Subscribe to our RSS Feed

ဧရာဝတီ အပေါ် မှန်ကန်စွာတန်ဖိုးထားနိုင်ပါစေ

ကိစ္စ တစ်ခုအပေါ် အခြေခံ ၍ စာရေးသူ အတော်များများ ဟာ ကိုယ်ပိုင် စိတ်ကူး ၊ ထင်မြင်ချက်များကို ဖော်ပြကြတာတွေ့ရပါတယ်။ မှန်ပါတယ်။ ကိုယ်ပိုင် ထင်မြင်ချက်တွေကို ဖော်ပြကြတယ်ဆိုတာ လက်ခံနိုင်တဲ့ အကြောင်းအရာတစ်ခုပါ။ထို ဖော်ပြချက်များဖြင့် စာဖတ် ပရိတ်သတ်တို့ မတွေးမိ မမြင်မိ
သည်များကို အသိပေးရာ ကျသဖြင့် အလွန် အဖိုးတန်လှပါတယ်။ထိုကဲ့သို့သော အဖိုးတန် စာပေများကို တဖက်စောင်းနင်း ရေးသားခြင်းများကတော့ အလွန် စိတ်ပျက်စရာကောင်းလှပါတယ်။


ယခုလက်ရှိ ဧရာဝတီ မြစ်စုံ စီမံကိန်း နှင့် ပက်သက် ၍ စာရေးသူ အချို့ မှာ အဆိုးဘက်ကို သာဇောင်းပေးရးသားခြင်းမျိုးတွေ့ ရပါတယ်။ကိစ္စတခုဆောင်ရွက်မည်ဆို ပါက မလုပ်ဆောင်မီအချိန်မှစ၍
တိကျ သေချာစွာ ဖြစ်ပေါ်လာမည့်အကောင်း နှင့်အဆိုး ကိုသာနှိုင်းယှဉ်တွက်ဆသင့်ပါသည်။
အကောင်း နှင့် အဆိုး တွင်ကောင်းကျိုးက များနေမယ် ဆိုရင် ထို အလုပ်ကို အကောင်အထည်ဖော်
မလုပ်ဆောင်သင့်ဘူးလား။ဧရာဝတီ မြစ်စုံ နှင့် ပက်သက် ပြီး ဆိုးကျိုးမြောက်မြားစွာ ကို
ထောက်ပြရေးသားထားသော စာရေးသူ တို့တွင်သူတို့ ထင်မြင်နေသော အချက်များတွင် မည်သည့် အရာ က သေချာပေါက် ဖြစ်ပေါ်လာမယ် ဆိုတာပါပါသလဲ။ဖြစ်လာနိုင်သည် တွေက များနေတာတွေ့ ရ ပါတယ်။
သူတို့ ရေးသားသည်များ တွင် ဖြစ်ပေါ်လာမယ့် အကျိုး ဆိုတာ မရှိတော့ဘူးလား။ ထိုသူတို့ စိတ်ဓါတ် များ
ဟာ ဤ မျှ အဆိုးဘက်တွင်သာ ဖြစ်တည်နေပြီလား။ထိုသို့ အဆိုးဘက်တွင်သာ အားသန်နေသော
သူများတွင် မည်သည့် အလုပ်အကိုင်မျှ ဖြစ်လာနိုင်စရာ အကြောင်းမရှိတော့ပါ။ဒီလိုတွေးပူ နေခြင်းကိုက
ဘယ်အလုပ်မျှ ကို မဖြစ်ထွန်းစေနိုင်ပါ။ဖြစ်သွားရင်ဖြင့် ၊ ဖြစ်သွားလိမ့်နိုး များဖြင့်သာ သံသရာလည်နေမှာ
အသေအချာပါပဲ။


