Subscribe to our RSS Feed

ဘင်္ဂလီရိုဟင်ဂျာအရေး တွေးမိသမျှ


From : ရခိုင်သား

ဒီရက်ပိုင်းအတွင်း ရခိုင်မှာ ဖြစ်ခဲ့တဲ့ အဓိကရုဏ်းနဲ့ ပတ်သက်လို့ ကျွန်တော်အမြင်လေးတစ်ခုကို တင်ပြချင်လို့ ဒီပို့စ် လေးကို ရေးဖြစ်သွားပါတယ်။ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကိုကြည့်ရင် ရခိုင်အမျိုးသမီး မသီတာထွေးကို ဘင်္ဂလီ ရိုဟင်ဂျာ (မူဆလင်ဘာသာဝင်) သုံးဦးက အဓမ္မပြုကျင့်၊ ပစ္စည်းလု၊ လူသတ်ခဲ့တာ အပေါ် အခြေခံပြီး ဖြစ်ခဲ့တယ် ဆိုတာ အားလုံး သိကြပြီးဖြစ်တယ်။

ကျွန်တော်အဓိက ပြောချင်တာက ဖြစ်ခဲ့တဲ့ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး ဘယ်သတင်းဌာန၊ ဘယ်မီဒီယာကတော့ ဘယ်လိုသဘောထား ရပ်တည်ချက် ရှိတယ် ဆိုတာကို သိရှိလာခဲ့ရတယ်။ ဒီနေရာမှာ နောက်ကြောင်းကို နည်းနည်း ပြန်ကောက်ကြည့်ချင်တယ်။ အရင်တပ်မတော်အစိုးရ လက်ထက်က ဘီဘီစီ ညာနေပြီ။ ဗွီအိုအေ လိမ်နေပြီ။ အာရ်အက်ဖ်အေ ရန်တိုက် ပေးနေသည်ဆိုတဲ့ စာသားတွေကို ဝါဒဖြန့် စာသားတွေအဖြစ် ရှု့မြင်ခဲ့ကြတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာတော့ အစိုးရ ဟောင်းလက် ထက်က ဝါဒဖြန့်စာတမ်းတွေကို မဖော်ပြတော့ဖို့ တိုက်တွန်း ခဲ့တာတွေလည်း တွေ့ရတယ်။ ဖြုတ်လည်းဖြုတ်ပေးခဲ့တာ တွေ့ရတယ်။

