Subscribe to our RSS Feed

အမေရိကန်သံအမတ် ခရမ်းချဉ်သီးနဲ့ ပေါက်ခံရ

ဆီးရီးယားနိုင်ငံ ဒမတ်စကတ် (Damascus) မြို့မှာ ရှိတဲ့ အမေရိကန် သံအမတ် ရောဘတ် ဖို့ဒ် (Robert Ford) နဲ့ အပေါင်းအပါများကို ၁၀၀ ကျော်ရှိတဲ့ လူအုပ်က ခရမ်းချဉ်သီးတွေ၊ ကျောက်ခဲတွေနဲ့ ဝိုင်းပေါက်ခဲ့ပါတယ်။ အီရန်သမ္မတ မာမွတ်ဒ် အမာဒနီဂျက်ဒ် (Mahmoud Ahmadinejad) ကလည်း နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စစ်ပွဲတွေနဲ့ ရန်စနေသလို ကမ္ဘာတ၀န်း စိတ်ဝမ်းကွဲပြားရေး ဖြစ်အောင် လုပ်ဆောင်ပြီး အကြွင်းမဲ့ အာဏာရှင်စနစ်ကို ကျင့်သုံးနေတယ် ထုတ်ဖော် ပြောကြားခဲ့တာကို နိုင်ငံပေါင်း တစ်ရာ ကျော်အား ထောက်ခံ အားပေးခဲ့ကြပါတယ်။ ကမ္ဘာအရေး ကျွမ်းကျင်သူများကတော့ အမေရိကန်ရဲ့ အတွင်းစိတ်သဘောထားအမှန်ကို ကမ္ဘာတစ်ဝန်းက သိကုန်ကြလို့ အမေရိကန်ရဲ့ သြောဇာ တဖြည်းဖြည်း ကျဆင်းလာတာ ဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမယ့်လည်း မြန်မာအတိုက်အခံ အင်အားစုများကတော့ အမေရိကန်ကို ခုထိ ယုံကြည်အားကိုးကာ အမေကျော် ပထွေးတော် လွမ်းနေတုန်း ဖြစ်ပါတယ်။

အမေရိကန် သံအမတ်ကို ခရမ်းချဉ်သီးဖြင့် ထပ်မံ ပေါက်လိုပါက
http://www.huffingtonpost.com/2011/09/29/robert-ford-tomatoes_n_986712.html



Myanmar Express

ဗုဒ္ဓဟောကြားတော်မူသော တရားတော်များထဲမှ လူယုတ်မာတို့၏ သဘောသဘာဝများ အကြောင်း

ဗုဒ္ဓဟောကြားတော်မူသော တရားတော်များထဲမှ လူယုတ်မာတို့၏ သဘောသဘာဝများ အကြောင်း

တချို့သော သူတို့သည် မိမိကိုယ်တိုင်က ကိုယ်ကျင့်သီလမရှိ။ သူတပါးကိုလည်း မဆောက်တည်စေ။ ညစ်ပေယုတ်ညံ့သော စိတ်ရှိ၏။ အမျိုးကိုလည်း မချစ်တတ်၊ စောင့်သိအပ်သော သစ္စာတရားမရှိ။ ကိုယ်ကျိုးကိုသာ ကြည့်တတ်၏။ သူတပါး အကျိုးကို မသယ်ပိုးတတ်၊ မိမိ၏ ဂုဏ်သိက္ခာ တိုးပွားရေးကိုသာ အလေးထားတတ်၏။ သူတပါး၏ ဂုဏ်သိန်ကို ချိုးနှိမ်တတ်၏။ အိနြေ္ဒမရှိသော ကျီးကဲ့သို့ သူတပါး၏ လာဘ်လာဘကို ကြားဖြတ်၍ ထိုးသုတ်တတ်၏။ မဟုတ်မမှန်ကို အဟုတ်အမှန် ဖြစ်အောင် လုပ်ကြံတတ်၏။ သူပြုဖူးသော ကျေးဇူးကိုလည်း မသိတတ်ချေ။

မိမိစိတ်နှင့် နှိုင်းယှဉ်၍ မြင်မြင်သမျှ လူမိုက်ချည်းသာ ထင်မှတ်နေတတ်၏။ အပြစ်ရှိသော အလုပ်ကို လုပ်ကိုင်ဆောင်ရွက် ခဲ့သော်လည်း ၀န်မခံတတ်ချေ။ ဆင်သေကို ဆိတ်သရေဖြင့် ဖုံးသကဲ့သို့ အရွဲ့တိုက်၍လည်း ကွယ်ဝှက်တတ်၏။ သာသည့်ဖက်သို့လည်း ကပ်တတ်၏။ မမြတ်သော တရားဖြင့် အမှားကို ခင်တွယ်တတ်၏။ ပရိသတ်အလယ်၌ သေးငယ်သောဂုဏ်ကို ပြောမကုန်နိုင်အောင် ဖေါ်ဆောင်ဝါကြွားတတ်၏။

ယုတ်မာသူကိုသာ ဆည်းကပ်တတ်၏။ မကောင်းသော အမြင်ရှိ၏။ မကောင်းသော အကြံကိုသာ ကြံတတ်၏။ မကောင်းသော စကားကို ဆိုတတ်၏။ မကောင်းမှုဖြင့် အသက်မွေးတတ်၏။

ယုံကြည်မှု၊ ကြည်လင်မှု သဒ္ဓါတရားမရှိ။ အရှက်အကြောက်မရှိ။ အကြားအမြင် နည်း၏။ ပျင်းရိတတ်၏။ သတိမေ့၍ ပညာကင်း၏။ အချင်းချင်း ရိုင်းပင်းမှု မရှိချေ။ သိမ်ဖျင်းသောစကား၊ ကြမ်းတမ်းသောစကားတို့ကို ပြောတတ်၏။ သူ့အသက်ကို သတ်တတ်၏။ မပေးသည်ကို ယူတတ်၏။ ကာမကို မှားယွင်းစွာ ပြုတတ်၏။ မိမိရရှိထားသည်တို့ကို သူတပါးတို့အား မပေးလို။ ၀န်တိုတတ်၏။

ဂုဏ်ကျေးဇူးကို ဖျက်ဆီးတတ်၏။ ရမ္မက်ကြီး၏။ ကြမ်းကြုတ်၏။ သနားကရုဏာမရှိ။ အမြဲမြည်တွန်နေတတ်၏။ ပြစ်မှားတတ်၏။ ရန်ငြိုးဖွဲ့တတ်၏။ ဂုဏ်တုဂုဏ်ပြိုင် ပြုတတ်၏။ ငြူစူတတ်၏။ တွေဝေတတ်၏။ သတိသမ္ပဇဉ် ဥာဏ်နှင့်မယှဉ်တတ်။ တည်ကြည်မှုလည်း မရှိချေ။ အရာရာ၌ ခုန်မင်မက်မောခြင်းဟူသော အဘိဇ္ဈာ အားကြီး၏။ သူတပါးကို နှိပ်စက်လိုမှု ဗျာပါဒကြီး၏။ မိမိအတွက်ကိုသာ ကွက်၍ကြည့်တတ်၏။ တဖက်တည်းသာ မြင်၏။ အပြိုင်အဆိုင် ပြုတတ်၏။ စဉ်းလဲကောက်ကျစ်တတ်၏။ လှည့်ပတ်တတ်သော မာယာများ၏။ ကောင်းသောအကြံပေးခြင်းကို လက်မခံတတ်။ ဆုံးမရန် ခက်ခဲ၏။ အိနြေ္ဒတို့၌ မလုံခြုံသော တံခါးရှိ၏။

မိမိကိုယ်တိုင်လည်း ပူပန်ဆင်းရဲ၏။ သူတပါးတို့ကိုလည်း ပူပန်ဆင်းရဲ စေတတ်၏။ မြတ်သောတရားနှင့် မယှဉ်တတ်။ အလိုဆိုး ရှိသည်ဖြစ်၍ မတရားသဖြင့် ဦးဆောင်လမ်းညွှန်တတ်၏။

အနှစ်မရှိသော ကျူပင်ကဲ့သို့ အချည်းနှီး တတ်ကြွ၏။ ထောင်လွှား၏။ လျပ်ပေါ်လော်လီ၏။ နုတ်ကြမ်း၏။ ပြန့်ကျဲသော စကားရှိ၏။ သတိလွတ်ကင်း၏။ ဆင်ခြင်ဥာဏ်လည်းမရှိ။ မတည်ကြည်၍ တုန်လှုပ်သော စိတ်လည်းရှိ၏။ အဓွန့်မရှည်သော အလုပ်တို့နှင့် ပြည့်စုံ၏။ တဖက်သား၏ ကောင်းကျိုးကို အလိုလို ၀န်တိုတတ်၏။ သူတပါးကို မတရားခြိမ်းခြောက်တတ်၏။ ချုပ်ချယ်တတ်၏။ မိမိကိုယ်ကို နှစ်မြုပ်၏။ သူတပါးကိုလည်း နှစ်မြုပ်စေ၏။ မကောင်းမှုကို ပေါ်ပေါ်လွှင်လွှင် ပြုတတ်၏။ ဖေါ်ထုတ်၏။ ပြိုင်ပွဲပင် ပြုလုပ်ပေးတတ်၏။

အယုတ်တရားတို့နှင့် ပြည့်စုံသော သူတို့သည် ဥာဏ်ပညာ အတွေးအခေါ် အားနည်းကြကုန်သော သူတို့အား လာဘ်လာဘ အခွင့်အရေး စသည်တို့ကို ကောင်းမွန်စွာပေး၍ တပည့်အဖြင့် စည်းရုံးပြီးလျှင် အင်အားပြတတ်ကြ၏။

အရှိန်အ၀ါကို အသုံးချတတ်၏။ ရက်စက်တတ်၏။ အဆိပ်ပြင်း၏။ မစင်သည် အနည်းငယ်ပင် ဖြစ်ပါသော်လည်း မကောင်းသော အနံ့ကား ကြီးကျယ်ပြန့်ပွား တတ်သကဲ့သို့ ယုတ်မာသော စိတ်ရှိသူ၏ ဂုဏ်သတင်းတို့သည်လည်း လွယ်ကူစွာ ကျယ်ပြန့်တတ်ကုန်၏။ ဖားသည် အသံကြောင့် သေသကဲ့သို့ ယုတ်မာသူတို့သည်လည်း ယင်းကျော်ကြားသော ဂုဏ်သတင်းကြောင့်ပင် ပျက်စီးတတ်ကြကုန်၏။ (ပျက်စီးရမည်သာတည်း)

(ပုဂ္ဂလ ပညတ်ပါဠိတော် / စတုက္က ပုဂ္ဂလ ပညတ်)



Myanmar Express

ပြင်သစ်နွားများက မြန်မာအတိုက်အခံများထက် အသိဥာဏ်ပိုရှိ ဟုဆို

မြန်မာ့နိုင်ငံရေး အတိုက်အခံများနဲ့ ဆွေးနွေးဖူးသူတိုင်း စိတ်ပျက်ရသည့် အဓိက အကြောင်းမှာ ဘယ်လောက်ပြောပြော နားမလည်ခြင်းပဲ ဖြစ်ပါတယ်။ အကြောင်းအရာ တစ်ခုခုကို ဆွေးနွေးတိုင်းမှာ ကန့်ကွက်ဖို့နဲ့ ငြင်းဖို့ပဲ စိတ်ကူးနေကြတာ အဆိုးဆုံးပါပဲ။ အတိုက်အခံအချင်းချင်း အစိုးရနဲ့ အစိုးရအဖွဲ့အစည်းတွေကို မကောင်းပြောရချိန်မှာတော့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ထောက်ခံနေတတ်ကြပြီး အစိုးရဆန့်ကျင်သူများရဲ့ အမှားများကိုတော့ လုံးဝ အပြောမခံကြပါဘူး။

အတိုက်အခံများဟာ အမြဲ အစွန်းရောက်နေကြပါတယ်။ သူတို့ရဲ့ လွဲမှားတဲ့ ယုံကြည်ချက်တွေကို စေတနာနဲ့ ပြင်ပေးသူတွေ အားလုံးကို ရန်သူလို သဘောထားကြပါတယ်။ အကျိုးသင့် အကြောင်းသင့်သေချာ ရှင်းပြရင် လက်မခံ တတ်ကြသလို သူတို့ကို ပြန်ရှင်းခိုင်းပြန်ရင်လည်း မရှင်းပြတတ်ကြပြန်ပါဘူး။

မျက်စိတစ်ဖက်ပဲ ဖွင့်ထားတတ်ကြပြီး နားတစ်ဖက်ကိုလည်း ပိတ်ထားကြပါတယ်။ အစိုးရ မကောင်းကြောင်းပြောသမျှ စကားသံအားလုံးကို နားထောင်၊ ရေးသမျှကို အလုပ်ကြီးအကိုင်ကြီးတစ်ခု လုပ်ပြီး ဖတ်တတ်ကြပေမယ့်။ အစိုးရရဲ့ ပြည်သူ့နဲ့ နိုင်ငံ့အကျိုး ဆောင်ရွက်မှုတွေကိုတော့ လုံးဝ နားထဲ အဝင်မခံပါဘူး။ အကျိုးသင့်အကြောင်း သင့် ပြောပြသူများကိုလည်း အစိုးရ အလိုတော်ရိ လိုလို စွတ်စွဲပြန်ပါတယ်။ ဆွေးနွေးလို့ မနိုင်တို့ရင်တော့ ယုတ်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ အနိုင်ယူဖို့ ကြိုးစားကြပါတယ်။ ဘာပဲ ဖြစ်ဖြစ် နောက်ဆုံးကျရင်တော့ သူတို့တွေ နိုင်သွားတတ်ကြပါတယ်။ ဘာကြောင့်လည်း ဆိုတော့ သူတို့ထက်သာအောင် ဘယ်သူမှ မယုတ်မာ၊ မမိုက်ရိုင်း တတ်ကြလို့ပါပဲ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အမြင်ကျဉ်းတဲ့ အတိုက်အခံတွေနဲ့ စကားပြောဖူးသူ စင်္ကာပူမှ သင်္ဘောသား တစ်ဦးက "ဘယ်လိုပြောရမလဲဆိုတော့ အရမ်းကိုနိမ့်တယ်ဗျ... တစ်ဖက်လူရဲ့ စကားကို အဆုံးထိကို နားမထောင်တာ... သူတို့ပြောနေတာပဲ ပြောနေကြတော့တာ.. တစ်ခါတစ်လေ ကျွန်တော် နိုင်ငံတော်ရဲ့ တိုးတက်လာတဲ့ အခြေအနေလေးတွေကို forward လုပ်တယ်.. အဲဒီမှာ.. ကျွန်တော့ ကို အစိုးရ အလိုတော်ရိလား... ဘာလား.. ပြောပြီး နောက်မပို့ဖို့ ပြောကြတယ်..... သူတို့ကတော့ အစိုးရ မကောင်းကြောင်း တွေ့ နေ့တိုင်းပို့နေကြတယ်လေ... ကျွန်တော် တော်တော် စိတ်ပျက်တယ်ဗျာ... သူတို့က လက်ဝဲဖက် က နားကိုပဲ ဖွင့်ထားပြီး လက်ဝဲဖက်က အသံကိုပဲ ကြားချင်ကြတာ.. လက်ယာဖက်ကို ပိတ်ထားကြတယ်... ဘယ်လိုလုပ်ပြီး အဲဒီ ဦးနောက်က လိုက်လျှောညီထွေ စဉ်းစားတတ်မလဲဗျာ... " လို့ ပြောပါတယ်။

ပြင်သစ် နွားများက မြန်မာ အတိုက်အခံများထက် အသိဥာဏ် ပိုရှိ

စင်္ကာပူနိုင်ငံရောက် Facebook ပေါ်မှာ ဆွေးနွေးသူ တစ်ယောက်ကလည်း "ကျွန်တော်က ဘာမှလည်း မလုပ်ရဘူး.. အစိုးရကောင်းကြောင်းလည်း တစ်ခွန်းမှ မပြောဖူးဘူး... ဒါပေမယ့် သူတို့ ပြောတဲ့ ထဲက ရှေ့နောက်မညီတာလေးတွေ၊ လွဲနေတာလေးတွေကိုပဲ ထောက်ပြမိတာဗျာ... ကျွန်တော့ကို စစ်ခွေး စစ်ခွေး ဆိုပြီး အယုတ်တ အနတ္တပေါင်းဆုံဆဲတော့တာပဲ... အရမ်းအောက်တန်းကျတယ်ဗျ... " လို့ ပြောပါတယ်။

ရန်ကုန်မှ သံဃာတော် တစ်ပါးကတော့ "မြန်မာအတိုက်အခံတွေကိုတော့ ထားလိုက်ပါတော့... သူတို့မှာ အကုသိုလ်တွေ ဘယ်လောက်များနေလဲ ဆိုတာကို သူတို့တွေရဲ့ အမူအရာ၊ အပြောအဆို ၊ အသုံးအနှုံးတွေကို ကြည့်ရုံနဲ့ သိနိုင်တယ်... ဘယ်တော့မှ ငြိမ်းချမ်းမှု မရှိဘူး... အမြဲပူလောင်နေတယ်... ဝဋ်နာကံဋာ ဆိုတာ ဒါမျိုးပေါ့..." လို့ မိန့်ကြားပါတယ်။

