Subscribe to our RSS Feed

ဥပဒေ စိုးမိုးရေး ပြောပြီး ဥပဒေတွင် သတ်မှတ်ဖော်ပြထားတဲ့အတိုင်း မလုပ်သဖြင့် Byname တပ်ကာ သတိပေးခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်


ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ဖော်ပြထား သည့်အတိုင်းသာ နိုင်ငံတော်၏ အမည်နာမကို ရေးသားပြောဆိုအသုံးပြုရန် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထပ်မံအသိပေးအကြောင်းကြားခဲ့ကြောင်းသိရသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)၊ ပုဒ်မ ၂ တွင် “ နိုင်ငံတော်ကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည်”ဟု ဖော်ပြပါရှိထားသည့်အတွက် ယင်းအတိုင်းသာ သုံးနှုန်းပြော ဆိုရန် ကော် မရှင်က အသိပေးအကြောင်းကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ၌ပြုလုပ်သော ကမ္ဘာ့စီးပွားရေးညီလာခံ မိန့်ခွန်းတွင် Burma ဟု သုံးနှုန်းပြောဆိုမှုကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်အတိုင်း အသုံးပြုရန်နှင့် ပြောဆိုရာတွင် ““ မြန်မာ”” ဟုသာ သုံးနှုန်းပြောဆိုသွားရန် ၁-၆-၂၀၁၂ ရက်စွဲဖြင့် အကြောင်းကြားထားခဲ့သည်။

သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပ ခရီးစဉ် မိန့်ခွန်းများတွင်လည်း Burma ဟု သာသုံးနှုန်းပြောဆိုလျှက်ရှိခြင်းကြောင့် ၂၈-၆-၂၀၁၂ ရက် ကထပ်မံအသိပေးအကြောင်းကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြန်ကြားရေးတာဝန်ရှိသူ ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးမြန်းရာတွင် ယင်းစာသည် ဒေါ်အောင်ဆန်းစုကြည် အမည်ဖြင့် (Byname) ပေးပို့ထားသည့် အတွက် ဒေါ်အောင်ဆန်းစုကြည်ပြည်ပခရီးစဉ်မှ ပြန်ရောက်မှသာ သူမ၏ အမြင်ကိုမေးမြန်းပြီး ဆောင်ရွက်သင့်သည်များကိုဆောင်ရွက်သွား မည်ဖြစ်ကြောင်းပြန်လည်ဖြေကြားခဲ့သည်။

Myanmar Express

4 comments:

That's Right. She don't know what was her religion or nation.

အင်္ဂလိပ်ကို လင်လုပ်တာအားမရသေးလို့ တစ်နိုင်ငံလုံးကိုပါ ကျွန်ဇာတ်ပြန်သွင်းနေတဲ့ အဖွားကြီး ဒါကြောင့် Burma Burma လုပ်နေတာ

ဘာလို့ဒီလိုပြောတာလဲမသိဘူးနော် တိုင်းရင်းသားနာမည်နဲ နိုင်ငံနာမည်ခွဲခြားလို့မတတ်ဘူးလားမသိဘူးးးးးးးးးးးးး
ပြီးတော့ပြောချင်သေးတယ် နိုဘယ်ဆုရှင်တဲ့ မရှက်ဘဲ့နဲများဆုသွားယူလိုက်သေးတယ် ရခိုင်က ကျွှန်တော်တို့တိုင်းရင်းသားတွေအကြောင်း မကြားရအောင်နားကန်းနေတာနဲတူတယ်နော်..............

တခြားဟာတွေ မပြောချင်နေပါ မြန်မာကိုတော့ မြန်မာလို့. ခေါ်လိုက်ပါ အမေစုရယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်