Subscribe to our RSS Feed

လျှပ်စစ်လုပ်သားတွေရဲ့  ဘ၀လျှို့ ဝှက်ချက်အချို့ 

From : hot mews



“ဟာ မောင်ချစ်ခိုင်ပါလား လာဟေ့ ဘယ်ကမျက်စိလည်လာ လဲ၊ မျက်စိလည်လာတာမဟုတ်ဘူး ဆရာရေ ဆရာက စာရေးဆရာ ဆိုတော့ နှံ့စပ်တယ်မဟုတ်လား၊ အဲဒါကြောင့် ကျွန်တော်မသိသေး တာလေးတွေ မေးချင်တာရယ်၊ ကျွန်တော်တို့ရုံးမှ ၀န်ထမ်းတချို့ ကျွန်တော်နဲ့အတူ လက်ရှိခံစားနေ ရတဲ့ အဖြစ်မှန်လေးတွေကို ဆရာ ကနေတစ်ဆင့်ဌာနဆိုင်ရာတွေကို သိစေချင်တာလေးတွေရှိလို့ ဆရာ ဆီကို သက်သက်လာခဲ့တယ်ဆိုရင် ပိုမှန်တာပေါ့ဆရာရယ်။”
“နေဦးဆရာ ဆရာပြောတဲ့ အဲဒီစကားလုံးကိုပဲ ကျွန်တော် ဆရာကို ပြောပြချင်တာပါဆရာ။ ဆရာပြောခဲ့တဲ့ အဲဒီစကားလုံးတွေ က ကျွန်တော်အလုပ်လုပ်နေတဲ့ သက်တမ်းတစ်လျှောက်မှာ တစ်ခါ မှ မကြုံခဲ့ဘူးဆရာ။ ဘယ်ခေတ် ဘယ်လိုပြောင်းပြောင်းစနစ်တွေ ဘယ်လိုပြောင်းပြောင်း၊ အရာရှိ အဆက်ဆက်တစ်ယောက်ပြီးတစ် ယောက်ပြောင်းခဲ့ပါတယ်ဆရာ၊ အရာရှိဆိုတဲ့ အထက်အရာရှိခပ် ဆိုးဆိုးတွေနဲ့ ဆက်ဆံခဲ့ရဖူးပါတယ် ဆရာ ဒါပေမဲ့ အခုလက်ရှိအခြေ အနေလောက်မဆိုးပါဘူးဆရာရယ်။
ကျွန်တော်တို့ရုံးတွေမှာ ကပ် ထားတဲ့ စာတမ်းတွေရှိပါတယ်ဆရာ ၂၄ နာရီတာဝန်ထမ်းဆောင်နေတာ တို့လျှပ်စစ်လုပ်သားပါ။ ဒါ လက်ခံပါတယ်ဆရာ၊ ကျွန်တော် တို့ အရေးပေါ်တာဝန်ထမ်းဆောင် ရာမှာ ၂၄ နာရီဆိုပေမယ့် အဆိုင်း ခွဲဝေတာဝန်ချထားတယ်ဆရာ၊ နေ့ဆိုင်းက (၀၈း၀၀) နာရီကနေ ညနေ (၁၆း၀၀)နာရီကနေ ညနေ (၁၆း၀၀) နာရီထိ တာဝန်ထမ်း ဆောင်ပြီး ညဆိုင်းက (၁၆း၀၀) နာရီမှ နောက်တစ်နေ့ နံနက် (၀၈း၀၀) နာရီထွက်ပြီး၊ တစ်ရက် နားပြီး နောက်တစ်နေ့ နေ့ဝင်ရ တယ်ဆရာ ဒါ လူအင်အားနည်း တဲ့ရုံးမှာပါဆရာ။
အဲ လူအင်အားများတဲ့ ရုံး တွေမှာဆိုရင် အဆိုင်း (၃) ဆိုင်း ကနေ (၄) ဆိုင်းအထိ ရှိတယ် ဆရာ၊ (၂၄) နာရီ ဆက်တိုက် တာဝန်ထမ်းဆောင်တဲ့ရုံးဆိုရင် တစ်ရက်ဝင်နှစ်ရက်နားရတယ် ဆရာ၊ အဲဒီမှာ တစ်ရက်က ပြင်ထိန်းလုပ်ငန်းဆောင်ရွက်ပြီး တစ်ရက်နဲ့ တစ်ညလုံးလုံးစိတ် လွတ်ကိုယ်လွတ်နားခွင့်ရှိတယ်ဆရာ။
