Subscribe to our RSS Feed

တစ်ကျပ်သား လွှတ်တော် အမတ် ဒေါ်စု နဲ့ NLD အတုယူရမည့် တပ်မတော်သား လွှတ်တော် အမတ်၏ ခေါင်းစဉ်နှင့် ကိုက်ညီသော အချက်နှင့်အလက်နှင့် ဥပဒေအကြောင်း ဆွေးနွေးမှု (၃)


တပ်မတော်သား လွှတ်တော် အမတ် (မန္တလေး တိုင်းဒေ သကြီး ပျော်ဘွယ် မဲဆန္ဒ နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုး၏ အဆိုအား တပ်မတော်သား အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ပြန်တမ်းဝင် အမှတ်၊ ကြည်း ၁၇၁၁၂ ဗိုလ်မှူးကြီး လှထွန်း)။ ။

လေးစား အပ်ပါသော- ပြည်သူ့ လွှတ်တော် နာယကကြီး ခင်ဗျား-

၁။ မန္တလေးတိုင်း ဒေသကြီး ပျော်ဘွယ် မဲဆန္ဒ နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုး အဆိုတင် သွင်းထားတဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး အနေဖြင့် လွှတ်တော် အသီးသီးက ဖွဲ့စည်း ထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့် အဖွဲ့ အစည်း အဖြစ် ထည့်သွင်း အဓိပ္ပါယ်ဖွင့် ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်း ချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း၊ ဆုံးဖြတ် ခဲ့သည့် ဆုံးဖြတ် ချက်သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးအနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဖွဲ့စည်း ပုံအခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးဥပဒေ များအရ လုပ်ပိုင်ခွင့် မရှိပဲ လုပ်ဆောင်ခဲ့ ခြင်းဖြစ်ပြီး တည်ဆဲ ဥပဒေများပါ ပြဌာန်း ချက်များကို ဆန့်ကျင်၍ မှားယွင်းစွာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသည် မှားယွင်း ဆောင်ရွက်ခဲ့ မိကြောင်းကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ကြေငြာချက် ထုတ်ပြန်ပေးရေး အတွက် ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းပေ ရန် အဆိုကို အကြံပြု ဆွေးနွေး သွား မှာဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးခင်ဗျား

၂။ ကျွန်တော်တို့ တပ်မတော်၏ နိုင်ငံရေး သဘောထား ရပ်တည်ချက်မှာ - ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေးအပ်သော ပါတီစွဲ၊ ၀ါဒစွဲ၊ လူမျိုးစွဲ ကင်းရှင်းတဲ့ အမျိုးသား နိုင်ငံရေးကို ဆောင် ရွက်နေခြင်း ဖြစ်ပြီး ဖွံ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ၊၂၀ ပုဒ်မခွဲ (စ)တွင် တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိကတာဝန် ရှိသည်ဟု ပြဌာန်းချက်နှင့် အညီ ရပ်တည် ဆောင်ရွက် သွားမှာဖြစ် ပါတယ်။ ဒါအပြင့် တပ်မတော်သား ကိုယ်စားလှယ်များ အပါအ၀င် လွှတ်တော် ကိုယ်စား လှယ်အားလုံး အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၂၅ ဇယား၎ တွင်ပါရှိသော နိုင်ငံတော် ဖွဲ့စည်း ပုံအခြေခံ ဥပဒေကို ထိမ်းသိန်း ကာကွယ် စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများ ကိုလည်း လိုက်နာပါ မည်ဟု ကတိသစ္စာ ပြုထားကြသူ များဖြစ်၍ ခုံရူံး၏ ဆုံးဖြတ်ချက်များ အတိုင်း လိုက်နာ ဆောင်ရွက် သင့်ပါတယ် ။ တရာရုံးရဲ့ ဆုံးဖြတ် ချက်ကို လေးစားလိုက်နာ ခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေးစားလိုက်နာ ခြင်းဖြစ်ပြီး လွှတ်တော်၏ ဂုဏ်သိက္ခာကိုလည်း မြင့်မားစေ မှာ ဖြစ်ကြောင်း ဆွေးနွေး တင်ပြအပ် ပါတယ်။

