Subscribe to our RSS Feed

တစ်ကျပ်သား လွှတ်တော် အမတ် ဒေါ်စု နဲ့ NLD အတုယူရမည့် တပ်မတော်သား လွှတ်တော် အမတ်၏ ခေါင်းစဉ်နှင့် ကိုက်ညီသော အချက်နှင့်အလက်နှင့် ဥပဒေအကြောင်း ဆွေးနွေးမှု (၁)



တပ်မတော်သား လွှတ်တော်အမတ် တစ်ဦး။ ။

လေးစားရပါသော ပြည်ထောင်စု လွှတ်တော် နာယကကြီးနှင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များ ခင်ဗျား၊ ကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေလို့ ဦးစွာ ဂါရ၀ပြု နှုတ်ခွန်းဆက်သ အပ်ပါတယ်။

ကျွန်တော်ကတော့ တပ်မတော်သား အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ကြည်း ၂၄၉၂၇ ဒုတိယ ဗိုလ်မှူးကြီး ရဲနိုင်ဦး ဖြစ်ပါတယ်။

၂၃.၈.၂၀၁၂ နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ပျော်ဘွယ် မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုး တင်သွင်းသွားတဲ့ အရေးကြီး အဆိုနဲ့ စပ်လျဉ်းပြီး ကျွန်တော် အကြံပြု တင်ပြသွားမှာ ဖြစ်ပါတယ်။

ဦးမြင့်စိုး တင်သွင်းသွားတဲ့ အဆိုကတော့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး အနေနဲ့ လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့မှာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်း အဖြစ် ထည့်သွင်း အဓိပ္ပါယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင် ရာ ပြဌာန်းချက် များနှင့် ညီညွတ်ခြင်း မရှိကြောင်း၊ ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥပဒေများ၏ လုပ်ပိုင်ခွင့် မရှိဘဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး တည်ဆဲ ဥပဒေများပါ ပြဌာန်းချက်များကို ဆန့်ကျင်၍ မှားယွင်းစွာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသည် မှားယွင်း ဆုံးဖြတ် ခဲ့မိကြောင်း ခုံရုံးက ကြေငြာချက် ထုတ်ပြန်ပေးရေး အတွက် ပြည်ထောင်စု လွှတ်တော်က တိုက်တွန်း ပေးရန် အဆိုဖြစ်ပါတယ်။

ပြည်ထောင်စု လွှတ်တော် နာယကကြီး ခင်ဗျာ။

ဦးမြင့်စိုး၏ အဆိုတွင် ခုံရုံး၏ ဆောင်ရွက်မှုနှင့် စပ်လျဉ်းပြီး အဓိက အချက်(၃)ချက် တင်ပြထား တာကိုတွ့ ရပါတယ်။ အဲဒီ အချက်တွေကို အကျဉ်းချုပ် တင်ပြရမယ် ဆိုလျှင် ခုံရုံးအနေဖြင့် −

(က) ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၂၂ ပုဒ်မခွဲ (က)မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက် များကို အနက်အဓိပ္ပါယ် ဖွင့်ဆိုနိုင်သည်ဟု ပြဌာန်းထားပြီး တင်သွင်းလွှာမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ မည်သည့် ပြဌာန်းချက် သို့မဟုတ် အပိုင်းကို အဓိပ္ပါယ် ဖွင့်ဆို ထားသည်ဟု တိတိကျကျ မပါရှိသည့် အတွက် ပုဒ်မ ၃၂၂ ပုဒ်မခွဲ(က) လုပ်ပိုင်ခွင့်ကို ကျင့်သုံးနိုင်ခွင့် မရှိဘဲ လုပ်ဆောင်ခဲ့ကြောင်း၊

