Subscribe to our RSS Feed

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး ခေါင်းဆောင်သော ချစ်ကြည်ရေး အဖွဲ့အား ဂျပန်နိုင်ငံ ၀န်ကြီးချုပ် H.E. Mr.Yos

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ဇွန်လ (၁၄) ရက်နေ့ (၁၇၅၀) နာရီတွင် ဂျပန်နိုင်ငံ ၀န်ကြီးချုပ် H.E. Mr.Yoshi Noda ၀န်ကြီးချုပ် အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။


ဂျပန်နိုင်ငံ ၀န်ကြီးချုပ် H.E. Mr.Yoshi Noda မှ ကြိုဆိုနှုတ်ဆက်စဉ်

ထိုသို့တွေ့ဆုံရာတွင် ၀န်ကြီးချုပ် H.E. Mr.Yoshi Noda က မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်ပြောင်းလဲ မှုများကို ကမ္ဘာ့နိုင်ငံတိုင်းက အထူး စိတ်ဝင်စားနေကြကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် ဖေါ်ဆောင်မှုနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုတို့အတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အောင်မြင်မည်ဟု ယုံကြည်ပါကြောင်း၊ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အောင်မြင်အောင် ကူညီပေးသွား မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား မလုံလောက်သည့်ကိစ္စအား လတ်တလော ဖြည့်ဆည်းပေးနိုင်ရန် ယန်း သန်း (၁၆၀၀) တန်ဖိုးရှိသော အထောက်အကူများ ထောက်ပံ့သွားနိုင်ရန် စီစဉ်ထား ပါကြောင်း ပြောကြားပါသည်။

ဂျပန်နိုင်ငံ ၀န်ကြီးချုပ် H.E. Mr.Yoshi Noda မှ ၀န်ကြီးချုပ် အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးစဉ်

အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ဂျပန်-မြန်မာ ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာမှုအတွက် ဂုဏ်ယူ ၀မ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံ ၏ နိုင်ငံရေးတိုးတက်ဖြစ်ပေါ် ပြောင်းလဲမှုများသည်၊ မိမိတို့ကိုယ်တိုင် ယုံကြည်မှုဖြင့် ကြိုးပမ်းဆောင်ရွက်ရာမှ ရရှိလာသော ရလာဒ်များဖြစ် ပါကြောင်း၊ ပိုမိုတိုးတက်အောင်မြင်မှု ရှိစေရန်အတွက် အစဉ်တစိုက် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ပြည်သူ များအတွက် ကူညီဆောင်ရွက်ပေးမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဂျပန်နိုင်ငံ ၀န်ကြီးချုပ် H.E. Mr.Yoshi Noda နှင့် အမှတ်တရ ဓါတ်ပုံရိုက်ကူးစဉ်

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်