အကောင်း နှင့် အဆိုး ဟူသည် အမြဲဒွန်တွဲ နေတတ်သည့်အရာတွေဖြစ်ပါတယ်။ဒါ့ကြောင့် ဘယ်ကိစ္စ မှာမဆို အကောင်း၊အဆိုး ဆိုတာကတော့ရှိနေမှာပါ။အဆိုးတွေကိုပဲ မြင်ပြီး စိုးရိမ်ပူပန်နေမိပြီ ဆိုပါက ဘယ်အရာမှမဖြစ်လာနိုင်ပါဘူး။ဘာမှဖြစ်မလာဘူးဆိုမှတော့ အောင်မြင်မှု့ ဆိုတာ ဘယ်လာရှိမှာတုန်း။
သင့်မှာ ထိုသို့ စိတ်မျိုး ရှိနေပြီဆိုက သင် ဟာ အောင်မြင် မှု့ နဲ့ဝေးကွာသူ တစ်ဦး ဖြစ်နေပြီဆိုတာယုံမှား
သံသယဖြစ်စရာမရှိပါဘူး။အောင်မြင်မှု့ ဆိုတာ မရှိဘူးဆိုလျှင်တော့သင်စိတ်ပျက်မိမှာအမှန် ဖြစ်ပါတယ်။
သို့သော် ကြိုးစားအားထုတ်မှု့ မပြုဘူးဆိုလျှင်တော့ သင့် တဘ၀လုံး သေသွားမှာပါ။


စာရေးသူအတော်များများမှ ဧရာဝတီ ၏ နောင်ရေးအတွက် စိုးရိမ်းကြောင်းရေးသားထားတာတွေ
တွေ့ရတယ်ဗျ။"သင် စိုးရိမ်ပူပန် နေသော အရာ တို့၏ ၉၉ ရာခိုင်နှုန်း မျှသည် လုံးဝဖြစ်လာလိမ့်မည် မဟုတ်"ဟူ၍ စိတ်ပညာ သုတေသီတို့က ရဲရဲဝံ့ဝံ့ အာမခံခဲ့ဖူးပါတယ်။ဒါ့ကြောင့် ကျွန်တော်တို့ခင်ဗျားတို့ရဲ့
စိုးရိမ် ပူပန်နေမှု့ တွေကို လျော့မချသင့်ပေဘူးလား ..........
William Ralph Inge ဆိုသူကလည်း "စိုးရိမ်သောက ဟူသည် နောင်ကြုံတွေ့ ရမည့် ဒုက္ခ အတွက်
အတိုးများ ကြိုတင်ပေးဆပ်နေရခြင်းဖြစ်သည်" တဲ့...။ခင်ဗျား တို့ ကျွန်တော် တို့ ကရော ထိုကဲ့သို့ အတိုးများ ကိုကြိုတင် ပေးချင်လို့လား။အမှန်တကယ် ဖြစ်သင့်သည်မှာ စောစော ကပြောခဲ့သလို
အကောင်းအဆိုး ကို နှိုင်းယှဉ်၊ ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများကို အနည်းဆုံးဖြစ်အောင် ဘယ်လိုကြိုတင် ကာကွယ်နိုင်မယ် ၊ ရရှိလာမည့် ကောင်းကျိုး တွေကို ဘယ်ပုံ ဘယ်နည်း နဲ့ပို၍ တိုးပွား စေနိုင်မယ်
စတာတွေကို တွေးတောလုပ်ဆောင်ကြဖို့ မဟုတ်ပေဘူးလား။အဆိုး ဘက်မှာ ပဲ ခေါင်းနှစ် မထားကြဖို့
တိုက်တွန်းချင်ပါတယ်။အောင်မြင်မှု့ ဆိုတာ ဟာ ငွေ နှင့်ပေးဝယ် ၍ မရနိုင်ပါ။အောင်မြင်မှု့ ရရှိ ရန်အတွက် မှန်ကန်သော တွေးခေါ်မှု့၊အကောင်အထည်ဖော် ဆောင်ရွက်မှု့ ၊ အားထုတ် ကြိုးပမ်းမှု့ ၊
အပင်ပန်းခံ နိုင်မှု့ တို့ ပေါင်းစပ်မှသာရရှိနိုင်တာပါ။