ဘလော့ဂါတစ်ဦးကတော့ "ပြောကို မပြောချင်တော့ပါဘူးဗျာ... ကန့်လန့်တိုက်ရရင် အဟုတ်မှတ်နေကြတာ... လျှပ်စစ်မီး မရတော့လည်း မရလို့ဆိုပြီး အစိုးရကို အပြစ်တင်တယ်၊ လျှပ်စစ်ဆက်ရုံဆောက်တော့လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်လို့ အပြစ်တင်တယ်... စကောလောက်မှ စောက်မနက်တဲ့ အသိဥာဏ်ဆိုတာ အဲလိုလူတွေ ပြောတာ..." လို့ ဆိုပါတယ်။

ကနေဒါမှ ကျောင်းသား တစ်ဦးကတော့ အတိုက်အခံတွေကို ကျွဲပါးစောင်းတီး တွေလို့ ပြောခဲ့ဖူးပြီး။ ရုရှားရောက် ကျောင်းသားတစ်ဦးကလည်း နာလဗြိန်းတုံး တွေလို့ မှတ်ချက်ပေးခဲ့ဖူးပါတယ်။ ဝါရင့် မြန်မာ့အရေး ကျွမ်းကျင်သူ တစ်ဦးကတော့ "အခြေအနေကတော့ ကုရာနထ္တိ ဆေးမရှိပဲ... တစ်လောက ပြင်သစ်က နွားတွေကို Jazz ဂီတ တစ်ဖွဲ့က ဖျော်ဖြေပွဲလုပ်အပြီးမှာ ပြင်သစ်က နွားတွေရဲ့ အသိဥဏ်တွေ တော်တော်တိုးတက်လာတယ် ပြောတယ်... မြန်မာအတိုက်အခံတွေကတော့ ပြင်သစ်က နွားတွေလောက်ကို အသိဥာဏ်ဖွံ့ဖြိုးမှု မရှိဘူးလို့ ပြောလို့ရတယ်... ပြောတဲ့ လူသာ အာပေါက်ပြီး သေသွားမယ်.. သူတို့ကတော့ ထူးမခြားနားပဲ" လို့ ပြောခဲ့ပါတယ်။

ကုရာနထ္တိ ဆေးမရှိဆိုပေမယ့်လည်း ၎င်း တို့ကို သနားမိသူများက ကြိုးစားဆုံးမ နေကြတာတွေ တွေ့နေရပါတယ်။ မြန်မာအတိုက်အခံများ အနေနဲ့ ပြင်သစ်က နွားများကို အတုယူသင့်ကြောင်း ဝေဖန်သူတွေလည်း ရှိပါတယ်။ နောက်လ မှာ လုပ်မယ့် ပြည်ပရောက် အတိုက်အခံအားလုံးရဲ့ လေးလပတ် အစည်းအဝေးမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးနိုင်တယ်လို့လည်း ထင်ကြေး ပေးကြပါတယ်။

နာမည်ကြီး အမေရိကန် ဂျက်ဇ် တေးဂီတဝိုင်းဖြစ်တဲ့ The New Hot 5 က စက်တင်ဘာလ ၁၂ရက်နေ့က မြန်မာအတိုက်အခံတွေထက် အသိဥာဏ် ပိုရှိတယ်လို့ နာမည်ကြီးနေတဲ့ ပြင်သစ်နိုင်ငံက အ်ာထရန်မြို့ လယ်ကွင်းထဲ နွားများကို ဖျော်ဖြေနေချိန်မှာ နားထောင်နေတဲ့ နွားတွေရဲ့ အသိဥာဏ်ရှိပုံကို မြန်မာ အတိုက်ခံများ အတုယူနိုင်ရန် တင်ပေးလိုက်ပါတယ်...။



အဘိုးကြီး၊ အဘွားကြီးများ ထိုင်ပြီး သန်းရှာနေတာ ၂၃ နှစ် ပြည့်ပြီ

ကမ္ဘာ ပေါ်တွင် အသက်အကြီးသူ အများဆုံး ပါဝင်သည့် နိုင်ငံရေး အဖွဲ့အစည်း ဖြစ်တဲ့ NLD ဟာ အခုဆိုရင် ဖွဲ့စည်းခဲ့တာ ၂၃ နှစ် ရှိပြီဖြစ်ပါတယ်။ အဖွဲ့ကြီးက ၂၃ နှစ် ပြည့်သလို လူများကလည်း ၆၀ ကျော် များမှ ၉၅ ကျော် အထိ ဖြစ်ကုန်ကြပါပြီ။ ဝီကီလိခ် စာမျက်နှာက ပင် NLD အန်ကယ်ကြီးများ ကို ပြည်သူတွေ အားမလို အားမရ ဖြစ်ကြောင်း ရေးသားခဲ့ဖူးပါတယ်။

ဒူးတုတ် ပြီးတောင် မထိုင်နိုင်တော့ပေမယ့် မသေခင် ဝန်ကြီး ဖြစ်ဖို့တော့ မျှော်လင့်ရမယ်


ဘဘ သေသွားရင် အုတ်ဂူမှာ ၉၀ ရွေးကောက်ပွဲ အနိုင်ရ လို့ ရေးပေးပါကွာ


သေရင် ကိုယ့်နောက် ဘာမှ မပါပါဘူး ဘဘ ရယ်။ စိတ်ဖြောင့်ဖြောင့်သာ သေပါ။

ပြည်ပမှ စိတ်အားထက်သန်သူများနဲ့ ပြည်တွင်းမှ လူငယ် အချို့ကတော့ NLD ရဲ့ လုပ်ဆောင်မှု နှေးကွေးပုံနဲ့၊ မယောင်ရာ ဆီလူးနေကြပုံကို အားမလို အားမရ ဖြစ်ကာ မေးခွန်းတွေ မျိုးဆုံ မေးကြပါတယ်။ ရန်ကုန်မြို့ အင်တာနက် ဆိုင်မှာ လူငယ် တစ်ဦးက

"ဦးတင်ဦးသေတော့မယ်
ဦးဝင်းတင်သေတော့မယ်
ဒေါ်စုသေတော့မယ်
အဘိုကြီးတွေသေတော့မယ်
အဖိုးလေးတွေသေတော့မယ်
၈၈-မျိုးဆက်ထောင်ထဲမှာ ဂေါက်နေပြီ
ပြည်ပအတိုက်အခံ အရက်သမားဖြစ်တော့မယ်
ဘယ်တော့ ဒီမိုကရေစီရမှာလဲ"

လို့ စိတ်မရှည်တဲ့ လေသံနဲ့ မေးထားပါတယ်။



ဒီမိုကရေစီက အရေးမကြီးဘူး.. လောလောဆယ် စားကြကွာ.. ဗိုက်ဝဖို့ အရေးကြီးတယ်

၂၃ နှစ် အတွင်း လူထုအတွက် NLD ဘာလုပ်ခဲ့လည်း မေးရင် ဖြေစရာမရှိပါ။ ပါတီဝင်များကလည်း ပါတီ အတွက် ဘာမှ မလုပ်နိုင်ခဲ့ပါ။ စတင်တည်ထောင်ချိန်တုန်းက ခမောက်ရူး ရူးကြပြီး ၂၄ နာရီ ခမောက် စောင်းခဲ့ကြပေမယ့် အခုချိန်မှာတော့ ခမောက်တွေကို ချောင်မှာ ထိုးထားလိုက်ကြပါပြီ။ အရင်တုန်းက တောင်သူ ဦးကြီးတွေကို ကိုယ်စားပြုကာ ခမောက် စောင်းတယ် လို့ ပြောခဲ့ကြပေမယ့် အခုတော့ ကိုယ်စား မပြုကြောင်း သက်သေပြနေပြီဖြစ်သည်။ လက်တလော ချိတ်ဆွဲထားသည်မှာ ဒေါင်းပုံများသာ ဖြစ်တာကြောင့် တိရိစ္ဆာန်ကိုသာ ကိုယ်စားပြုသည် ဟု မြန်မာ့အရေးလေ့လာသူများက သုံးသပ်နေကြပြီဖြစ်သည်။

၂၃ နှစ် အတွင်းမှာ ပါတီဝင် အချင်းချင်း အကွဲ အပြဲ တွေ အကြိမ်ပေါင်းများစွာ ဖြစ်ခဲ့ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက လူကြီးနဲ့ လူငယ် ဆိုပြီး ကွဲလာရာမှ ရွေးကောက်ပွဲ စတင်ချိန်မှာတော့ NDF နဲ့ NLD ဆိုပြီး နှစ်ခြမ်းကွဲခဲ့ရသည်။

အသက်ငယ်သူများဖြစ်တဲ့ ဦးခင်မောင်ဆွေ တို့ ဦးဆောင်တဲ့ NDF က တော့ ခမောက် ကိုပါ မ သွားပြီး ဆက်လက် ရပ်တည်နိုင်ခဲ့ပေမယ့် ဂီလာန အဖိုးကြီး အဖွားကြီးများ သာ ကျန်တော့တဲ့ NLD က တော့ မနက်ဖြန် ပျက်မလား၊ သဘက်ခါ ပျက်မလား စမ်းတဝါးဝါးနဲ့ ကျန်နေခဲ့ရပါတယ်။

NDF က တော့ ၂၀၀၈ အခြေခံဥပဒေကို လက်ခံပြီး ရွေးကောက်ပွဲ ဝင်သွားပါတယ်။ NLD က တော့ လက်မခံဘူး ဆိုပြီး ပေကပ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုတော့ အရင်တုန်းက ပြောခဲ့သမျှကို မေ့ထားပြီး လက်ခံ သလိုလို လုပ်နေပြန်ပါတယ်။

NLD က ခွဲထွက် သွားတဲ့ NDF ကလည်း NLD ရဲ့ သွေးတွေပါတာကြောင့် ထပ်ပြီး နှစ်ခြမ်းကွဲပြန်ပါတယ်။ ပါတီထဲမှာ အချင်းချင်း မတည့်ကာ ခွဲထွက်ခြင်းက NLD ရဲ့ ထုံးစံ လို ဖြစ်နေပါတယ်။ NDF နဲ့ ဦးသိန်းညွန့် ဦးဆောင်နဲ့ ပြည့်သူ့ ဒီမိုကရေစီ ပါတီဆိုပြီး ထပ်မံ နှစ်ခြမ်းကွဲပြန်ပါတယ်။

ဒီနေ့ကတော့ NLD ၂၃ နှစ် ပြည့်ပွဲ လုပ်နိုင်ပြီး နောက်ရက်တွေမှာလည်း NLD နှစ်ခြမ်းကွဲပွဲနဲ့ NDF နှစ်ခြမ်းကွဲပွဲတွေ လုပ်သင့်တယ်လို့ ဝါရင့် နိုင်ငံရေး သမား တစ်ဦးက ပြောပါတယ်။

ပြည်တွင်းက အဖွဲ့တွေသာ အချင်းချင်း ကွဲနေတာ မဟုတ်ပါ။ ပြည်ပက NLD - LA များကလည်း နာမည်ပျက်နေတာ ကြာပြီဖြစ်ပါတယ်။ အထူးသဖြင့် မလေးရှား NLD မှာ အချင်းချင်း ချောက်ထွန်းကာ ထောင်ကျစေတဲ့ ကိစ္စတွေနဲ့ မှတ်ပုံတင် အတုတွေ နဲ့ လုပ်စား ခဲ့တာတွေ ဖြစ်ခဲ့ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း တစ်ဦးတည်းသော အစ်ကိုဖြစ်သူနဲ့ ရန်ဖြစ်ကာ အပြန်အလှန် တရားစွဲနေခဲ့ပါတယ်။ ခေါင်က မလုံတော့ အောက်က အချင်းချင်းအကွဲအပြဲတွေ ဖြစ်နေတာကို မထိန်းနိုင်ခဲ့ပါဘူး။


၂၃ နှစ် ပြည့် အထိမ်းအမှတ်နဲ့ ရွှေဂုံတိုင် ရုံးမှာ ဂီတ ဖျော်ဖြေပွဲများနဲ့ ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။ ဒီနှစ်ထဲမှာ ပဲ ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ရောက်လာပြီးချိန်က စပြီး NLD ရုံးမှာ ပျော်ပွဲရွှင်ပွဲတွေ ဆက်တိုက် လိုလို လုပ်လာဖြစ်ပါတယ်။ ထူးထူးခြားခြားနေ့တွေ ရောက်တိုင်း သီချင်းဆိုပွဲ၊ ကာရာအိုကေ ပွဲ၊ ဈေးရောင်းပွဲ၊ ဓာတ်ပုံပွဲ စတဲ့ ပွဲတွေ ကို အလုပ်ကြီး အကိုင်ကြီး တစ်ခု သဖွယ် လုပ်ဖြစ်နေပါတယ်။ အဲဒီ ပွဲတိုင်းမှာလဲ ဒေါ်အောင်ဆန်းစုကြည်က တက်ရောက် အားပေးနေတတ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီတွင်းက ပျော်ပွဲရွှင်ပွဲတွေကိုပင် တက်လို့အားမရပဲ ဘောလုံးပွဲတွေထိ အားအားယားယား သွားပြီး ထိုင်ကြည့်နေတတ်ပါတယ်။ ဒါပေမယ့် အရေးပါတဲ့ အစည်းအဝေးတွေ ဖိတ်ကြားလျှင်တော့ တက်ဖို့ ငြင်းဆန်တာတို့၊ ခဏ နဲ့ အစည်းအဝေး မပြီးခင် ပြန်လာတာတို့ လုပ်တတ်ပါတယ်။ NLD နဲ့ နည်းစပ်သူ တစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည်က တစ်ခါ တစ်လေ သူငယ်ပြန် တတ်တယ် လို့ပြောပါတယ်။

ဒုတ်ကောက်ကိုယ်စီ တက်ညီလက်ညီ၊

အသက်(၆၀) မပြည့်က မဝင်ရ၊

တောင်ဝှးကိုင်ပြီး နိုင်ငံကို ကာကွယ်မယ်၊

ကမ္ဘာ့အသက်အကြီးဆုံး ပါတီခေါင်းဆောင်များ၊

ပြည်သူအားလုံး ပါရမယ် (ဆံပင်ဖြူသူ၊ သွားမရှိသူ၊ ထိပ်ပြောင်သူ၊ မျက်စိမှုန်သူ၊ နားလေးသူ)၊

ဗာရာနသီပြည်ကို ဗြဟ္မဒတ်မင်းကြီးရဲ့ အုပ်ချုပ်ခဲ့တဲ့ အခြေခံဥပဒေ မူကြမ်းကိုပဲ ထောက်ခံရမယ်၊

ဘာမှမပူနဲ့ အဘိုးတို့ရှိတယ်၊

၁၂ ကို စိတ်ထဲမှာ မှတ် လက် ၁၀ ချောင်းထောင်၊

ဒါတော့ အဘယူလိုက်မယ် ကျန်တာတော့ ကိုယ့်ဘာကို ဝေစုခွဲကြ

ကျယ်ကျယ်ပြော မကြားရဘူး၊

မသေခင် ဝန်ကြီးတစ်နေရာလောက်ရရင် ကျေနပ်ပါပြီ၊

ရှေ့ကနေ ဦးဆောင်ပြီး တကမ္ဘာလုံးကို ကျော်တက်ပြမယ်၊

အကွဲအပြဲများ၊ အဘိုးကြီးအဖွားကြီးများနဲ့ ပျော်ပွဲရွှင်ပွဲတွေ ဆက်တိုက်ကျင်းပရင်း ဒီမိုကရေစီ ပန်းတိုင်ကို စိတ်ပေါက်မှ လိပ်လောက် ချီတက်နေတဲ့ NLD ၂၃ နှစ်ပြည့် နှစ်ပတ်လည်အား ME Group မှ ဤပို့စ်ဖြင့် ဂုဏ်ပြုပါ၏။

သူခိုးက လူပြန်ဟစ်နေတဲ့ BHG အတွက် (ပေးစာ - ၂၈)

BHG အဖွဲ့က ပေါ်လာတုန်းက " မြန်မာနိုင်ငံတွင် အင်တာနက်လွတ်လပ်ခွင့်ရရှိရေးနှင့် နည်းပညာထောက်ပံ့ရေး" ဆိုပြီး အော်ခဲ့တယ်။ အခု အဖွဲ့ပျက်တော့လည်း "ယခုအခါတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီခေတ်သို့ ကူးပြောင်းနေခြင်းကြောင့် လည်းကောင်း၊ ပိတ်ဆို့ထားသည့် အင်တာနက်စာမျက်နှာများကို ပြန်လည် ဖွင့်ပေးခြင်းကြောင့်လည်းကောင်း၊ အင်တာနက်လိုင်းများ မြန်နှုန်းမြင့်လာစေရန် အရင်းအနှီးများစွာမြုပ်နှံ၍ လုပ်ဆောင်နေခြင်းတို့ကြောင့် လည်းကောင်း စသည်တို့ကြောင့် BHG-Blink Hacker Group အား ဖျက်သိမ်းတော့မည်ဖြစ်ပါသည် " ဆိုပြီး အရှက်ပြေ အော်ပြန်တယ်။