(ခ) တင်သွင်းလွှာမှာ ပါရှိသော လွှတ်တော်ဆိုင်ရာ ဥပဒေများသည် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ပြဌာန်းခဲ့တဲ့ ဥပဒေ ဖြစ်သဖြင့် ခုံရုံးအဖွဲ့ အနေနဲ့ ပုဒ်မ၃၂၂ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပိုင်ခွင့် မရှိကြောင်း၊ ပုဒ်မ ၃၂၂ ပုဒ်မခွဲ(ဂ)၊(ဃ)၊(င)၊(စ) နှင့် (ဆ)တို့ပါ ပြဌာန်းချက်သည် အပြီး အပြတ် အဆုံးအဖြတ်ကို ခံယူသည့် ကိစ္စနှင့် သက်ဆိုင်ခြင်း မရှိကြောင်း၊

(ဂ) ယခု တင်သွင်းလွှာမှာ ခုံရုံးသို့ တိုက်ရိုက် တင်သွင်းခွင့် ရှိသည့် နိုင်ငံတော်သမ္မတက တိုက်ရိုက် တင်သွင်းခြင်း မရှိဘဲ နိုင်ငံတော် သမ္မတ ကိုယ်စား ပြည်ထောင်စု ရှေ့နေချုပ်က လက်မှတ် ရေ:ထိုး တင်သွင်း ခြင်းကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံးက လက်ခံကြားနာ ခဲ့ခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ခုံရုံး ဥပဒေနှင့် တည်ဆဲ ဥပဒေများနှင့် ညီညွတ်ခြင်း မရှိကြောင်း၊

ပြည်ထောင်စု လွှတ်တော် နာယကကြီး ခင်ဗျာ။

ကျွန်တော် လေ့လာ သိရှိရသလောက် ဆွေးနွေး တင်ပြရမယ် ဆိုပါလျှင် ခုံရုံး၏ လုပ်ငန်း တာဝန်များကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၂၂ မှာ ပြဌာန်းထားကြောင်း တွေ့ရပါတယ်။ ပုဒ်မ ၃၂၂ ပုဒ်မ ခွဲ(က) ပြဌာန်း ချက် ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များကို အနက်အဓိပ္ပါယ် ဖွင့်ဆိုခြင်း ဖြစ်ကြောင်း တွေ့ ရပါတယ်။ နိုင်ငံတော် သမ္မတက ခုံရုံးသို့ တင်သွင်းတဲ့ တင်သွင်းလွှာ အမှတ် ၁/၂၀၁၂ စီရင်ချက်ကို လေ့ လာ ကြည့်တဲ့ အခါမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၂၂ ပုဒ်မခွဲ(က)နှင့် ပုဒ်မ ၃၂၅ ပုဒ်မခွဲ(က) တို့ကို ရည်ညွှန်းပြီး တင်သွင်း ထားတာ တွေ့ရပါတယ်။ ဒီပုဒ်မတွေကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော် သမ္မတက ခုံရုံးသို့ တင်သွင်းတဲ့ ကိစ္စဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြဌာန်းချက်များပါ စကားရပ်များကို အနက်အဓိပ္ပါယ် ဖွင့်ဆိုပေးဖို့ တင်ပြခြင်း ဖြစ်ကြောင်း တွေ့ရပါတယ်။ ဒီရည်ညွှန်းထားတဲ့ ပုဒ်မတွေအရ ဆိုလို့ရှိရင်တော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များကို အနက်အဓိပ္ပါယ် ဖွင့်ဆိုခြင်းဟာ ခုံရုံးရဲ့ လုပ်ပိုင်ခွင့်ဘဲ ဖြစ် တယ်လို့ မှတ်သား မိပါတယ်။ အနက် အဓိပ္ပါယ် ဖွင့်ဆိုပေးရမယ့် ပြဌာန်းချက်ပါ စကားရပ်တွေ ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၄)၊ ဥပဒေပြုရေး အခန်းမှာပါတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွဲ့စည်းသော အဖွဲ့ အစည်း ဆိုသည့် စကားရပ် များပဲ ဖြစ်ကြောင်း တွေ့ရပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ဥပဒေပြုရေး အခန်းမှာ ပါတဲ့ ပုဒ်မ ၇၇ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၉၀၊ ပုဒ်မ ၉၇၊ ပုဒ်မ ၁၀၀ ပုဒ်မခွဲ(က)၊ ပုဒ်မ ၁၄၀ နှင့် ပုဒ်မ ၁၆၀ ပြဌာန်းချက် များပါ ပြည်ထောင်စု အဆင့် အဖွဲ့ အစည်းဆိုသော စကားရပ်ကို အဓိပ္ပါယ် ဖွင့်ဆိုပေးဖို့ ဖြစ်ပါတယ်။

