချဖို့ဆိုတာတော်တော်လေးစောသေးတယ် ၊ ဒါပေမဲ့သေချာတာ တစ်ခုက ဒီနေ့ Facebookပေါ်မှာတက်နေတဲ့ အများသိတာထက်က ပိုပြီးနက်ရှိုင်းတဲ့နေရာကနေလာတဲ့ကိစ္စဖြစ်တယ်ဆိုတာ ပြောနိုင်တယ် ၊ ဒါလေးကိုလဲ မကြာခင်မှာအားလုံးသိနိုင်ဖို့ ဖွင့်ချသွားမှာပါ။ ဒီနေရာမှာပြောခြင်တာက ဖွင့်ချတဲ့
အချိန်မှာ လူတွေကိုစွပ်စွဲရပြီဆိုရင် မကောင်းတဲ့သူတွေကိုစွပ်စွဲတာဖြစ်တယ် ၊ သူတို့ရဲ့ နေထိုင်တဲ့ နေရာဒေသ၊ သူတို့ပါဝင်တဲ့အဖွဲ့အစည်း ၊ ဒါတွေဘယ်လိုမှမပါဘူး ၊ မကောင်းတဲ့သူတွေကိုစွပ်စွဲတာဖြစ်တယ်။ ဒါတော့ နားလည်ပေးကြပါ။



MML ။ ။ စွပ်စွဲတဲ့အခါမှာရောအကို့အနေနဲ့ ဘာလိုစွပ်စွဲပြီးဘာတွေလုပ်ဆောင်သွားဖို့ အစီအစဉ်ရှိလဲ။


NN ။ ။ ပထမအဆင့်အနေနဲ့ ဒီကိစ္စကအညိုရောင်နယ်မြေမှာဖြစ်ခဲ့တာဆိုတော့ လက်ရှိဥပဒေအရ ဆိုရင်တိုက်ရိုက်တရား စွဲဆိုဖို့ရနိုင်တဲ့အခြေအနေမှာ ရှိခြင်မှ ရှိမယ်။ကျနော်မသိတာလဲဖြစ်နိုင်တယ်လေ ၊ ရရင်လဲရမှာပေါ့ ၊ ဒါပေမဲ့ဘာစဉ်းစားထားလဲဆိုတော့ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီးတော့ နောက်ကျနော့်အတွေ့အကြုံနဲ့ပတ်သတ်ပြီးတော့ စာအုပ်ရေးထားတာရှိတယ်။အဲဒီစာအုပ်ကို နိုင်ငံတကာ မှာဖြန့်ပြီးတော့အကူအညီတောင်းပြီးလုပ်ဆောင်သွားဖို့ စဉ်းစားထားတာရှိတယ်။အဲဒါတွေအားလုံးကို လူ့အခွင့်အရေးကို တင်ပြတိုင်တန်းပြီးတဲ့အခါ ဒီဟာကိုတရားစွဲဆိုဖို့ကော်မတီတစ်ရပ်ဖွဲ့ပြီးတော့ တရားဝင် လုပ်မှာဖြစ်ပါတယ်။

MML ။ ။ အကိုတို့ အဲဒီတုန်းကတောထဲကို ထွက်သွားတယ်ဆိုတာကမြို့ပေါ်မှာဖြစ်ပျက်နေတဲ့ မတရားမှုတွေကို လက်မခံခြင်လို့၊အရေးအခင်းတွေမှာလူသတ်ပွဲတွေဖြစ်နေတာ လက်မံခြင်လို့ အကိုတို့တောထဲကိုထွက်သွားတယ် ၊ တောထဲရောက်မှ အချင်းချင်း ဒီလိုဖြစ်သွားတာကိုအကို့အနေနဲ့ ဘယ်လို ပြောမလဲ ။

NN ။ ။ အမှန်တိုင်းပြောရရင်တော့ ကျောင်းသားတွေတောခိုသွားတဲ့အချိန်မှာမျိုးချစ်စိတ်တစ်ခု တည်း ၊ နိုင်ငံချစ်စိတ် တစ်ခုတည်းနဲ့ တောခိုသွားကြတာ ၊အားလုံးဘက်စုံပြင်ဆင်မှု ဘ၀အတွေ့အကြုံ နည်းပါတယ်။ အဲဒီအခါရောက်တော့ မှန်ကန်တဲ့ဘက်မှာရပ်တဲ့ ကျောင်းသားတွေ အနေနဲ့ကလည်း မှန်မှန် ကန်ကန်တွေးခေါ်နိုင်စွမ်းတွေချို့တဲ့တာတွေ့ရတယ်။ တစ်ခါတဖက်မှာရောက်တော့ဒီမိုကရေစီနဲ့ အမျိုးသား နိုင်ငံရေးဆိုတဲ့ပုံသဏ္ဍာန်ကိုသွေ ဖည်ပြီးတော့မှမိမိအ ရပ်ဒေသအတွက် ဒေသတစ်ခုအတွက် လုပ်ကြမယ်ဆိုတဲ့ဦးတည်ချက်နဲ့လာတဲ့သူတွေဟာ ကြိုတင်စီမံပြီးတော့လုပ်ကြံမှုတစ်ခုလုပ်လိုက်တဲ့အချိန်မှာ ကျောင်းသားတွေ အားလုံးမရှုမလှခံလိုက်ကြရတာဖြစ်တယ်။


MML ။ ။ ကြိုတင်စီမံမှုနဲ့ လုပ်ကြံမှုကိုလုပ်တယ်ဆိုတော့အကိုကအဲဒီဟာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ပြီး ပြောခြင်တာလဲ။

NN ။ ။ ဒီကိစ္စက မျိုးဝင်းနဲ့သံချောင်းနဲ့ အပေါင်းအပါတွေက ခုနကကျွန်တော် ပြောထားတယ်နော် ၊ ဒေသတစ်ခုလုံးကိုစွပ်စွဲတာ မဟုတ်ဘူး၊မျိုးဝင်းနဲ့သံချောင်းနဲ့ဆိုတဲ့အဖွဲ့က မိုးညှင်း မိုးကောင်း နမ္မားဒေသကိုအခြေခံပြီးတော့မှ အဲဒီဒေသမှာ သူတို့ စစ်ဘုရင်လေးတွေဖြစ်ခြင်တယ် ၊သူတို့နယ်မြေမှာ သူတို့အုပ်ချုပ်ပြီးတဲ့ အခါရောက်တော့သူတို့ချုပ်ကိုင်ပြီးနေခြင်တဲ့အလိုလောဘနဲ့ ရမ္မက်ကြောင့် လုပ်ကြတာဖြစ်တယ်။အဲဒီတော့ ဒီစကားကိုပြန်ကောက်ရရင် ဒေသတစ်ခုလုံးကို စော်ကားတာမဟုတ်ဘူးဆိုတာ ဘာလို့ပြောတာ လဲဆိုရင် ဥပမာ အားဖြင့် သံချောင်းရဲ့အမေဟာသံချောင်းဒီလိုမဟုတ်တာတွေလုပ်တဲ့အချိန်မှာ လူထုအစည်းအဝေးပွဲမှာဒီသားဒီလိုမျိုးဖြစ်ခဲ့မယ်ဆိုရင် မွေးတုန်းက သတ်ပစ်ခဲ့ပါတယ် ၊ဒါဝမ်းရည်စပ်တဲ့ သားပါဆိုပြီးတော့ သံချောင်းရဲ့ မိခင်ကဒီလိုဆိုးယုတ်မှုတွေကို လက်သင့်မခံဘူးဆိုပြီးတော့ ကျွန်တော်မှာသက်သေအထောက်အထားရှိပါတယ်။

MML ။ ။ ဘယ်တုန်းက ပြောသွားခဲ့တာလဲ။


NN ။ ။ သံချောင်းကိုပြန်ပြီးအစိုးရကဖမ်းမိပြီးနောက်ပိုင်းပြောသွားတာပါ။

MML ။ ။ ခုအင်တာနက်စာမျက်နှာတွေပေါ်မှာထွက်လာတာက ဟိုအရင်ကဟာပါ ၊ရော်နယ်အောင်နိုင်နဲ့ အင်တာဗျူးဆိုပြီးတော့ ထွက်လာတယ် ၊ ထွက်လာတဲ့အခါမှာသူတို့ဖက်ကလဲ လက်ရှိ အချိန်ထိကို သူလျှိုဖြစ်ပါတယ်လို့အခိုင်အမာပြောနေတုန်းပဲပေါ့နော် ၊ အဲဒီဟာကိုရော အကို့အနေနဲ့ဘာပြောခြင်လဲ။