နို့.. နေပါအုံး.. ငါ တစ်ခုလောက် မေးချင်လို့ ။ အရင်တုန်းက မြန်မာ နိုင်ငံတွင် အင်တာနက် လွတ်လပ်ခွင့် ရရှိဖို့ လုပ်တယ်ဆိုရင် ဘာလို့ အင်တာနက်ပေါ်မှာ မြန်မာနိုင်ငံသားတွေ လွတ်လွတ်လပ်လပ် လုပ်ထားတဲ့ APYTZ တို့ ရတနာပုံ FC တို့ WYTU တို့ကို လိုက်ပြီး ဖျက်ဆီး နှောက်ယှက်ရတာတုန်း...။ နည်းပညာ ထောက်ပံ့ရေး ရည်ရွယ်ချက် ဆိုရင် ဘာတွေများ နည်းပညာထောက်ပံ့ခဲ့ဖူးလို့တုန်း...။ တကယ် နည်းပညာ ထောက်ပံ့နေတဲ့ ကိုညီနေမင်း ရဲ့ ဆိုက်ကိုတောင် ဖျက်ဆီးခဲ့တာ မဟုတ်ဘူးလား...။ ဒီတော့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့သမျှက လူပြောပြောပြီး ခွေးလုပ်လုပ်နေသလိုဖြစ်မနေဘူးလား...။

နောက်ထပ် ရှိပါသေးတယ်.. "ယခုအခါတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီခေတ်သို့ ကူးပြောင်းနေခြင်းကြောင့် လည်းကောင်း၊ ပိတ်ဆို့ထားသည့် အင်တာနက်စာမျက်နှာများကို ပြန်လည် ဖွင့်ပေးခြင်းကြောင့်လည်းကောင်း၊ အင်တာနက်လိုင်းများ မြန်နှုန်းမြင့်လာစေရန် အရင်းအနှီးများစွာမြုပ်နှံ၍ လုပ်ဆောင်နေခြင်းတို့ကြောင့် လည်းကောင်း စသည်တို့ကြောင့် BHG-Blink Hacker Group အား ဖျက်သိမ်းတော့မည်ဖြစ်ပါသည် " လို့ပြောရအောင် မြန်မာနိုင်ငံ ဒီမိုကရေစီ ခေတ် ကို ကူးပြောင်းတာ BHG လုပ်ခဲ့လို့ မဟုတ်ဘူးနော်... BHG ကို ကြောက်လို့လည်း မဟုတ်ဘူး။ BHG ကို အစိုးရက ေ-ာက္ဂရုမစိုက္ဘူး။ ဘာလို့လည်း ဆိုတော့ အစိုးရ မီဒီယာ ဆိုက်တွေကို တစ်ခုမှ မှ မဟက်နိုင်တာလေ..။

ပိတ်ဆို့ထားတဲ့ အင်တာနက် စာမျက်နှာကို ပြန်ဖွင့်တာကလည်း BHG ကို ကြောက်လို့ မဟုတ်ဘူး။ အင်တာနက်လိုင်းများ မြန်နှုန်းမြင့်လာစေရန် အရင်းအနှီးများစွာမြုပ်နှံတာလည်း အတူတူပဲ..။ BHG က ဟက်တယ်ဆိုတာ သူတို့ ဆီက ဒိုမိန်းဝယ်ထားတဲ့လူတွေကိုပဲ ဟက်တာလေ။ အခု ကုန်ပြီလေ.. ဘယ်လိုလုပ် ဟက်နိုင်အုံးမှာလဲ။

အပြောလေးတော့လျှော့ရမယ်လေ.. သူများကို ယုတ်မာတယ် ပြောပြီး ကိုယ်လုပ်နေတာတွေက အောက်တန်းကျနေရင်တော့ မဖြစ်သေးဘူး။

ငါမေးပါအုံးမယ် အိမ်လွမ်းသူ ဖိုရမ်၊ အဖြူရောင်သံဇဉ် ရေဒီယို၊ ဧဒင်ဥယာဉ် နဲ့ ရတနာပုံ FC တို့ကို မင်းတို့ ဖျက်ဆီးတာ အင်တာနက် လွတ်လပ်ခွင့်အတွက်လား..။ ဒီမိုကရေစီ ကူးပြောင်းဖို့လား ကွ...။ ဟေ....။ အဲဒီ ဖိုရမ်တွေက သာမန် မြန်မာ လူငယ်တွေ လုပ်ထားတာကွ။ ဘာနိုင်ငံရေး အကြောင်းမှလည်း မပါဘူး။ ဘယ်အစိုးရနဲ့မှလည်း အဆက်အသွယ်မရှိဘူး။ မင်းတို့ရည်ရွယ်ချက်က ဘာတုန်း..။ မင်းတို့လုပ်ရက်ကေ-ာက်ဆင့် လုံးဝ မရှိဘူး။

ဧဒင် ဥယာဉ်မှာ နိုင်ငံရေးနဲ့ ဆိုင်တာ တစ်ခါ တစ်လေ ပါတတ်တယ်။ အဲ့ဒါကလည်း အမေဆု လွတ်တုန်းကနဲ့ အမေဆု မိန့်ခွန်းတွေ၊ ခရီးစဉ်တွေ လောက်ပဲ။ ဒါကို မင်းတို့က ဘာအကြောင်းပြချက်နဲ့ ဖျက်ဆီးရတာလဲ...။ မင်းတို့ ပါးစပ်ကေ-ာက်ကြီးေ-ာက်ကျယ် ပြောတဲ့ အင်တာနက် လွတ်လပ်ခွဲ့နဲ့ ဒီမိုကရေစီ ကူးပြောင်းရေး အတွက်လား။








ဒါဆိုရင် ဘာလို့ အစိုးရ မီဒီယာ ဆိုက်တွေ သွားမဟက်ကြတာလဲ။ မြန်မာ့အလင်းတို့ ၊ ကြေးမုံတို့၊ mmtv3 တို့ ဟက်ကြပါလား။ မြန်မာ့ အသံ ရေဒီယိုကို ဟက်ပါလား။ ဘာလို့ အဖြူရောင် သံစဉ်ကို မဆီမဆိုင် ဟက်ရတာလဲ...။

ပြီးတော့ ပြောသေးတယ် နည်းပညာ ထောက်ပံ့ရေး၊ နည်းပညာ အကူအညီ တဲ့။ မင်းတို့ က ဘာများ နည်းပညာ အကူအညီ ပေးခဲ့ဖူးတာ ရှိလဲ...။ ဘာနည်းပညာများ ထောက်ပံ့ခဲ့တာ ရှိလဲ...။ နည်းပညာ ထောက်ပံ့နေတဲ့ ကိုညီနေမင်း၊ IT mg mg ၊ Chindwin Teach ၊ နဲ့ Myanmar Engineer ဖိုရမ်တွေ ဆိုက်တွေကို ဖျက်ဆီးတာ မင်းတို့ ပြောတဲ့ နည်းပညာ အကူ အညီအတွက်လား...။ ပြောစမ်းပါအုံး။ အဲ့ဒီ မင်း ပထွေး တွေက မင်းတို့ တွေ မပေါ်ခင် ပဝေ သဏီ ကတည်းက အင်တာနက်ပေါ်မှာ နည်းပညာတွေ ဖြန့်ပေးနေခဲ့တာကွ...။ မင်းတို့က နည်းပညာ ထောက်ပံ့ရေး၊ ကူညီရေး ဆိုပြီး အကြောင်းပြချက်နဲ့ ဖျက်ဆီးတယ်ပေါ့ ဟုတ်လား...။ မင်းတို့မို့ မရှက်တယ်ကွာ...။








သူ့ဘာသူနေတဲ့ GTI ကျောင်းသားတွေ စုပြီးလုပ်ထားတဲ့ ဆိုက်တွေနဲ့ ဆေးကျောင်းသားတွေ စုပြီး လုပ်ထားတဲ့ ဆိုက်တွေကရော ဘာအကြောင်းပြချက်နဲ့ ဖျက် ရတာတုန်း။ အင်တာနက် လွတ်လပ်စွာ သုံးခွင့် အကြောင်းပြချက်လား။ ဒီမိုကရေစီ အတွက်လား။ အဲဒီ ဖိုရမ်တွေက အစိုးရက လုပ်ထားတာ တစ်ခုမှ မပါဘူး ဟေ့။







ထမိန်ခြုံပြီး ဖျက်ဆီးပြတာ သူရဲကောင်း မဟုတ်ဘူး။ သတ္တိရှိတယ် မခေါ်ဘူး။ မင်းတို့ က သူများကို ယုတ်မာတယ် ပြောတယ်။ မင်းတို့ လုပ်ရက်တွေက ပြည်သူတွေ အတွက် ရပ်တည်ပြီး၊ ပြည်သူ ကောင်းကျိုးပြုတယ် ဆိုရင် မင်းတို့ ဘယ်သူတွေ ၊ ဘယ်ဝါတွေ ဖြစ်တယ် ဆိုတာ မင်းတို့ ဖော်ပြရဲလား။

အေး။ ထမိန်ခြုံပြီး လက်နက်ပုန်းသုံးတာတော့ လူတိုင်း လုပ်တတ်တယ်ကွ။ မင်းတို့ အဖွဲ့ကို ငါတို့ မန္တလေး သားတွေက တော့ တွေ့ရာ သချိုင်း ဓားမဆိုင်းပဲ။ မင်းတို့ ဖျက်ဆီးထား တဲ့ ငါတို့ ပြည်သူတွေ အင်တာနက် ပေါ်မှာ လွတ်လွတ်လပ်လပ် တည်ထောက်ထားတဲ့ ဖိုရမ်တွေ နဲ့ နည်းပညာ ဆိုက်တွေ အတွက် ပြန်တောင်း ပန်ရင် တောင်းပန်။ မတောင်းပန်ရင်တော့ မင်းတို့ ဘယ်သူတွေလဲ ဆိုတာ မပေါ်အောင် တစ်သက်လုံး ခိုးကြောင်ခိုးဝှက် သာနေတော့။

အခု မင်းတို့ မိုက်ပစ် မင်းတို့ ပြန်ခံရတာပဲ။ မင်းတို့ အဖွဲ့ ပျက်တာ အင်တာနက် ပေါ်မှာ လွတ်လွတ်လပ်လပ် သုံးချင်တဲ့ မြန်မာတွေ အားလုံး အတွက် သတင်းကောင်းပဲ။ ဒါပေမယ့် ထပ်ပြီး သတိပေးလိုက်မယ် မန္တလေး လာရင်တော့ မင်းတို့ကိုယ် မင်းတို့ BHG က ပါ ဆိုတာ ယောင်လို့တောင် ပါးစပ်က မထွက်လိုက်နဲ့။

မန္တလာသား

အခြား အကြောင်းအရာများ http://myanmarexpress.blogspot.com/search/label/BHG%20%E1%80%80%E1%80%AD%E1%80%AF%20%E1%80%9C%E1%80%B0%E1%80%A1%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%99%E1%80%B1%E1%80%80%E1%80%BA%E1%80%99%E1%80%94%E1%80%95%E1%80%B9%20%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%B1%E1%80%94%E1%81%BE%E1%80%80


Myanmar Express

ဇတ်သိမ်းမကောင်းတဲ့ BHG ( ပေးစာ - ၂၇ )

BHG ခေါ် blink hacker group ကို နိုင်ငံ့အကျိုးပြု ဆိုက်တွေ၊ နိုင်ငံသားတွေ တည်ထောင်ထားတဲ့ ဘယ်သူ့ကိုမှ ပြဿနာမရှာတဲ့ ဆိုက် တွေကို ဖျက်ဆီး နှောက်ယှက်မှုကြောင့် http://www.blinkhackergroup.net ကို ကျွန်တော်တို့ ထိန်းသိမ်းထားလိုက်ပါပြီ။

BHG, Blink Hacker Group အနေဖြင့် မြန်မာနိုင်ငံတွင် အင်တာနက်လွတ်လပ်ခွင့်ရရှိရေးနှင့် နည်းပညာထောက်ပံ့ရေး ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာ အင်တာနက် စာမျက်နှာတွေကို ဖျက်ဆီးခဲ့ပါတယ်။ နည်းပညာညာ ထောက်ပံ့ရေး လို့ပြောပြီး တစ်ခါတုန်းက ညီနေမင်း ရဲ့ နည်းပညာ ဆိုက် ကိုတောင် ဖျက်ဆီးခဲ့ဖူးတာ အားလုံး အသိဖြစ်ပါတယ်။
အဲဆိုဒ်မှာ နည်းပညာနဲ့ပတ်သက်တာတွေ တော်တော်များများတင်ထားပါတယ်။ softwareတွေလဲစုံပါတယ်။ မိမိလိုချင်တဲ့ software ဒါမှမဟုတ် နားမလည်တာရှိရင်လဲ အချိန်မရွေးမေးလို့ရတဲ့ ဆိုဒ်ပါ။ ကိုညီနေမင်းက သူတတ်ထားတဲ့ပညာတွေကို မြန်မာလူငယ်တွေ နည်းပညာတိုးတက်စေချင်တဲ့ စေတနာတစ်ခုထဲနဲ့ အချိန်ကုန်၊ လူပင်ပန်းခံပြီး ထောင်ထားတဲ့ဆိုဒ်ပါ။ ဒီဆိုဒ်ကို Blink Hucker Group မှ ဖျက်ဆီးခဲ့ဖူးပါတယ်။

ညီနေမင်း ဆိုက် ကို ဖျက်ဆီးစဉ်က

အစိုးရကို မကျေနပ်လို့ စာမျက်နှာတွေကို ဖျက်ဆီးတယ် ပြောပေမယ့်.. BHG ဖျက်ဆီးလိုက်တဲ့ စာမျက်နှာထဲမှာ အစိုးရ ရဲ့ မီဒီယာ စာမျက်နှာတွေ တစ်ခုမှ မပါပဲ သာမန် မြန်မာ လူငယ်များ ရဲ့ သတင်းနဲ့ နည်းပညာ ဖလှယ်နေတဲ့ စာမျက်နှာတွေပဲ ဖြစ်နေတာတွေ့ရပါတယ်။
Blink hacker Group က မြန်မာပြည်တွင်းပြည်ပ Website တွေကို လိုက် Hack နေတာကို တွေ့ရပါတယ်။

ဒါ့အပြင် BHG က ညမင်းသား ဆိုတဲ့ 18+ ဆိုက် ဆီမှာ admin ဖြစ်ဖို့နဲ့ မိန်းခလေး ရဖို့ စကားများကြရင်း ညမင်းသား forum ကိုလည်း ဖျက်ဆီး ပြန်ပါတယ်။ ညမင်းသားက အကျိုးအကြောင်း အားလုံးကို ထုတ်ဖော် ပြောကြားချိန်မှာ BHG ရဲ့ အောက်တန်းကျမှုကို လူအများ သတိထားမိကုန်ကြပါတော့တယ်။

ညမင်းသား ဆိုက် ကို ဖျက်ဆီးစဉ်က

ကျွန်တော်တို့အနေနဲ့ BHG ကို အတိုင်းအတာ တစ်ခုအထိ အခွင့်အရေးပေးပြီး စောင့်ကြည့်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဘယ်ပြည်သူ တစ်ယောက်အတွက်မှ အကျိုးမပြုတဲ့အပြင် ပြည်သူအများ စိတ်အနှောက်အယှက်ဖြစ်စေတာကြောင့် BHG မှ account အချို့နဲ့ http://www.blinkhackergroup.net မထိန်းသိမ်းချင်ပဲ ထိန်းသိမ်းထားလိုက်ရခြင်းဖြစ်ပါတယ်။

BHG ကြောင့် စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတဲ့ မြန်မာ အင်တာနက် အသုံးပြုသူ အားလုံး ပျော်ရွှင်ချမ်းမြေ့ စွာဖြင့် ငြိမ်းငြိမ်းချမ်းချမ်း သုံးနိုင်ကြပါပြီ။

BHG အဖွဲ့ဝင်များအနေနဲ့လည်း ကျွန်တော် တို့ကတော့ ကြေငြာထားတဲ့အတိုင်း ဆက်လုပ်မှာ ဖြစ်ပါကြောင်း နဲ့ နောက်ထပ် ဖျက်လို့ဖျက်ဆီး လုပ်ချင်တဲ့ Hacker များကိုလည်း BHG ရဲ့ လမ်းစဉ်အတိုင်း လိုက်ရမည် ဖြစ်ကြောင်း တစ်ဆက်တည်း အသိပေးလိုက်ပါတယ်။

R Hackers
အခြား အကြောင်းအရာများ http://myanmarexpress.blogspot.com/search/label/BHG%20%E1%80%80%E1%80%AD%E1%80%AF%20%E1%80%9C%E1%80%B0%E1%80%A1%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%99%E1%80%B1%E1%80%80%E1%80%BA%E1%80%99%E1%80%94%E1%80%95%E1%80%B9%20%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%B1%E1%80%94%E1%81%BE%E1%80%80


Myanmar Express

ကိုယ့်အကျိုးဆောင် အများအကျိုးရှောင်


ဒီနှစ်ပိုင်းအတွင်းမှာ ဆရာဝန်တွေကို အပြစ်တင်တဲ့ သတင်းတွေ တော်တော်များများထွက်လာခဲ့ပါတယ်။ အထူးသဖြင့် ပြည်ပရောက် မြန်မာတွေ ဆီက များပါတယ်။ ပြည်တွင်းက အထူးကုကြီးတွေ၊ ဆေးရုံတွေက ပါရဂူတွေ အပါအဝင် ဆရာဝန် တော်တော်များများကို ဝေဖန် အပြစ်တင်ခဲ့ကြပါတယ်။ ဒါ့အပြင် ဆရာဝန်များသာမက ဆေးရုံများကိုပါ အပြစ်တင်ကြပါတယ်။ အပြစ်တင်တဲ့လူတွေထဲမှာတော့ ဘာမှမဟုတ်တဲ့ လမ်းဘေးက ကောင်တွေ များပါတယ်။ တကယ်တော့ ဆရာဝန်ဆိုတာ လူတွေကို ကူညီ ကယ်ဆယ်သူတွေဖြစ်ပြီး၊ ဆေးရုံဆိုတာ လူနာတွေကို ကူညီတဲ့ အဆောက်အအုံတွေပါ။