(၄) ဆိုင်းရှိတဲ့ရုံးတွေမှာဆိုရင် တစ်ဆိုင်းကို ပြင်ထိန်းလုပ်ငန်းသီး သန့်ဆောင်ရွက်ဖို့ တာဝန်ပေးပါ တယ် ဆရာ၊ အဲဒီတော့ ဆရာ ညတာဝန် ၂၄ နာရီတာဝန်ထမ်း ဆောင်နေတဲ့ ၀န်ထမ်းတွေမှာ အိပ်ရေးပျက်ရင်တောင်အစားထိုး အနားယူလိုက်ရတော့ အရေးကြီး လုပ်ငန်းဆောင်ရွက်ရာမှ သတိ လက်လွှတ်မဖြစ်တော့ ဓာတ်လိုက် မှု အန္တရာယ်မဖြစ်ဘူးပေါ့ဆရာ ရယ်။
နောက်ရှိသေးတယ် ဆရာရဲ့ ကျွန်တော်တို့အောက်ခြေ၀န်ထမ်း တွေကို ခံဝန်ကတိတွေ အမျိုးမျိုး ထိုးခိုင်းပြီး ချုပ်ချယ်တယ်၊ ဟိုလူ နဲ့ ပေါင်းပြီး မီးခိုးတယ်၊ ဒီလူနဲ့ ပေါင်းပြီး မီးခိုးတယ်လို့ စွဲချက်တင် အပြစ်ပြောတယ်။ တကယ်တမ်း ကျတော့ သူတို့ယုံကြည်စိတ်ချ တာဝန်ကြီးတွေပေးထားတဲ့ အရာ ရှိတွေက စက်ရုံတွေက မန်နေဂျာ တွေနဲ့ ပေါင်းပြီး မီတာဘက်ချ တပ်ကမီးသမားတာဝန်ခံတွေနဲ့ ပေါင်းပြီး လစဉ်ကြေးတွေ တောင်း စားနေကြတယ်။ အဲဒါတွေကြတော့ အထက်အရာရှိတွေက မသိတာ လား၊ မသိချင်ယောင်ဆောင်နေ တာလား၊ နောက်ရှိသေးတယ်ဆရာ ရုံးပိုင်ပစ္စည်း၊ နိုင်ငံပိုင်ပစ္စည်းကို ကိုယ်ပိုင်လုပ်ငန်းကိုယ်ကျိုးအတွက် ရောင်းစားပြီး အမြတ်ထုတ်နေတဲ့ အရာရှိတချို့လည်း ရှိနေတယ် ဆရာ ဒါတွေကို ကျွန်တော်က လူထုအော်သံကနေ ဘယ်အရာ ရှိ ဘယ်သူ၊ ဘယ်မြို့နယ်ကဆိုတဲ့ အမည်နဲ့ အော်ချင်တာဆရာ အဲဒီ လို အော်လိုက်ရင် သူ့ကို အကာ အကွယ်ပေးနေတဲ့ အထက်အရာ ရှိတွေကို ထောက်ထားပြီး ကျွန်တော်က ဆရာ့ကို ဆောင်း ပါးသဘောလောက်ပဲ ရေးစေချင် တာပါ။ တကယ်ခံစားရတဲ့ ၀န်ထမ်း တွေရဲ့ ခံစားချက်နဲ့ဆိုရင် နေရာ အတိအကျလုပ်ရပ်တွေအားလုံး ကို မှတ်တမ်းတင်ဓာတ်ပုံနဲ့ အကျင့် အရာရှိဝန်ထမ်းဆိုပြီး တိုင်ချင်ပါ တယ်ဆရာ ကျွန်တော်အခုပြော ချင်ခဲ့တာက ကျွန်တော်တို့ရုံးမှာ နားရက်မရှိ (၂၄) နာရီတာဝန် ထမ်းဆောင်နေရတဲ့ ၀န်ထမ်းတွေ ရဲ့ ဒုက္ခကို အလုပ်သမားရုံးနဲ့ အများပြည်သူတွေ အထက်အရာ ရှိတွေသိရှိပြီး လိုက်လျောညီထွေ ဖြစ်အောင် ဆောင်ရွက်ပေးစေချင် တာပါဆရာ။”
“အေးပါကွာ မင်းရဲ့ခံစားချက် တွေကို အထက်လူကြီးတွေသိနိုင် အောင် ဆရာဆောင်းပါးတစ်ပုဒ် အဖြစ်ဖန်တီးပေးပါ့မယ်လို့ ကတိ ပေးပါတယ်ကွာ ကဲ စကားပြော တာလဲ အတော်ကြာသွားပြီမို့ ဆရာလဲ သွားစရာရှိသေးလို့ နားလိုက်ကြရအောင်နော်။”

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်