၃။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ် ချက်ကို လေ့လာ ရာတွင် နိုင်ငံတော် ဖွဲ့စည်း ပုံအခြေခံ ဥပဒေ ပုဒ်မ ၇၇ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ(၉၀)၊ ပုဒ်မ(၉၁)၊ ပုဒ်မ(၉၁) ပုဒ်မခွဲ(ခ)၊ ပုဒ်မ(၉၇) ပုဒ်မခွဲ (က) ပုဒ်မခွဲ ငယ်(၁)၊ ပုဒ်မ(၁၀၀) ပုဒ်မခွဲ(က)၊ ပုဒ်မ(၁၀၁)၊ ပုဒ်မ(၁၀၃) ပုဒ်မခွဲ(ခ) ပုဒ်မခွဲငယ်(၁)၊ ပုဒ်မ(၁၁၂) ပုဒ်မခွဲ(ဂ)၊ ပုဒ်မ(၁၃၈) ပုဒ်မခွဲ(က)၊ ပုဒ်မ(၁၄၀)၊ ပုဒ်မ(၁၅၈) ပုဒ်မခွဲ(က)၊ပုဒ်မ(၁၆၀) ၊ပုဒ်မ (၂၃၀) ပုဒ်မခွဲ(က) တို့တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်း တစ်ရပ်ရပ်နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်း တစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်း ဝင်များ (သို့မဟုတ်) ပုဂ္ဂိုလ်များသည် နိုင်ငံတော် သမ္မတ က ပြည်ထောင်စု လွှတ်တော်၏ သဘော တူညီချက်ကို ရယူပြီး ခန့်ထားသည့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းနှင့် ယင်းအဖွဲ့ အစည်းဝင် (သို့မဟုတ်) ပုဂ္ဂိုလ်များ ဖြစ်ကြကြောင်း အနက် အဓိပ္ပါယ် ဖွင့်ဆိုခဲ့ပါတယ်။

၎။ ဒါ့ကြောင့် လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့ အား ပြည်ထောင်စု အဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်း အဓိပ္ပါယ်ဖွင့် ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်း ချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း ဖြေဆိုခဲ့ခြင်းသည် ဥပဒေအရ မှန်ကန်မှု ရှိကြောင်း လေ့လာတွေ့ ရှိရပါတယ်။

၅။ ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၂၄ အရ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ် ချက်သည် အပြီးအပြတ် အတည်ဖြစ် သည်ဟု ပြဌာန်း ထားပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ် ချက်သည် မှားယွင်းကြောင်း၊ ဥပဒေ များအရ လုပ်ပိုင်ခွင့် မရှိဘဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် တစ်ဦးမှ အဆိုပြုတင်ပြ ဆွေးနွေး ခဲ့ခြင်းဟာ ခုံရုံး၏ ဥပဒေနှင့် အညီ ဆောင်ရွက် ချက်များအပေါ် လွှမ်းမိုးမှု သဘောသက်ရောက် နေကြောင်း တွေ့ရှိရပါတယ်။ ယင်းအဆုံး အဖြတ် မှန်သည် မှားသည်ကို ဝေဖန် သုံးသပ် ဆုံးဖြတ်နိုင်ရန် မည်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကိုမျှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အာဏာအပ်နှင်း ထားခြင်းမရှိပါ။ ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်ဟု ပြဌာန်းချက်ကိုသာ တွေ့ရှိရပါတယ်။
၆။ ဒါ့အပြင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် အခြေခံဥပဒေကို စောင့်ကြပ် ရသူဖြစ်၍ အခြေခံဥပဒေတစ်ခုတည်းကိုသာ ကိုင်ဆောင်ကြရသူများ ဖြစ်ကြပါတယ်။ ဥပဒေကို ဘက်လိုက်မှုကင်း၍ ကျိုး ကြောင်းညီညွတ်ဆီလျော်စွာ ကျင့်သုံးနိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေက တာဝန်ပေးအပ် ထားခြင်းဖြစ်ပါတယ်။ အခြားဥပဒေများတွင် အခြေခံဥပဒေနှင့် ကွဲလွဲသောပြဌာန်းချက်များ၊ မည်သို့ပင် ရှိနေစေကာမူ အခြေခံဥပဒေ ပြဌာန်း ချက်များကိုသာ ကောက် ယူခြင်း၊ အဓိပ္ပါယ် ဖွင့်ဆိုခြင်း၊ အခြေခံ ဥပဒေ ပြဌာန်းချက် များကို အခြေပြု၍ အဆုံး အဖြတ်ပြုခြင်း တို့ကို ဆောင်ရွက်ခြင်း ဖြစ်၍ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက် ပါအတိုင်း လက်ခံ ဆောင်ရွက်သွားကြ ရမည် ဖြစ်ပါတယ်။