ဆရာဝန် တစ်ယောက် ဖြစ်ဖို့ မလွယ်တာကြောင့် ကိုယ်တိုင် ဆရာဝန် ဖြစ်အောင် မလုပ်နိုင်ပေမယ့် နိုင်ငံ့ဝန်ထမ်း ဆရာဝန်ကြီးတွေကိုတော့ လွယ်ကူစွာ အပြစ်တင်ကြတာ စိတ်ပျက်စရာပါ။ ဒါပေမယ့်လည်း အဲဒီ အပြစ်ပြောသူတွေအနေနဲ့ အခုချိန်မှာ စွံ့အ သွားစေတာတစ်ခုကတော့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၊ ဒုက္ခသည်များကို အခကြေးငွေနဲ့ ဆေးကုနေတဲ့ နယ်စည်းမခြား ဆရာဝန်များအသင်း (MSF) က ဆရာဝန် အားလုံး နီးပါးက ထိုင်းနိုင်ငံအတွင်းမှ ၎င်းတို့ရဲ့ မြန်မာလူမျိုးတွေကို ဆေးကုပေးတဲ့ အလုပ်တွေကို ယခုလကုန် ပိုင်းမှ စပြီး ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသ၊ စံခလဘူရီမြို့ရှိ MSF ရုံးခွဲကို ဇွန်လတွင် ပိတ်ခဲ့ပြီးဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအချင်းချင်းကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများအားလုံးကိုလည်း ရပ်စဲ လိုက်ပြီ ဖြစ်ပါတယ်။

MSF အဖွဲ့မှာ ဒုစရိုက်မှုတွေ များတဲ့ ဒုက္ခသည် စခန်းမှ မြန်မာတွေကို အမြဲလိုလို ဆေးဝါး အကူအညီ ပေးခဲ့ရပါတယ်။ ဒါ့အပြင် အကျင့်စာရိတ္တပျက်ပြားသူတွေ ဒုက္ခသည်စခန်းများ အများအပြားရှိတာကြောင့် AIDS ဝေဒနာရှင်တွေကိုလည်း အခမဲ့ ကုသပေးခဲ့ကြရပါသေးတယ်။ ခုတော့ ဒုက္ခရောက်နေတဲ့ မြန်မာတွေကို ထားခဲ့ပြီး ကိုယ်လွတ်ရုန်းကာ ဂျပန်နိုင်ငံကို ကိုယ်ကျိုးအတွက် ထွက်ခွာကြတော့မှာ ဖြစ်ပါတယ်။

MSF ထွက်သွားလျှင် ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားများအတွက် ဆေးဝါးကုသမှု အခက်အခဲများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း လုပ်ဖော်ကိုင်ဘက် အဖွဲ့များအပါအ၀င် ရွှေ့ပြောင်းမြန်မာအလုပ်သမားများက ပြောကြပါတယ်။

ဆရာဝန် တွေလုပ်ပြီး လူနာတွေကို ပစ်ထားကာ ကိုယ်လွတ် ရုန်းခြင်းအတွက် ရှုံ့ချသူတွေလည်း ရှိပါတယ်။ ဒုက္ခသည်စခန်းမှ အမည်မဖော်လိုသူ တစ်ဦးက "ဆရာဝန်ဆိုတာ လူနာကို ကူညီဖို့ပါ.. ကိုယ့်ရှေ့မှာ ကိုယ့်နိုင်ငံသား လူနာတွေ ရှိနေတာကိုတောင်မှ မမြင်ချင်ဟန်ဆောင်ပြီး သူများနိုင်ငံမှာ ကိုယ့်အကျိုးအတွက် ဒီလူတွေကို ဥပက္ခာပြုတာတော့ ရှုံ့ချတယ်ဗျာ... " လို့ ပြောပါတယ်။

ဒါ့အပြင် အရင်တုန်းကလည်း ဆရာဝန် အဆင့်မဟုတ်သေးတဲ့ ဆေးကုသူတွေ အများအပြား ကိုယ်လွတ်ရုန်းသွားဖူးကြောင်းလည်း သူက အခုလို ဆက်ပြောပါတယ်။ "ဒါနဲ့ ဆို ခဏခဏ ရှိနေပြီဗျ.. အရင်တုန်းကလည်း ဆရာမ မငယ်နိုင် တို့လည်း အဲ့လိုပဲ... မြန်မာနိုင်ငံသား လူနာတွေကို ပစ်ပြီး သြော်ဇီက လူနာတွေကို ခု ဆေးသွားကုနေတယ်လေ.. စဉ်းစားကြည့်လေဗျာ.. သြောစတြေးလျနိုင်ငံမှာ သူတို့ထက် အရည်ချင်းရှိတဲ့ ဆရာဝန်တွေ ရိုက်သက်လို့ မကုန်ဘူး.. တကယ်လိုနေတာက နယ်ဆက်က မြန်မာတွေ ပါဗျာ... သူတို့တွေက အတ္တအရမ်းကြီးကြတယ်.. မြန်မာလူမျိုးကို ပါးစပ်ကပဲချစ်ကြတယ်၊ မြန်မာနိုင်ငံကို ပါးစပ်ကပဲ ချစ်ကြတာ.. တကယ်တမ်းကျတော့ ကိုယ့်ဘဝ နေကောင်း စားကောင်းဖို့အတွက် မြန်မာလူမျိုးတွေကိုရော၊ မြန်မာနိုင်ငံကိုရော စွန့်ခွာဖို့ ဝန်မလေးကြဘူး" လို့ သူက ဆက်ပြောပါတယ်။

အရင်တုန်းက ဒုက္ခသည်စခန်းက မြန်မာတွေကို ဆေးကုခဲ့ပြီး အခုတော့ ကိုယ်လွတ်ရုန်းက အော်ဇီနိုင်ငံသားတွေကို ဆေးကုနေတဲ့ ငယ်နိုင်

ဘုရားသုံးဆူမြို့တွင် မြန်မာအလုပ်သမား ၅၀၀၀ ခန့် ရှိပြီး အများစုမှာ MSF က အခမဲ့ထောက်ပံ့သည့် ဆေးဝါးနှင့် ကျန်းမာရေးကုသမှုကို ခံယူကြသူများဖြစ်ပါတယ်။ မနှစ်ကလည်း ဂျပန်နိုင်ငံကို မယ်လ ဒုက္ခသည်စခန်းမှ ၂၇ ဦး ထွက်ခွာသွားပြီး အခုလည်း နောက်တစ်သုတ် ထွက်ခွာသွားကြတာ ဖြစ်ပါတယ်။

မြန်မာအများစုက ဒုက္ခသည် အယောင်ဆောင်ပြီး ဂျပန်၊ အမေရိကန်၊ သြောစတြေးလျနဲ့ နော်ဝေတို့ကို ထွက်ဖို့ အမြဲ ကျိုးစားနေပြီး အမှန်တကယ် ဒုက္ခသည်က အရမ်းနည်းတယ်လို့ သိရပါတယ်။


Myanmar Express

ဒေါ်အောင်ဆန်းစုကြည် နှင့် NLD အင်တာနက် သုံးပြီ


NLD က အဖိုးကြီး အဖွားကြီးများ အင်တာနက် သုံး


skype မှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွေးနွေးချက် အားလုံး ကျောခိုင်း

ခွေးဖြစ်မယ့်တိုင်းပြည်

အစိုးရလုပ်သမျှကန့်ကွက်မယ် ၊ ဖျက်လိုဖျက်ဆီးလုပ်မယ် ၊ တားမယ်၊ဆီးမယ် အစိုးရကဆက်လုပ်လို့ မှားသွားရင် ငါတို့အစောကြီးထဲကပြောသားပဲလို့ပြောမယ် ၊ မှန်သွားရင် ငြိမ်နေ လိုက်မယ် ဒီအချိုးမျိုးကလူတိုင်းချိုးတတ်တယ်။

နေစမ်းပါဦး...မီးမလာတုန်းကလဲခင်ဗျားတို့ပဲအမျိုးမျိုး ပြောခဲ့ကြတာလေ...ဘာတဲ့
- အစိုးရမှာလုံးဝတာဝန်ရှိတယ် ။ ဒေသတွင်းနိုင်ငံများနှင့်စာလျှင် အလွန်နည်းနေတယ်

- မီးမလာလို့ မီးစက်တွေသုံးရ လို့စက်သုံးဆီကုန်တယ်၊ နားညီးတယ်၊ လေထု ညစ်ညမ်းတယ်

- မီးခွက် ဖယောင်းတိုင်တွေသုံးရလို့ မီးဘေးအန္တရယ် စိုးရိမ်ရတယ်

- ခလေးတွေ စာကောင်းကောင်းမကျက်ရ လို့ပညာရေး အတွက်ရင်လေးရတယ်

- ကုန်ထုတ်လုပ်ရာမှာ မီးစက်တွေသုံးရ လို့ထုတ်လုပ်မှုစရိတ် ကြီးပြီးကုန်ဈေးနှုံးတွေတက်မယ်

- မှောင်နေလို့ ဒုစရိုက်မှု များပိုလာမယ် ဆိုတာတွေလေ....မှတ်မိကြသေးလား
ဒီတော့အစိုးရက အော်..ပြည်သူတွေတော့လျှပ်စစ်မီးတကယ်လိုနေပါလားဆိုပြီး ကမ္ဘာမှာအသုံးများနေတဲ့ ညူကလီယားကထုတ်မယ်ဆိုတော့လဲ အကြောင်းအမျိုးမျိုးပြပြီး ကန့်ကွက်တယ် ဒီတုန်းကလဲ ကန့်ကွက်တဲ့သူတွေ ပြန်ကြည့် ဒီလူတွေပဲ နောက်ဆုံး အစိုးရကအလျော့ပေးလိုက် ရတယ်...ခင်ဗျားတို့အော်ခဲ့တာတွေ မေ့ချင်ယောင်ဆောင်မနေနဲ့ ကျုပ်ပြန်ပြောပြမယ်

- ဒါစစ် အစိုးရ အာဏာ တည်မြဲအောင်လုပ်နေတာ

- လျှပ်စစ်ထုတ်တာ ဘန်းပြပြီး လက်နက်ထုတ်မလို့နေမှာ

- မလုပ်တတ် မကိုင်တတ်နဲ့ ဓါတ်ငွေ့တွေ ယိုစိမ့်လာရင် လူထု ဒုက္ခရောက်မှာ

- ဒီလိုနည်းနဲ့လင်းမဲ့ အစား အမှောင်ထဲမှာသာနေလိုက်ချင်တော့တာပဲ

- ရုရှားကိုလဲ ပညာတော်သင်တွေ လွှတ်နေတယ်တဲ့ သေချာပါတယ်..ဒါလက်နက်လုပ်တော့မှာ...

- ဒီလိုသာ လက်နက်တွေထုတ်မယ်ဆိုရင် ဒါ.. နိုင်ငံတကာ ဥပဒေတွေကို ချိုးဖေါက်တာပဲ
- ဒေသတွင်းငြိမ်းချမ်းရေး ကိုထိခိုက်မယ်.... ဆိုတာတွေလေ..အတိတ်မေ့ကုန်ကြပြီလား......


ဒီတော့အစိုးရလုပ်တဲ့သူက ရေအားကနေထုတ်တယ် ရေအားက ထုတ်ရင်တော့ ရေအရင်းအမြစ်တွေမှာ ဆည်တွေဆောက်ရ မှာပဲမဟုတ်ဘူးလား..ဒါဆိုရင် ဒီမြစ်ဆုံရဲ့တရားခံဟာ ခင်ဗျားတို့ပဲမဟုတ်ဘူးလား.. ဘာလို့ အစိုးရကိုလက်ညှိုးထိုးချင်နေရတာလဲ ဘာအခုမှ ဧရာဝတီကိုကယ်တင်ပါတွေ ဧရာဝတီကဖျားတာတွေ ၊ ငိုတာတွေလာလုပ်နေတာလဲ

အလုပ်လုပ်နေတဲ့သူတွေကို ဘာမှမလုပ်တဲ့သူတွေ က အမျိုးမျိုးဝိုင်းကန့်ကွက်နေတဲ့တိုင်းပြည်မှ မဆင်းရဲရင် ဘယ်တိုင်းပြည်ဆင်းရဲမလဲ...ဒီတိုင်းပြည်မျိုးဒုက္ခမရောက်ရင် ဘယ်တိုင်းပြည်ဒုက္ခရောက်မလဲ မြန်မာမြန်မာ ချင်း မစည်းလုံးသ၍ ဘယ်အစိုးရတက်တက် ခွေးဖြစ်နေဦးမှာပဲ....


ဒေါက်တာဆိတ်ဖွား
http://doctorsatephwar.blogspot.com/2011/09/blog-post_6846.html#more


Myanmar Express

ကုလသမ္မဂ္ဂ မှာ အီရန်သမ္မတ ပြောတဲ့ မိန့်ခွန်း

အီရန်သမ္မတ မာမွတ်ဒ် အမာဒနီဂျက်ဒ် (Mahmoud Ahmadinejad) ဟာ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ ကြာသပတေးနေ့က မိန့်ခွန်း ပြောကြားခဲ့ပါတယ်

မာမွတ်ဒ် အမာဒနီဂျက်ဒ် ဟာ အခု လက်ရှိ ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အင်အားကြီးတဲ့ နိုင်ငံတွေ ဖြစ်တဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ထင်ရာစိုင်းနေကြပုံကို လူပုံအလည်မှာ ချပြခဲ့ပါတယ်။ မာမွတ်ဒ် အမာဒနီဂျက်ဒ် ပြောကြားနေတုန်းမှာပဲ အမေရိကန်နဲ့ ပြင်သစ် အပါအ၀င် တခြား အနောက် နိုင်ငံ အချို့က ကိုယ်စားလှယ်တွေအားလုံး နီးပါး အိဒြေ္တွရရ မထိုင်နိုင်ကြတော့ပဲ အစည်းဝေးခန်းထဲကနေ ထွက်ပြေးကြရပါတယ်။


အီရန်သမ္မတ မာမွတ်ဒ် အမာဒနီဂျက်ဒ် ဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စစ်ပွဲတွေနဲ့ ရန်စနေသလို ကမ္ဘာတ၀န်း စိတ်ဝမ်းကွဲပြားရေး ဖြစ်အောင် လုပ်ဆောင်ပြီး အကြွင်းမဲ့ အာဏာရှင်စနစ်ကို ကျင့်သုံးနေတယ် ထုတ်ဖော် ပြောကြားသွားပါတယ်။

ဒါ့အပြင် အနောက်နိုင်ငံတွေရဲ့ အထက်စီးဆန်တဲ့ အာဏာတွေကြောင့် ကမ္ဘာတလွှား စီးပွားရေးကပ် ဆိုက်ခဲ့ရသလို လူမှုရေး မညီမျှမှုတွေပါ ပေါ်ပေါက်လာခဲ့တယ်လို့လည်း အပြစ်တင်ခဲ့ပါတယ်။

မစ္စတာ အမာဒနီဂျက်ဒ်ဟာ အရင် ကုလသမဂ္ဂ ညီလာခံတွေမှာ သူပြောကြားခဲ့ဖူးသလိုပဲ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးကို အနောက်တိုင်း ၀င်ရိုးတန်း နိုင်ငံတွေရဲ့ အာဏာစက်အောက်ကနေ ရုန်းထွက်ပြီး အသစ်ပြန်လည် ဖွဲ့စည်းဖို့ပါ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံမှာ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ အကြမ်းဖက် အတိုက်ခိုက်ခံခဲ့ရတာကို အသုံးချပြီး အနောက်အင်အားကြီး နိုင်ငံတွေက အီရတ်နဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေကို ၀င်ရောက် တိုက်ခိုက်တယ်လို့လည်း ကန့်ကွက်ခဲ့ပါတယ်။



မာမွတ်ဒ် အမာဒနီဂျက်ဒ် ရဲ့ မိန့်ခွန်းကို ကုလသမ္မဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၀၀ ကျော် က အားပေး ထောက်ခံ



Myanmar Express

ဧရာဝတီကို ကယ်တင်ကြမတဲ့လား .......... (ပေးစာ - ၂၆)

အခုတလော လူခ ကြားကြားနေတယ်..... ဧရာဝတီကိုစတေးတော့မယ်တဲ့...
တစ်ချို့တွေကလည်း .. ဧရာဝတီတော်လှန်ရေးလုပ်မယ်တဲ့....
တစ်ချို့တွေကလည်း...၀န်ကြီးဇော်မင်းကို ဆဲကြတယ်......
တစ်ချို့တွေကတော့...နိုင်ငံရေးဝင်ပြောကြတယ်....
တစ်ချိုကတွေကလည်း..အမေစုကို တ ကြတယ်.....
တစ်ချို့တွေကလည်း ...သံရုံးရှေ့မှာ ဆန္ဒပြကြမတဲ့....
.....အဲဒီအသံတွေကို လူခ အများကြီးကြားနေရတယ်....
ဧရာဝတီအတွက် လူခ ၀မ်းနည်းတယ်.........................
ဘယ်လိုကယ်တင်ကြမလဲ??????????????????

