Google ကုမ္ပဏီမှ ထုတ်လုပ်မည့် အင်တာနက်မျက်မှန်ကို သာမန်ပြည်သူများ အကြားတွင် သုံးစွဲနိုင်ရန် အတွက် နောက်ထပ် ၂ နှစ်ခန့်သာ
စောင့်မျှော်ရတော့မည်ဖြစ်သည်။ Google ထူထောင်သူ ထဲတွင် တစ်ဦး အပါအဝင် ဖြစ်သည့် Sergey Brin မှ ယခုလို ခန့်မှန်းချက်ကို ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။ မိမိ အနေဖြင့် ယခု တီထွင်မှုမှာ အလုပ်ဖြစ်သည်ကို တွေ့ရသည့် အတွက် ဝမ်းသာပါကြောင်းနှင့် လေထီး အလွတ် ခုန်သူများမှ Google ၏ အင်တာနက် မျက်မှန်ကို စမ်းသပ် တပ်ဆင်ပြ အပြီး ၎င်းတို့၏ ခုန်ချမှု ဖြစ်စဉ်ကို Live Stream ဗွီဒီယိုဖြင့် ပြသနိုင်ခဲ့ ပြီး ယခုလို လုပ်နိုင်ခဲ့လိမ့်မည်ဟု မျှော်လင့် မထားမိပါကြောင်းလည်း ၎င်းမှ ပြောကြား သွားခဲ့သည်။
ယခုလို လေထီး အလွတ်ခုန်သူများမှ တစ်ဆင့် စက်ဘီးသမားကို ပေးသည့် ပုံများအပြင် နောက်ထပ် စက်ဘီး စတန့်များကိုလည်း အဆိုပါ Live Stream ပြသမှုမှ တစ်ဆင့် ကြည့်ရှု့နိုင်ခဲ့ကာ နောက်ဆုံးတွင် အဆိုပါ မျက်မှန်မှာ ကယ်လီဖိုးနီးယားရှိ နှစ်စဉ် developer ကွန်ဖရင့် ပွဲသို့ ရောက်လာခဲ့ပြီး Brian နှင့် အခြားသော သူများ၏ ရှင်းလင်းပွဲသို့ ရောက်လာသည့် ပုံစံဖြင့် ပြသခဲ့ခြင်း ဖြစ်သည်။ ယခုပွဲတွင် ပြသခဲ့သည့် မျက်မှန်မှာ Explorer ဟု အမည်ပေးထားပြီး developer များ အနေဖြင့် ဒေါ်လာ ၁၅၀၀ ဖြင့် ဝယ်ယူနိုင်ကာ သုံးစွဲခွင့် ရရှိနိုင်ကြောင်းလည်း သိရသည်။ ယခုလို တိုက်ရိုက် ပုံရိပ်များကို Google ၏ လူမှုကွန်ရက် ဝက်ဆိုက်တွင် ကြည့်ရှု့နိုင်မည် လည်း ဖြစ်သည်။
source : channelnewsasia.com

Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်