၇။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိသော အခန်း(၁) နိုင်ငံတော် အခြေခံ မူများအခန်း ပုဒ်မ ၁၁ ပုဒ်မခွဲ(က)တွင် နိုင်ငံတော် အချုပ်အခြား အာဏာ၏ ခက်မသုံးဖြာ ဖြစ်သည့် ဥပဒေပြု ရေးအာ ဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုသည်ဟု ပြဌာန်းထား ရှိပြီးဖြစ်သည့် အတွက် အာဏာကြီး(၃)ရပ်ကို ကျင့်သုံးရာတွင် တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲရန် လိုအပ်ကြောင်း သုံးသပ်ရရှိပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် တရားစီရင်ရေး အာဏာ ဆောင်ရွက်ရသည့် တရားရုံး တစ်ရုံး ဖြစ်ပါတယ်။ တရားစီရင်ရာမှာ ဥပဒေနှင့် အညီ လွတ်လပ်စွာ တရားစီရင်ရေး ဆိုတဲ့ အခြေခံမူ တည်ရှိနေပါတယ်။ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအနေနဲ့ သူ့ရဲ့ လုပ်ငန်းတာဝန်ကို ဆောင်ရွက်ရာမှာ မိမိတို့ အယူအဆ အတွေးအခေါ်နဲ့ မကိုက်ညီရုံမျှဖြင့် ဥပဒေအရ ပေးအပ် သောတာဝန်ကို ဆောင်ရွက်ရာမှာ မိမိတို့ အယူအဆ အတွေးအခေါ်နဲ့ မကိုက်ညီရုံမျှဖြင့် ဥပဒေအရ ပေးအပ် သောတာဝန် ကို ကျေပွန် စွာ ဆောင်ရွက်ခြင်းမရှိကြောင်း၊ လုပ်ပိုင်ခွင့် မရှိဘဲ လုပ်ဆောင် ခဲ့ခြင်း၊ မှားယွင်းစွာ ဆောင်ရွက် ခဲ့ခြင်းတို့ ဖြစ်ကြောင်း ကြေငြာချက် ထုတ်ပြန်ပေးရေး အဆိုကို တင်သွင်းခြင်း သည် အဆိုရှင် အနေဖြင့် တရားစီရင်ရေး အာဏာကို ဝင်ရောက် စွက်ဖက် နေတဲ့အပြင် မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့်လည်း တရားရုံးအထက်မှာရှိနေတဲ့ သဘော သက်ရောက် နေကြောင်း တွေ့ရှိရပါတယ်။