NN ။ ။ သူတို့မှာ ဒီစကားကလွဲလို့ ဒီပြင့်ဘာစကားမှ ပြောစရာမှမရှိပဲ ဒါပဲပြောရမှာပေါ့၊ အဲဒီတော့ ရော်နယ်အောင်နိုင် ကိုပြောလိုက်ပါ ၊ကျွန်တော်စစ်ခံထားရတဲ့ဖိုင် သူ့ဆီမှာရှိပါတယ်လို့ပြောပါတယ် ၊အဲဒီဖိုင်ကိုကျွန်တော်ကို ပြန်မပေးပါနဲ့ ၊ ဒီမန္တလေးမြို့လယ်ခေါင်မှာ ချပြလိုက်ပါ ၊ဘာလဲဆိုတာ သိသွားမယ် ၊ ကိုယ်ခံခဲ့ရ တဲ့ ကိစ္စကိုသိတယ်၊ စစ်တုန်းက သူတို့ကရိုက်နှက်ပြီးတော့မှ ၀န်ခံခိုင်းပါတယ်။ ပြောပြီးသား စကားကို ပြန်ပြောရမယ်၊ ပြန်ပြောလို့လွဲတယ်ဆိုရင် ရိုက်တယ် ၊ ဘယ်လိုပြောရလဲ ဆိုရင်မှတ်မိအောင်လို့ ကိုယ့်ဘ၀အစစ်အမှန်ထဲက အဖြစ်အပျက်တွေကို နာမည်တွေတပ်ပြီး
အဖြစ်အပျက်လွဲပြီး ဥပမာဗျာကျွန်တော်နဲ့အတူသင်တန်းတက်ရတဲ့သူတွေ အကြောင်းပြောမယ်ဆိုရင်
အဲဒီနာမည်တွေကို ပြောစမ်း ဆိုတဲ့အခါရောက်တော့ မန္တလေးမြို့ကျွန်တော်တို့အရင် သူငယ်ချင်းတွေရှိတယ် ၊ တောင်ဆင်ကျုံးဗလီဝင်း ထဲကလမ်းထောင့်ကစပြီး အိမ်ထောင်ဦးစီးတွေနာမည်တန်းစီပြောလိုက်တယ်။ အဲဒီတော့သူတို့ကြိုက်တဲ့ အချိန်ပြန်မေး အဲဒီနာမည်တွေက မလွဲတော့ဘူး ၊ အဲဒီတော့သူတို့က ဒါကြီးကို ဆယ်ခါပြန်မေးလဲမလွဲဘူး ၊ ဒါဟုတ်လို့ပေါ့ ဆိုတော့အဲဒီလိုနာမည်မျိုးတွေ ဒီမှာလာပြီးချပြရင် ရီစရာကြီးဖြစ်နေမှာပေါ့ ၊အဲဒီတော့ ရော်နယ်အောင်နိုင်ကပြောတာတစ်ခုရှိပါတယ် ၊ ရော်နယ်အောင်နိုင်တင်မကပါဘူး ABSDF တစ်ဖွဲ့လုံးက အားလုံးက သူတို့ရဲ့ကြွေးကြော်သံလိုရွတ်နေတာ ၊ဒီသူလျိုဖမ်းဆီးမှုထဲမှာ တစ်ယောက်အမှားပါရင် ကိုယ့်သဘောနဲ့ကိုယ်ကြိုးစင်တက်ပြမယ်ဟေ့ ၊ ကျောင်းသားတပ်ဘယ်တော့မှ မမှားဘူးဆိုတာ သူတို့ပြောခဲ့ပါတယ်။ အဲဒီစကားလေးကို ပြန်မှတ်မိပါသလားလို့ရော်နယ်အောင်နိုင်ကို နီးစပ်တဲ့ သူတွေက မေးပေးပါ ၊ အဲဒီတော့မှတ်မိတယ်ဆိုလို့ရှိရင် အဲဒီကြွေးကြော်သံလေးကို လုပ်ဖို့ရာ အစီအစဉ်ရှိပါလား။ ယောက်ျားပီသပါလား မေးကြည့်ပါ။

MML ။ ။ ပြီးခဲ့တဲ့ရက်ပိုင်းက ABSDF ကကြေငြာချက်ထွက်တယ်ပေါ့နော် ၊ ဖြစ်ပျက်ခဲ့တာတွေအတွက် တာဝန်ယူပါတယ် ၊မှားခဲ့တဲ့အမှားအတွက်လဲ တောင်းပန်ပါတယ်လို့ပြောထားတာရှိတယ်။ အဲဒီဟာကိုအကို့အနေနဲ့ ဘယ်လိုပြန်ပြောခြင်လဲ။


NN ။ ။ အဲဒီစကားပြောရမယ်ဆိုရင်တော့ ခု ABSDF ဗဟိုမှာရှိတဲ့ပုဂ္ဂိုလ်တွေကိုကိုယ့်ရဲ့ရုံးကဖိုင်တွဲ တွေကိုပြန် လှန်ပါလို့ပဲပြောရမှာပဲ၊ ဒီကိစ္စကြီးဖြစ်လာတဲ့ အချိန်တုန်းက ABSDFဗဟိုကနေပြီးတော့မှအတွင်းရေးမှုးဆိုတဲ့သူက ABSDF မြောက်ပိုင်းဆိုတာဗဟိုရဲ့လက်အောက်ခံဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ABSDFမြောက်ပိုင်းမှာဖြစ်တဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေ
တာဝန်ယူပါတယ်လို့ပြောထားပါတယ်။ အဲဒီတာဝန်ယူတယ် ဆိုတဲ့အချိန်တုန်းကကန့်ကွက်တဲ့သူတွေ တောင်းပန်တဲ့သူတွေ မပေါ်လာပါဘူး။ အခုမှ တာဝန်ယူရတော့မယ်ဆိုတော့မှ ခုနက အောင်နိုင်က ကိုယ့်ဟာကိုကြိုးစင်တက်မယ်ဆိုတဲ့စကားကိုမ တည်နိုင်တဲ့အခြေအနေမျိုးပေါ့ ဗျာ သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးမှာအဲဒါလေးတွေ စရှင်သန်လာပြီလို့ပြောရလိမ့်မယ်။

MML ။ ။ နောက်တစ်ခု ကိုမိုးသီးဇွန်က သူမသိပါဘူးလို့ပြောတာကြားပါတယ် ၊ အဲဒါလေးကိုရော ။