တရုတ် နိုင်ငံ ရဲ့ မြစ်ဝါမြစ် ကဲ့သို့ ဧရာဝတီ ပါဖြစ်လာနိုင်သည်ဟုဆိုထားပါသည်။ဟုတ်ပါတယ် အဲ့အတိုင်းပဲ သွားမယ်ဆိုရင်တော့ အဲ့လိုပဲ မလွဲမသွေ ဖြစ်မှာအမှန်ပါ။တဖက်က လှည့်တွေးကြည့်ကြစို့လား။
မိမိ ရှေ့ တွင် ထိုကဲ့သို့ သာဓက ရှိနေသည် ဆို သည် ကပင် မိမိ အတွက် အကျိုး တစ်ခု မဟုတ်ပေဘူးလား။ထိုကဲ့ သို့မဖြစ်ပေါ်အောင်မည်သို့ လုပ်ဆောင်ရမည် ဘယ်လိုထိန်းသိမ်း ရမည်
ဆိုတဲ့ အသိတရားတွေ ကအမြတ်မဟုတ်ပေဘူးလား။ထိုအချက်ကို မတွေးတောမိကြတာလား သိလျက်နှင့်
ပင် မျက်နှာလွှဲထားသလား ဆိုတာတော့ ဖြင့် ကာယကံရှင်များသာ အသိဆုံးဖြစ်ပေလိမ့်မည်။
ဆည်တွေ ရေလှောင်တမံ တွေဟာ ဧရာဝတီ မြစ် ကို ပျက်စီး စေရန် တိမ်ကော စေတယ်၊
ဧရာဝတီ မြစ်ဟာ ကျွန်တော်တို့ နိုင်ငံ ၏ စိုက်ပျိုးမွေးမြူရေး အတွက်
အဓိကအသက်သွေးကြောဖြစ်တဲ့အတွက်ဆည်၊တမံများဆောက်လုပ်ခြင်းဟာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုထိခိုက်စေနိုင်တယ်လို့ ဆိုထားတယ်ဗျ။ဒီ အယူအဆ ကိုတော့ ကျွန်တော်
အပြည့်အ၀ ငြင်းဆို ပါတယ်။မြန်မာနိုင်ငံ ရဲ့စိုက်ပျိုးမွေးမြူရေး အတော်များများ အတွက် ဆည်၊တမံတွေ
ဟာဘယ်လောက်အရေးပါပြီးဘယ်လောက်အကျို ပြုနေတယ် ဆိုတာ အားလုံးအမြင်ပါ။တောင်သူဦးကြီးများ
အသိပါ။ဒါကို စိုက်ပျိုးမွေးမြူ မှု့ လုပ်ငန်းတွေ မှာ ထိခိုက်ပြီး မြန်မာနိုင်ငံရှိလူအများစားနပ်ရိက္ခာရှားပါးမယ်၊
ကုန်းကောက်စရာမရှိအောင် ဆင်းရဲ မွဲတေမယ်ဆိုတာတော့ ဖြင့် ဘယ်လိုမှ လက်ခံ နိုင်စရာ မရှိပါဘူး။
နောက်တစ်ခု မြန်မာနိုင်ငံ ရဲ့ လူဦးရေ ၆၀ ရာခိုင်နှုန်း ခန့်ဟာ သွားရေးလာရေး စားရေးသောက်ရေးများ ကိုဧရာဝတီမြစ်ပေါ်မှာအခြေခံပြီးအသက်ရှင်နေရတယ်လို့ဆိုထားပါတယ်။မှန်ပါတယ်သို့သော်ခင်ဗျားတို့က
သူတို့ကိုမြစ်ကမ်းခြေမှာသာနေထိုင်ပြီးလှေဖြင့်သာခရီးသွားစေချင်သလား။သူတို့အတွက် အသိပညာဗဟုသုတတွေ မဖွင့်ပေးချင်တော့ဘူးလား။ဧရာဝတီ မြစ်စုံ မှရရှိလာမည့်အကျိုးအမြတ်များ ဖြင့်
ကျွန်တော်တို့တိုင်းပြည်တွင် လမ်း၊တံတားများ၊အဆင့်မြင့်အဆောက်အအုံများ၊အဆင့်မြင့်
ပညာသင်ကျောင်းများ၊တိုးချဲ့ဆောက်လုပ်လာနိုင်မည် ၊ ကျေးရွာဒေသများ တွင်ပါ သင့်တင့်သော
လျှပ်စစ်မီးများ ရရှိလာနိုင်သည်၊ကျေးရွာများရှိ ကလေးသူငယ်များ အဆင့်မြင့် ပညာများကိုအလွယ်တကူ
သင်ကြားလာနိုင်မည် ၊ ထိုအရာများဖြင့် နောင်တစ်ချိန် မျိုးဆက်သစ်များ ၏ အတွေးအခေါ် အနေအထိုင်များ အဆင့်အတန်းမြင့်လာမည်၊တိုင်းပြည်အဆင့်အတန်းမြင့်လာမည်စသည်များကိုလည်း ထည့်သွင်းစဉ်းစား
သင့်ပေသည်။မိမိတို့ကိုပေးထားသော သဘာဝတရားကို ဒီအတိုင်းထိန်းသိမ်းထားလျှင်
အချည်းနှီးသာဖြစ်ပေလိမ့်မည်။အကျိုးရှိအောင်အသုံးချတတ်မှသာ အကျိုးရှိပေလိမ့်မည်။
ဥပမာ ပြောရလျှင် မိမိတွင် ရှိသောငွေကြေးများကိုမြေကြီးအောက်တွင်မြှပ်နှံထား ရုံဖြင့် မတိုးပွားလာနိုင် အလုပ်တခုအပေါ် ရင်းနှီးမြှပ်နှံထားမှသာတိုးပွားနိုင်ပေမည်။မြေသြဇာများ ကို ဂိုဒေါင်တစ်ခုတွင်
သိမ်းဆည်းထားရုံမျှ ဖြင့်မည်သည့် အကျိုးမျှမဖြစ်လာနိုင်ပါ။လိုအပ်တဲ့ ပတ်ဝန်းကျင်သို့ဖြန့်ကျဲလိုက်မှသာ
လျှင်အသီးအပွင့်များဝေဆာလာနိုင်ပေမည်။မှန်ကန်စွာတွေးတောနိုင်ပါစေရန် ရည်ရွယ်ပါသည်။
လက်ရှိမြန်မာနိုင်ငံ ရှိလူအတော်များများမှာ နိုင်ငံတကာအရေးကိစ္စများအပေါ်တွင် အာရုံစိုက်မှု့အင်မတန်အားနည်းပါသည်။ထိုအရေးကိစ္စ ထက်မိမိ တို့၏ စားဝတ်နေရေး မိမိ တို့
အကျိုးစီးပွားတွင်သာအာရုံစိုက်၍ အေးဆေးစွာနေချင်ကြသည့် သူများကများပါလိမ့်မည်။
လေ့လာလိုက်စားရန် အတွက် အချိန်ပိုလည်းမရှိပါ။ထို့ကြောင့်တစ်စုံတစ်ဦးမှ ပြောဆိုလာသည်
ကိုပင် လက်ခံလိုက်တတ်ကြသည်က များပေသည်။ထိုအချက်ကို အခွင့်ကောင်းယူ၍ သူတို့၏ ဗဟုသုတများ ၊ အတွေးအခေါ် များကိုလွဲမှားသောလမ်းကြောင်းပေါ် သို့ ဆွဲခေါ်သည်များရှိနေပါသည်။


