Subscribe to our RSS Feed

လူကုန်ကူးမှုတိုက်ဖျက်ရေး မြန်မာအစိုးရ ကြိုးပမ်းမှု အမေရိကန် တိုးမြှင့်အသိအမှတ်ပြု



From : The Voice


မြန်မာအစိုးရသစ်၏ နိုင်ငံအတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုများကို အမေရိကန်အစိုးရက ယခင်စောင့်ကြည့်အဆင့် (၃) မှ အဆင့် (၂) အထိ တိုးမြှင့်၍ အသိအမှတ်ပြုလိုက်ကြောင်း ရန်ကုန်မြို့တော် အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့ ဝါရှင်တန်ဒီစီရှိ အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနတွင် ကျင်းပသည့် (၁၂)ကြိမ်မြောက် လူကုန်ကူးမှုဆိုင်ရာ နှစ်လယ်အစီရင်ခံဏာကို ထုတ်ပြန်ရာတွင် ယင်းကဲ့သို့ အဆင့်တိုး၍ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ မြန်မာအစိုးရ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်များတွင် အမျိုးသမီးနှင့် ကလေးများ နယ်စပ်ဖြတ်ကျော်၍ လိင်ကုန်ကူးခြင်းများကို တားဆီးနိုင်ရန် သိသိသာသာ အားထုတ်ခြင်း၊ လူကုန်ကူးမှုနှင့် ပတ်သက်၍ လူထုက အကြောင်းကြား တိုင်ကြားရန် အရေးပေါ်ဖုန်းလိုင်း ထားရှိခြင်း၊ အဓမ္မလုပ်အားပေး ခိုင်းစေခြင်းကို ရှင်းလင်းစွာ တားမြစ်ထားသည့် ဥပဒေသစ် ထားရှိခြင်း၊ ၂၀၁၅ တွင် အဓမ္မလုပ်အားပေး ခိုင်းစေမှု လုံးဝပပျောက်စေရန် ILO နှင့် ရည်မှန်းချက်ကြီးသော စီမံကိန်းတစ်ရပ် အကောင်အထည်ဖော်ရန်ရှိခြင်းတို့ ပါဝင်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ သို့သော် အရပ်သားများကို အဓမ္မလုပ်အားပေး ခိုင်းစေခြင်းနှင့် ကလေးစစ်သား စုဆောင်းခြင်းများကို အစိုးရအရာရှိများနှင့် အစိုးရအရာရှိ မဟုတ်သူများကပါ လုပ်ဆောင်နေကြပြီး ဆိုးရွားသော ပြဿနာအဖြစ် တည်ရှိနေကြောင်းလည်း ဖော်ပြထား ကြောင်းသိရှိရသည်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်