NN ။ ။ အဲဒီ မိုးသီးဇွန်ကိစ္စပြောရရင် ကျွန်တော့်အမြင်အရအသိအရပြောရရင်တော့ ကျွန်တော် သိတဲ့အထဲ မှာ မိုးသီးဇွန် မပါဘူး။ ဒီနေ့ပါတယ်ပြောနေတဲ့သူတွေ ရှိရင်လဲ ဒါသူတို့မြင်တာ သူတို့ သိတာသူတို့ပြောလိမ့်မယ်။ ကျွန်တော်သိတာကတော့ ဒေါက်တာနိုင်အောင်ပါတယ် ၊ဒေါက်တာနိုင်အောင်ကကျွန်တော့်ကို ပြန်ပြီး ထောင်ချောက်ဆင်တဲ့မေးခွန်းတွေ သူကိုယ်တိုင်မေးဘူးတယ် ၊ ကိုညီခင်ဗျားအကိုက ကျံန်တော်တို့ဆရာပါခင်ဗျားညီက ကျွန်တော်တို့သူငယ်ချင်းပါ ၊ခင်ဗျားထောက်လှန်းရေးမဟုတ်မှန်းသိပါတယ်ဆိုပြီးတော့မှ လာပြီးမေးတာရှိခဲ့တယ် ၊ နောက်တစ်ခါဒေါက်တာနိုင်အောင်ကိုယ်တိုင်က ရန်ကုန်က ကျော်စွာဝင်းမောင်ကိုခွဲမှုးသက်ထွန်းတို့စစ်တဲ့အချိန်မှာမိုးသီးဇွန်ထောက်လှန်းရေးမလားလို့မေးတယ် ၊ အဲဒီတော့ ကျော်စွာဝင်းမောင် ကမဟုတ်ပါဘူးဗျာလို့ပြောတဲ့အခါ ခွဲမှုးသက်ထွန်းက အဲဒီစစ်ကြောရေးထဲမှာ
ပေါင်ကိုဓါးနဲ့ထိုးတဲ့ဟာ ဒေါက်တာ အောင်နိုင်ရှေ့မှာတင် ဒီကိစ္စဖြစ်တာပါ။အဲလိုပဲ သူတို့ဟာ နည်းနည်းလေး နာမည်ကြီး လာတဲ့သူ အားလုံးကို စွပ်စွဲတာသူတို့အကျင့်ဖြစ်နေပြီ ၊ အောင်နိုင်ဆိုလဲ သူအခုမှမေ့နေတာ ၊ရှစ်လေးလုံးမျိုးဆက်ကို ဂုဏ်ပြုတာ သူလုပ်ကောင်းလုပ်လိမ့်မယ် ၊ ဒါပေမဲ့သူအမြဲတန်းပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ် ၊ အထက်မြန်မပြည်မှာထွန်းအောင်ကျော်က စပိုင် ၊ အောက်မြန်မာပြည်မှာ ကိုကိုကြီးစပိုင်ဆိုတာသူအမြဲပြောတဲ့ စကားပါ။



MML ။ ။ လက်ရှိ ABSDF နဲ့ နိုင်ငံတော်အစိုးရနဲ့ငြိမ်းချမ်းရေးယူဖို့ဆွေးနွေးနေကြတယ်။ အဲဒီထဲမှာဗျာ ဥပမာ အဲဒီမှာဥက္ကဌဖြစ်ခဲ့တဲ့ ရော်နယ်အောင်နိုင်လိုမျိုး ပြည်တွင်းကိုပြန်ဝင်လာမယ်ဆိုရင် သူ့ကို ဒီကိစ္စရဲ့ အဓိက တရားခံဖြစ်ပါတယ်ဆိုပြီးကန့်ကွက်ဖို့ အစီအစဉ်ရှိပါလား။

NN ။ ။ အဲဒီကိစ္စက ဥပဒေကြောင်းအရရှင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံခြားမှာနေတဲ့သူတွေ ပြန်လာဖို့ ဒီကိစ္စကြီးကိုသမ္မတကြီးကိုမေးတဲ့အခါမှာ သမ္မတကြီးက အပြစ်လုပ်ထားတဲ့သူတွေ အရေးယူ
ခံရမှာပေါ့ ၊ အပြစ်မလုပ်ထားတဲ့သူတွေ အပြစ်မရှိဘူးလို့ပြောထားတယ် ၊အဲဒီစကားမှာ ရှင်းနေပါပြီ ၊ အဲဒီစကား အရ ရော်နယ်အောင်နိုင်ဖြစ်စေကြိုက်တဲ့သူလာပါ အပြစ်ရှိရင် အပြစ်ရှိတဲ့သူကို အပြစ်ပေးအရေးယူမယ်ဆိုတာ
သမ္မတကြီးကိုယ်တိုင် ညွှန်ကြားထားတာရှိပါတယ်။

MML ။ ။ အကို့အနေနဲ့ နောက်ဆုံးဘာများဖြည့်ပြောခြင်ပါလဲ။

NN ။ ။ မခုချိန်မှာ အသက်အရွယ်ကလဲ ရလာပြီဆိုတော့ ၊ အာဃာတတရားလဲမရှိတော့ပါဘူး ၊ အာဃတ တရားမရှိပေမဲ့ ဒီလိုအဖြစ်အပျက်တွေကိုအပြစ်မပေးပဲနဲ့ အရေးမယူပဲနဲ့လွှတ်ထားရမယ်ဆိုရင် ဒီကိစ္စမျိုးကအစဉ်အလာဆိုးကြီးက မြန်မာပြည်နိုင်ငံရေးရာဇ၀င်ထဲမှာ ပါသွားလိမ့်မယ် ၊ဒီအစဉ်လာဆိုးကြီး ရှိသွားရင် နောင်လုပ်မဲ့သူတွေကလဲ အပြစ်လုပ်တာ အချိန်တန်ရင် ခွင့်လွှတ်မှုကိုရမှာပဲဆိုတဲ့ အသိတရားနဲ့ နိုင်ငံအတွက်မကောင်းပါဘူး၊ အဲဒီတော့ အမှန်တရားကို ချစ်တယ် ၊ ဒီမိုကရေစီကို
တကယ်ချစ်တယ်ဆိုရင် အားလုံးက သူတို့ကိုဖေါ်ထုတ်ပြီး အရးယူတဲ့ကိစ္စတွေမှာပါဝင်ပေးဖို့လိုပါလိမ့်မယ်။

Myanmar Express

ဈေးနှုန်းချိုသာပြီး အရည်အသွေး ကောင်းမွန်သည့် စာတိုက်လုပ်ငန်း ၀န်ဆောင်မှုအား ရွေးချယ် အသုံးပြုနိုင်ရေး ဆောင်ရွက်ရန်ရှိ

From : MRTV4

ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန၊ မြန်မာ့ စာတိုက် လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ မြန်မာ့ စာတိုက် လုပ်ငန်းကို ဈေးနှုန်း ချိုသာပြီး အရည်အသွေး ကောင်းမွန်တဲ့ နှစ်သက်ရာ စာတိုက် လုပ်ငန်း ၀န်ဆောင်မှုများကို ပြည်သူတွေ အနေနဲ့ ရွေးချယ် အသုံးပြုခွင့် ရရှိစေဖို့ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက်ရာ မှာတော့ မြန်မာ့စာတိုက် လုပ်ငန်းရဲ့ Postal Reform ဆောင်ရွက်မှုကိုပါ ပြုလုပ်မှာဖြစ်ပါတယ်။

ဒီလိုပြုလုပ်ရင်တော့ အရည်အသွေးပြည့်ဝတဲ့ပြည်သူ့ ဗဟိုပြုစာတိုက်ဝန်ဆောင်မှုတွေကို လွတ်လပ်တဲ့ Business Model အဖြစ် ဖြည့်ဆည်း ပေးနိုင်ခြင်း၊ နိုင်ငံတော် အတွက် ၀န်ထုပ်ဝန်ပိုး မဖြစ်စေဘဲ အကျိုးအမြတ် ရရှိတဲ့ စာတိုက်လုပ်ငန်း ကုမ္ပဏီ အဖြစ် ရပ်တည် သွားနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် တည်ဆောက် ထားပြီး ဖြစ်တဲ့ Postal Infrastructure များပေါ်မှာ လွတ်လပ်တဲ့ စီမံခန့်ခွဲမှု များနဲ့ ခေတ်မီ အိုင်တီ နည်းပညာများ အသုံးပြုကာ နိုင်ငံတကာ အဆင့်မီ အွန်လိုင်း စာတိုက် ၀န်ဆောင်မှု များကို အချိန်နဲ့ တပြေးညီ ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်မှု တွေကိုပါ ရရှိလာမှာ ဖြစ်တယ်လို့သိရပါတယ်။ လက်ရှိ မှာတော့ စာပို့တိုက် လုပ်ငန်းရဲ့ ပြည်တွင်း၊ ပြည်ပချောပို့ဆောင်ရေး လုပ်ငန်း ၀န်ဆောင်မှု လုပ်ငန်းတွေကို Public Private Partinership (PPP) ပုံစံနဲ့ ပုဂ္ဂလိကကို လုပ်ပိုင်ခွင့်များ ခွင့်ပြုပြီး ပူးပေါင်း ဆောင်ရွက်လျက် ရှိတယ်လို့ သတင်း ရရှိပါတယ်။




