Subscribe to our RSS Feed

သူခိုးက လူပြန်ဟစ်နေတဲ့ BHG အတွက် (ပေးစာ - ၂၈)

BHG အဖွဲ့က ပေါ်လာတုန်းက " မြန်မာနိုင်ငံတွင် အင်တာနက်လွတ်လပ်ခွင့်ရရှိရေးနှင့် နည်းပညာထောက်ပံ့ရေး" ဆိုပြီး အော်ခဲ့တယ်။ အခု အဖွဲ့ပျက်တော့လည်း "ယခုအခါတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီခေတ်သို့ ကူးပြောင်းနေခြင်းကြောင့် လည်းကောင်း၊ ပိတ်ဆို့ထားသည့် အင်တာနက်စာမျက်နှာများကို ပြန်လည် ဖွင့်ပေးခြင်းကြောင့်လည်းကောင်း၊ အင်တာနက်လိုင်းများ မြန်နှုန်းမြင့်လာစေရန် အရင်းအနှီးများစွာမြုပ်နှံ၍ လုပ်ဆောင်နေခြင်းတို့ကြောင့် လည်းကောင်း စသည်တို့ကြောင့် BHG-Blink Hacker Group အား ဖျက်သိမ်းတော့မည်ဖြစ်ပါသည် " ဆိုပြီး အရှက်ပြေ အော်ပြန်တယ်။

နို့.. နေပါအုံး.. ငါ တစ်ခုလောက် မေးချင်လို့ ။ အရင်တုန်းက မြန်မာ နိုင်ငံတွင် အင်တာနက် လွတ်လပ်ခွင့် ရရှိဖို့ လုပ်တယ်ဆိုရင် ဘာလို့ အင်တာနက်ပေါ်မှာ မြန်မာနိုင်ငံသားတွေ လွတ်လွတ်လပ်လပ် လုပ်ထားတဲ့ APYTZ တို့ ရတနာပုံ FC တို့ WYTU တို့ကို လိုက်ပြီး ဖျက်ဆီး နှောက်ယှက်ရတာတုန်း...။ နည်းပညာ ထောက်ပံ့ရေး ရည်ရွယ်ချက် ဆိုရင် ဘာတွေများ နည်းပညာထောက်ပံ့ခဲ့ဖူးလို့တုန်း...။ တကယ် နည်းပညာ ထောက်ပံ့နေတဲ့ ကိုညီနေမင်း ရဲ့ ဆိုက်ကိုတောင် ဖျက်ဆီးခဲ့တာ မဟုတ်ဘူးလား...။ ဒီတော့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့သမျှက လူပြောပြောပြီး ခွေးလုပ်လုပ်နေသလိုဖြစ်မနေဘူးလား...။

နောက်ထပ် ရှိပါသေးတယ်.. "ယခုအခါတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီခေတ်သို့ ကူးပြောင်းနေခြင်းကြောင့် လည်းကောင်း၊ ပိတ်ဆို့ထားသည့် အင်တာနက်စာမျက်နှာများကို ပြန်လည် ဖွင့်ပေးခြင်းကြောင့်လည်းကောင်း၊ အင်တာနက်လိုင်းများ မြန်နှုန်းမြင့်လာစေရန် အရင်းအနှီးများစွာမြုပ်နှံ၍ လုပ်ဆောင်နေခြင်းတို့ကြောင့် လည်းကောင်း စသည်တို့ကြောင့် BHG-Blink Hacker Group အား ဖျက်သိမ်းတော့မည်ဖြစ်ပါသည် " လို့ပြောရအောင် မြန်မာနိုင်ငံ ဒီမိုကရေစီ ခေတ် ကို ကူးပြောင်းတာ BHG လုပ်ခဲ့လို့ မဟုတ်ဘူးနော်... BHG ကို ကြောက်လို့လည်း မဟုတ်ဘူး။ BHG ကို အစိုးရက ေ-ာက္ဂရုမစိုက္ဘူး။ ဘာလို့လည်း ဆိုတော့ အစိုးရ မီဒီယာ ဆိုက်တွေကို တစ်ခုမှ မှ မဟက်နိုင်တာလေ..။