ပြည်ထောင်စု လွှတ်တော် နာယကကြီး ခင်ဗျာ။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက တင်သွင်းလွှာမှာ ပါတဲ့ ကျွန်တော် ဖော်ပြခဲ့တဲ့ ပုဒ်မတွေ ကို ထောက်ပြ ပြီး ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ဆိုသော စကားရပ်ကို အနက်အဓိပ္ပါယ် ဖွင့်ဆိုပေး တယ်လို့ ကျွန်တော် နားလည်ပါတယ်။ ကျွန်တော် မှတ်သားထားသရွေ့ ဆွေးနွေး တင်ပြရမယ် ဆိုလျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၄၀ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မ ၁၆၀ ပုဒ်မခွဲ(ခ)ပါ ပြဌာန်းချက်ကို ကြည့်လိုက်တဲ့ အခါ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ ဆိုသည်မှာ လွှတ်တော် ကော်မတီ ကော်မရှင်နှင့် အဖွဲ့များ၏ ခွင့်ပြုချက်ဖြင့် လွှတ်တော်သို့ တက်ရောက်ကြရသည့် အဖွဲ့အစည်းနှင့် ယင်းအဖွဲ့အစည်းကို ကိုယ်စားပြုသော အဖွဲ့ အစည်းဝင်များ ဖြစ်ကြောင်း တွေ့ရပါတယ်။ ဒါကြောင့် ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၂၂ ပုဒ်မခွဲ(က) ပြဌာန်းချက် အရ အနက်အဓိပ္ပါယ် ဖွင့်ဆိုတာ ဖြစ်တဲ့အ တွက် ခုံရုံးအနေဖြင့် လုပ်ပိုင်ခွင့် မရှိဘဲ လုပ်ဆောင်ခဲ့သည် ဆိုသော ဦးမြင့်စိုး၏ အဆိုကို ပြန်လည်ဆွးနွေး သင့်ကြောင်း ဆွေးနွေးပြောကြား လိုပါတယ်။

ပြည်ထောင်စု လွှတ်တော် နာယကကြီး ခင်ဗျာ။

တင်သွင်းလွှာမှာ ပါရှိသော လွှတ်တော်ဆိုင်ရာ ဥပဒေများသည် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ပြဌာန်းခဲ့တဲ့ ဥပဒေ ဖြစ်သဖြင့် ခုံရုံး အဖွဲ့အနေနဲ့ ပုဒ်မ ၃၂၂ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး ပိုင်ခွင့် မရှိကြောင်း၊ ပုဒ်မ ၃၂၂ ပုဒ်မခွဲ(ဂ)၊ (ဃ)၊ (င)၊ (စ)နှင့် (ဆ)တို့ပါ ပြဌာန်းချက်သည် အပြီးအပြတ် အဆုံး အဖြတ်ကို ခံယူသည့် ကိစ္စနှင့် သက်ဆိုင်ခြင်း မရှိကြောင်း အဆိုမှာ ဖော်ပြထား တာ တွေ့ရပါတယ်။ တင်သွင်း လွှာအရ ဆိုပါလျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်ကိုသာ အနက် အဓိပ္ပါယ် ဖွင့်ဆိုပေးရန် နိုင်ငံတော် သမ္မတက တင်သွင်းခြင်းကြောင်း တွေ့ရပါတယ်။ ပြည်ထောင်စု လွှတ်တော်က ပြဌာန်းသည့် ဥပဒေများ တနည်းအားဖြင့် တည်ဆဲ ဥပဒေများကို အနက်အဓိပ္ပါယ် ဖွင့်ဆိုပေး ရန် တင်သွင်းတဲ့ တင်သွင်းလွှာ မဟုတ် ပါဘူး။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၂၂ ပုဒ်မခွဲ(ခ) ပါ ပြဌာန်းချက်ကို ကျင့်သုံးတယ်ဆိုတဲ့ဦးမြင့်စိုး၏ အဆိုကို ပြန်လည် ဆွေးနွေး သင့်ကြောင်း ဆွေးနွေး ပြော ကြား လိုပါတယ်။

ဒီနေရာမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ တည်ဆဲ ဥပဒေများကို ကျွန်တော် လေ့လာ ရသလောက် ဆွေးနွေး လိုပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၄၉ ပြဌာန်းချက်အရ ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် နိုင်ငံ အတွင်းရှိ ဥပဒေ အားလုံး၏ အခြေခံ ဥပဒေလို့ ပြဌာန်းထားပါတယ်။ နာယကက ပြဌာန်းတဲ့ လွှတ်တော် ဆိုင်ရာ ဥပဒေများ၊ ပြည်ထောင်စု ရှေ့နေချုပ် ဥပဒေ၊ ပြည်ထောင်စု စာရင်းစစ်ချုပ် စတဲ့ ဥပဒေ များကတော့ တည်ဆဲဥပဒေ များပဲ ဖြစ်တယ်လို့ ကျွန်တော် နားလည်ပါတယ်။ တည်ဆဲ ဥပဒေများ ကို ပြည်ထောင်စု လွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသေးမီ ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မဆန့်ကျင်သမျှ အတည် ဖြစ်သည်ဟု ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၄၆ မှာ ပြဌာန်းထားကြောင်း ကျွန်တော် လေ့လာမှတ်သား မိပါတယ်။ ဒါကြောင့် ပြည်ထောင်စု လွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင် ဆင်ခြင်း မပြုသေး တဲ့ ဥပဒေများသည် တည်ဆဲ ဥပဒေများ ဖြစ်ပါတယ်။ တည်ဆဲ ဥပဒေများသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်ပါတယ်။ တည်ဆဲ ဥပဒေများပါ ပြဌာန်းချက်များ အနက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဆန့်ကျင်သည့် ဥပဒေ ပြဌာန်းချက် များကတော့ အတည်မဖြစ်ဘူးလို့ ကျွန်တော့် လေ့လာချက်အရ ဆွေးနွေးလိုပါတယ်။