၈။ အဆိုရှင်၏ ဆွေးနွေး ချက်တွင် ပြည်ထောင်စု ရှေ့နေချုပ်သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံးရုံးသို့ တိုက်ရိုက် တင်သွင်းခွင့် မရှိကြောင်း မှားယွင်းစွာ ဆွေးနွေးသွား ခဲ့ပါတယ်။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး၏ အဓိပ္ပါယ်ဖွင့် ဆိုချက်၊ ဆုံးဖြတ်ချက်နှင့် သဘော ထားရ ယူရန် ကိစ္စများကို တင်သွင်းရာတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၂၅ ပုဒ်မခွဲ(က)အရ နိုင်ငံတော် သမ္မတက တိုက်ရိုက် တင်သွင်း ခွင့်ရှိပြီး ၎င်းကိုယ်စား ပြည်ထောင်စု ရှေ့နေချုပ်က တင်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။ ပုဒ်မ ၂၃၇ ပုဒ်မခွဲ(က)အရ ပြည်ထောင်စု ရှေ့နေချုပ်သည် နိုင်ငံတော် သမ္မတမှ ဥပဒေ အကြံ ဥာဏ်များ ရယူနိုင် ရန်နှင့် ဥပဒေဆုင်ရာ တာဝန်များ ပေးအပ်နိုင်ရန် ခန့်အပ်ထားခြင်း ဖြစ်သည့် အတွက် နိုင်ငံတော် သမ္မတ၏ တာဝန်ပေးချက် အရ နိုင်ငံတော် သမ္မတ ကိုယ်စားတင် သွင်းခွင့်ရှိကြောင်း ကိုယ်စား အခွင့်အာဏာ ပေးအပ်ထား ခြင်းသည် နိုင်ငံတော် သမ္မတမှ တင်သွင်းသကဲ့သို့ ဥပဒေအရ အကျိုးသက် ရောက်မှု ရှိစေခြင်းမှာ ပေါ်လွင်ထင်ရှားလျှက် ရှိကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။

လေးစား အပ်ပါသော ပြည်ထောင်စု လွှတ်တော်နာယက ကြီးခင်ဗျာ-

၉။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၁၄၇နှင့် ပြည်သူ့လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၃၃၊ အမျိုးသား လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၃၃တို့မှ လွှတ်တော်ဆိုင်ရာ ကော်မတီ ကော်မရှင်များ ဖွဲစည်းရာတွင် လွှတ်တော် ကိုယ်စားလှယ် များဖြင့် ဖွဲစည်းရမည်ဟု သတ်မှတ်ပြဌာန်းထားပြီး လက်ရှိ ကျွန်တော် တို့ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ် တော်တို့တွင်လည်း လွှတ်တော်ဆိုင်ရာ ကော်မ တီ၊ ကော်မရှင် များ ဖွဲစည်းထား သည်ကို တွေ့ရပါတယ်။ ၄င်းကော်မတီ ကော်မရှင် များတွင် လွှတ်တော် ဒုတိယ ဥက္ကဌများ အပါအ၀င် ကိုယ်စားလှယ် များဖြင့် ဖွဲစည်းထား ပြီးလည်း ဖြစ်ပါတယ်။

၁၀။ ပြည်သူ့ လွှတ်တော် ဆိုင်ရာ ဥပဒေပုဒ်မ ၁၇၊ ပြည်သူ့ လွှတ်တော် ဆိုင်ရာ နည်း ဥပဒေ ၁၆၊ အမျိုးသား လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၁၇၊ အမျိုးသား လွှတ်Üတော် ဆိုင်ရာ နည်းဥပဒေ ၁၆တို့တွင် “ဥက္ကဌ (သို့မဟုတ်) ဒုတိယ ဥက္ကဌသည် ပြည်ထောင်စု အဆင့်အဖွဲ့ အစည်း တစ်ရပ်ရပ်တွင် တာဝန် ပေးအပ်ခြင်း ခံရပါက ဥက္ကဌ (သို့မဟုတ်) ဒုတိယ ဥက္ကဌ အဖြစ်မှ နှုတ်ထွက်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်။ ယင်သို့ တာဝန်ပေးအပ်ခြင်း ခံရသဖြင့် ဥက္ကဌ(သို့မဟုတ်) ဒုတိယ ဥက္ကဌနေရာ လစ်လပ်ပါက နည်းဥပဒေ ၁၀မှ ၁၂ထိပါ ပြဌာန်းချက် များနှင့် အညီ ရွေးကောက် တင်မြောက်ရမည်” ဟု ပြဌာန်းထား သည်ကို တွေ့ရပါတယ်။

၁၁။ ဒါကြောင့် ဒါကိုကြည့်ခြင်း အားဖြင့် အဆင်ပြေစွာ ဆောက်ရွက် နေတာ ကိုတွေ့ ရှိရမှာ ဖြစ်ပါတယ်။ ကျွန်တော့် အနေဖြင့် ပြည်သူ့လွှတ်တော် ဆိုင်ရာ ဥပဒေပုဒ်မ ၁၇ နှင့် နည်းဥပဒေ ၁၆ တို့ကို အသေးစိတ် မဆွေးနွေး တော့ပါဘူး။ ကိုယ်စားလှယ်တော် ကြီးများ ကိုယ်တိုင် သေသေချာချာ ဖတ်ကြည့်ရင် သိနိုင်မှာ ဖြစ်ကြောင်း တင်ပြလိုပါတယ်။

