Subscribe to our RSS Feed

မွန်ပြည်နယ်ချောင်းဆုံမြို့နယ်နှင့် ရေးမြို့နယ်များအနေဖြင့် မဟာဓါတ်အားလိုင်းမှလျှပ်စစ်ဓါတ်အားများကို မကြာမီရရှိ သုံးစွဲနိုင်တော့မည်

From : hot news



လက်ရှိမွန်ပြည်နယ်အတွင်းရှိမြို့နယ်(၁၀) နယ် အနက်(၈)မြို့နယ်အားနိုင်ငံတော်၏ မဟာဓါတ်အားလိုင်းမှ လျှပ်စစ်ဓါတ်အားများရရှိနေပြီးဖြစ်ကြောင်း၊ချောင်းဆုံမြို့နယ်နှင့် ရေးမြို့နယ်များမှာ မဟာဓါတ်အားလိုင်းမှ လျှပ်စစ်ဓါတ်အားများပေးနိုင်ခြင်းမရှိသေးကြောင်း၊ လက်ရှိမွန်ပြည်နယ်အတွင်း အိမ်ထောင်စုပေါင်း(၃)သိန်း (၄)သောင်းကျော်ရှိပြီး၃၀.၁၇% ဖြစ်သော အိမ်ထောင်စု(၁)သိန်းကျော်မှာ လျှပ်စစ်မီးသုံးစွဲလျက်ရှိကြောင်း၊ မွန်ပြည်နယ်အတွင်း ကျေးရွာပေါင်း(၁၂၀၀) ရှိသည့်အနက် ကျေးရွ(၅၇၂)ရွာမှာ National Grid အပါအ၀င် ဌာနပိုင် ပုဂ္ဂလိကမီးစက်များ၊ ကိုယ်ထူကိုယ်ထမီးလင်းရေးစနစ်များဖြင့် မီးလင်းနေပြီးဖြစ်ကြောင်း၊ ကျန်ရှိသော ကျေးရွာများအနက် ၂၀၁၂-၂၀၁၃ ခုနှစ်ပြီးဆုံးပါက ကျေးရွာ(၄၀)ထပ်မံ၍လျှပ်စစ်မီးရှိလာမှာ ဖြစ်ကြောင်း၊မွန်ပြည်နယ်အတွင်း လက်ရှိအချိန်တွင် ဓါတ်အားသုံးစွဲမှုမှာ နေ့အချိန်တွင်(၃၉)မဂ္ဂါဝပ်ရှိပြီး ညအချိန်တွင်(၄၃)မဂ္ဂါဝပ်ရှိကြောင်း ၊စစ်တောင်းနှင့် သထုံမြို့များတွင် ၂၃၀ကေဗွီဓါတ်အားခွဲရုံများ တည်ဆောက်ထားပြီး ဖြစ်သော်လည်း မွန်ပြည်နယ်အတွင်း ဓါတ်အားပျောက်ဆုံးမှု Unit Losses မှာ ၃၀.၉၉%အထိရှိနေကြောင်း၊ မော်လမြိုင်မြို့တွင်တည်ဆောက်လျက်ရှိသော ၂၃၀ကေဗွီ ဓါတ်အားခွဲရုံပြီးဆုံးပါက Unit Losses ဖြစ်နေ မှုများလျော့နည်းလာမှာဖြစ်ကြောင်း၊Unit Losses ကျဆင်းရေးအတွက် ရေတို ရေရှည်စီမံကိန်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် မော်လမြိုင်မြို့မှတဆင့် ချောင်းဆုံမြို့ သို့လျှပ်စစ်ဓါတ်အားပို့လွှတ်နိုင်ရေးအတွက် ၆၆ကေဗွီမော်လမြိုင်-ချောင်းဆုံဓါတ်အားလိုင်း(၁၅)မိုင်နှင့် ၆၆/၁၁ကေဗွီ(၁၀)အမ်ဗွီအေ ဓါတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများ အားဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ရေးမြို့နယ် လျှပ်စစ်ဓါတ်အားရရှိရေးအတွက် ၂၀၁၄-၂၀၁၅ခုနှစ်တွင် ၂၃၀ကေဗွီ မော်လမြိုင်-ရေး ဓါတ်အားလိုင်း(၈၂)မိုင်နှင့် ၂၃၀/၆၆ကေဗွီ(၁၀၀)အမ်ဗွီအေ ဓါတ်အားခွဲရုံတည်ဆောက်ခြင်း လုပ်ငန်းများအား ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် မွန်ပြည်နယ်အတွင်၌ ကျေးရွာ (၇၉၁)ရွာအထိ မီးလင်းလာတော့မှာဖြစ်ကြောင်း၊လက်ရှိရေးမြို့နယ်တွင် ပုဂ်္ဂလိကလျှပ်စစ်ဓါတ်အားဖြန့်ဖြူးခြင်း ကိ့ကို တစ်ယူနစ်(၅၅၀)ကျပ်နှုန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး သဘာဝမျာသုံးစွဲခွင့်ရရှိလာပါတစ်ယူနစ်(၂၀၀)ကျပ်နှုန်းဖြင့် ဖြန့်ဖြူးပေးသွာနိုင်မှာဖြစ်ကြောင်း စသဖြင့် သြဂုတ်(၁၁)ရက်နေ့ကမော်လမြိုင်မြို့ မွန်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ခန်းမ၌ကျင်းပပြုလုပ်သော မွန်ပြည်နယ်လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ၌ မွန်ပြည်နယ်လျှပ်စစ်အင်ဂျင်နီ ယာမှူးဦးအောင်သန်းက ပြောကြားခဲ့သည်။


မွန်ပြည်နယ်အတွင်လျှပ်စစ်ဓါတ်အားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ Gunkul Engineering Public Co;Ltd တို့ပူးပေါင်း၍လေစွမ်းအင်သုံးလျှပ်စစ်ဓါတ်အား မဂ္ဂါဝပ်(၁၀၀၀) ထုတ်လုပ်နိုင်ရေးအတွက် မွန်ပြည်နယ် ပေါင်မြို့နယ် ကုလားမတောင်ရှိ Zingyaik Site နှင့် ဘီလင်းမြို့အနီးရှိ Bilin Site တို့တွင်ကျွမ်းကျင်သူပညာရှင်များအဖွဲ့မှ စီမံကိန်းဖြစ်မြောက်နိုင်စွမ်းလေ့လာမှုနှင့် ကွင်းဆင်းတိုင်းတာရေးလုပ် ငန်းများဆောင်ရွက်လျှက်ရှိပြီး မိုးလေသနှင့် လေတိုက်နှုန်းတိုင်းတာရေးတိုင်များ စိုက်ထူလျက်ရှိကြောင်းသိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်