ပိတ်ဆို့ထားတဲ့ အင်တာနက် စာမျက်နှာကို ပြန်ဖွင့်တာကလည်း BHG ကို ကြောက်လို့ မဟုတ်ဘူး။ အင်တာနက်လိုင်းများ မြန်နှုန်းမြင့်လာစေရန် အရင်းအနှီးများစွာမြုပ်နှံတာလည်း အတူတူပဲ..။ BHG က ဟက်တယ်ဆိုတာ သူတို့ ဆီက ဒိုမိန်းဝယ်ထားတဲ့လူတွေကိုပဲ ဟက်တာလေ။ အခု ကုန်ပြီလေ.. ဘယ်လိုလုပ် ဟက်နိုင်အုံးမှာလဲ။

အပြောလေးတော့လျှော့ရမယ်လေ.. သူများကို ယုတ်မာတယ် ပြောပြီး ကိုယ်လုပ်နေတာတွေက အောက်တန်းကျနေရင်တော့ မဖြစ်သေးဘူး။

ငါမေးပါအုံးမယ် အိမ်လွမ်းသူ ဖိုရမ်၊ အဖြူရောင်သံဇဉ် ရေဒီယို၊ ဧဒင်ဥယာဉ် နဲ့ ရတနာပုံ FC တို့ကို မင်းတို့ ဖျက်ဆီးတာ အင်တာနက် လွတ်လပ်ခွင့်အတွက်လား..။ ဒီမိုကရေစီ ကူးပြောင်းဖို့လား ကွ...။ ဟေ....။ အဲဒီ ဖိုရမ်တွေက သာမန် မြန်မာ လူငယ်တွေ လုပ်ထားတာကွ။ ဘာနိုင်ငံရေး အကြောင်းမှလည်း မပါဘူး။ ဘယ်အစိုးရနဲ့မှလည်း အဆက်အသွယ်မရှိဘူး။ မင်းတို့ရည်ရွယ်ချက်က ဘာတုန်း..။ မင်းတို့လုပ်ရက်ကေ-ာက်ဆင့် လုံးဝ မရှိဘူး။

ဧဒင် ဥယာဉ်မှာ နိုင်ငံရေးနဲ့ ဆိုင်တာ တစ်ခါ တစ်လေ ပါတတ်တယ်။ အဲ့ဒါကလည်း အမေဆု လွတ်တုန်းကနဲ့ အမေဆု မိန့်ခွန်းတွေ၊ ခရီးစဉ်တွေ လောက်ပဲ။ ဒါကို မင်းတို့က ဘာအကြောင်းပြချက်နဲ့ ဖျက်ဆီးရတာလဲ...။ မင်းတို့ ပါးစပ်ကေ-ာက်ကြီးေ-ာက်ကျယ် ပြောတဲ့ အင်တာနက် လွတ်လပ်ခွဲ့နဲ့ ဒီမိုကရေစီ ကူးပြောင်းရေး အတွက်လား။








ဒါဆိုရင် ဘာလို့ အစိုးရ မီဒီယာ ဆိုက်တွေ သွားမဟက်ကြတာလဲ။ မြန်မာ့အလင်းတို့ ၊ ကြေးမုံတို့၊ mmtv3 တို့ ဟက်ကြပါလား။ မြန်မာ့ အသံ ရေဒီယိုကို ဟက်ပါလား။ ဘာလို့ အဖြူရောင် သံစဉ်ကို မဆီမဆိုင် ဟက်ရတာလဲ...။