သူတစ်ပါး တိုင်းပြည်များကို အထင်ကြီးစိတ် အားကိုးစိတ်များ ဖြစ်ပေါ်စေရန် ၊မိမိ တိုင်းပြည်အပေါ်
အထင်သေးခြင်း၊အမြင်မှားခြင်းများဖြင့် မိမိ တိုင်းပြည် ငြိမ်းချမ်းခြင်းကို မလိုလားပဲ ဆူပူမှု့ များ
ဖြစ်ပေါ်စေရန် ရည်သန်၍ ရေးသားပြောဆိုခြင်းများကိုလဲ တွေ့မြင်နေရပါသည်။ ထို အချက်များကိုရှောင်ရှား ၍မြန်မာ တစ်မျိုးသားလုံး ၏ အသိ အမြင် များ ကို မိမိလိုရာသို့ ဆွဲခေါ် ခြင်းမျိုး မဟုတ်ပဲ မှန်ကန် မျှတ သော သတင်းဆောင်းပါးများ၊အတွေးအခေါ်များ ဖြင့် သာ မိမိတိုင်းပြည် နှင့် လူမျိုး အကျိုးစီးပွားကို
တတ်စွမ်းသမျှ မြှင့်တင်ကြရန် ဆန္ဒပြုရင်း.......................

http://aboutofmyanmar7.blogspot.com/2011/09/blog-post_03.html မှ ကူးယူဖော်ပြပါကြောင်း


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်