ပြည်ထောင်စု လွှတ်တော် နာယကကြီး ခင်ဗျာ။

တတိယ အချက်ဖြစ်တဲ့ ယခု တင်သွင်း လွှာမှာ ခုံရုံးသို့ တိုက်ရိုက် တင်သွင်းခွင့် ရှိတဲ့ နိုင်ငံတော် သမ္မတက တိုက်ရိုက် တင်သွင်းခြင်း မရှိဘဲ နိုင်ငံတော် သမ္မတ ကိုယ်စား ပြည်ထောင်စု ရှေ့နေချုပ်က လက်မှတ် ရေးထိုး တင်သွင်း ခြင်းကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးက လက်ခံ ကြားနာ ခဲ့ခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ခုံရုံး ဥပဒေနှင့် တည်ဆဲ ဥပဒေ များနှင့် ညီညွတ်ခြင်း မရှိကြောင်း ဟူသော အဆိုပြုချက် အပေါ် ကျွန်တော် ဆက်လက် လေ့လာကြည့် ပါတယ်။ တင်သွင်း လွှာမှာ ရည်ညွှန်း ထားတဲ့ ပုဒ်မတွေ ကတော့ ကျွန်တော် အထက်က တင်ပြပြီး ဖြစ်တဲ့အတိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၂၂ (က) နှင့် ပုဒ်မ ၃၂၅ ပုဒ်မ ခွဲ(က)တို့ ဖြစ်ကြောင်း တွေ့ရပါတယ်။ ပုဒ်မ ၃၂၅ ပုဒ်မခွဲ(က)တော့ နိုင်ငံတော် သမ္မတလို့ ရည်ညွှန်း ဖော်ပြထားပါတယ်။ ခုံရုံးက တင်သွင်း လွှာကို လက်ခံရာ မှာလည်း နိုင်ငံတော် သမ္မတရဲ့ တင်သွင်းလွှာ အဖြစ် လက်ခံတယ်လို့ ကျွန်တော် ယူဆပါတယ်။ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် လေ့လာကြည့်တဲ့ အခါမှာလည်း တင်သွင်းလွှာကို ပြန်လည် ရှင်းလင်းကြတဲ့ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဌနှင့် ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဌ တို့ကလဲ ဒီအချက် ကို သူတို့ရဲ့ လျှောက်လဲချက် ထဲမှာလည်း ဖော်ပြကန့်ကွက် ထားတာ မတွေ့ ရပါဘူး။ ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဌနှင့် အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဌတို့ ကိုယ်တိုင်လည်း သူတို့ ပြန်လည် ရှင်းလင်း နေရတဲ့ တင်သွင်း လွှာဟာ နိုင်ငံတော် သမ္မတက တင်သွင်းတဲ့ တင်သွင်းလွှာ အဖြစ် လက်ခံပြီး ရှင်းလင်း နေကြတယ် လို့ဘဲ ကျွန်တော် ယူဆပါတယ်။ ဒါကြောင့် သက်ဆိုင်သူ အားလုံးက နိုင်ငံတော် သမ္မတက တင်သွင်းတဲ့ တင်သွင်းလွှာလို့ လက်ခံပြီး ကြားနာ ခဲ့ကြတဲ့ အတွက် သမ္မတက တိုက်ရိုက် တင်တာ ဟုတ်မဟုတ် သမ္မတ ကိုယ်စား ပြည်ထောင်စု ရှေ့နေချုပ်က တင်သွင်းခွင့် ရှိမရှိ ဆိုတာတွေဟာ ဒီအချိန်မှာ ပြဿနာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ခုံရုံးက အခုတော့ တင်သွင်းလွှာ အပေါ်မှာ အနက် အဓိပ္ပါယ် ဖွင့်ဆိုပြီး ပါပြီ။ အနက် အဓိပ္ပါယ် ဖွင့်ဆိုချက် အရ သမ္မတ တင်သွင်းတဲ့ တင်သွင်းလွှာပါ ပြဿနာကို ဖြေဆိုပေး ပြီးလဲ ဖြစ်ပါတယ်။ ဒါကြောင့် ခုံရုံးရဲ့ အနက် အဓိပ္ပါယ် ဖွင့်ဆိုချက် အတိုင်း လိုက်နာကြဖို့ဘဲ ရှိတယ် လို့ ကျွန်တော် ရိုးရိုး သားသား ဆွေးနွေး တင်ပြရပါတယ်။

ပြည်ထောင်စု လွှတ်တော် နာယကကြီး ခင်ဗျာ။

ခုံရုံးရဲ့ ဆုံးဖြတ် ချက်နဲ့ ပတ်သက်ပြီး ကိုယ်စားလှယ် ကြီးများအားလုံး သိပြီးဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၂၄ ဆိုတာ ရှိပါတယ်။ အဲဒီပုဒ်မ ကတော့ ခုံရုံးရဲ့ ဆုံးဖြတ် ချက်ဟာ အပြီးအပြတ် အတည်ဖြစ် တယ်လို့ ပြဌာန်း ထားပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ အားလုံး ခုံရုံးရဲ့ ဆုံးဖြတ်ချက်၊ အနက် အဓိပ္ပါယ် ဖွင့်ဆိုချက်ကို လိုက်နာ ကြရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော် ကိုယ့်ဘာသာကိုယ် ပြန်ပြီး မေးခွန်း ထုတ်ကြည့် ပါတယ်။ အပြီးအပြတ် အတည် ဖြစ်တယ်လို့ ဆိုတဲ့ ခုံရုံး ဆုံးဖြတ် ချက်ကို မလိုက်နာရင် ဘာဖြစ်မလဲ၊ ခုံရုံး ဆုံးဖြတ်ချက် ကိုမှားတယ်၊ မှန်တယ် လို့ကော ဆွေးနွေး နိုင်ကြ ပါသလား.. ၊ စတဲ့ မေးခွန်းတွေ ပေါ်လာပါတယ်။ အပြီးအပြတ် အတည်ဖြစ်တယ် ဆိုရင် ဒီဆုံးဖြတ် ချက်ကို ပြင်ဆင်လို့ မရတော့တဲ့ သဘောလို့ ကျွန်တော် ယူဆပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက် အတိုင်း လိုက်နာခြင်း ကသာ ကျွန်တော်တို့ အတွက် အခြေခံ ဥပဒေကို လေးစားရာ ရောက်ပါတယ်။