ဒါတွေထားလိုက်ပါတော့......
ကဲ...............
ကျွန်တော်တို့ ဧရာဝတီကို ဘယ်လိုကယ်တင်ကြမလဲ........???
ဒီလို mail ထဲမှာ လျှောက်ပြောပြီးတော့ ကယ်တင်မှာလား ...?????
Save The Ayeyarwaddy.... ဆိုတဲ့ တီရှပ်တွေ ၀တ်ပြီး ကယ်တင်မှာလား....??????
Custom message မှာ ဧရာဝတီက ဖယောင်းတိုင်မဟုတ်ဘူးဟေ့ ဆိုပြီးရေးထားရုံနဲ့ကယ်တင်နိုင်မှာလား....????????????

ကဲ....လျှောက်ပြောနေတာလဲများပြီ....
လူခပြောချင်တာကတော့.............
ဧရာဝတီကို ကယ်တင်ချင်ရင် ... Mail ထဲမှာ တောင်တစ်လုံးမြောက်တစ်လုံး လျှောက်ပြောမနေနဲ့......
တီရှပ်လည်းဝတ်မနေနဲ့.. ( တီရှပ်စက်ရုံပိုင်ရှင်တွေက လုပ်စားတာ.. လျှောက်မလုပ်နဲ့ မြင်းလုံးနဲ့လှိမ့်နေဦးမယ်..)
ရေဒီယိုကနေလည်း စကားတွေလျှောက်ပြောပြီးဖွမနေကြနဲ့တော့... ( ဖွလို့ဖြစ်ကြရင်လည်း သူတို့မသေဘူး... ဒီကလူတွေပဲသေတာ...)
သူများဖွလို့လည်း လိုက်မယောင်ကြနဲ့..ကိုယ်ပဲသေမှာနော်..
ကိုယ့်အလုပ်ကိုယ်လုပ် ... ကိုယ့်ထမင်းကိုယ်စား....ကိုယ့်စာမေးပွဲကိုသာ အောင် အောင်ဖြေကြပါ.......

ဒီမိုကရေစီ( Democracy )

ဒီမိုကရေစီ၏ မူလစကားသည် ဂရိဘာသာစကား ဖြစ်ပါသည်။ ဒီမိုဆိုသည်မှာ လူအများဖြစ်ပြီး ကရေစီဆိုသည်မှာ အုပ်ချုပ်ခြင်းဟူ၍ အဓိပ္ပါယ်ရရှိပါသည်။ လူအများအကျိုးအတွက် လူအများဆန္ဒအတိုင်း လူအများအုပ်ချုပ်ခြင်းဟူ၍ အဓိပ္ပါယ်ရရှိပါသည်။ ဒီမိုကရေစီကျင့်စဉ်၏အစသည် လူထုပင်ဖြစ်ပါသည်။ ယင်းအတွက် လူထု၏ အရည်အချင်း အဆင့်အတန်း မြင့်မားရန် လိုအပ်ပါသည်။ လူထုများအနေဖြင့် မိမိတို့၏အခွင့်အရေးနှင့် တာဝန်ကို သိတတ်လာစေရန် ပညာပေးမှုများ လိုအပ်ပါသည်။ လူတိုင်းပညာဗဟုသုတ တိုးပွားလာပြီး ဆင်ခြင်တုံတရား လက်ကိုင်ထား သည့်နိုင်ငံသူ ၊နိုင်ငံသားများဖြစ်အောင် ပြောင်းလဲပစ်ရပါမည် ။ သို့မဟုတ်လျှင် ဒီမိုကရေစီဗန်းပြပြီး အုပ်စုဖွဲ့ ကိုယ်ကျိုးရှာမှုများ၊ မျိုးရိုးဗီဇ ကိုးကွယ်မှုများ ၊လူထုကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးအာဏာရယူမှုများ ၊ အထိန်းအကျောင်းမဲ့ မင်မဲ့စရိုက် ကြီးစိုးမှုများအောက်တွင် မွန်မြတ်သန့်ရှင်းသည့် ဒီမိုကရေစီကျင့်စဉ် ကွယ် ပျောက်သွားလိမ့်မည်။ ဒီမိုကရေစီကျင့်စဉ်ကို လက်တွေ့ကျင့်သုံးရာတွင် အကြမ်းဖက်မှု လုံးဝကင်းရမည်။ လူတိုင်းသည် အခွင့်အရေးကို ရိုသေစောင့်စည်းသည်နှင့်အမျှ လူတိုင်းတာဝန်သိစေသည့် အယဉ်ကျေးဆုံး စနစ် ဖြစ်ပါသည်။ အကြမ်းဖက်သည့် မင်းမဲ့စရိုက်များသည် ဒီမိုကရေစီ၏ ဆန့်ကျင်ဘက်ဖြစ်ပါသည်။ ထို့ကြောင့် ဒီမိုကရေစီ၏ အနှစ်သာရများကို လေ့လာသိရှိရန် လိုအပ်ပါသည်။ဒီမိုကရေစီ၏ လူထု လွတ်လပ်မှုနှင့် တာဝန်များကို သိရှိထားရန် လိုအပ်ပါသည်။ ဒီမိုကရေစီစနစ်၏ အနှစ်သာရများအနေဖြင့် အောက်ပါအတိုင်း ဖော်ပြထားသည် ကိုတွေ့ရှိရပါသည် -(က)လွတ်လပ်စွာ တွေးခေါ်မှု။ ။ ဒီမိုကရေစီရဲ့ ရည်ရွယ်ချက်ဟာ အရာရာ တိုင်းမှာအမှန်ဆုံးနဲ့ အကောင်းဆုံးဖြစ်ဖို့ပါပဲ။ အမှန်တရားနဲ့ အကောင်းဆုံးနည်း လမ်းဆိုတာ လူ့ဦးနှောက်က ထွက်ပေါ်လာတာဖြစ်တယ်။ ဒါပေမယ့် ဘယ်သူဘယ် ၀ါရဲ့ ဦးနှောက်က ထွက်လာမယ်ဆိုတာ ကြိုတင်မသိနိုင်ဘူး ။ ဒါကြောင့် အမှန် တရားနဲ့အကောင်းဆုံးနည်းလမ်းတွေ ရရှိလာဖို့ လူတိုင်းဟာ မိမိတို့ရဲ့ ဦးနှောက်ကို အသုံးပြုပြီး လွတ်လပ်စွာတွေးခေါ်ဖို့ လိုပါတယ်။ ဒါပေမယ့် လွတ်လပ်စွာ တွေးခေါ် ခွင့်ဆိုပြီး ပရမ်းပတာ ၊စည်းလွတ်ဝါးလွတ် တွေးခေါ်တာမျိုးဟာ ဒီမိုကရေစီနဲ့ လား လားမှ မလျော်ညီဘူး။ ဒီမိုကရေစီရဲ့ ရည်ရွယ်ချက်အတိုင်း အများအကျိုးရှိအောင်၊ မှန်ကန်မျှတအောင် တွေးခေါ်ဖို့ဖြစ်ပါတယ်။ ရိုးသားဖြူစင်တဲ့ အကျင့်သီလနဲ့ တွေး ခေါ်ကြဖို့ ဖြစ်ပါတယ်။
(ခ) လွတ်လပ်စွာ ပြောဆိုမှု။ ။ လွတ်လပ်စွာ ပြောဆိုမှုမရှိရင် ဒီမိုကရေစီ ဆိတ်သုဉ်း သွားမယ်။ အများဆန္ဒအတိုင်း ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် အများသဘောကို သေသေချာချာသိအောင် လွတ်လပ်စွာပြောဆိုခွင့် ပေးရမယ်။ ဒါပေမယ့် လွတ်လပ် စွာပြောဆိုခွင့်ဆိုတာ စည်းမဲ့ကမ်းမဲ့ ထင်ရာစိုင်းပြောတာမျိုး ၊အကျိုးရှိရှိ ၊မရှိရှိ ပြော တာမျိုးဟာ ဒီမိုကရေစီရဲ့ ရည်ရွယ်ချက်ကို ဖျက်ဆီးရာရောက်ပါတယ်။ မဟုတ်မမှန် မတရားတဲ့ စကားတွေကို ပြောဆိုခြင်းဟာ လွတ်လပ်မှုကို အကျိုးမဲ့စေတယ်။ ခြုံ ပြီးပြောရရင် ဒီမိုကရေစီနိုင်ငံတစ်ရပ်အဖို့ အစိုးရဟာ ပြည်သူလူထုကို လွတ်လပ် စွာပြောဆိုခွင့် ပေးရတယ်။ ပြည်သူလူထုကြီးကလည်း မိမိတို့အချင်းချင်း လွတ်လပ် စွာပြောဆိုရာမှာ ရရှိထားတဲ့ လွတ်လပ်မှုတွေကို နိုင်ငံအတွက် တရားသဖြင့် အသုံး ပြုရတယ်။ အလွဲသုံးစားမပြုရ ၊လွတ်လပ်စွာပြောဆိုခွင့်ရဲ့ ရည်ရွယ်ချက်ဟာ ဟုတ် မှန်ပြီး အကျိုးရှိတဲ့ စကားမျိုးဖြစ်ဖို့ လိုပါတယ်။(ဂ)လွတ်လပ်စွာရေးသားခွင့်။ ။အသိအလိမ္မာ ၊ ဥာဏ်ပညာဟာ ဒီမိုကရေစီ စနစ်ရဲ့အခြေခံလိုအပ်ချက် ဖြစ်ပါတယ်။ အသိအလိမ္မာ ဥာဏ်ပညာခေါင်းပါးတဲ့ ဒေသတစ်ရပ်မှာ ဒီမိုကရေစီမထွန်းကားနိုင် ၊ လူတိုင်းအသိဥာဏ် ၊အဆင့်အတန်း မြင့်ဖို့လိုပါတယ်။ လမ်းမှန်ကို စဉ်းစားနိုင်ရမယ်။ လမ်းမှန်ကို စဉ်းစားနိုင်မှ မှန်တဲ့ စကားကို ပြောနိုင်မယ်။ တရားနည်းလမ်းကျတဲ့ အလုပ်ကိုလုပ်နိုင်မယ်။ ဒါမှ လူထု ဆန္ဒအမှန်ကို ဖော်ပြနိုင်မယ်။ လူထုကိုယ်စားလှယ် အစစ်အမှန်ကို ရွေးချယ်နိုင်မယ်။ ဒါကြောင့် လူထုအသိဥာဏ် တိုးတက်လာစေတဲ့ သတင်းစာ ၊ ဂျာနယ် ၊မဂ္ဂဇင်း စတာတွေကို လွတ်လပ်စွာရေးသား ထုတ်ဝေခွင့်ပြုတယ်။ အဲဒီရေးသားထုတ်ဝေ ခွင့်တွေ မလွတ်လပ်ရင် ဒီမိုကရေစီကျင့်စဉ်ဟာ တိမ်မြုပ်သွားနိုင်တယ်။ လူထုဆန္ဒ ဟာလည်း တိမ်မြုပ်ပျောက်ကွယ်သွားနိုင်တယ်။ စာရေးဆရာ ၊ သတင်းစာဆရာ များကလည်း လွတ်လပ်စွာ ရေးသားခွင့်ရှိတယ်ဆိုပြီး ကလောင်သွားသမျှ လက် လွတ်စပယ်ရေးတာမျိုး ၊မဟုတ်မမှန် လုပ်ကြံရေးတာမျိုး ၊ အဂတိတရားလေးပါး လိုက်စားရေးတာမျိုး မပြုအပ်ပါ။ ပြည်သူလူထုအကျိုးရှိမယ့် အကြောင်းအရာတွေ သာ မကွယ်မထောင့် ၀ံ့ဝံ့စားစား ရေးရပါမယ်။ ပါတီနိုင်ငံရေးခေတ်မျိုးတွင် ပါတီ သံယောဇဉ်ထားပြီး မလိုတစ်မျိုး ၊လိုတစ်မျိုး မရေးသင့်ဘူး ။ သန့်ရှင်းတဲ့စိတ်ထားနဲ့ ရေးရမယ်။(ဃ) လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်ခွင့်။ ။ ဒီမိုကရေစီနိုင်ငံတစ်ရပ်မှာ လွတ်လပ် စွာပြောဆိုရေးသားခွင့်သာမက လွတ်လပ်စွာနေထိုင်သွားလာ လုပ်ကိုင်စားသောက် ခွင့်ရှိသည်။ နိုင်ငံတော်၏ ဥပဒေကို ဖောက်ဖျက်ကျူးလွန်ခြင်း မပြုသမျှ ၊ သူတစ် ပါးရဲ့ လွတ်လပ်မှုကို မဖျက်ဆီးသမျှ ၊ မည်သူမဆို မိမိလုပ်လိုရာ မိမိသဘော အတိုင်း လုပ်ကိုင်ခွင့်ရှိတယ်။ ဥပဒေကို အများဆုံးဖြတ်ထားတာ ဖြစ်တဲ့အတွက် လူတိုင်းလိုက်နာရတယ်။ ဒီဥပဒေတွေဟာ လူတိုင်းရဲ့ လွတ်လပ်မှုကို ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေတွေဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ စီတန်းလမ်းလျှောက် ခြင်း ၊ လူထုအစည်းအဝေး ပြုလုပ်ခြင်း စတာတွေကို သက်ဆိုင်ရာအစိုးရက ဥပဒေ နှင့်အညီ ခွင့်ပြုရတယ်။ ဥပဒေမဲ့ လုပ်ပိုင်ခွင့်မရှိကြဘူး။
(င)လူထုဆန္ဒ။ ။များရာနိုင်တိုင်း မှန်သလား၊ လူထုဆန္ဒဆိုတာလည်း မိမိပင်ကို ဥာဏ်နဲ့ ဒါတွေမှားတယ် ၊ဒါတွေတရားတယ် စတာတွေကို ခွဲခြားဆုံးဖြတ်နိုင်တဲ့ အများဆန္ဒသာ ဒီမိုကရေစီဖြစ်ပါတယ်။ အမှားအမှန်မသိတဲ့ အများဆန္ဒဟာ ဒီမို ကရေစီရဲ့ ဦးတည်ချက်ကို ပေါက်ရောက်မယ်မဟုတ်ဘူး ။ဒီမိုကရေစီနဲ့ ပိုလို့ပင် အလှမ်းဝေးသွားနိုင်ပါတယ်။ ဒီမိုကရေစီဦးတည်ချက် ပေါက်ရောက်အောင်မြင်ဖို့ အတွက် ဒီမိုကရေစီထူထောင်ရာတွင် ပြည်သူလူထုကြီးရဲ့ လူမှုဘ၀လိုအပ်ချက်များ ရင့်မာပြည့်စုံလာဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အသိအလိမ္မာ ၊ဥာဏ်ပညာ အဆင့်အတန်း မြင့်မားလာဖို့ လိုပါတယ်။ ဒါမှသာ ဒီမိုကရေစီကျင့်စဉ်ကို လက် တွေ့ဘ၀မှာ မှန်ကန်စွာ ကျင့်သုံးလာနိုင်မယ် ဖြစ်ပါတယ်။ဒီမိုကရေစီ၏ ဖြစ်စဉ်ကို အကျဉ်းချုပ်လေ့လာမည်ဆိုလျှင် လွန်ခဲ့သည့် ဘီစီ (၇၅၀)ခန့် ဂရိမြို့ပြနိုင်ငံများတွင် စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုမြို့ပြနိုင်ငံများတွင် အရွယ်ရောက် သည့် နိုင်ငံသားတိုင်း တိုက်ရိုက်စုပေါင်းဆွေးနွေးဆုံးဖြတ်သည့် စနစ်ဖြစ်ပါသည်။ ထိုခေတ်တွင် အေသင်နိုင်ငံ ငယ်သည် ဒီမိုကရေစီစနစ် အထွန်းကားဆုံးဖြစ်သည်ဟု ဆိုပါသည်။ အေသင်နိုင်ငံ၏ ဒီမိုကရေစီစနစ်ကို တိုက်ရိုက်ဒီမိုကရေစီစနစ်ဟု ခေါ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အေသင်မြို့သူ ၊မြို့သားအားလုံးသည် ကျယ်ဝန်းသည့်တစ်နေရာတွင် စုရုံးတွေ့ဆုံပြီး မဲပေးဆုံးဖြတ်သည့်စနစ်ကြောင့် ဖြစ်ပါသည်။ ထိုဂရိမြို့ပြ နိုင်ငံများတွင် ဒီမိုကရေစီထွန်းကားသည့် ကာလမှာ ကျေးပိုင်ကျွန်ပိုင်ခေတ် အဆင့်သာရှိပါသည်။ ထိုကာလ တွင် ဒီမိုကရေစီလွတ်လပ်ခွင့်ကို ကျွန်ပိုင်ရှင်များသာ ခံစားခွင့်ရှိပါသည်။ (ကျေးကျွန်များတွင် ဒီမိုကရေစီ မရှိပါ) လူတိုင်းတူညီသည့် အခွင့်အရေး မရရှိခဲ့ကြပါ။ ဤအပေါ်အကြောင်းပြု၍ ဒီမိုကရေစီသဘောတရားကို အနောက်ဥရောပနိုင်ငံများက လက်တွေ့ဘ၀နှင့် ပေါင်းစပ်ပြီး အဆင့်ဆင့်ထူထောင်ကျင့်သုံးလာခဲ့ခြင်း ဖြစ် ပါသည်။ ယနေ့ ဒီမိုကရေစီနှင့် ဂရိမြို့ပြနိုင်ငံများတွင် စတင်ပေါ်ပေါက်လာခဲ့သော ဒီမိုကရေစီတို့သည် လွန်စွာခြားနားပါသည်။ဒီမိုကရေစီဟူသော ဝေါဟာရ၏ တိုက်ရိုက်အဓိပ္ပါယ်သည် ပြည်သူတို့အုပ်ချုပ်သော အစိုးရဖြစ်ပါသည်။ ဤအဓိပ္ပါယ်ဖွင့်ဆိုချက်သည် အခြေခံအကျဆုံးဖြစ်၍ အများဆုံးအသုံးပြုကြပါသည်။ ထိုအဓိပ္ပါယ်ကို အဓိကပြင်ဆင်ချက်အနေဖြင့် နိုင်ငံများအနေဖြင့် အုပ်ချုပ်မှုကို ဆောင်ရွက်ကြရာတွင် ပြည်သူ တို့က တိုက်ရိုက်မလုပ်ဆောင်ကြဘဲ ပြည်သူတို့က လွတ်လပ်စွာ အခွင့်အရေးတူညီသော အခြေခံစည်းမျဉ်းများ ဖြင့် ရွေးချယ်တင်မြှောက်ခြင်း ခံရသော ကိုယ်စားလှယ်များက အုပ်ချုပ်မှုကို လုပ်ဆောင်ကြသည်ဟု ဖွင့်ဆိုနိုင် သည်။ အချုပ်မှာ ပြည်သူတို့က လွတ်လပ်စွာမဲပေး၍ ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များက ဆောင်ရွက်ကြသော အုပ်ချုပ်မှုသာလျှင်ဖြစ်ပေသည်။ အကောင်းဆုံး ၊စံအမြင့်ဆုံး ဒီမိုကရေစီအုပ်ချုပ်ရေး သည် အားလုံးသောပြည်သူတို့၏ အကြိုက်ကိုလိုက်၍ ဆောင်ရွက်သည်ဟု ဆိုရပေမည်။ ထိုသို့ ပြီးပြည့်စုံ သော စနစ်မျိုးဖြင့် အုပ်ချုပ်သောအစိုးရဟူ၍ မည်သည့်အခါမျှ မဖြစ်နိုင်ပေ။ သို့သော် ထိုအဖြစ်မျိုးကို အမြင့်ဆုံးစံအဖြစ်ထား၍ ထိုစံကို မီနိုင်သ၍မီရန် ဒီမိုကရေစီအစိုးရများ မည်မျှဒီမိုကရေစီ အနှစ်သာရကို ဆောင်ရွက်နိုင်သည်ဟူသော အချက်ကို စိစစ်ရမည် ဖြစ်ပါသည်။
ဆောင်ရွက်နိုင်သည်ဟူသော အချက်ကို စိစစ်ရမည် ဖြစ်ပါသည်။ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာ၌ အောင်မြင်မှုအတိုင်းအတာသည် လွယ်ကူစွာ ခန့်မှန်း၍မရနိုင်ပေ။ မည်ရွေ့မည်မျှ အောင်မြင်သည်ဟူ၍ တိုင်းတာနိုင်ရန် အချက်သုံးချက် ရှိသည်။ ယင်း တို့သည် အုပ်ချုပ်မှုစနစ် မည်မျှခိုင်ခံ့သည် ၊ မည်မျှကြာရှည်ခံသည်ဟူ၍လည်းကောင်း ၊ရွေးကောက်ပွဲတွင် ပြည်သူတို့မည်မျှ စိတ်ဝင်စားစွာ မဲပေးကြသည်ဟူ၍လည်းကောင်း ၊ ရွေးကောက်ပွဲမှာဖြစ်စေ ၊ အခြားနိုင်ငံ ရေးကိစ္စများမှာဖြစ်စေ အကြမ်းဖက်မှု ကင်းမကင်းဟုလည်းကောင်း ဖြစ်ပေသည်။ အတော်အသင့် ပြည်သူ့ ဆန္ဒကို လိုက်လျောသော ဒီမိုကရေစီမျိုးသည် အောက်ပါအာမခံချက် ရှစ်ချက်ရှိနေမှသာ တည်မြဲနိုင်ပေ မည် (က) အဖွဲ့အစည်းများကို လွတ်လပ်စွာဖွဲ့စည်းခွင့်နှင့် အဖွဲ့အစည်းများတွင် ပါဝင် ခွင့် ။ (ခ ) လွတ်လပ်စွာ မိမိ၏အာဘော်ကို ဖော်ပြနိုင်ခွင့် ။ (ဂ ) လွတ်လပ်စွာ မဲပေးနိုင်ခွင့် ။ (ဃ) ပြည်သူ့ဝန်ထမ်းရာထူးအတွက် အရွေးခံနိုင်ခွင့်။ (င ) နိုင်ငံရေးခေါင်းဆောင်တို့အဖို့ မိမိ၏ပါတီကို ပြည်သူတို့ ထောက်ခံမဲပေး စေရန် အပြိုင်အဆိုင် မဲဆွယ်ခွင့် ။ (စ ) သတင်းများကို အစိုးရဌာနများမှအပ အခြားဌာနများထံမှ ရနိုင်ခွင့် ။ (ဆ) လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပခွင့် ။ (ဇ ) အစိုးရမူဝါဒများကို ပြဌာန်းမည့်အဖွဲ့အစည်းများ၏ မဲဆန္ဒနှင့် အခြားဆန္ဒ များပေါ်တွင် တည်ရှိနိုင်ခွင့် ။ဒီမိုကရေစီ အကြောင်းကို သေသေချာချာကျကျနန နားလည်းပြီး စည်းကမ်းပြည့်သည့် ဒီမိုကရေစီနိုင်ငံတော်ဖြစ်ရေး အကြံပြုတင်ပြလိုက်ပါသည်။