ပြီးတော့ ပြောသေးတယ် နည်းပညာ ထောက်ပံ့ရေး၊ နည်းပညာ အကူအညီ တဲ့။ မင်းတို့ က ဘာများ နည်းပညာ အကူအညီ ပေးခဲ့ဖူးတာ ရှိလဲ...။ ဘာနည်းပညာများ ထောက်ပံ့ခဲ့တာ ရှိလဲ...။ နည်းပညာ ထောက်ပံ့နေတဲ့ ကိုညီနေမင်း၊ IT mg mg ၊ Chindwin Teach ၊ နဲ့ Myanmar Engineer ဖိုရမ်တွေ ဆိုက်တွေကို ဖျက်ဆီးတာ မင်းတို့ ပြောတဲ့ နည်းပညာ အကူ အညီအတွက်လား...။ ပြောစမ်းပါအုံး။ အဲ့ဒီ မင်း ပထွေး တွေက မင်းတို့ တွေ မပေါ်ခင် ပဝေ သဏီ ကတည်းက အင်တာနက်ပေါ်မှာ နည်းပညာတွေ ဖြန့်ပေးနေခဲ့တာကွ...။ မင်းတို့က နည်းပညာ ထောက်ပံ့ရေး၊ ကူညီရေး ဆိုပြီး အကြောင်းပြချက်နဲ့ ဖျက်ဆီးတယ်ပေါ့ ဟုတ်လား...။ မင်းတို့မို့ မရှက်တယ်ကွာ...။








သူ့ဘာသူနေတဲ့ GTI ကျောင်းသားတွေ စုပြီးလုပ်ထားတဲ့ ဆိုက်တွေနဲ့ ဆေးကျောင်းသားတွေ စုပြီး လုပ်ထားတဲ့ ဆိုက်တွေကရော ဘာအကြောင်းပြချက်နဲ့ ဖျက် ရတာတုန်း။ အင်တာနက် လွတ်လပ်စွာ သုံးခွင့် အကြောင်းပြချက်လား။ ဒီမိုကရေစီ အတွက်လား။ အဲဒီ ဖိုရမ်တွေက အစိုးရက လုပ်ထားတာ တစ်ခုမှ မပါဘူး ဟေ့။







ထမိန်ခြုံပြီး ဖျက်ဆီးပြတာ သူရဲကောင်း မဟုတ်ဘူး။ သတ္တိရှိတယ် မခေါ်ဘူး။ မင်းတို့ က သူများကို ယုတ်မာတယ် ပြောတယ်။ မင်းတို့ လုပ်ရက်တွေက ပြည်သူတွေ အတွက် ရပ်တည်ပြီး၊ ပြည်သူ ကောင်းကျိုးပြုတယ် ဆိုရင် မင်းတို့ ဘယ်သူတွေ ၊ ဘယ်ဝါတွေ ဖြစ်တယ် ဆိုတာ မင်းတို့ ဖော်ပြရဲလား။

အေး။ ထမိန်ခြုံပြီး လက်နက်ပုန်းသုံးတာတော့ လူတိုင်း လုပ်တတ်တယ်ကွ။ မင်းတို့ အဖွဲ့ကို ငါတို့ မန္တလေး သားတွေက တော့ တွေ့ရာ သချိုင်း ဓားမဆိုင်းပဲ။ မင်းတို့ ဖျက်ဆီးထား တဲ့ ငါတို့ ပြည်သူတွေ အင်တာနက် ပေါ်မှာ လွတ်လွတ်လပ်လပ် တည်ထောက်ထားတဲ့ ဖိုရမ်တွေ နဲ့ နည်းပညာ ဆိုက်တွေ အတွက် ပြန်တောင်း ပန်ရင် တောင်းပန်။ မတောင်းပန်ရင်တော့ မင်းတို့ ဘယ်သူတွေလဲ ဆိုတာ မပေါ်အောင် တစ်သက်လုံး ခိုးကြောင်ခိုးဝှက် သာနေတော့။

အခု မင်းတို့ မိုက်ပစ် မင်းတို့ ပြန်ခံရတာပဲ။ မင်းတို့ အဖွဲ့ ပျက်တာ အင်တာနက် ပေါ်မှာ လွတ်လွတ်လပ်လပ် သုံးချင်တဲ့ မြန်မာတွေ အားလုံး အတွက် သတင်းကောင်းပဲ။ ဒါပေမယ့် ထပ်ပြီး သတိပေးလိုက်မယ် မန္တလေး လာရင်တော့ မင်းတို့ကိုယ် မင်းတို့ BHG က ပါ ဆိုတာ ယောင်လို့တောင် ပါးစပ်က မထွက်လိုက်နဲ့။