ပြည်ထောင်စု လွှတ်တော် နာယကကြီး ခင်ဗျာ။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ကျွန်တော်တို့ တပ်မတော်ရဲ့ အခန်း ကဏ္ဍနဲ့ ပတ်သက်ပြီး အခြေခံ မူချထား တာ ရှိပါတယ်။ အခြေခံ မူဆိုတာ ကတော့ ကျွန်တော် လေ့လာရ သလောက် တင်ပြရရင် အမျိုးသား ညီလာခံက အခြေခံ ဥပဒေ ရေးဆွဲရာမှာ လိုက်နာရမဲ့ အခြေခံမူ ၁၀၄ ချက်ကနေ ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။ ကိုယ်စား လှယ် တော်ကြီးများ သိပြီး ဖြစ်တဲ့ အတိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၁) နိုင်ငံတော် အခြေခံ မူများ ပုဒ်မ ၁ မှ ၄၈ အထိ ပြဌာန်းချက် တွေပဲဖြစ်ပါတယ်။ တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ ပုဒ်မ ၂၀ ပုဒ်မခွဲ(စ)မှာ အတိအလင်း ပြဌာန်းထားပါတယ်။ ဒီပြဌာန်းချက် ကတော့ တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်။ ဟူသော ပြဌာန်းချက် ဖြစ်ပါတယ်။

လေးစား ရပါသော နာယကကြီး ခင်ဗျာ။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များကို လိုက်နာကျင့်သုံး ခြင်းသည် ပင်လျင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက် ခြင်းပဲ ဖြစ်တယ်လို့ ကျွန်တော် ဒီလိုမြင် ပါတယ်။ ကျွန်တော်တို့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အခြားလွှတ်တော် ကိုယ်စားလှယ်များ နည်းတူ ကတိသစ္စာ ပြုခဲ့ကြရ ပါတယ်။ ဒါလွှတ်တော် ကိုယ်စားလှယ်များ သိပြီးဖြစ် ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပြီး နိုင်ငံတော် ဥပဒေများကို လိုက်နာပါမည် ဆိုတာကတော့ ကျွန်တော်တို့ရဲ့ အဓိက ကျင့်ဝတ်ဘဲ ဖြစ်ပါတယ်။ အခြေခံ ဥပဒေပါ ပြဌာန်းချက်များ အတိုင်း လိုက်နာ ကျင့်သုံး ခြင်းဖြင့် ကျွန်တော်တို့ ကတိပြု ထားတဲ့ သစ္စာတရားကို တည်အောင် ဆောင် ရွက် ကြရမှာဘဲ ဖြစ်ပါတယ်။

ပြည်ထောင်စု လွှတ်တော် နာယကကြီး ခင်ဗျာ။

နိုင်ငံတော် အချုပ်အခြာ အာဏာကို ပိုင်းခြားခွဲဝေ ကျင့်သုံးခြင်းနှင့် အလျဉ်းသင့်လို့ ဆွေးနွေး လိုပါတယ်။ ဖွဲ့စည်း ပုံအခြေခံ ဥပဒေ ပုဒ်မ ၁၁ မှာ အောက်ပါ အတိုင်း ပြဌာန်း ထားတာ တွေ့ရပါတယ်...