http://oppositeyes.blogspot.com/2008/05/democracy.html မှ ကူးယူဖော်ပြပါကြောင်း


Myanmar Express

ဒုက္ခသည် စခန်းရောက် မျိုးချစ်ကရင် တစ်ဦးမှ ၂ နှစ် အရွယ် တူမလေးအား မုဒိမ်းကျင့်


ထိုင်းနိုင်ငံ ရတ်ချဘူရီခရိုင် စွန်ဖုမြို့နယ်အတွင်းရှိ ထမ်းဟင်ဒုက္ခသည်စခန်းတွင် အသက် ၃၅ နှစ် အရွယ် ကရင် တစ်ဦးမှ ၎င်း၏ တူမ ဖြစ်သူ ၂နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ခဲ့သည်။ မုဒိန်းကောင် မျိုးချစ်ကရင်၏ နာမည်မှာ စောကျော်ကပေ ဖြစ်ပါတယ်။ ခုတော့ ထိုင်းအာဏာပိုင်များက ဒုက္ခသည်စခန်းမှ ဖမ်းဆီးခေါ်ဆောင်သွားပါပြီ။

ထမ်းဟင်စခန်း ဇုံ(၃) ရပ်ကွက်(၁)တွင် နေထိုင်သူ အသက် ၃၅နှစ်အရွယ် စောကျော်ကပေမှ 19 ရက်နေ့ နေ့လည်က အရက်မူးကာ အိမ်ရှေ့တွင် ဆော့ကစားနေသည့် မိမိဇနီးဘက်မှ တော်စပ်သော အသက် ၂နှစ်အ ရွယ် တူမလေးအား နေအိမ်တွင်း ခေါ်ယူကာ အဓမ္မပြုကျင့်ခဲ့တာ လို့ ထမ်းဟင်စခန်းလုံခြုံရေးမှ အတွင်းရေးမှူး စောဖိုးလယ်၏ ပြောပြချက်အရ သိရပါတယ်။

“သူ အရက်မူးပြီး အိမ်ပြန်လာတော့ သူ့တူမလေးက အိမ်ရှေ့မှာဆော့နေတာကိုတွေ့ပြီး အိမ်ထဲကိုခေါ်သွားတယ်။ ကလေးနဲ့ ကစားနေတဲ့ သူ့အဖော်တွေကလည်း ဘာမှမသိကြဘူး။ ခဏကြာတော့ ကလေးမလေးက ငိုပြီး ပြန်ထွက်လာတယ်။ အိမ်ကိုငို ပြီးပြန်လာတဲ့ ကလေးကို သူ့အမျိုးတွေက မေးကြည့်တော့ ကလေးကလည်း အရမ်းငိုပြီး လူကြီးတွေ ကိုင်တာတောင် မရဘူး။ အရမ်းနာနေတယ်။ နောက်တော့မှ ဖြစ်ခဲ့တာတွေကို ပြောပြတယ်။” လို့ ပြောပါတယ်။

အဲဒီ ကလေးကို စခန်းတွင်းရှိ ဆေးရုံမှာ သွားစစ်ဆေးကြည့်သောအခါ အဓမ္မကျင့်ခံထားရသည့် လက္ခဏာများ တွေ့ရှိရသဖြင့် နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ(IRC)အဖွဲ့၏ အကူအညီဖြင့် စွန်ဖုမြို့နယ်ဆေးရုံသို့ ချက်ချင်း သွား ရောက်ပို့ဆောင်ပေးခဲ့ကြရပါတယ်။

ညနေ ၆နာရီအချိန်မှာတော့ အရက်မူးပြီး လူမှန်း သူမှန်း မသိ အိပ်ပျော်နေတဲ့ မျိုးချစ် ကရင် အောက်တန်းစား မုဒိမ်းကောင် စောကျော်ကပေကို သူ၏ နေအိမ်မှာပဲ ထိုင်းအာဏာပိုင်များက သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။

“အဲ့ဒီနေ့ညနေပိုင်း ၆နာရီအချိန်လောက်မှာ ထိုင်းပုလိပ် ၂ယောက်၊ ဒုက္ခသည်စခန်းဆိုင်ရာ ထိုင်းလုံခြုံရေး(အောစော်) ၁ ယောက်နဲ့ စခန်းလုံခြုံရေးအဖွဲ့က တာဝန်ရှိသူ ၂ယောက်က သူ့ကို ဖမ်းသွားပြီး စွန်ဖုမြို့နယ်မှာရှိတဲ့ ရဲစခန်းမှာ သွားပို့လိုက် ကြတယ်။”ဟု လို့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

စောကျော်ကပေ၏ မိသားစုဝင်များမှာ တတိယနိုင်ငံသို့ သွားရောက်နေကြပြီး ထိုသူများတွင်လည်း စောကျော်ပေ ကဲ့သို့ အကျင့်များ ရှိနိုင်သည် ဟု ဝေဖန်မှုများလည်း ရှိသည်။ မြန်မာပြည်တွင်းရှိ အကျင့်ပျက်၊ အောာက်တန်းကျသူ အများအပြားသည် ဥပဒေများကို ချိုးဖောက်ပြီးနောက် နယ်စပ် ဒုက္ခသည် စခန်းများတွင် ခိုလုံနေတတ်ကြသည်။

ဒုက္ခသည် စခန်းများတွင် အချင်းချင်း စည်းလုံးမှု မရှိကြသည့်အပြင် အချင်းချင်း အနိုင်ကျင့်နေတတ်ကြကြောင်း မယ်လ ဒုက္ခသည်စခန်းမှ အမည်မဖော်လိုသူ တစ်ဦးက အခုလို ပြောပါတယ်။

"ပြောတော့ ဒုက္ခသည်တဲ့.. သူတို့လုပ်နေတဲ့ အလုပ်တွေ ကြည့်ရင် သနားစရာ တစ်ကွက်မှ မရှိဘူး..ေ-ာက်ကျင့်တွေကလည်း အောက်တန်းကျတယ်.. ကိုယ့်တူမ ကိုယ်တောင် မုဒိန်းကျင့်တယ်.. ပြီးရင် အဲဒီ မုဒိန်းကျင့်ခံရတဲ့ တူမက စစ်တပ်က မုဒိန်းကျင့်တာပါဆိုပြီး တတိယ နိုင်ငံတွေကို ထွက်ဖို့ အသနား ခံကြတယ်... သူတို့တွေ လုပ်နေတာတွေက အရမ်း ကလေး ဆန်ကြတယ်.. ကျွန်တော် ဆိုရင် ရောက်နေတာ ကြာပြီ ခုထိ တတိယ နိုင်ငံ မပါသေးဘူး.. ကျွန်တော်က သူတို့လို စစ်တပ်က မီးရှို့ပါတယ်.. သမီးတွေကို မုဒိန်းကျင့်ပါတယ် ညာမပြောတတ်ဘူးလေ... ဒါကြောင့် ခုထိ မရောက်နိုင်သေးဘူး.. ကြာပြီ.. အရင်ရောက်သွားတဲ့လူတွေ အကုန်လုံးက မရိုးသားတဲ့လူတွေချည်းပဲ.. ဥပမာ စောကျော်ကပေ လို ကိုယ့် တူမ ကိုယ် မုဒိန်းကျင့်တတ်တဲ့ ကောင်မျိုးတွေနဲ့ စောကျော်ကပေ တူမလို့ ကိုယ့်အချင်းချင်း မုဒိန်းကျင့်ခံရတာကို စစ်တပ်က မုဒိန်းကျင့်ပါတယ် လို့ လိမ်ပြောတဲ့လူတွေ ချည်းပဲ.. " လို့ ပြောပါတယ်။

ထမ်းဟင်ဒုက္ခသည်စခန်း


မြန်မာဒုက္ခသည်တွေဟာ ထိုင်း၊ မလေးရှားအပါအ၀င်နိုင်ငံအတော်များများမှာရှိနေပါတယ်။ ထိုင်းအစိုးရက ၀န်ထုပ်ဝန်ပိုးဖြစ်သလို၊ UN နဲ့ တတိယနိုင်ငံတွေလည်းခေါင်းစားနေရပါတယ်။ လျှော့သွားတယ်မရှိ။ တိုးလာတာပဲရှိပါတယ်။ ဒီလူတွေက ကိုယ့်မြေ ကိုယ့်ရေမှာနေရတာကို ဂုဏ်မယူချင်ပဲ သူများနိုင်ငံက သနားတဲ့ အကြည့်နဲ့ ကြည့်ခံရတာကို ပိုပြီး သဘောကျသူတွေ ဖြစ်ကြပါတယ်။ အမေရိကန်အပါအ၀င်တတိယနိုင်ငံတွေကို ထွက်ဖို့ကျိုးစားနေတဲ့ လူတွေကတော့ ဘယ်တော့မှ ကိုယ့်မြေ ကိုယ့်ရေကို တန်ဖိုးမထား ကြပါဘူး။

ဒုက္ခသည် စခန်းမှ ဘောလုံးပွဲ ဒိုင်ခံသည့် အိမ်တစ်အိမ်


တတိယ နိုင်ငံထွက်ဖို့ အလှပြင်လိုသူများ ပြင်နိုင်ရန်


"ဒုက္ခသည်စခန်းတွေမှာနေထိုင်တဲ့လူတွေကလည်း အများအားဖြင့် တတိယနိုင်ငံတွေကိုထွက်နိုင်ဖို့အတွက် ၀င်ရောက်နေထိုင်တဲ့လူတွေများပါတယ်။ ဒီလောက်ဒုက္ခခံပြီး အကျင့်မကောင်းတဲ့လူတွေ စုနေတဲ့ ဒုက္ခသည်စခန်းတွေထဲမှာ ဘယ်သူမှမနေချင်ပါဘူး။ စခန်းထဲမှာနေရတဲ့ဘ၀က ထောင်ကျတာနဲ့သိတ်မကွာဘူး။ ထောင်ထဲမှာ လူမိုက်တွေ စုနေသလို၊ ဒုက္ခသည် စခန်းဆိုတာကလည်း မုဒိမ်းကောင်တွေ၊ ခိုး၊ ဆိုး သောင်းကျန်းသူတွေ စုနေတဲ့ နေရာပါပဲ။

ဒုက္ခမှောင်ခိုဈေးကွက်ဖြစ်လာရတဲ့ အဓိကအကြောင်းရင်းကတော့ အမေရိကန်အပါအ၀င် တတိယနိုင်ငံတွေကို ထွက်ခွာနိုင်ရေးဖြစ်လို့ပါပဲ။ ဒီမှောင်ခိုဈေးကွက်ကိုအဓိကချယ်လှယ်တဲ့လူတွေထဲမှာ UNHCR က စကားပြန်တွေ၊ ထိုင်းအစိုးရရဲ့ စခန်းအာဏာပိုင်တွေ၊ စခန်းကော်မတီဝင်တွေ၊ သံရုံးတွေက စကားပြန်တွေပါဝင်ကြတယ်လို့ သိရတယ်။ တကယ်တမ်းအားမနာတမ်းပြောရရင် ဒုက္ခသည်ဆိုတာ ဒုက္ခသည်မဟုတ်တော့ဘူး။ လက်ချိုးရေလို့ရတဲ့ ဒုက္ခသည်တွေပဲ အစစ်အမှန်ရှိတော့တယ်။ ကျန်တဲ့အများစုကတော့ အားလုံးသိတဲ့အတိုင်း နိုင်ငံခြားထွက်ဖို့အတွက် လုပ်တဲ့လူတွေဖြစ်နေတယ်။ " လို့ သြောစတြေးလျနုင်ငံရောက် ဒုက္ခသည် ဟောင်း တစ်ဦးက ပြောပါတယ်။