၁၂။ ကမ္ဘာ့ နိုင်ငံများတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးများ တည်ထောင် ဖွဲ့စည်းပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်လျှက် ရှိပါတယ်။ ဖွဲ့စည်ပုံ အခြေခံ ဥပဒေဆိုင်ရာ တရားရုံ တရားသူကြီး များ၏ ဆုံးဖြတ်ချက်ကို စောဒက တက်ခြင်း၊ စွပ်စွဲပြစ်တင် ခြင်းမျိုး မရှိဘဲ သက်ဆိုင်ရာ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း များက လေးစား လိုက်နာကြ ကြောင်းတွေ့ ရှိရပါ တယ်။

၁၃။ ယနေ့ ဒီမိုကရေစီ ကျင့်သုံးနေသော နိုင်ငံ အသီးသီးမှာ တရားရုံး၏ ဆုံးဖြတ်ချက် (သို့မဟုတ်) ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဆုံး ဖြတ်ချက်ကို လွှတ်တော် အသီးသီးနဲ့ အစိုးရအဖွဲ့ အသီးသီး တို့က လိုက်နာ ဆောင်ရွက် နေခြင်းကို ထိုင်း၊ ပါကစ္စတန်၊ အီရတ် နိုင်ငံတို့မှာ တွေ့ရှိရမှာ ဖြစ်ပါတယ်။

၁၄။ ခုံရုံး၏ ဥပဒေ နှင့် အညီ ဆုံးဖြတ်ချက် များကို လိုက်နာရ မည်မှာလည်း တရားဥပဒေ စိုးမိုးရေး ၏အနှစ် သာရပင်ဖြစ် ပါသည်။ နိုင်ငံတော် အစိုးရနှင့် လွှတ်တော် အနေဖြင့်လည်း နောင်လာ နောင်သား များအတွက် အစဉ်အလာ ကောင်းများကို ပြသရ မည်ဖြစ်ပါတယ်။ ယခုအချိန်တွင် တိုင်းရင်းသား ပြည်သူ လူထုနှင့် နိုင်ငံတကာမှ မိမိနိုင်ငံရေး အခြေအနေကို အမြဲတမ်းမျက်ခြေ မပြတ်လေ့ လာ စောင့်ကြည့် နေ ကြပါတယ်။ မိမိတို့ပြည် ထောာင်စု သမ္မတမြန်မာနိုင်ငံ တော်ကို နိုင်ငံ တကာမှ ယုံကြည်မှု ရရှိရန် လိုအပ်သကဲ့သို့ တိုင်းရင်းသား ပြည်သူလူထု မှလည်း သူတို့၏ လိုလားချက် များ ပြည့်ဝစေရး၊ ငြိမ်းချမ်းမှုရ ရှိရေးတို့ကို အမြဲမျှော်လင့်စောင့်စားနေကြပါတယ်။ နိုင်ငံတော် ၏ယုံကြည် မှုနှင့် တိုင်းရင်းသား ပြည်သူ တို့၏ မျှော်လင့်ချက် တို့ ကိုဖျက်ဆီးခြင်းမပြုမိရန် မိမိတို့လွှတ်တော်မှ ဂရုပြုဆောင်ရွက် ရမည်ဖြစ်ပါတယ်။

၁၅။ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ် များတွင် သည်းခံခြင်း၊ လက်တွေ့ အကျိုးရှိအောင် လုပ်ကိုင် ဆောင်ရွက်ခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် တစ်ဦးအပေါ် တစ်ဦး နားလည်မှု ရှိစွာ လိုက်လျော ခြင်းများကို တန်ဖိုး ထားဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်။

