Subscribe to our RSS Feed

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး ခေါင်းဆောင်သော ချစ် ကြည်ရေးအဖွဲ့ ဂျပန်နိုင်ငံ ၀န်ကြီးချုပ်ဟောင်း မစ္စတာ ယာ

ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး ဦးဆောင်သော အဖွဲ့သည် ဇွန် (၁၄) ရက်နေ့ မွန်းလွဲပိုင်းတွင် တိုကျိုမြို့ရှိ ဂျပန်နိုင်ငံ ၀န်ကြီးချုပ်ဟောင်း မစ္စတာ ယာစုဟီရို နာဂါဆိုနေ (H. E. Mr. Yasuhiro Nakasone) ၏ ရုံးခန်းသို့ ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဌ မစ္စတာ ဟီဒဲရိုဝါတာနာဘေး (Mr. Hideo Watanbe) နှင့်အတူ သွားရောက် ဂါရ၀ပြုတွေ့ဆုံသည်။

အထွေထွေအတွင်းရေးမှူး ဦးဌေးဦး ဦးဆောင်သောအဖွဲ့ ဂျပန်နိုင်ငံ ၀န်ကြီးချုပ်ဟောင်း မစ္စတာ ယာစုဟီရို နာဂါဆိုနေ (Mr. Yasuhiro Nakasone) နှင့် တွေ့ဆုံစဉ်

ထိုသို့တွေ့ဆုံရာတွင် ဂျပန်-မြန်မာ ပြည်သူများအကြားတွင် နှစ်ပေါင်းများစွာက အခြေတည်ရှိ ပြီးဖြစ်သော ချစ်ကြည်ရင်းနှီးမှုများအပေါ် ပိုမိုတိုးတက် ရှင်သန်ခိုင်မာစေရန် ဆောင်ရွက်ရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းမှု ရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေး၊ ပြည်သူ များ၏ အခြေခံစားဝတ်နေရေး ပိုမိုတိုးတက် ပြည့်စုံမှုရှိစေပြီး လူမှုစီးပွားရေးဘ၀ တိုးတက်မြင့်မားရေးနှင့် မြန်မာနိုင်ငံတွင် လက်ရှိ တိုးတက် ဖြစ်ပေါ်ပြောင်းလဲမှုများ ရရှိရန် ကြိုးပမ်းဆောင်ရွက်မှု အခြေအနေများနှင့် မိမိတို့ ချမှတ်ထားသည့် ရည်မှန်းချက်များ အောင်မြင်မှုရှိရန် ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြပါသည်။


အထွေထွေအတွင်းရေးမှူး ဦးဌေးဦးမှ ဂျပန်နိုင်ငံ ၀န်ကြီးချုပ်ဟောင်း မစ္စတာ ယာစုဟီရို နာဂါဆိုနေ (Mr. Yasuhiro Nakasone) အား ဂါရ၀ပြုအမှတ်တရလက်ဆောင် ပေးအပ်စဉ်


ဂျပန်နိုင်ငံ ၀န်ကြီးချုပ်ဟောင်း မစ္စတာ ယာစုဟီရို နာဂါဆိုနေ (Mr. Yasuhiro Nakasone) နှင့် အမှတ်တရဓါတ်ပုံ ရိုက်ကူးစဉ်

အထွေထွေအတွင်းရေးမှူးနှင့် အဖွဲ့သည် ဇွန်လ (၁၄) ရက်နေ့ (၁၅း၀၀) နာရီတွင် ဂျပန်နိုင်ငံ လွှတ်တော်သို့ သွားရောက်ရာ တာဝန်ရှိသူများက ကြိုဆိုပြီး၊ လွှတ်တော်အတွင်း လှည့်လည် ကြည့်ရှုလေ့လာကြပါသည်။


ဂျပန်နိုင်ငံ လွှတ်တော်အတွင်း သွားရောက်လေ့လာစဉ်

(၁၆း၀၀) နာရီတွင် အောက်လွှတ်တော် ဥက္ကဌ မစ္စတာ နိုဘူဘီကို ဆူတို့ (Mr. Nobubiko Suto) နှင့် လွှတ်တော်ဥက္ကဌ အစည်းအဝေး ခန်းမတွင် တွေ့ဆုံဆွေးနွေးပါသည်။

အောက်လွှတ်တော် ဥက္ကဌ မစ္စတာ နိုဘုဘီကို ဆူတို (Mr. Nobubiko Suto) နှင့် တွေ့ဆုံဆွေးနွေးစဉ်

လွှတ်တော်ဥက္ကဌနှင့် ၀ါရင့်အမတ်ကြီးများ ဖြစ်ကြသော Mr. Yoshito Sengogu, Mr. Goga တို့လည်း တက်ရောက်ကြပြီး၊ မြန်မာနိုင်ငံ ၏ နိုင်ငံရေးပြုပြင် ပြောင်းလဲတိုးတက်မှု ရရှိစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့မှု အခြေအနေ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ နိုင်ငံတော်နှင့် ပြည် သူများအတွက် လွှတ်တော်များအတွင်း ဆောင်ရွက်နေမှု အခြေအနေများနှင့် လွှတ်တော်များအကြား ဆက်သွယ်မှု၊ အတွေ့အကြုံ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများအား ရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

အမှတ်တရလက်ဆောင်ပေးအပ်စဉ်

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်