Myanmar Express

ရန်ကုန်-ဒလကြိုးတံတားတည်ဆောက်သွားမည်

From : hot news



ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်- ဒလ ကြိုးတံတားကို တည်ဆောက် သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း တွင် ကျင်းပခဲ့သော လမ်းပန်း ဆက်သွယ်ရေးနှင့်ဖွံ့ဖြိုးတိုးတက် ရေး အလုပ်ရုံဆွေးနွေးပွဲမှ သိရှိ ရသည်။


ရန်ကုန်-ဒလကြိုးတံတားမှာ ခန့်မှန်းပေ(၂၇၀၀)ရှည်လျားမည် ဖြစ်ပြီး၊ကြိုးတံတားတည်ဆောက် ပြီးစီးသွားပါက ရန်ကုန်မြို့နှင့် ဒလ မြို့တို့ကို အချိန်တိုတောင်းစွာဖြင့် သွားလာနိုင်မည်ဖြစ်သည်။


နိုင်ငံခြားအကူအညီများဖြင့် ရန်ကုန်မြို့တော်အတွင်း တည် ဆောက်သွားမည့် တံတားများမှာ ရန်ကုန်-ဒလကြိုးတံတားအပါ အ၀င်၊ခန့်မှန်းပေအရှည်(၁၉၇၀) ရှိ လှိုင်မြစ်ကူးတံတား၊ပေအရှည် (၉၀၀)ရှိ ၀ါးတစ်ရာတံတားတို့ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။


ငမိုးရိပ်ချောင်းကိုဖြတ်ကျော် ၍ ပုဇွန်တော်မြို့နယ်နှင့်ဒေါပုံ မြို့ နယ်တို့ကိုဆက်သွယ်ဖောက်လုပ် ထားသည့် သာကေတသံပေါင် တံတားအစား တံတားတစ်စင်းကို သာကေတမြို့နယ် သုမနလမ်းမ ကြီးနှင့်ဇင်္ဂမလမ်းမကြီးတို့အကြား ၌ အူလမ်းကြောင်းအဖြစ်လျာ ထားဆောက်လုပ်သွားမည်ဖြစ် ကြောင်းလည်း သိရှိရသည်။


Myanmar Express

ခုံရုံးကိစ္စသည် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက် မဟုတ်ပါ


From : မြန်မာ့သွေး

ပြဿနာ၏ ပစ္စုပ္ပန်အခြေအနေ

အားလုံးသိပြီးဖြစ်တဲ့အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို လွှတ်တော်တွေက စွပ်စွဲပြစ်တင်မှုတွေ ပြုလုပ်ကြတာ ဖြစ်ပါတယ်။ အငြင်းပွားတုန်းကတော့ ပြည်သူ့လွှတ်တော်နဲ့ အချေအတင် ဖြစ်ကြတာပါ။ ဒါပေမယ့်လို့ တကယ့်တကယ် ခုံရုံးကို စွပ်စွဲပြစ်တင်ဖို့ အဆိုတင်တော့ အမျိုးသားလွှတ်တော်က လုပ်လိုက်ပါတယ်။ ဒါကလည်း အကြောင်းရှိပါတယ်။ ပြည်သူ့လွှတ်တော်က စွပ်စွဲပြစ်တင်ကြောင်း အဆိုတင်သွင်းလိုက်ရင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အမျိုးသားလွှတ်တော်က ဖွဲ့ရမှာကိုး။ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော်အဖွဲ့က အဲဒီလိုမျိုးဖြစ်မှာကို မလိုလားပါဘူး။ ရှင်းရှင်းပြောရရင်တော့ အမျိုးသားလွှတ်တော်ကို မယုံကြည်ပါဘူး။ ပြည်သူ့လွှတ်တော်မှာ စွပ်စွဲပြစ်တင်ကြောင်း အဆိုတင်သွင်းပြီး အမျိုးသားလွှတ်တော်မှာ စုံစမ်းစစ်ဆေးခိုင်းလိုက်ကာမှ အပြစ်မရှိပါဘူးဆိုတဲ့ ရလဒ်ထွက်လာမှာကို ပြည်သူ့လွှတ်တော်အဖွဲ့တွေ သိပ်ကြောက်ပါတယ်။ ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ အကြောင်းပြချက်တွေ မနည်းမနော ရှိပါတယ်။ နမူနာတချို့ ထုတ်ပြပါ့မယ်။

လွှတ်တော်နှစ်ရပ် မတူညီသည့် ဥပမာအချို့

ခုံရုံးကို စွပ်စွဲပြစ်တင်ဖို့အတွက် သည်းသည်းလှုပ် ဖြစ်နေကြသူတွေ၊ ဒေါသတကြီး ဖြစ်နေကြသူတွေ၊ တဆတ်ဆတ်တုန်ပြီး မကျေနိုင်မချမ်းနိုင် ဖြစ်နေကြသူတွေကိုကြည့်ရင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ အများစုဖြစ်တာကို တွေ့ရပါလိမ့်မယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ထဲက အဲဒီကိစ္စအပေါ် အရူးအမူးဖြစ်တာဆိုလို့ အမြဲတမ်း အတိုက်အခံ လုပ်ချင်နေတဲ့ ဒေါက်တာအေးမောင် တစ်ယောက်ပဲ ရှိပါတယ်။ နောက်တစ်ချက်ကတော့ လွှတ်တော်နှစ်ရပ်ကြားက ကတ္တီပါရန်ညှိုးတွေ ဖြစ်ပါတယ်။ အားလုံးသိပြီးဖြစ်တဲ့အတိုင်း ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ဟာ သိပ်ပြီးတော့ အစေးကပ်လှတာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့သည် အဆင့်အတန်းချင်း တူညီကြသည်လို့ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။ သို့သော်လည်း တကယ့်လက်တွေ့တွင်တော့ ထိုသို့မဟုတ်ပါချေ။ လွှတ်တော်နှစ်ရပ်၏ အင်အားချိန်ခွင်လျှာသည် ညီမျှမှုမရှိပါချေ။ ၄၄၀ ဦးသော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော်သည် ၂၂၄ ဦးဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားလွှတ်တော်အပေါ် ဒီမိုကရေစီနည်းကျ ဗိုလ်ကျအနိုင်ယူခဲ့ကြောင်း ပညာရှင်အများ သိရှိကြပြီး ဖြစ်ပါသည်။ ဥပဒေကြမ်းများ ဆွေးနွေးပြင်ဆင် ဖြည့်စွက်ကြရာတွင် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲခဲ့သည့် အချိန်တိုင်း ပြည်သူ့လွှတ်တော်က ဒီမိုကရေစီနည်းကျ အနိုင်ယူခဲ့သည်ကို နိုင်ငံရေးလေ့လာသူတိုင်း သိရှိကြပြီး ဖြစ်ပါသည်။ ထို့ပြင် လွှတ်တော်နှစ်ရပ်တွင် အမျိုးသားလွှတ်တော်သည် ပို၍ တည်ငြိမ်ရင့်ကျက်သည်ကို တွေ့ရပါသည်။ သို့သော် ယခင်အစိုးရလက်ထက်မှ အကြီးအကဲအများစုက ပြည်သူ့လွှတ်တော်တွင် ရောက်ရှိနေသည့်အတွက် ၎င်းတို့အနေဖြင့် အမျိုးသားလွှတ်တော်ကို မတူမတန်သလို သဘောထားခြင်း၊ အဖြည့်ခံသက်သက်သာ သဘောထားခြင်းများကို လွှတ်တော်မှတ်တမ်းများရှိ သူတို့၏ ဆွေးနွေးပြောဆိုမှုများက သက်သေခံပြီး ဖြစ်ပါသည်။ ထို့ကြောင့် အကယ်၍များ ယခုခုံရုံးကိစ္စကို အမျိုးသားလွှတ်တော်ကများ စုံစမ်းစစ်ဆေးခဲ့လျှင် စွပ်စွဲပြစ်တင်မှုသည် မှန်ကန်မှုမရှိကြောင်း ဆုံးဖြတ်ခဲ့ပါက ပြည်သူ့လွှတ်တော်အဖို့ ဘယ်လိုမှ ကျေနပ်နိုင်လိမ့်မည် မဟုတ်ချေ။ ယခုတော့ သူတို့စိတ်ကြိုက် အခွင့်အရေးကို သူတို့ကိုယ်တိုင် ဖန်တီးနိုင်ခွင့် ရှိသွားခဲ့ပြီ ဖြစ်ပါသည်။