ဒုက္ခသည်စခန်းများတွင် မုဒိမ်းမှု၊ လူသတ်မှု၊ မူးယစ်ဆေးဝါးမှုနှင့် လူကုန်ကူးမှု ပြဿနာများကို ထိုင်းနိုင်ငံ၏ တရားဥပဒေအ တိုင်း အရေးယူဆောင်ရွက်ရန် ထိုင်းအာဏာပိုင်များထံ အပ်နှံလေ့ရှိပြီး ယခင်ကလည်း ထမ်းဟင်ဒုက္ခသည်စခန်းတွင် ဆယ် ကျော်သက် မိန်းကလေးကို ကျူးလွန်သည့် မုဒိမ်းမှု ဖြစ်ပွားခဲ့ဖူးကြောင်း၊ အခြား မှတ်တမ်းမတင်ထားသော ခိုးမှု၊ ဆိုးမှု၊ လုယက်မှု ၊ နဲ့ မုဒိမ်းမှု ပေါင်း များစွာ ရှိကြောင်းလည်း သိရပါတယ်။ ဇုံ ၁၊ ၂၊ ၃ ဟူ၍ရှိပြီး ရပ်ကွက်ပေါင်း ၁၅ရပ်ကွက်ရှိသည့် ထမ်းဟင်ဒုက္ခသည်စခန်းတွင် လက်ရှိအချိန်၌ ဒုက္ခသည်ဦးရေ ၈,၇၂၆ ဦးရှိသည်ဟု ကရင်ဒုက္ခသည်ကော်မတီ(KRC)၏ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။





Myanmar Express

တရုတ်စာတွေကို ဘာသာပြန် သည့် စာရေးဆရာမ ဘလော့ဂါ နိုင်းနိုင်းစနေ ကို အားပေးသူ များပြား

နိုင်းနိုင်းစနေ ဆိုရင် ဒီနေ့ အင်တာနက် သုံးနေတဲ့ လူတိုင်း သိကြပါတယ်။ အင်တာနက် စာမျက်နှာပေါင်းများစွာ၊ ဖော်ဝတ် မေးပေါင်းများစွာမှာ နိုင်းနိုင်းစနေ ရေးထားတဲ့ စာတွေ ကို အများကြီး တွေ့နိုင်ပါတယ်။

နိုင်းနိုင်းစနေဟာ တရုတ်စာကို ကျွမ်းကျွမ်းကျင်ကျင် တက်မြောက်ထားပြီး တရုတ်စာဖြင့်ရေးသားထားသော စာအုပ်များ၊ ဝဘ်ဆိုက်များမှ စာကောင်းပေကောင်းများကို အမြဲ ဘာသာပြန်ပြီး ပိုစ့်တင်တတ်သူဖြစ်ပါတယ်။ နိုင်းနိုင်းစနေဟာ ၂၀၀၆ ခုနှစ်မှစတင်ပြီး ဘလော့ရေးသားခဲ့သူဖြစ်ပြီး ယနေ့အချိန်အထိ www.99sanay.comတွင် ကြည့်ရှုသူအရေအတွက်(hits) ၂၅ သိန်းကျော် ရရှိထားသူဖြစ်ပါတယ်။ ထို့အပြင် Facebook လူမှုကွန်ရက် ၀က်ဘ်ဆိုက်၌ ပြုလုပ်ထားသော fan page၌ ပရိသတ် ၁၄၈၇၅ ဦးရရှိထားခဲ့သူ ဖြစ်ပါတယ်။ ဘလော့၌ ရေးသားထားသောစာများကို စုစည်းထုတ်ဝေထားသည့် လုံးချင်းစာအုပ် ၁၁ အုပ်လည်း ထွက်ရှိထားခဲ့ပြီးဖြစ်ပါတယ်။

ဘလော့ဂါတစ်ယောက်အဖြစ် ဘယ်လို စိတ်ကူးနဲ့ စာတွေကို စရေးဖြစ်ခဲ့လဲ။ အောင်မြင်ရေး နဲ့ တက်ကျမ်းဆန်တဲ့ ဘာသာပြန်စာတွေကို ဘာကြောင့် ဦးစားပေးရေးခဲ့ပါသလဲ။ လို့ မေးချိန်မှာတော့

နိုင်းနိုင်းစနေက "အရင်တုန်းကတော့ စာဖတ်တာ ပဲ ၀ါသနာပါခဲ့တယ်။ အခုလို စာတွေ ရေးဖြစ်လိမ့်မယ်လို့လည်း စိတ်ကူးမရှိခဲ့ဘူး။ စာတွေ ရှာဖတ်တော့ မြန်မာစာ တွေအပြင် ကိုယ်တတ်ကျွမ်းတဲ့ တခြားဘာသာက စာတွေလည်း ဖတ်ခဲ့မိတယ်။ အဲဒီမှာ ကိုယ်ဖတ်မိတဲ့၊ ကောင်းတဲ့စာတွေကို တခြားဘာသာ စကားမတတ် တဲ့၊ အားနည်းတဲ့ သူငယ်ချင်းတွေကိုလည်း မျှဝေချင်စိတ်တွေ ဖြစ်လာခဲ့တယ်။ အဲဒီလိုနဲ့ မြန်မာလိုကြိုးစား ဘာသာပြန်ကြည့်ရင်းက စာတွေစရေး ဖြစ်ခဲ့ပါတယ်။ မိသားစုနဲ့ခွဲပြီး တခြားနိုင်ငံမှာ ကျောင်းသွားတက်တော့ စိတ်ဓာတ်မြှင့်တင်ဖို့ တက်ကျမ်းဆန်တဲ့ စာမျိုးတွေ ပိုရှာဖတ်ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်၊ အားပေးတာမျိုး ပေါ့။ အဲဒီလိုစာတွေ ပိုဖတ်ဖြစ်တော့ အဲဒီလိုစာတွေကိုပဲ ပိုဘာသာပြန်ရေး ဖြစ်သွားတာပါ။ ဘလော့ကို ၂၀၀၆ ခုနှစ်မှာ စရေးဖြစ်ခဲ့ပါတယ်။ ဘလော့ စရေးတုန်းက နိုင်ငံခြား ရောက်နေပါတယ်။ အိမ်လွမ်းစိတ်ကြောင့်နဲ့လည်း ကိုယ့်မိသားစုအကြောင်း၊ ရွာအကြောင်း၊ ကိုယ့်ငယ်စဉ်အကြောင်းတွေ ရေးဖြစ် ပါတယ်။ ဘာရည်ရွယ်ချက်မှတော့ မရှိပါဘူး။ တခြားသူနဲ့ ခံစားမျှဝေရုံ သက်သက်ပါပဲ။ " လို့ ဖြေခဲ့ပါတယ်။

နိုင်းနိုင်းစနေရဲ့ စာဖတ်ပရိတ်သက် တစ်ဦးဖြစ်တဲ့ ဘလော့ဂါတစ်ဦးက တော့ " မနိုင်းနိုင်းရဲ့ စာတွေကတော့ ဒီနေ့လူငယ်တွေ အကြိုက်ဆုံးပဲ... အထူးသဖြင့် ဘာသာပြန်တွေပေါ့.. မနိုင်နိုင်ကိုယ်တိုင်ကလည်း ဘာသာပြန်တွေကို အသားပေးရေးတယ်လေ.. သူ ဘာသာပြန်ထားတဲ့ တရုတ်စာပေတွေက လူငယ်တွေအတွက် သိပ်ကို တန်ဖိုးရှိတယ်.. အထူးသဖြင့် သူ့စာတွေကို လူငယ်တွေ ပိုကြိုက်ကြတယ်... အင်္ဂလိပ်စာ ဆိုတာက လူတိုင်း သင်လာတာဆိုတော့ မလက်ဖူးလေ.. တရုတ်စာ ကျတော့ ခက်လည်းခက်တယ်.. လူတိုင်းလည်း မသိကြဘူး.. ပြီးတော့ တရုတ်က စာရေးစရာတွေနဲ့ အတွေးအခေါ် အရေးအသားတွေက အရမ်းကောင်းကြတယ်.. ဒါတွေကို မနိုင်းနိုင်းက ဘာသာပြန်ပြီး စာဖတ်သူအားလုံးက လိုက်ပြီး အတုယူတာပေါ့.. အများကြီး အကျိုးရှိပါတယ်... တကယ်ကောင်းတဲ့ ဘလော့ပါ.." လို့ ပြောခဲ့ပါတယ်။

တရုတ်လူမျိုးတွေရဲ့ ထူးချွန်ပုံနဲ့ စင်္ကာပူရောက်မြန်မာ အားလုံးနီးပါးက တရုတ်လူမျိုးတွေရဲ့ လက်အောက်မှာ ကျွန်ခံနေရပုံကို စင်္ကာပူရောက် မြန်မာ အလုပ်သမားတစ်ဦးက အခုလို ပြောခဲ့ပါတယ်..။

"ဒီမှာတော့ အလုပ် ကြီးကြီးမားမားတွေရဲ့ ၇၀ ရာခိုင်နှုံးက တရုတ်တွေ ပိုင်တယ်.. စင်္ကာပူ လူမျိုးဆိုတာကလည်း တရုတ်နဲ့ မထူးဘူး.. မဟာရာန ကိုးကွယ်ကြတယ်.. ကွိင်ရင် မယ်တော် ကိုးကွယ်ကြတယ်... စလုံးက မြန်မာ အားလုံးနီးပါးက တရုတ် လက်အောက်မှာပဲ ပျော်ပျော်ကြီး ကျွန်ခံနေကြတာပဲ..." လို့ ပြောပါတယ်။

တရုတ်နိုင်ငံဟာ စာပေပညာရှင်ပေါင်းများစွာကို မွေးထုတ်နိုင်ခဲ့ပြီး တရုတ်ပညာရှင်တွေရဲ့ အတွေးအခေါ်တွေက တကမ္ဘာလုံးကို ပျံ့နှံ့နေပြီဖြစ်ကြောင်းကိုလည်း ဘလော့ဂါ တစ်ဦးကပဲ အခုလို ဆက်ပြောပါတယ်။

"တရုတ်က ဟိုး ရှေးခေတ်ကတည်းက အစဉ်အလာနဲ့ တော်တာဗျ..ဒဿန ပညာရှင်တွေ အများကြီးပဲ။ ကမ္ဘာကျော်တဲ့ စာအုပ်ကောင်းတွေလည်း အများကြီးပဲ.. ဥပမာ Whose cheese can i move ဆိုတာမျိုးပေါ့... အရမ်းကောင်းပြီး လူတိုင်းဖတ်သင့်တယ်လေ... တရုတ်အတွေးအခေါ်တွေက တကမ္ဘာလုံးက အတုခိုးရလောက်တယ်.. မနိုင်းနိုင်းလို တစ်ယောက် ရှိတော့ မြန်မာတွေလည်း ပြန်အတုခိုးလို့ ရတာပေါ့.." လို့ ဆက်ပြောပါတယ်။

ဒါကြောင့်လည်း တရုတ်စာတွေကို ဘာသာပြန် တင်တဲ့ နိုင်းနိုင်းစနေ ဘလော့ဟာ လူကြိုက် အများဆုံး ဘလော့တစ်ခုဖြစ်ခဲ့ပါတယ်။ အင်တာနက် သုံးစွဲသူတွေဆီက ဆန္ဒမဲကောက်ယူပြီးရွေး ချယ်ခဲ့ဘလော့အကယ်ဒမီ ဆုတောင်ရခဲ့သေးတယ်။
နောက်ပိုင်းမှာ ဘလော့ရေးနေရာကနေ စာအုပ်ထုတ် ဖြစ်လာတယ်။ အဲဒါနဲ့ ပတ်သက်ပြီး နိုင်းနိုင်းစနေက

"စာအုပ်ထုတ်ထားတာ လောလောဆယ် ၁၀ အုပ်ရှိခဲ့ပါပြီ။ ဘလော့ထဲကစာတွေကိုပဲ စာအုပ်အနေနဲ့ ပြန် ထုတ်ထားတာပါ။ အွန်လိုင်းစာဖတ် ပရိသတ်က အခုပဲ ဘလော့မှာ ကျွန်မ စာတစ်ပုဒ်တင်လိုက်တယ်။ အခုပဲ အ ပြင်အဆင်မရှိတဲ့ စာကို (ဆင်ဆာ မတင်တဲ့စာ) သူတို့ လာဖတ်နိုင်တယ်။ သူတို့ခံစားချက်ကို ချက်ချင်းချရေးခဲ့နိုင်တယ်။ အွန်လိုင်းပေါ်မှာတော့ စာရေးသူနဲ့စာဖတ်သူ တိုက်ရိုက်ဆက်ဆံနိုင်တယ်၊ စာတွေကို အခမဲ့ ဖတ်နိုင်သလို ထင်မြင်ချက်ကိုလည်း လွတ်လွတ်လပ်လပ် ချရေးခဲ့နိုင်တာပေါ့။ ပြင်ပစာဖတ်ပရိသတ်က စာရေးသူနဲ့ တိုက်ရိုက်ဆက်ဆံရတာမျိုး မရှိ သလို စာအုပ်ဖတ်ချင်ရင် ၀ယ်ရတယ်၊ ငှားရတယ်။ နောက်ပြီး စာရေးသူကို ကိုယ်ပေးချင်တဲ့ ထင်မြင်ချက်တွေ မြန်မြန်ဆန်ဆန် မပေးနိုင်တာမျိုးပေါ့။ စာ အုပ်ထုတ်ဖို့က ထုတ်ဝေသူတစ်ယောက် နဲ့ သူငယ်ချင်း တစ်ယောက်က မိတ် ဆက်ပေးတယ်။ ထုတ်ဝေသူကလည်း အရင်ကတည်းက ကျွန်မ ဘလော့ကို ၀င်ဖတ်ဖူးတယ်၊ စာတွေကို ကြိုက်တယ်ဆိုလို့ ထုတ်ဖြစ်သွားတာပါ။ ဘလော့မှာ ကိုယ်ရေးထားတဲ့စာကို ပုံနှိပ် စာအုပ်အဖြစ် ခိုင်ခိုင်မာမာ ထုတ်ဝေခွင့်ရတော့ ၀မ်းသာတာပေါ့...။" ပြောပါတယ်။

နိုင်းနိုင်းစနေရဲ့ ကိုယ်ရေးအကျဉ်းကတော့

အမည် နိုင်းနိုင်းစနေ
မွေးနေ့ ဒီဇင်ဘာ ၈ရက်
လူမျိုး လားဟူ
ဘာသာ ဗုဒ္ဓဘာသာ
ဇာတိ တောင်ကြီးမြို့ ဖြစ်ပါတယ်...။

ထုတ်ဝေထားပြီး စာအုပ်များ ကတော့
(၁) အမေ့လက်ရေးစာစုများ
(၂) ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်အမှတ် အောင်မြင်သူရဲ့လမ်း
(၃) လင်းလက်တဲ့ ချစ်မီးအိမ်
(၄) ဟိုတုန်းက အမှတ်တရ
(၅) စမ်းချောင်းလေးရဲ့ခရီးစဉ်
(၆) ဥယျာဉ်ထဲက ပန်းတစ်ပွင့်
(၇) မေတ္တာတို့ ပေါင်းစုရာ
(၈) ရတနာများနှင့် ဆက်သွယ်ခြင်း
(၉) သတ္တိရှိတဲ့ ပထမခြေလှမ်း
(၁၀) နှလုံးသားဝန်ဆောင်မှု
(၁၁) ကျွန်မဖတ်ဖို့ တို့ပဲဖြစ်ပါတယ်....။




Myanmar Express

ကြီးဒေါ်စုသို့ ပေးစာ ... (ပေးစာ - ၂၅)


“မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ကြွေးကြော်သံကို အာပေါင်အာရင်းသန်သန် ကြွေး ကြော်ခဲ့ပြီးသကာလ အနှစ်နှစ်ဆယ်မျှကြာသောအခါ ဒီချုပ်ခမျာ ပါတီမသေရေးအတွက် ဘာမဆိုလုပ်မယ်ဆို တဲ့ အဆင့်ကို ရောက်နေပါပကောလား။ ဘာမဆိုလုပ်မယ်ဆိုတဲ့ စကားက ကြောက်ဖို့ကောင်းပါတယ်လေ။ နောက်ပြီး ဒါက ကိုယ့် Own Tune ဖြစ်နေတယ်။ ဘာမဆို လုပ်မလုပ်တော့ မသိသေးဘူး။ ဒါပေမယ့် ဇော် ဇော့်ဘောပွဲဆီသွားပြီး ဘောပွဲလက်ချာတော့ သွားယူပြီးသွားပြီ။ ဟိုး လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က ဘီဘီစီ က ဦးအောင်မြင့်ထွန်းက ဗိုလ်စောမောင် န၀တနဲ့ ဒီချုပ်အနေအထားနဲ့ ပတ်သက်ပြီး “ဒီတော့ ဘောလုံးက ခု ဘယ်ဘက်မှာလဲ” လို့ မေးတော့ “ကျမက ဘောလုံးအကြောင်း နားမလည်ဘူး” ဆိုပြီး ဘုကလန့် ပြန်ဖြေဖူး တာ အမှတ်ရမိတယ်။ ခု ဇော်ဇော့်ဆီက ဘောလက်ချာ လာယူတော့မှပဲ ဒေါ်စုနှယ် ဘောစည်းကမ်း နားလည် ဖို့ ဘာ့ကြောင့် နှစ်နှစ်ဆယ်စောင့်ရသလဲဆိုပြီး မေးခွန်းထုတ်မိတယ်။