ပုဒ်မ ၁၁ (က)။ နိုင်ငံတော် အချုပ်အခြာ အာဏာ၏ ခက်မသုံးဖြာ ဖြစ်သည့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်း ခြင်း တို့ပြုသည်။

အထက်ပါ ပုဒ်မ ၁၁ ပုဒ်မခွဲ(က) ပြဌာန်းချက်မှာ အချုပ်အခြာ အာဏာ သုံးရပ်ကို တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲရန်နှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်း ခြင်းတို့ ပြုရန် ပြဌာန်း ထားတာ ဖြစ်ကြောင်း တွေ့ရ ပါတယ်။ ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေး အာဏာ တို့ကို တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲရန် ဆိုတဲ့အတွက် ဥပဒေပြုရေး အာဏာ ကျင့်သုံးတဲ့ လွှတ်တော်များနှင့် တရားစီရင်ရေး အာဏာ ကျင့်သုံးတဲ့ ခုံရုံး တို့ အနေနဲ့ တာဝန်များကို ပိုင်းခြား သုံးစွဲရန် ဖြစ်ပါတယ်။ အလားတူပဲ အုပ်ချုပ်ရေး အာဏာ ကျင့်သုံးတဲ့ အစိုးရ အဖွဲ့နဲ့လဲ ပိုင်းခြား သုံးစွဲရန် ဖြစ်ပါတယ်။

ခုံရုံးရဲ့ ဆုံးဖြတ် ချက်ဟာ အပြီးအပြတ် အတည်ဖြစ် တယ်လို့ ဆိုတဲ့အတွက် ကျွန်တော်တို့ အားလုံး လိုက်နာရမှာ ဖြစ်သလို အချုပ်အခြာ အာဏာကိုလဲ ပိုင်းခြား ကျင့်သုံး တတ်သည့် အလေ့အကျင့် ကောင်း များကို နောင် ဆက်စပ်သော လွှတ်တော် များသို့ စံနမူနာ ပြသခဲ့ရမှာ ဖြစ်ကြောင်း ကျွန်တော့် အမြင် ကို ဆွေးနွေးလိုက်ရပါ တယ်။

နာယကကြီး ခင်ဗျာ..

အချုပ်အားဖြင့် ဆွေးနွေး ရပါလျှင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုး တင်သွင်းသည့် အဆိုပါ စွဲဆို ချက်များ အတိုင်း ခုံရုံးအနေဖြင့် မညီမညွတ် ဆောင်ရွက် တာမျိုး မရှိကြောင်း တွေ့ရပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖောက်ဖျက် ကျူးလွန် နေတယ်လို့လဲ ကျွန်တော့် လေ့လာချက် များအရ မတွေ့ရ ပါဘူး။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဆိုတာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၆ နဲ့ ပုဒ်မ ၃၂၀ ပြဌာန်း ချက်များ အရ ပေါ်ပေါက် လာသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွဲ့စည်းသည့် အဖွဲ့အစည်း တစ်ရပ်ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်း ချက်များကို အနက်အဓိပ္ပါယ် ဖွင့်ဆိုနိုင်ခွင့် ရှိတဲ့ တစ်ခု တည်းသော အဖွဲ့ အစည်းပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အနက် အဓိပ္ပါယ် ဖွင့်ဆိုရန် တာဝန်ကို ခုံရုံးမှ တစ်ပါး အခြား မည်သည့် အဖွဲ့ အစည်း ကိုမျှ ပေးအပ် ထားခြင်း မရှိကြောင်း သိရှိရပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးက ၎င်းကို ပေးအပ် ထားသော လုပ်ပိုင်ခွင့် အရ အနက် အဓိပ္ပါယ် ဖွင့်ဆို ပေးလိုက် ခြင်းဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညီညွတ် တဲ့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက်ရာ ရောက်တဲ့ အကြောင်း အရာများ လုံးဝ မတွေ့ရှိ ရကြောင်း ရှင်းလင်း ပြောကြား လိုပါတယ်။ ဒါကြောင့် လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုး တင်သွင်းတဲ့ အရေးကြီး အဆိုကို သဘော မတူကြောင်း လေးလေး နက်နက် တင်ပြရင်း နိဂုံးချုပ်လိုက် ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်။ ။