သမိုင်းမှာ ဥပမာတွေ များစွာရှိတယ်

ကျွန်တော်တို့ မြန်မာ့နိုင်ငံရေးသမိုင်းကို လေ့လာကြည့်လျှင် တစ်ဝက်လောက်က အကွဲအပြဲ ဇာတ်လမ်းများသာ ဖြစ်ကြသည်ကို စာဖတ်သူများ သိရှိကြပြီး ဖြစ်ပါလိမ့်မည်။ စင်ကာပူက ကျောင်းတစ်ခု၏ မြန်မာကျောင်းသားများ သင်္ကြန်အငြိမ့်တစ်ခုမှ သံချပ်တစ်ခုကို ပြန်သတိရမိပါသည်။ သုံးယောက်ရှိရင် လေးဖွဲ့ကွဲတာ တို့မြန်မာ ပါတဲ့။ ဟုတ်ကဲ့၊ ကျွန်တော်တို့လူမျိုးသည် အဖွဲ့အစည်းနှင့် နေလို့မရသည့် လူမျိုးများ ဖြစ်နေချေပြီလားဟု စိတ်ပူမိပါသည်၊ စိုးရိမ်မိပါသည်။ ဘာအသင်းဖွဲ့ဖွဲ့ ကွဲကြ၊ ပြဲကြတာ အစဉ်အလာတစ်ခုကဲ့သို့ပင် ဖြစ်နေလေပြီလားဟုလည်း သံသယဖြစ်နေမိပါသည်။ ဒီမိုကရေစီခေတ်ကို ကူးပြောင်းတာ ၂ နှစ်ပင် မပြည့်သေးပါ။ အကွဲအပြဲ ဇာတ်လမ်းတွေက မနည်းမနော ကြားခဲ့ကြရပြီး ဖြစ်ပါသည်။ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည်။ အစိုးရအဖွဲ့နှင့် သဘောကွဲလွဲသည်။ သမ္မတကြီးနှင့် သဘောကွဲလွဲသည်။ ဟော... အခုတစ်ခါ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့် ကွဲကြပြဲကြ ပြန်လေပြီ။ ယခင် အစိုးရလက်ထက်ကတည်းက အတူလက်တွဲ၍ အလုပ်လုပ်ခဲ့ကြသူများ ဖြစ်ကြပါသည်။ တစ်နည်းပြောရလျှင် ယနေ့လို အချိန်အခါကို ရောက်ရှိဖို့အတွက် အတူတူ လျှောက်လှမ်းခဲ့ကြသူများ ဖြစ်ကြပါသည်။ ညှိညှိနှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင်၊ ဆွေးဆွေးနွေးနွေး၊ အေးအေးဆေးဆေး၊ သပ်သပ်ရပ်ရပ် လုပ်ခဲ့လျှင်ဖြင့် ယခုကဲ့သို့ ဖြစ်လာနိုင်စရာပင် မရှိပါ။ အခုတော့ အပြန်အလှန် ထိန်းကျောင်းမှုကို အကြောင်းပြု၍ တွေ့သမျှလူကို ရန်လိုက်လုပ်နေသည်နှင့် တူနေတော့သည်။ ကျွန်တော်တို့၏ ခေတ်သစ် ဒီမိုကရေစီသမိုင်းကို ယခင်သမိုင်းများကဲ့သို့ အကွဲအပြဲမှတ်တမ်း မရေးထိုးလိုပါ။ စဉ်းစားဆင်ခြင်၍ ဆောင်ရွက်ကြစေလိုပါသည်။

ပြည်သူတွေ စိတ်ဝမ်းကွဲရပြီ

လွှတ်တော်တွေ၊ အစိုးရတွေ၊ တရားစီရင်ရေးတွေ ကွဲကြပြဲကြ၊ ငြိကြထိကြ၊ ဆော်ကြနှက်ကြ၊ အော်ကြဟစ်ကြ ဖြစ်ကြတာက အကြောင်းမဟုတ်။ ကြားထဲက ပြည်သူတွေကပါ စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာရသည်ကတော့ ကောင်းသည့်လက္ခဏာမဟုတ်ချေ။ မြစ်ဆုံအရေးတွင် သမ္မတကြီး၏ မှန်ကန်သည့် ဆုံးဖြတ်ချက်နှင့်အတူ သွေးစည်းညီညွတ်ခဲ့ကြသည့် မြန်မာပြည်သူလူထု၊ ရခိုင်အရေးတွင် သမ္မတကြီး၏ သတ္တိရှိရှိ၊ ပြောင်ပြောင်မြောက်မြောက် ပြောကြားခဲ့သည့် စကားသံနှင့်အတူ စည်းလုံးခဲ့ကြသော မြန်မာပြည်သူလူထု၊ အခုတော့ ခုံရုံးကိစ္စကြောင့် စိတ်ဝမ်းတွေ ကွဲစပြုကြရလေပြီ။ ပြဿနာဖြစ်ကြသူတွေရဲ့ နောက်ကွယ်က ဖြစ်ရပ်များက မည်သို့ရှိသည် မသိရ။ သို့သော် ပြည်သူတွေကတော့ ကိုယ့်အတွေး၊ ကိုယ့်အမြင်နှင့်ကိုယ် သူလည်းသူ့အတွေး၊ ကိုယ်လည်းကိုယ့်အတွေးဖြင့် ငြင်းခုန်ကြရ၊ ရန်ဖြစ်ကြရ၊ စကားများရ၊ စိတ်ဝမ်းကွဲရ ဖြစ်ကုန်ရပါသည်။ ငါကခုံရုံး၊ ငါကလွှတ်တော် စသည်ဖြင့် ငြင်းခုန်ရန်ဖြစ်ကြရသည်မှာ သန့်ရှင်းတည်မြဲကိုပင် ပြေးမြင်မိပါသေးတော့သည်။

ဒီမိုကရေစီ အနိုင်ကျင့်မှု

ကျွန်တော်မကြာခဏ ရေးသားတင်ပြခဲ့သလို လွှတ်တော်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် အခွင့်ထူးများကို ခံစားရရှိနေပါလျက် အဘယ်ကြောင့် ရန်တစစ၊ မာန်တ၀င့်ဝင့် ဖြစ်နေရသည်ကို ကျွန်တော်နားမလည်နိုင်ပါ။ အခြားသော မဏ္ဍိုင်နှစ်ရပ်နှင့် နှိုင်းစာလျှင် ဥပဒေပြုရေးမဏ္ဍိုင်သည် အခွင့်ထူးခံ ဖြစ်ပါသည်။ အခြားသော မဏ္ဍိုင်များနှင့် မတူညီသည့် အခွင့်အရေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေက လွှတ်တော်များအား အပ်နှင်းထားပါသည်။ ထိုအချက်ကို လွှတ်တော်များကလည်း သိရှိကြပါသည်။ သိသောကြောင့်လည်း ယခုကဲ့သို့ မောက်မောက်မာမာ ဖြစ်နေကြတာ ဖြစ်လိမ့်မည်ဟု သုံးသပ်မိပါသည်။ ဦးချိုရှိသည့် သတ္တ၀ါသည် ဦးချိုကို အားကိုးသကဲ့သို့ လွှတ်တော်များကလည်း သူတို့မှာရှိသည့် အဆိပ်ကို သူတို့အားကိုးကြချေပြီ။ တစ်နည်းဆိုရလျှင် ဒီမိုကရေစီနည်းကျ အနိုင်ကျင့်မှုကို ကျူးလွန်ဖို့ အသင့်ဖြစ်ကြချေပြီဟု ကျွန်တော်ကိုဉာဏ် သုံးသပ်လိုပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ

ဥပဒေရှုထောင့်၊ ပညာရှင်ရှုထောင့်မှ မည်သို့ပင် ငြင်းခုန်နေကြသည်ဖြစ်စေ ကျွန်တော်မပြောလိုပါ။ ကျွန်တော်ပြောလိုသည်က ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာနိုင်ငံရှိ ဥပဒေအားလုံး၏ မူလရင်းမြစ် ဖြစ်ပါသည်။ မည်သည့် ဥပဒေကမျှ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ခြင်း၊ လွှမ်းမိုးခြင်း မပြုရပါ။ ဥပဒေတစ်ခုခု၏ ပြဋ္ဌာန်းချက်တစ်ခုခုသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကွဲလွဲလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း လိုက်နာရမည်ကို ကိုယ်စားလှယ်များ အားလုံးအသိ ဖြစ်ပါသည်။ ထိုသို့သိပါလျက် ဘယ်ဥပဒေကြောင့်၊ ညာဥပဒေကြောင့်ဟု မျက်စိစုံမှိတ်ကာ အော်နေလျှင်တော့ တစ်ခုခု လွဲမှားနေပြီဟု ဆိုချင်ပါသည်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊ မရှိကိုသာ ဆုံးဖြတ်မည် ဖြစ်ပါသည်။ အခြားဥပဒေများကို သူတို့ ဂရုစိုက်လိမ့်မည် မဟုတ်ပါ။ ခုံရုံး၏ အမည်ကပင် ရှင်းလင်းပြီး ဖြစ်ပါသည်။ ဆိုပါစို့၊ ဥပဒေတစ်ခုတွင် အကြောင်းအရာတစ်ခုကို A ဟု ပြဋ္ဌာန်းလိုက်သည်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ထိုအကြောင်းအရာသည် A ဖြစ်ရမည်ဟု အဓိပ္ပါယ်ထွက်လျှင် ထိုအရာသည် ပြဿနာမဟုတ်ပါ။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် B ဟု အဓိပ္ပါယ်ထွက်နေလျှင်တော့ ထိုအချက်သည် ပြဿနာဖြစ်ပါသည်။ ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေမှ သွေဖည်ခြင်းငှာ၊ ကျော်လွန်ခြင်းငှာ မဖြစ်နိုင်ပါ။ ယခုကိစ္စက ထိုသို့ ရှင်းရှင်းလင်းလင်း မဟုတ်ပါ။ လွှတ်တော်များက A ဟု ပြဋ္ဌာန်းလိုက်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထိုသို့ပြဋ္ဌာန်းရမည်ဟု ဖော်ပြထားခြင်းမရှိ။ ထို့အတွက် ခုံရုံးက ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထိုသို့ မပြဋ္ဌာန်းထားသည့်အတွက် A ဟု ပြဋ္ဌာန်းခြင်းသည် အခြေခံဥပဒေနှင့် မညီညွတ်ဟု ဆုံးဖြတ်လိုက်သည်။ ဒါကို လွှတ်တော်တွေက မကျေနပ်ချေ။ သမ္မတကြီးဆီ အကူအညီတောင်းတော့ သမ္မတကြီး၏ အဖြေကလည်း ရှင်းပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် A ဟု ပြဋ္ဌာန်းထားခြင်းတော့မရှိ၊ သို့သော် အခြေခံဥပဒေတွင် ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်သည်ဟု ရေးသားထားသဖြင့် လိုက်နာကြရမည်၊ အကယ်၍ လွှတ်တော်များက ဖြစ်စေချင်သည့်အတိုင်း A ဟု ပြဋ္ဌာန်းလိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လိုက်ပါ။ ထိုသို့ ပြင်ဆင်ခွင့်ကလည်း လွှတ်တော်များတွင်သာ ရှိနေသည် မဟုတ်ပါလား။ ထိုကဲ့သို့သာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ထိုအချက်သည် A ဖြစ်သည်ဟု ပြဋ္ဌာန်းလိုက်လျှင် ခုံရုံးကလည်း ထိုအချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီသည်ဟု ဆုံးဖြတ်မည်မှာ အသေအချာ ဖြစ်ပါသည်။ လွယ်လွယ်လေးကို ရှုပ်အောင်လုပ်နေကြခြင်းသာ ဖြစ်ပါသည်။

ခုံရုံးပြုတ်သွားရင် ဘာဖြစ်မလဲ

ထိုမေးခွန်းကို လွှတ်တော်ကိုယ်စားလှယ်များကိုသာ မေးမြန်းလိုပါသည်။ သူတို့ ယခုလုပ်နေသည့် စွပ်စွဲပြစ်တင်မှု အောင်မြင်သွား၍ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရာထူးမှ ရပ်စဲသွားကြပါလျှင် လွှတ်တော်တွေအတွက် ဘာအမြတ်ထွက်မည်လဲ။ ဂုဏ်သိက္ခာ ပြန်ဆည်နိုင်သည်ဟု ပြောကြဦးမည်လား။ ထိုသို့မဟုတ် ငါတို့လွှတ်တော်တွေကို လာမစမ်းနဲ့၊ ဒီလိုမျိုး ဖြစ်သွားမယ်ဟု အခြားသူများကို အမောက်ထောင်ပြချင်တာလား၊ ကျွန်တော် မဝေခွဲတတ်ပါ။ ယခု ဖြစ်နေသည့် အဓိကပြဿနာမှာ လွှတ်တော်အသီးသီးက ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့် ဟုတ်၊ မဟုတ် ဆိုသည့်အချက် ဖြစ်ပါသည်။ လွှတ်တော်တွေက ပြည်ထောင်စုအဆင့် ဖြစ်ချင်သည်။ ဒါပဲဖြစ်သည်။ ခုံရုံးတစ်ခုလုံး ရာထူးမှ ရပ်စဲသွားလျှင် လွှတ်တော်များက ဖွဲ့စည်းသည့် ကော်မတီများ၊ ကော်မရှင်များ ပြည်ထောင်စုအဆင့် ဖြစ်သွားမည်လားဟု ကျွန်တော်မေးချင်ပါသည်။ မဖြစ်ပါ၊ မဖြစ်ရေးချ မဖြစ်ပါခင်ဗျား။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်သရွေ့ ထိုဆုံးဖြတ်ချက်သည် အတည်ဖြစ်နေမည် ဖြစ်ပါသည်ခင်ဗျား။ ထိုအခါကျမှ အဲဒါဆိုလည်း ဖွဲ့စည်းပုံကို ပြင်ကြတာပေါ့ဟု မလုပ်ကြပါနှင့် လွှတ်တော်များခင်ဗျား။ အစကတည်းက အဲဒီလို မလုပ်ဘဲ လမ်းချော်ပြီး သူများတွေပြုတ်အောင် အရင်လုပ်ခဲ့ပြီးမှ ဒီလို လုပ်ရင်တော့ ငါတို့လိုချင်တာရတယ်ဟု မျက်နှာပြောင် မတိုက်ကြပါနဲ့ဟု ကြိုတင် တောင်းပန်လိုပါသည်။ ခုံရုံးပြုတ်သည်၊ မပြုတ်သည်က မသေချာသေး၊ အခုလောလောဆယ် သေချာသည်ကတော့ နှစ်ဖက်လုံးအတွက် ရှုံး-ရှုံး (lose-lose) ဖြစ်နေပါသည်။

ခုံရုံးဆုံးဖြတ်ခဲ့သမျှ

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို အဓိပ္ပါယ်ဖွင့်ဆိုပေးဖို့ တောင်းဆိုတာ ဒါက ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ရှေ့မှာလည်း တင်သွင်းလွှာတွေ ရှိခဲ့ပါတယ်။ အခုဖြစ်နေတာနဲ့ အနီးစပ်ဆုံး ပြဆိုလို့ရအောင် နီးစပ်တဲ့ဥပမာကိုပဲ ထုတ်နုတ်ပြပါ့မယ်။ တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးတွေဟာ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများနဲ့ အဆင့်တူညီခြင်း ရှိ၊ မရှိ ဒေါက်တာအေးမောင် ပါ ၂၃ ဦး ရဲ့ တင်သွင်းလွှာကို ကြည့်ကြရအောင်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးတွေပဲ ဖြစ်တဲ့အကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေတွင် ခွဲခြားပြဋ္ဌာန်းထားခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှု မရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ သမိုင်းဝင် ဆုံးဖြတ်ချက်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