အခု ရိုဟင်ဂျာအရေးအခင်းမှာ ဒီသတင်းတွေအပြင် အယ်ဂျာဇီးယား၊ ဒီဗွီဘီနဲ့ ပြည်ပရောက် မြန်မာသတင်း မီဒီယာ ဖြစ်တဲ့ ဧရာဝတီသတင်းဌာနတွေဟာ ရိုဟင်ဂျာဘက်က ရပ်တည် ရေးသားခဲ့ကြတဲ့ သတင်းဌာနတွေ ဖြစ်တယ်။ ဘင်္ဂလီလို့ သုံးပြီးဖြေရင် ထုတ်လွှင့်မှာမဟုတ်ဘူးလို့တောင် ဒီဗွီဘီ သတင်းဌာနက သန်းဝင်းထွဋ်ဆိုသူက ဖြေဆို သွားတဲ့ အကြောင်း ဖေ့ဘွတ်စာမျက်နှာမှာ ဖတ်လိုက်ရတယ်။ Democratic Voice of Bengali လို့လည်း တစ်ချို့က ခေါ်ဝေါ်လာကြတာ တွေ့ရတယ်။ ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသား တွေထဲ အတင်းဆွဲသွင်းဖို့ ကြိုးစားခဲ့တဲ့ ဘီဘီစီ သတင်းဌာနကို ကန့်ကွက်တဲ့အနေနဲ့ ဗြိတိန်သံရုံးတွေ ရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြတာကိုလည်း တွေ့ရတယ်။ ဒီလို သတင်းတွေ၊ ရွှေတိဂုံဘုရားမှာ ရခိုင်အမျိုးသားတွေ ဆန္ဒဖော်ထုတ်တဲ့ သတင်းတွေကိုလည်း ပြည်ပမီဒီယာတွေမှာ ဖော်ပြတာ မတွေ့ရသလို၊ ရခိုင်အိမ်တွေကို ဘင်္ဂလီရိုဟင်ဂျာတွေက ဓာတ်ဆီလောင်းမီးရှို့တာတွေ၊ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆပ်စပ်မှု ရှိနေတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးကိုယ်တိုင်က ထုတ်ဖော် ပြောဆို တာတွေကို ကိုးကားရေးသားတွေ မတွေ့ရပါဘူး။
နိုင်ငံတကာ သတင်းမီဒီယာတစ်ချို့ဟာ သူတို့ရဲ့အကျိုးစီးပွားနဲ့ ယှဉ်လာရင် ကျင့်ဝတ်ကို ဖောက်ဖျက်ပြီး ဘက်လိုက် တတ်တယ် ဆိုတာကို ပြည်သူတွေ သိမြင်ကြဖို့လိုပါတယ်။ သိလည်းသိမြင်သွားကြပါပြီ။ သူုတို့ကို ဒီလို ထုတ်လွှင့်ပါ၊ ဟိုလိုထုတ်လွှင့်ပါလို့တော့ သွားပြော လို့မရပါဘူး။ သူတို့ အကျိုးစီးပွား အတွက် ရိုဟင်ဂျာဟာ မြန်မာ တိုင်းရင်းသားပါ၊ သူတို့ကို မြန်မာ တိုင်းရင်းသားအဖြစ် အသိအမှတ် ပြုပေးပါလို့ ပြောချင်လည်းပြောမယ်၊ ထုတ်လွှင့်ချင်လည်း ထုတ်လွှင့်မယ်။ ဒါဟာ သူတို့အလုပ်၊ သူတို့အကျိုးစီးပွား အတွက်ပဲ ဖြစ်တယ်။

ဒီနေရာမှာ အရေးကြီးတာကတော့ ပြည်တွင်းမီဒီယာတွေပဲ။ ကိုယ်လည်း ကိုယ့်အမျိုးသားအကျိုးစီးပွား အတွက် ပြတ်ပြတ်သားသား ရပ်တည်ရမယ်။ မဟုတ်တာကို မဟုတ်ဘူးဆိုတဲ့အကြောင်း ပြတ်ပြတ်သားသား ပြောရမယ်။ ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းသား မဟုတ်ရင် မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းပဲ ပြောဆိုရမယ်။ ဒီလို ထုတ်ဖော်ပြောဆိုလာတဲ့ ပြည်တွင်းမီဒီယာတွေ ရှိလည်းရှိပါတယ်။ လူမှုကွန်ရက်တွေ ဖြစ်တဲ့ ဂျီမေလ်၊ ဂျီတော့တွေ၊ ဖေ့ဘွတ်တွေ၊ ဘလော့တွေကနေ ဖြန့်ကျပြီး ရိုဟင်ဂျာဆိုတာ မြန်မာ တိုင်းရင်းသား မဟုတ်တဲ့အကြောင်း ပြောဆို ခဲ့တဲ့ သက်ဆိုင်သူအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိတယ်၊ အားရကျေနပ်မှု ရှိတယ်လို့ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေး ခံစားချက်အရ ပြောချင်ပါတယ်။ ကိုယ့်အမျိုးသား အကျိုးစီးပွားနဲ့ယှဉ်လာရင် ဆက်ပြီးတော့လည်း ရေးသား သွားကြဖို့၊ ပြည်သူတွေကိုလည်း မီဒီယာကိုယ်ခံစွမ်းအားမြင့်မားအောင် စွမ်းဆောင်သွားကြဖို့ တိုက်တွန်းချင်ပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်