၁၆။ မြန်မာ နိုင်ငံရေး သမိုင်းဖြစ် ရပ်များ အရ ဒီမိုကရေစီ လမ်းကြောင်း ကျင့်စဉ်နှင့် အညီ ချီတက်ကြ ရမှာ ဖြစ်ပြီး အကျိုးမဲ့ဖြစ်ရပ်များ ဆုံးရှုံးခဲ့ ရမှုများအပေါ် သင်ခန်းစာ ယူ၍ စိတ်ကောင်း စေတနာ မွန်ဖြင့် ဖြစ်သင့်ဖြစ် ထိုက်သည့် လမ်းကြောင်း အမှန် အတိုင်းသာ ဒီမိုကရေစီ ဖော်ဆောင်ရ မည်ဖြစ်ပါ တယ်။ အစိုးရနှင့် လွှတ်တော် အတွက် အပြန် အလှန် သက်ရောက်မှု၊ ဆက်သွယ်မှု၊ ထိန်းကျောင်း မှုနှင့် အကျိုးပြုမှုများ အမြဲတစေ ရှိနေရမှာ ဖြစ်ပါတယ်။

၁၇။ ဒါ့ကြောင့် လွှတ်တော်နှင့် အစိုးရ အဖွဲ့အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ သာလျှင် အာဏာ ဗဟိုချက်(Core of the power process) အဖြစ်သတ် မှတ်ရယူ ရမှာဖြစ် ပါသဖြင့် အဆိုတင်း သွင်းတဲ့ အဆိုမှာ အရေးကြီး အဆို မဟုတ်ကြောင်း နှင့် လတ်တလော တင်သွင်းရန် မသင့်သေး ကြောင်း တွေ့ရှိရ ပါတယ်။

၁၈။ မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မည်သို့ပင် အကြံပြု ဆွေးနွေးကြ သည်ဖြစ်စေ နောက်ဆုံး အဆင့်မှာ မဲခွဲဆုံးဖြတ် သည့်အဆင့်သို့ မလွဲမသွေ ရောက်ရှိလာ မှာဖြစ်ပါ တယ်။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၉၂၊ ပုဒ်မခွဲ(က)တွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက် များနှင့် လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေပါ ပြဌာန်းချက် များနှင့် လည်းကောင်း မဆန့်ကျင်လျှင် ပြည်ထောင်စု လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် ပူးပေါင်းကော်မတီ တို့တွင် လွတ်လပ်စွာ ပြောဆိုခွင့်နှင့် ဆန္ဒမဲပေး ပိုင်ခွင့် ရှိသည်ဟု ပြဌာန်းထား တဲ့အတွက် လွှတ်တော် ကိုယ်စားလှယ် များဟာ မည်သူတစ်ဦး တစ်ယောက်ရဲ့ စေ့ဆော် တိုက်တွန်းမှု မှမပါဘဲ မိမိတို့ ဆန္ဒနှင့် အညီ မှန်မှန် ကန်ကန် စဉ်းစားသုံး သပ်ကာ နိုင်ငံတော်၏ မျက်နှာကို ကြည့်ပြီး လွတ်လပ်စွာ ဆန္ဒပြု ကြဘို့ တင်ပြအပ် ပါတယ်။

၁၉။ ဒါ့ကြောင့် မန္တလေးတိုင်း ဒေသကြီး ပျော်ဘွယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့် စိုးအဆို တင်သွင်းထားတဲ့ “နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် “လွှတ်တော် အသီးသီး ကဖွဲ့စည်းထား သည့်ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်း အဓိပ္ပါယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက် များနှင့် ညီညွတ်ခြင်း မရှိကြောင်း” ဆုံးဖြတ်ခဲ့ သည့်ဆုံးဖြတ် ချက်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးအနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥပဒေများ အရ လုပ်ပိုင်ခွင့် မရှိဘဲ လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး တည်ဆဲ ဥပဒေများ ပါပြဌာန်းချက် များကို ဆန့်ကျင်၍ မှားယွင်းစွာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးသည် မှားယွင်း ဆောင်ရွက်ခဲ့ မိကြောင်းကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ကြေညာချက် ထုတ်ပြန်ပေးရေး အတွက် ပြည်ထောင်စု လွှတ်တော်က တိုက်တွန်း ပေးပါရန်” အဆိုအား ပြည်ထောင်စု အစိုးရနှင့် အချိန်ယူပြန် လည် ညှိနှိုင်း ဆွေးနွေး ကြပါရန်နှင့် ယင်းအဆိုအား လတ်တလော ရုတ်သိမ်းပေး နိုင်ပါရန် လေးစားစွာ တင်ပြရင်း နိဂုံးချုပ် အပ်ပါတယ် ။အားလုံးကို ကျေးဇူး တင်ပါတယ်။