သမ္မတကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ခုံရုံးကို လေးစားတယ်

အမှန်အတိုင်း သုံးသပ်ရရင် အဲဒီဆုံးဖြတ်ချက်ကို သမ္မတကြီးခေါင်းဆောင်တဲ့ အုပ်ချုပ်ရေးပိုင်းက ကျေနပ်မှု မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးတွေနဲ့ တိုင်းရင်းသားလူမျိုး ၀န်ကြီးတွေမှာ မတူခြားနားမှုတွေ အများကြီး ရှိနေလို့ပါ။ စာဖတ်သူတွေလည်း သိရှိနားလည်ပြီး ဖြစ်ကြမယ် ထင်ပါတယ်။ အဲဒီအတွက် သမ္မတကြီးက အဲဒီဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ပေးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တင်သွင်းလွှာ တင်ခဲ့ပါတယ်။ ဒါပေမယ့် ခုံရုံးက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးတွေဟာလည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးတွေ ဖြစ်တယ်လို့ ပါရှိတဲ့အတွက် ဆုံးဖြတ်ချက်ဟာ အတည်ဖြစ်တဲ့အကြောင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ အပြီးအပြတ် အတည်ဖြစ်တဲ့အတွက် သမ္မတရဲ့ တင်သွင်းမှုကို ပလပ်လိုက်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကိုကြည့်ရင် ခုံရုံးရဲ့ သူတို့အလုပ်အပေါ်မှာ အလေးထားမှုနဲ့ သမ္မတကြီးရဲ့ ခုံရုံးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် လေးစားမှုကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်ပါတယ်။ အဲဒီတုန်းကသာ သမ္မတကြီးက ဒီဆုံးဖြတ်ချက်ဟာ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး စွပ်စွဲပြစ်တင်တာတွေ ဘာတွေများ လုပ်ခဲ့ရင်တော့ အခုကိစ္စကို မပြောလိုပါဘူးဗျာ။ အဲဒီအချိန်တုန်းကတော့ ဒေါက်တာအေးမောင်တို့တစ်တွေ ပျော်တပြုံးပြုံးနဲ့ ဖြစ်နေခဲ့ကြပြီး အခုလို သူတို့တွေရဲ့ ကော်မတီတွေဟာ ပြည်ထောင်စုအဆင့် မဟုတ်ပါဘူးဆိုတော့မှ မျောက်မီးခဲကိုင် ဆိုသလို ဆွေ့ဆွေ့ခုန်နေတာကတော့ တယ်ပြီးတော့ သဘာဝကျလှတယ် မထင်မိပါဘူး။

ပြည်ထောင်စုအဆင့် ဘာကြောင့်ဖြစ်ချင်တာလဲ

လွှတ်တော်တွေက သူတို့ဟာ အဆောင်အယောင်တွေ၊ ချီးမြှင့်ငွေတွေကို မလိုချင်ပါဘူး၊ အပြန်အလှန် ထိန်းညှိဖို့အတွက်ပဲ ပြည်ထောင်စုအဆင့် ဖြစ်ချင်တာပါတဲ့။ အခြားသူတွေရဲ့ သဘောထားကို ကျွန်တော်မပြောလိုပါဘူး။ ကျွန်တော်ကတော့ မယုံရေးချမယုံပေါင်။ ပြတ်ပြတ်သားသား ပြောရရင်တော့ ကိုယ်စားလှယ် အများစုကို လုံးဝ (လုံးဝ)ကို အယုံအကြည် မရှိကြောင်းပါခင်ဗျား။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်မျက်စိရှေ့မှာတင် လွှတ်တော်ကိုယ်စားလှယ် ဆိုတဲ့လူတွေက ကားလက်မှတ်မရလို့ လက်မှတ်ရောင်းတဲ့လူကို ခြိမ်းခြောက်တာတို့၊ မြို့နယ်တွေမှာလုပ်တဲ့ အခမ်းအနားတွေမှာ သူတို့ကို မဖိတ်လို့၊ တချို့လည်း သူတို့ကို နေရာကောင်းမပေးလို့ ရန်လုပ်တာတို့၊ အထက်ကိုတိုင်တာတို့၊ ၀န်ကြီးဌာနတွေကနေ လျှောက်လွှာတင်လို့ ရသမျှကို ကိုယ်စားလှယ်ဆိုတဲ့ နာမည်ကို အသုံးပြုပြီး အခွင့်အရေးယူနေတာတို့၊ ရပ်ကွက်တွေ၊ မြို့နယ်တွေရဲ့ အုပ်ချုပ်ရေးတွေမှာ ၀င်ရောက်စွက်ဖက်တာတို့၊ ခြိမ်းခြောက်ပြောဆိုတာတို့ကို မမြင်ချင်အဆုံး မြင်တွေ့ကြားသိနေရတာမို့ပါ။ ကိုယ်စားလှယ်တွေ ဘယ်လောက်ခြေလှမ်းသွက်တယ်ဆိုတာ သိချင်သပဆိုရင်တော့ နေပြည်တော်မှာ ကိုယ့်မိတ်ဆွေတွေများ ရှိခဲ့ရင် စက်မှုဝန်ကြီးဌာနတို့၊ သစ်တောဝန်ကြီးဌာနတို့၊ စီးပွား/ကူးသန်းဝန်ကြီးဌာနတို့၊ ဆက်သွယ်ရေးဌာနတို့မှာရှိတဲ့ သူတွေကိုသာ မေးကြည့်ကြပါဗျာ။ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒဆိုပြီး အော်နေကြပေမယ့် အခွင့်အရေးဆိုရင်တော့ ပြည်သူတွေထက် ပိုယူချင်တာ မငြင်းနိုင်တဲ့အချက်ပါ။

သမ္မတကြီးကို သူရဦးရွှေမန်း ဘာပြောခဲ့ဖူးသလဲ

သမ္မတကြီးက လွှတ်တော်တွေက ဖွဲ့စည်းတဲ့ ကော်မတီတွေ၊ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်သာ ဖြစ်မယ်ဆိုရင် သူတို့ကို ပြည်ထောင်စုအဆင့် အဆောင်အယောင်တွေ၊ စရိတ်တွေ၊ ချီးမြှင့်မှုတွေ လုပ်ပေးရတော့မှာ ဖြစ်တဲ့အတွက် သိလိုခြင်းကြောင့် မေးမြန်းခြင်းလည်း ဖြစ်နိုင်ပါတယ်။ နိုင်ငံက ဆင်းရဲနေတဲ့အချိန်မှာ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေအတွက် ဘဏ္ဍာတွေ အများကြီးသုံးရမှာကို စိုးရိမ်တာလည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က ကော်မတီဝင်တွေ၊ ကော်မရှင်ဝင်တွေဟာ ပြည်ထောင်စု အဆင့်ဆိုရင် သူတို့ကို ပြည်ထောင်စုအဆင့်နဲ့ ထိုက်တန်တဲ့ ချီးမြှင့်မှုတွေ လုပ်ပေးချင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် ဆိုရင်တော့ သူနဲ့ထိုက်တန်တဲ့ လစာ၊ စရိတ်၊ အဆောင်အယောင်ကို စီစဉ်ပေးရမှာ အစိုးရရဲ့ တာဝန်ပါပဲ။ ဒီအချက်ကလည်း သမ္မတကြီးကို အပြစ်တင်ဖို့ မဟုတ်ပါဘူး။ အဲဒီဇာတ်လမ်းကို စခဲ့တာကလည်း လွှတ်တော်တွေကပါပဲ။ အခြားလူ မဟုတ်ပါဘူး။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးကိုယ်တိုင် စခဲ့တဲ့ ဇာတ်လမ်းပါ။ ဘယ်လိုလဲဆိုတော့ တတိယပုံမှန်အစည်းအဝေးမှာ သူရဦးရွှေမန်းက အစိုးရအဖွဲ့ကို ထောက်ပြဝေဖန်ခဲ့တဲ့ စကားတွေ ရှိပါတယ်။ အဲဒါကတော့ သမ္မတကြီးခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေဟာ ဥပဒေပါ သတ်မှတ်လစာတွေကို မယူဘဲ ယခင်အစိုးရဟောင်း လက်ထက်က လစာနှုန်းထားများအတိုင်းသာ ခံစားနေကြတာဟာ ဥပဒေနဲ့ မညီညွတ်ကြောင်း ထောက်ပြဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ (တစ်ဆက်တည်း ပင်စင်လစာတွေ တိုးပေးတာဟာ ဥပဒေနဲ့ မညီညွတ်တဲ့အကြောင်း၊ ၀န်ထမ်းတွေကို သုံးသောင်းကျပ် ထပ်ဆောင်းပေးတာဟာ ဥပဒေနဲ့ မညီညွတ်တဲ့အကြောင်း ပြောခဲ့တာကို စာဖတ်သူများ မှတ်မိကြမယ်လို့ ထင်ပါတယ်။) အဲဒီတော့ သမ္မတကြီးက နိုင်ငံ့အခြေအနေအရ အစိုးရအဖွဲ့ဟာ ဥပဒေပါ လစာနှုန်းထားအတိုင်း ခံစားခြင်းမပြုပါဘူး ဆိုတာကို ဦးရွှေမန်းက ဥပဒေနဲ့မညီဘူး၊ ကိုယ့်သဘောနဲ့ကိုယ် အဲဒီလို လစာတွေ မယူတာဟာ ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ဝေဖန်ခဲ့တာကို စာဖတ်သူများ သိထားကြစေလိုပါတယ်။ အခုလည်း အဲဒီအတိုင်း ဖြစ်လာပါပြီ။ သူပြောသလိုသာဆိုရင် လွှတ်တော်တွေက ဖွဲ့စည်းတဲ့ ကော်မတီတွေ၊ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်ဖြစ်ပါလျက်နဲ့ အဆောင်အယောင်တွေ၊ လစာတွေ၊ စရိတ်တွေ မခံစားဘူး၊ အပြန်အလှန် ထိန်းညှိဖို့အတွက်သာ ဖြစ်ပါတယ်ဆိုရင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး ပြောခဲ့တဲ့စကားတွေနဲ့ ရှေ့နောက် ကိုက်ညီပါရဲ့လားလို့ နှိုင်းဆဆင်ခြင် စဉ်းစားတွေးဆ ကြည့်စေချင်ပါတယ်။

