ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ခရီးမိုင် ၃၇၆ မိုင်ရှိတဲ့ ရန်ကုန်-မန္တလေး ကွန်ကရစ် အမြန် လမ်းမကြီးကို နိုင်ငံတကာမှအကူညီများ ရယူကာ အဆင့်မြှင့်တင် တည်ဆောက်မှုတွေ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကွန်ကရစ် လမ်းမကြီးဟာ လမ်းပိုင်း ဆိုင်ရာမှာ အပြီးသတ် မခင်းကျင်းရ သေးတဲ့ အတွက် လမ်းမကြီးကို အသုံးပြု မောင်းနှင် နေကြတဲ့ ယာဉ်မောင်း များဟာ ကီလိုမီတာ ၁၀၀ ခန့်သာ မောင်းနှင် ကြရတာ ဖြစ်ပါတယ်။
အဲ့ဒီလို သတ်မှတ် ထားတဲ့ ကီလိုမီတာထက် ကျော်လွန် မောင်းနှင် ပါက ယာဉ်အန္တရာယ်များ ဖြစ်ပွား နိုင်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အဆိုပါ ရန်ကုန်-မန္တလေး ၃၇၆ မိုင် ကွန်ကရစ် လမ်းမကြီးမှာ နိုင်ငံတကာမှ အကူအညီ ရရှိပါက လမ်းကို ၈ လမ်းသွား အဖြစ် တိုးချဲ့ ဖောက်လုပ်ခြင်း၊ AC ခင်းခြင်း၊ လမ်းမပေါ်ကို တိရစ္ဆာန်များ မ၀င်ရောက် နိုင်ဖို့ အတွက် ခြံစည်းရိုးများ ကာရံခြင်း၊ CCTV ကင်မရာများ တပ်ဆင်ခြင်းနဲ့ လမ်းမီးတိုင်များ တပ်ဆင်ခြင်း များကို ဆက်လက် ဆောင်ရွက် သွားမှာ ဖြစ်တယ် လို့လည်း သတင်း ရရှိပါတယ်။

1 comments:
အင် မ တန် ကောင်း ပါ တယ် ၊မြန် မြန် အကောင် အ ထည် ဖေါ် ပေး ပါ ၊အရမ်း ကို ကျေး ဇူး တင် နေ မှာ ပါ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်