ဒေါ်အောင်ဆန်းစုကြည်။ ။

အဲ့ဒီလိုကိစ္စတွေနဲ့ ပတ်သက်လို့လည်း အငြင်းအခုံတွေဖြစ်ကြတာ၊ ပြသနာတွေတက်တာဟာ မထူးဆန်းပါဘူး။ စိတ်ပျက်စရာ မလိုပါဘူး၊ ပြဿနာများကို ဖြေရှင်းပုံ ဖြေရှင်းနည်း မှန်ကန်ရင် နိုင်ငံ၏ ဂုဏ်သိက္ခာလည်း တက်မှာပါ

ပြည်သူ တစ်ဦး။ ။

"" အဲ့ဒီလိုကိစ္စတွေနဲ့ ပတ်သက်လို့လည်း အငြင်းအခုံတွေဖြစ်ကြတာ၊ ပြသနာတွေတက်တာဟာ မထူးဆန်းပါဘူး။ စိတ်ပျက်စရာ မလိုပါဘူး၊ ပြဿနာများကို ဖြေရှင်းပုံ ဖြေရှင်းနည်း မှန်ကန်ရင် နိုင်ငံ၏ ဂုဏ်သိက္ခာလည်း တက်မှာပါ""
<<<<,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,, အထက်ပါ စကားစုလေးက တကယ်ဆို လွှတ်တော်ထဲမှာ ပြောရမဲ့ စကား မဟုတ်ဘူးးး ဥပဒေ ပြုရေး မဏ္ဍိုင် ဖြစ်တဲ့ လွှတ်တော် အမတ်တွေဟာ ဥပဒေတွေနဲ့ ပတ်သတ်ပီး တင်ပြဆွေးနွေကြတယ်ဆို ဒီလိုပဲလေ.. အညင်းအခုံ စြေ်ကြတာ မဟုတ်ဘူးး ဒေါ်စု စကားက မြောက်ပေးသလိုလို၊ ဆရာလုပ်သလိုလို၊ အားကျမခံ လိုက်ပြောသလိုလို ဖြစ်နေတယ်.. နောက်ပီး ဒီစကားက လွှတ်တော်နဲ့ မတန်ဘူးး.. လမ်းဘေးမှာ စင်ထိုးပီး ပြောနေကျ ဒေါ်စု စကား လမ်းဘေး စင်ထိုး အဆင့်ပါ.. နောက်နေ့ လွှတ်တော် ထဲတော့ အဲ့လို လမ်းဘေး စင်ထိုး စကားတွေ မပြောမိအောင် လွှတ်တော် အမတ်တွေက ၀ိုင်းဝန်းပီး ဒေါ်စုကို ထိန်းပေးကြပါလို့.. ထိန်းနေတဲ့ ကြားက သူက ပြောချင် သပါ့ဆို၇င်လဲ လွှတ်တော်၇ဲ့ အနီးမြေကွက်လွှတ် တခုမှာ စင်လေး တစင်လောက် လုပ်ပီး အဲ့မှာ တယောက်ထဲ ပေးအြောလိုက်ကြပါ .. သူ့မှာလဲ ပြောချင်လွန်းလို့ ထပီး ပြောလိုက်ပြန်တော့လဲ သံလမ်း တခြား ဘီး တခြား ဖြစ်နေတယ်...

Myanmar Express

2 comments:

အဆိုကိုပြန်လည်ရုပ်သိမ်းပေးဖို့ တောင်းဆိုချက်ကိုထောက်ခံပါတယ်။

A May Su doesn't know how to speak myanmar languages about that conditions. She can speak english language very well. If she use english, nobody understood. So she spoke simple only...a heee....

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်