ဒါတွေကို ဘယ်သူလုပ်မှာလဲ

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ကိစ္စ၊ ဒုက္ခသည်တွေကိစ္စ၊ ပညာရေး၊ ကျန်းမာရေးတွေ ချို့တဲ့နေတဲ့ကိစ္စ။
အခုလတ်တလောမှာ ထိလွယ်ရှလွယ် အဖြစ်ဆုံး၊ အမှားမခံဆုံး အရေးကိစ္စဖြစ်တဲ့ ရခိုင်ပြည်နယ်အရေး။
မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ရေကြီးမှုကြောင့် တောင်သူတွေ ဘ၀တွေပျက်ကုန်တဲ့ကိစ္စ။
ရန်ကုန်မြို့ကြီးမှာ ရှိတဲ့လမ်းနဲ့ သွားနေတဲ့ကား မမျှတတဲ့ကိစ္စ။
နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ မ၀င်ရောက်မီ၊ ၂၀၁၅ ခုနှစ် အာဆီယံအခွန်ကင်းလွတ်ဇုန် မစတင်မီ ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်တွေကို ကာကွယ်ပေးနိုင်မယ့် ဥပဒေတွေ ပြဋ္ဌာန်းဖို့ကိစ္စ။
ခေတ်မမီတော့တဲ့ ရာပေါင်းများစွာသော ဥပဒေတွေကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်၊ ရုပ်သိမ်းဖို့ ကိစ္စ။
တကြော်ကြော် အော်နေကြတဲ့ မီဒီယာဥပဒေ အလျင်အမြန် ပေါ်ထွက်လာဖို့ကိစ္စ။


အလုပ်မဟုတ်တာကို အလုပ် မလုပ်ကြပါနဲ့

လွှတ်တော်ဥက္ကဋ္ဌများနဲ့ ကိုယ်စားလှယ်များခင်ဗျား၊ အပြန်အလှန် ထိန်းကျောင်းမှုတွေ အခုအချိန်မှာ မပြုလုပ်သေးရင်တောင် အခြားသော ဥပဒေပြုစရာ၊ ဆောင်ရွက်စရာ ကိစ္စရပ်တွေ များစွာ (များစွာ) ရှိနေပါတယ်။ အထူးသဖြင့် ရခိုင်ဒေသအရေးကို လူကြီးမင်းတို့ အရေးတယူပြုပြီး စဉ်းစားဆွေးနွေး ဆုံးဖြတ်ကြစေချင်ပါတယ်။ အခုတော့ လူကြီးမင်းတို့ လွှတ်တော်တွေက ရခိုင်အရေးကို မထိ၊ မတို့ဘဲ နှုတ်ဆိတ်နေလိုက်ပုံများ တကယ့်ကို ၀ါတော် ၆၀ ရ ဆရာတော်ကြီးတွေ လွှတ်တော်တက်နေတဲ့ အတိုင်းပါပဲ။ ရခိုင်အရေးဟာ အချိန်ကြာလာတာနဲ့အမျှ တအီအီနဲ့ မဖြစ်သင့်တာတွေ ဖြစ်လာနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ စောစောစီးစီး ပြတ်ပြတ်သားသား လုပ်ကိုင်ဆောင်ရွက်ထားမှ သင့်လျော်မယ်လို့ မြင်မိပါတယ်။ ကချင်အရေးကလည်း အတော်ကြီးကို ကြာညောင်းနေပါပြီ။ ကိုယ်စားလှယ်ကြီးတွေအနေနဲ့ အဲဒီအရေးကိုလည်း အရေးတယူ ပြုသင့်ပါတယ်။ အစိုးရဖက်ကရော၊ လက်နက်ကိုင်တွေဖက်ကပါ လက်ခံနိုင်မယ့် အဖြေတစ်ခု၊ နည်းလမ်းတစ်ခုကို လူကြီးမင်းတို့ လွှတ်တော်တွေမှာ စဉ်းစားဆွေးနွေး ဆောင်ရွက်သင့်ကြတယ်လို့ မြင်မိပါတယ်။ လတ်တလော ရေကြီးမှုကြောင့် တောင်သူတွေ ဘ၀ပျက်ကုန်ရတာကိုလည်း လူကြီးမင်းတို့ လွှတ်တော်တွေ ဘာမှမပြောဘဲ ငြိမ်နေတာဟာ စိတ်ပျက်ဖို့ ကောင်းပါတယ်။ အဲဒီကိစ္စဟာ အစိုးရကိစ္စလို့ လူကြီးမင်းတို့က ခံယူထားကြသလားလို့ ကျွန်တော်စဉ်းစားမိပါတယ်။ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက် ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို လွှတ်တော်သတင်းတွေ မလာခင် ရုပ်မြင်သံကြားမှာ အမြဲတမ်း ကျွန်တော်တို့တွေ မြင်ရဖတ်ရပါတယ်။ အခုတော့ အလုပ်မဟုတ်တာတွေကို အလုပ်လုပ်ပြီး ကိုယ်စားလှယ်များအသံ လွှတ်တော်အသံ၊ ကိုယ်စားလှယ်များဆန္ဒ လွှတ်တော်ဆန္ဒ၊ ကိုယ်စားလှယ်များမျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက် ဖြစ်နေကြပြီလို့ ကျွန်တော်က ဝေဖန်ထောက်ပြလိုပါတယ်။ ဘယ်ပြည်သူတွေကမှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို စွပ်စွဲပြစ်တင်တာတွေ၊ နုတ်ထွက်ခိုင်းတာတွေ မလုပ်ခိုင်းပါဘူးခင်ဗျာ။ ပြည်သူတွေက နိုင်ငံရေးတည်ငြိမ်မှုရှိရှိနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်တာကို လိုချင်ကြတာပါ။ အချင်းချင်း ရန်ဖြစ်နေတာကို ပြည်သူတွေ မမြင်ချင်ကြတာ သေချာပါတယ်။ ဒါကို လွှတ်တော်ကိုယ်စားလှယ်ကြီးများ နားလည်ပေးကြဖို့ တောင်းပန်လိုက်ပါတယ်။

လွန်တာရှိက ၀န္ဒာမိပါ....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်၊ ကြာသပတေးနေ့။
ည ၁၀ နာရီ ၀၆ မိနစ်တွင်ပြီး၏

Myanmar Express