Subscribe to our RSS Feed

ပြည်ပမှဒီမိုယောင်ယောင်လုပ်စားများကိုမြန်မာ့လူမှုရေးနယ်ပယ်တွင်စိတ်ကူးဖြင့်ပုံဖေါ်ကြည့်ခြင်း။ ( ၁ ) (ပေးစာ - ၂၄)

အင်တာနက်ပေါ်မှနိုင်ငံရေးအတိုက်
အခံဒီမိုယောင်ယောင်လုပ်စားများရေးထားသောသီတင်းများကိုဖတ်ပြီးအတွေးတခုရလာပါတယ်။
ဘာလဲဆိုတော့နိုင်ငံတော်ကိုချစ်ပါတယ်လို
့အော်နေကြတဲ့ပြည်ပမှအတိုက်ခံလုပ်စားများကိုမြန်မာပြည်တွင်းရှိလူမှုနယ်ပယ်များသို
့ စိတ်ကူးဖြင့်ပို့ ကြည့်တဲ့အစီစဉ်ပါပဲ ။ ပထမဦးစွာ ပြည်တွင်းရှိ
လူအတော်များများစိတ်ဝင်စားကြတဲ့ မြန်မာ့ရုပ်ရှင်နယ်ထဲကိုပို့ ကြည့်
ပါတယ် ။ ဘာလို့ လဲဆိုတော့ယခုချိန်ကိုရီးယားဇတ်လမ်းတွေအကြိုက်များပြီးမြန်မာဇတ်လမ်းတွေဇတ်ရှားနေတယ်လို
့ဝေဖန်သံကြား နေရတဲ့အတွက်ဇတ်လမ်းဆင်ကောင်းသော ဇတ်လမ်းလုပ်တာတော်သော
ပြည်ပအတိုက်ခံများကိုဇတ်လမ်းသစ်တွေဖန်တည်း
ပေးနိုင်မလားဆိုတဲ့ရည်ရွယ်ချက်နဲ့ ပါ ။ သို
့သော်လည်းရုပ်ရှင်ကြည့်ပရိတ်သတ်က ဇတ်သိမ်းခန်းကိုကြိုတင်မှန်းဆလိ
့ရနေသော သူတို့ ရဲ့လုပ်ဇတ်လမ်းများကိုမနှစ်သက်နိုင်ပါဆိုသဖြင့်
နောက်ထပ်အငြိမ့်လူရွှင်တော်လောကသို့ ထပ်ခေါ်ဆောင်သွားကြည့်ပါတယ် ။ သို
့သော်လည်း အငြိမ့်ပရိတ်သတ်များက သူတို့ ရဲ့
ရယ်စရာမကောင်းသောအင်တာနက်ပေါ်မှပေါတောတောပျက်လုံးများကို
အော့နှလုံးနာနေသဖြင့် လက်မခံသောကြောင့် ပြည်ပလုပ်စားများလည်း
ထိုလောကတွင်အလုပ်မဖြစ်အသုံးမဝင်နိုင်ပေ ။ ထို
့ကြောင့်ထိုဒီမိုဗန်းပြလုပ်စားအဖွဲ့ အားမြန်မာဘောလုံးလောကဆီသို
့ခေါ်သွားမိပြန်သည် ။ အလိမ်အခေါက် ပညာများနှင့်
ဘောလုံးကွင်းမှာအလုပ်ဖြစ်မလားလို့ ပါ ။ သို့ သော်ဘောလုံးပရိတ်သတ်များကလဲ
အပေးအယူမလုပ်ပဲတကိုယ်ကောင်းဆန်
လိမ်ခေါက်ပြီးအမြဲဟန်ဆောင်ဒိုင်ဗင်ထိုးပြတက်တဲ့အကျင့်ဆိုးတွေကြောင့်သူတို
့ကိုလက်မခံပေ ။ ထို့ ကြောင့်စိတ်ကူးထဲမှ နောက်တနေရာဖြစ်သော
မြန်မာ့လက်ဝှေ့ လောကသို့ ထပ်ခေါ်သွားပြန်ရာတွင်လည်း
လက်ခမောင်းခတ်ဟန်ရေးပြရုံသာရပြီ
တကယ်တန်းကျတော့ကြိုးဝိုင်းထဲပတ်ပြေးပြနေသောကြောင့်ဝိုင်းမောင်းထုတ်လိုက်လေသည်
။ ထိုမှတဖန်ကျနော်လည်း အားမလျှော့ပဲထိုလူများကို
ဘုရားရိပ်တရားရိပ်ဘုန်းကြီးကျောင်းခေါ်သွားပြန်သည် ။ ထိုအခါတွင်လည်း
ထိုဒီမိုလုပ်စားများက
ဘာသာရေးဗန်းပြနိုင်ငံရေးလုပ်စားရန်ကြိုးပမ်းသောကြောင့်
ကျန်ကိုယ်တော်များအကျင့်ပျက်စေနိုင်သဖြင့် ဘာသာရေးနယ်ပယ်တွင်
လည်းနာမည်ဆိုးဖြင့်အလုပ်မဖြစ်ပြန်ပေ ။
ကျနော်လဲဇွဲမလျှော့သေးပဲဘောလုံးကန်ရာတွင်အလုပ်မဖြစ်သော်လည်းဆဲသည့်နေရာ
မှာကျွမ်းကြင်ကြသောဒီမိုလုပ်စားများကိုဘောလုံးပရိတ်သတ်လုပ်ခိုင်းကြည့်ပြန်သည်
။ သို့ သော်ကျန်ပရိတ်သတ်များက
ဘောလုံးပွဲတွင်ဘောလုံးပွဲနှင့်မဆိုင်တာတွေစွဲစွဲထည့်ပြီးအရူးလိုစွတ်ဆဲနေသဖြင့်မောင်းထုတ်လိုက်ကြပြန်သည်
။။။



**** ကျနော်လဲထိုပြည်ပမှဒီမိုနာမည်ခံလုပ်စားများကို
မြန်မာနိုင်ငံတွင်မည်သည့်နယ်ပယ်တွင်အသုံးတည့်မည်နည်းဟုစဉ်းစား
ရင်းစဉ်းစားရင်းမောလာသောကြောင့်ဒီနေ့ တော့ဒီလောက်နဲ
့ပဲရပ်လိုက်တော့မယ်ဗျာ ။။ နောက်နေ့ မှတခြားနယ်ပယ်တွေမှာရော
အသုံးတည့်မလားလို့ ထပ်ခေါ်သွားကြည့်ပါဦးမည် ။ ဒီနေ
့ခေါ်သွားတဲ့နေရာတိုင်းကတော့သူတို့ နဲ့ အလုပ်မဖြစ်ဘူးဗျို့ ..ဘာမှအသုံး
ပြုလို့ မရဘူးဗျာ ။ မြန်မာ့လူမှုရေးနယ်ပယ်မှာသူတို့ နဲ
့အဆင်ပြေမယ့်နေရာလိုက်ရှာကြည့်ပါအုန်းမယ်ဗျာ...။

( ကိုခိုင်ဇော်ရေးသားသည်)

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်