အဲ့ဒီလိုကိစ္စတွေနဲ့ ပတ်သက်လို့လည်း အငြင်းအခုံတွေဖြစ်ကြတာ၊ ပြသနာတွေတက်တာဟာ မထူးဆန်းပါဘူး။ စိတ်ပျက်စရာ မလိုပါဘူး၊ ပြဿနာများကို ဖြေရှင်းပုံ ဖြေရှင်းနည်း မှန်ကန်ရင် နိုင်ငံ၏ ဂုဏ်သိက္ခာလည်း တက်မှာပါ

ပြည်သူ တစ်ဦး။ ။

"" အဲ့ဒီလိုကိစ္စတွေနဲ့ ပတ်သက်လို့လည်း အငြင်းအခုံတွေဖြစ်ကြတာ၊ ပြသနာတွေတက်တာဟာ မထူးဆန်းပါဘူး။ စိတ်ပျက်စရာ မလိုပါဘူး၊ ပြဿနာများကို ဖြေရှင်းပုံ ဖြေရှင်းနည်း မှန်ကန်ရင် နိုင်ငံ၏ ဂုဏ်သိက္ခာလည်း တက်မှာပါ""
<<<<,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,, အထက်ပါ စကားစုလေးက တကယ်ဆို လွှတ်တော်ထဲမှာ ပြောရမဲ့ စကား မဟုတ်ဘူးးး ဥပဒေ ပြုရေး မဏ္ဍိုင် ဖြစ်တဲ့ လွှတ်တော် အမတ်တွေဟာ ဥပဒေတွေနဲ့ ပတ်သတ်ပီး တင်ပြဆွေးနွေကြတယ်ဆို ဒီလိုပဲလေ.. အညင်းအခုံ စြေ်ကြတာ မဟုတ်ဘူးး ဒေါ်စု စကားက မြောက်ပေးသလိုလို၊ ဆရာလုပ်သလိုလို၊ အားကျမခံ လိုက်ပြောသလိုလို ဖြစ်နေတယ်.. နောက်ပီး ဒီစကားက လွှတ်တော်နဲ့ မတန်ဘူးး.. လမ်းဘေးမှာ စင်ထိုးပီး ပြောနေကျ ဒေါ်စု စကား လမ်းဘေး စင်ထိုး အဆင့်ပါ.. နောက်နေ့ လွှတ်တော် ထဲတော့ အဲ့လို လမ်းဘေး စင်ထိုး စကားတွေ မပြောမိအောင် လွှတ်တော် အမတ်တွေက ၀ိုင်းဝန်းပီး ဒေါ်စုကို ထိန်းပေးကြပါလို့.. ထိန်းနေတဲ့ ကြားက သူက ပြောချင် သပါ့ဆို၇င်လဲ လွှတ်တော်၇ဲ့ အနီးမြေကွက်လွှတ် တခုမှာ စင်လေး တစင်လောက် လုပ်ပီး အဲ့မှာ တယောက်ထဲ ပေးအြောလိုက်ကြပါ .. သူ့မှာလဲ ပြောချင်လွန်းလို့ ထပီး ပြောလိုက်ပြန်တော့လဲ သံလမ်း တခြား ဘီး တခြား ဖြစ်နေတယ်...

Myanmar Express

2 comments:

she is just new. Just General Aung San Daughter. She will be gone as Magawaty from Indonesia.

အရမ်းကိုကောင်းမွန်ပြီး ပြီးပြည့်စုံတဲ့ဖြေခြင်းချက်ဖြစ်ပါတယ်၊. ထောက်ခံပါ တယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်