မန္တလာသား

အခြား အကြောင်းအရာများ http://myanmarexpress.blogspot.com/search/label/BHG%20%E1%80%80%E1%80%AD%E1%80%AF%20%E1%80%9C%E1%80%B0%E1%80%A1%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%99%E1%80%B1%E1%80%80%E1%80%BA%E1%80%99%E1%80%94%E1%80%95%E1%80%B9%20%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%B1%E1%80%94%E1%81%BE%E1%80%80


Myanmar Express

9 comments:

တခြား တော့ မသိပါဘူး
APYTZ ကို ဟက် တာတော့ တကယ် မကျေနပ်ဘူး

ဟာသ လေးတခုပြောရဦးမှာ us က ဆော်တဗွေ (သူတောင်းစားပါပဲ) သူက ပြောနေတာ ဧရာဝတီကို ကာကွယ်ဖို့ ဘာတွေညာတွေနဲ့ တွေးပူပြနေတာ ဒေါ်လာရအောင်ပေါ့ သူလည်းပူရှာတာ သူ ဧရာဝတီကိုတောင် မမြင်ဖူးဘူး ဘယ်လိုလည်းဆိုတာလည်းသူမသိ့ဘူး ငယ်ငယ်ကတည်းက အဲမှာကြီးပီး ခု ၂၁ နစ်ထဲရောက်နေပီ အဲလိုလူက ကယ်ပါကယ်ပါနဲ့အော်နေတယ် တကယ့်ဟာတွေ အော်အော် အော်နေတဲ့လူတွေ အဲလိုလူတွေအများကြီးပဲ နေမှာပါ ချစ်တာချစ်တာ တိုင်းပြည်ကို အဲလို မျက်စိ့ပိတ်ပြီးကိုချစ်နေကြတာ ကောင်းပါတယ်ကောင်းပါတယ်

Myanmar Express နဲ့ တွေ့မှပဲ
BHG တော့ ဂွမ်းတော့တာပဲ

BHG ခင်များ
ကျွန်တော့အီးမေးကို ဟက်ခိုင်းထားတာ ကြာပါပြီ
ခုထိ မဟက်ဘူးလား ခင်ဗျား
ရီရတယ်
ဗြဲဗြဲ

BHG ရဲ့ အဖေ
youkkyarr@gmail.com

BHG ရဲ့ အဖေ
youkkyarr@gmail.com

ဖင်ခံကြေးဆိုပြီး စိန်ခေါ်လိုက်ပါလား။ အဲဒါဆို စိတ်ဝင်စားမယ်ထင်တယ်။

BKH အဖွဲ့သားတွေထဲမှာ ဘန်ကောက်က လူတကာချဉ်ဖက် မျိုးကျော်ထွန်း မျိုးဟန်ထွန်းတို့ ညီအစ်ကို နှစ်ယောက်ပါသတဲ့
သတိထားကြ ဒီကောင်တွေပုံစံက လူကို လူမထင်တဲ့ပုံစံတွေ

BHG not Dead
http://www.blinkhackergroup.net

ဟုတ်တယ်
BHG က ပြောတုန်းက သူတို့ပဲ နားပါတော့မယ်
ပိတ်ပါတော့မယ်
နောက်ဘယ်တော့မှ ပြန်မလာတော့ပါဘူး ဆိုပြီး
ခုကျတော့လည်း ဒီတိုင်းကြီးပဲ
ကိုယ်ပြောထားတဲ့စကားကိုယ်မေ့တယ်
ဒေါ်အောင်ဆန်းစုကြည်လိုပဲ ရှေ့နောက်မညီဘူး

BHG တော့ သိဘူး .... DGH ပဲသိတယ် ...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်