ခုထိတော့ ဘာမဆို လုပ်တဲ့အဆင့်တော့ မရောက်သေးပါဘူး။ ဒါပေမယ့် ဟိုဟာ ကောင်းနိုး၊ ဒီဟာ ကောင်းနိုး လုပ်မိလုပ်ရာ လုပ်နေပုံရတာတော့ အသေအချာပဲ။ ဧည့်သည်ကို စစ်မှန်တဲ့စေတနာနဲ့ ဧည့်ခံချင်ပေမယ့် ဟင်း မချက်တတ်တော့ ဟိုဟာလေး ခပ်လိုက်၊ ဒီဟာလေး ခပ်လိုက်နဲ့ နောက်ဆုံး ဟင်းအိုးပျက်ကိန်းဆိုက်မယ့်ပုံ မြင်နေမိတယ်။ ကဲပါလေ … စကားတန်ဆာဆင်နေတာတွေကို အသာထားပြီး ပြောချင်တာပြောပါမယ်။ ပြော ချင်တာထက် မေးချင်တာလို့ ပြောရင် ပိုမှန်မယ်။

နေပြည်တော်စစ်အုပ်စုက သူတို့ရည်မှန်းတဲ့ အနာဂတ်မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ကို နေရာပေးဖို့ လုံးဝစိတ်ကူးမရှိပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံမှာ စစ်အုပ်စုက သူတို့သဘောထားအစစ်အမှန်ကို အတိ အလင်း ထုတ်ဖော်အသိပေးပြီးသားပဲ။ နိုင်ငံတကာက ဖိအားလည်း ခုထက် ကိုယ့်ဘက်မှာ ပိုပြတ်ပြတ်သား သားရှိနေချိန်၊ နောက် ဘုန်းကြီးတွေ အသေခံ လမ်းပေါ်ထွက်လာပြီး သူတို့လုပ်ဆောင်နေတာကို ကန့်ကွက် အရေးဆိုတုန်းကတောင် မမှုခဲ့တဲ့ စစ်အုပ်စုက ကနေ့လို ယန်းကီးတွေ ရွှေလမ်းငွေလမ်းဖောက်ဖို့ အားသန်နေ ချိန်၊ ဒီချုပ်တောင် တရားဝင်ပါတီအဖွဲ့အစည်းအဖြစ် မရပ်တည်နိုင်တော့တဲ့အချိန်၊ ကျားသနားမှ နွားချမ်းသာရ မယ့်ဘ၀ကို ရောက်နေချိန်မှာ သူတို့စစ်အုပ်စု လက်တဆုပ်စာကောင်းစားရေး ဖွဲ့စည်းပုံကို ပြင်ပေးဖို့ ချော့မော့ တောင်းဆိုတာကို အရေးစိုက်မယ်လို့ ဘာ့ကြောင့် ယုံကြည်ရသလဲ။

တကယ်တော့ စစ်အုပ်စုက အနာဂတ်နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေရာပေးရင်တောင် သူတို့ရဲ့ စစ်ကျွန်သက်ရှည်ရေးစီမံကိန်းမှာ အဖြည့်ခံအဖြစ် အသုံးတည့်လိုတည့်ငြား သုံးဖို့လောက်သာ စဉ်းစားတာပဲ။ အစကတော့ စစ်အုပ်စုက နေ၀င်းမောင်တို့လို ချေးထုပ်တွေ၊ တတိယအုပ်စုလို့ နာမည်ပေးထားတဲ့ အင်အားစု တွေကို ဟန်ပြအတိုက်အခံအဖြစ် တင်ပြီး ဒီမိုကရေစီအင်ထုရေးစီမံကိန်းကို ဖော်ဖို့ကြိုးစားကြည့်တယ်။ ဒါပေ မယ့် ပြည်သူလူထုက ဒီကောင်တွေကို လုံးဝနေရာအယူမခံဘူး။ ဒီတော့ တတိယအုပ်စုတွေနေရာကို ဒေါ်စုကို အစားထိုးလို့ ရလိုရငြား ကြိုးစားကြည့်တဲ့ အမေရိကန်တို့ အီးယူတို့လည်း တဘက်က ဒီမိုကရေစီ အတင်း အော်နေပြီး တဘက်က လူထုချဉ်တဲ့ကောင်တွေကို တင်ဖို့ စီမံကိန်းကို လက်လျှော့လိုက်ပုံရတယ်။ ဒီတတိယ အုပ်စု အတိုက်အခံအတုကို ပြည်သူလူထုအများစုကြီးက ပြတ်ပြတ်သားသား ဆန့်ကျင်ပြနိုင်တာမို့ ပြည်သူလူ ထုက တာဝန်ကျေတယ်။

အတိုက်အခံအတုလို့ လူထုမြင်နေတဲ့အုပ်စုနဲ့ စခန်းသွားလို့မရတော့ လူထုက သူတို့ကို တကယ်ကိုယ်စားပြု တယ်လို့ သတ်မှတ်ထားတဲ့၊ သွားမရှိတဲ့ ကျားဘ၀ရောက်နေတဲ့၊ ပါတီမဖျက်ရင် တော်ပါပြီ ဘာလုပ်ရ လုပ်ရ လုပ်ပါ့မယ်လို့ ပါးစပ်က ထုတ်မပြောပေမယ့် လက်တွေ့မှာ ဒီပုံစံအတိုင်း သွားနေတဲ့ ဒေါ်စုနဲ့ ဒီချုပ်ကို စစ်အုပ် စုက သူတို့စီမံကိန်းအတွက် အသုံးတည့်မယ်လို့ တွက်မိနိုင်စရာရှိတယ်။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တယ်ပဲ ခေါ်ခေါ်၊ ဒေါ်စု ပြောနေတဲ့ ဒီမိုကရေစီအင်ထုရေးစီမံကိန်း ပီပြင်အောင် ဒေါ်စုနဲ့ ဒီချုပ်ကို ရက်ရက်စက်စက် ၀င်အသုံးတော်ခံခိုင်းတာပဲ။ အဖြည့်ခံဘ၀နဲ့ လှုပ်ရှားနေရတာကို တိုင်းပြည်နဲ့လူမျိုးအတွက် တခုခုလုပ်နေတာ ပါလို့ ပြောနေတာဟာ (တိုင်းပြည်အတွက် အသုံးချခံရတယ်ဆိုရင် ခံမှာပဲဆိုတဲ့ သဘောရောက်တဲ့ အပြော ပြောခဲ့တယ်မလား) တကယ်ကို အဲသလို ယုံကြည်လို့ ပြောနေသလား၊ ဒါမှမဟုတ် ကိုယ့်လုပ်ရပ်ကို ကိုယ် တတ်နိုင်သမျှ ကြိုးစားတရားထူထောင်နေတာလား။

ခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် လွတ်တာ တနှစ်ပြည့်တော့မယ်။ ဒီတနှစ်အတွင်းမှာ ဒီချုပ်ဘက်က ဘယ်လို အကျိုးအမြတ်တွေ ထွက်ခဲ့သလဲ၊ ဘာတွေ ပေးဆပ်လိုက်ရလဲဆိုတာ ပြန်ကြည့်ဖို့ ကောင်းတယ်။ စစ်အုပ်စုက ပိုတောင်အခြေကျလာ၊ ကိုယ်က သူတို့လိုသလို ကစားပေးနေရတဲ့အဖြစ်ကနေ တက်မလာဘဲ တဘက်မှာ ကိုယ့်ကို တင်းပြည့်ကျပ်ပြည့် ထောက်ခံတဲ့သူတွေဆီက ထောက်ခံမှုက အရင်ကလောက် မပြတ်သားတော့ တာသာ အဖတ်တင်ကျန်ရစ်တယ်။ တခုတော့ရှိတယ်၊ ဗမာတွေထဲမှာ ဒီချုပ်ကို မျက်စိမှိတ်ထောက်ခံရုံ၊ အမေ စု ဘာလုပ်လုပ် ထောက်ခံတယ် ပြောရုံနဲ့ ကိုယ့်ရဲ့ နိုင်ငံရေးတာဝန်ကျေပြီလို့ ခံယူထားတဲ့ လူတွေတော့ ရှိ တယ်။ ဦးနှောက်အလုပ်လုပ်ပုံမရတဲ့ ကိုယ်လက်ခံထားတဲ့ အရာတခုကို သတ္တိရှိရှိ မစစ်ကြောရဲတဲ့ ဒါမှမဟုတ် ဒါမျိုးစစ်ကြောရမှာ ပျင်းတဲ့ လူစားမျိုးတွေဆီကတော့ ထက်ထက်မိုးဦးကို ထောက်ခံသလို ထောက်ခံမှုမျိုး ဆက်ရနေဦးမှာပဲ။

ဗမာပြည်မှာ လူတချို့အတွက်က နိုင်ငံရေးတာဝန်ကျေမကျေကို စစ်တမ်းကောက်တဲ့အခါ box-ticking လုပ် သလိုလုပ်ပြီး သတ်မှတ်နေသူတွေ အများကြီးပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်၊ တရုတ်ကို ဆဲ တယ်၊ ခြေလေးချောင်း ကောင်းတယ်၊ ခြေနှစ်ချောင်း မကောင်းဘူး၊ အမေရိကန် ဘာလုပ်လုပ် ကောင်းတယ်၊ တရုတ် ဘာလုပ်လုပ် မကောင်းဘူးလို့ လှေနံဓားထစ်မှတ်ပြီး အမေစု၊ အမေစုနဲ့ အော်နေရရင်ကို ကိုယ့်နိုင်ငံ ရေးတာဝန်ကျေပြီလို့ ခံယူထားသူတွေ အများကြီးပါ။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြည်သူလူထုကို သူဘာလုပ်လုပ် သူ့ကို ထောက်ခံမယ့် ပရိသတ်အဖြစ် သာ အလိုရှိတယ်ဆိုရင်တော့ သူနဲ့ ထိုက်တန်တဲ့ ပြည်သူလူထုကိုပဲ ရမှာပဲ။ ဒီလိုပြောတာ ဒေါ်အောင်ဆန်းစု ကြည်ကို စုံကန်ဖို့ ပြောတာမဟုတ်ဘူး။ ကနေ့အချိန်အထိ သူ့ကို ဗမာပြည်သူလူထုရဲ့ ခေါင်းဆောင်အဖြစ် သတ်မှတ်ထားဆဲပဲ။ သူဟာ ဗမာပြည်သူလူထုအပေါ် စေတနာရှိတယ်ဆိုတာကိုလည်း ယုံပါတယ်။ ပြည်သူ လူထုကို ရဲဘော်ရဲဘက်အချင်းချင်း သစ္စာဖောက်မယ့် လူမဟုတ်ဘူးဆိုတာလည်း ယုံတယ်။ နောက် သူတ ယောက်တည်း လုပ်လို့မရဘူး၊ ဒီမိုကရေစီ တကယ်လိုချင်သူတွေအားလုံး ၀ိုင်းလုပ်မှ ရမယ်လို့ ပြောတာကို လည်း သဘောတူတယ်။ ဒါပေမယ့် တဘက်မှာ သူ့ဘက်က ပြည်သူလူထု ကိုးစားလောက်တဲ့ ဉာဏ်အမြော် အမြင်နဲ့ ပြည့်စုံတဲ့ ခေါင်းဆောင်ပီသအောင် နေပြဖို့ အရေးကြီးတယ်။

ဇော်ဇော့်ဘောလုံးပွဲ သွားကြည့်ဖို့ ဘယ်လို စဉ်းစားဆုံးဖြတ်တယ်ဆိုတာ နားလည်လို့မရဘူး။ သူ့ဘက်က ဘယ်လိုမျှော်လင့်ချက်တွေနဲ့ သွားလဲဆိုတာ သူပဲသိမှာပဲ။ စစ်အုပ်စုနဲ့ အဓိပ္ပာယ်ရှိရှိ ဆွေးနွေးနိုင်ဖို့နဲ့ ဇော်ဇော့် ဆီသွားအသုံးတော်ခံတာ ဘယ်လိုဆက်စပ်မှုရှိလဲဆိုတာ မေးဖို့ကောင်းတယ်။ ဒီလိုသွားတာကို သူ့ကိုထောက် ခံတဲ့ ပြည်သူလူထုစိတ်ထဲ ဘယ်လိုရှိမလဲဆိုတာ စဉ်းစားရဲ့လား။ ဆီနိတ်တာခင်ရွှေက သူ့မြရိပ်ညိုမှာ အနှိပ် သမလေးတွေကို ဘယ်သို့ဘယ်ပုံ အလုပ်အကိုင် ဖန်တီပေးနေတယ်ဆိုတာကို လာကြည့်လှည့်ပါဆို သွား ကြည့်ဦးမှာလားဆိုတာ မေးပါရစေ (ဒေါ်စုကိုယ်တိုင် အထေ့အငေါ့လေးတွေ သုံးတတ်တော့ ကိုယ့်ကို အဲသ လို ထေ့လုံးငေါ့လုံးလေးတွေနဲ့ မေးလာရင်လည်း ဗွေမယူလောက်ဘူးလို့ ထင်ပါတယ်)။ နောက် ဒေါ်စုကို ဝေ ဖန်တယ်ဆိုတာ နိုင်ငံရေးခေါင်းဆောင်လို့ သဘောထားလို့ ဝေဖန်တာပဲ။ မက်ဒေါနားလို မြင်ရင် ခုလို ဝေဖန်စ ရာ မရှိပါဘူး။

ပါတီတည်မြဲဖို့ အရေးကြီးတယ်ဆိုတာကို လက်ခံသဘောတူပါတယ်။ ဒါပေမယ့် အန်အယ်လ်ဒီဟာ ဘယ်လို values တွေကို ကိုယ်စားပြုထားသလဲဆိုတာ မေးပါရစေ။ အဲဒီ values တွေ ပျောက်ပြီးသကာလ ဒီ values တွေကို ကိုယ်စားပြုထားတဲ့အဖွဲ့ကြီး ဆက်ရှိနေတယ်ဆိုတာ အဓိပ္ပာယ်ရောရှိပါသေးရဲ့လား (တကယ်က တီ တီစု၊ တီတီစု သားတို့မသိလို့ မေးပါရစေ၊ လွတ်လပ်မှုအတွက် လွတ်လပ်မှုကို စတေးမလား၊ အဲသလို စတေး တာ မှန်သလားလို့ မေးချင်ပါတယ်။ ဒါပေမယ့် ဒီမေးခွန်းက မလိုအပ်ဘဲ မက်တာဖစ်ဆစ်ကယ် ဖြစ်တော့ ဖီ လော်ဆော်ဖီ သောက်မြင်ကပ်တဲ့ ပရိသတ်ကို ထောက်ချင့်ပြီး မမေးတော့ပါဘူး)၊ လှေခွက်ချည်းကျန် အလံမ လှဲစတမ်း တိုက်မယ်ဆိုတဲ့ စိတ်ဓာတ်ကိုတော့ လေးစားပါတယ်။ ဒါပေမယ့် တိုက်တင်းနစ် အရွယ်အစားရှိခဲ့တဲ့ သင်္ဘောကြီးကနေ လှေခွက်ပဲကျန်တဲ့ဘ၀ ရောက်သွားရတာမှာ မာလိန်မှူးတွေကို ပေးချင်တဲ့ အကြံကတော့ မက်ခီယာဗယ်လီကို ပြန်သာဖတ်ပါလေလို့ပဲ ဖြစ်ပါတယ်။

ဒေါ်စုက ပြည်သူလူထုဆီက သူတို့ဘာလုပ်လုပ် ထောက်ခံတာမျိုးသာ လိုချင်ပုံရပါတယ်။ တကယ်တမ်းမှာ သူတို့အားကိုးပုံရတာက အနောက်အုပ်စုကပေးတဲ့ ဖိအားပဲ။ အဲဒီဖိအားနဲ့ ဒီမိုကရေစီတကယ်ရမယ်လို့ ယုံခဲ့ပုံ ရတယ်။ ဒါ ကျုပ်အမြင်ပါ။ မှားချင်လည်း မှားနိုင်ပါတယ်။ ဒါပေမယ့် ခု သူအားကိုးခဲ့တဲ့ ယန်းကီးတို့ကိုယ်တိုင် က သူ့အတွက် ရွေးစရာလမ်းကြောင်းတွေကို တခုပြီးတခု ပိတ်နေတော့ ခမျာ လုပ်မိလုပ်ရာ လုပ်သလိုဖြစ်နေ ပြီ။ နေပြည်တော်စစ်အုပ်စုက အရပ်သားအစိုးရ နာမည်ခံရုံခံတာကို ယန်းကီးတို့ မသိဘဲ ဘယ်နေမလဲ။ ဒါပေ မယ့် စစ်အုပ်စုနဲ့ အတင်းလုံးချင်တော့ တိုင်းပြည်ထဲ တကယ့်အပြောင်းအလဲတွေ ဖြစ်နေတဲ့ပမာ ဒေါ်စုကိုပါ သူတို့အကဲဖြတ်ချက်ကို အတင်းအကျပ် လက်ခံခိုင်းပုံပေါက်နေတယ်။ ဒီတော့ ဒီချုပ်အနေနဲ့ ဒါကို လက်ခံ မယ်၊ လက်မခံဘူးဆိုတာ ပြတ်ပြတ်သားသားတခုခုပြောပါ မေးလာရင် ဘယ်လိုဖြေမှာလဲဆိုတာလည်း သိချင် ပါတယ်။

ကဲ ဒီလောက်ပါပဲ ဂျီးဒေါ်စုရေ …