Subscribe to our RSS Feed

တပ်မတော် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လေးဦး အစားထိုးပြောင်းလဲ


From : မြ၀တီ


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ နေပြည်တော်၊ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လေးဦး အစာထိုး ပြောင်းလဲခြင်း၊ ကြေညာချက်အမှတ် (၃၁/၂၀၁၂) ကို ၁၃၇၄ ခုနှစ်၊ ပထမဝါဆိုလဆန်း ၄ ရက် (၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်) နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်တွင် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းထားသော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လေးဦးကို အမည်စာရင်း ပြောင်းလဲလိုကြောင်း တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စိစစ်ပြီး ၂၀.၁.၂၀၁၁ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက်အမှတ် (၃/၂၀၁၁)တွင် ဖော်ပြထားသည့် (၁) ချင်းပြည်နယ်လွှတ်တော်၊ ကြည်း- ၂၈၂၆၇၈ ဗိုလ်မှူးသက်လွင် (အစား) ကြည်း- ၃၄၇၂၄ ဗိုလ်မှူး/ဗိုလ်ကြီးတင်အောင်မိုး၊ (၂) စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ ကြည်း- ၃၃၄၈၃ ဗိုလ်မှူးအောင်ဇေငြိမ်း (အစား) ကြည်း- ၂၁၀၈၂ ဗိုလ်မှူးကျော်မင်းထွဋ်၊ (၃) မွန်ပြည်နယ်လွှတ်တော်၊ ကြည်း- ၂၉၄၀၈ ဗိုလ်မှူးဇော်ထက် (အစား) ကြည်း- ၂၈၀၃၄ ဗိုလ်မှူးဇော်လင်းအောင်နှင့် (၄) ရခိုင်ပြည်နယ်လွှတ်တော်၊ ကြည်း- ၂၅၅၅၀ ဗိုလ်ကြီးသိန်းထွန်းဦး (အစား) ကြည်း-၂၈၃၇၅ ဗိုလ်မှူးအောင်ဇင်သန်း စသည့် တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လေးဦးအား ယှဉ်တွဲဖော်ပြပါအတိုင်း အစားထိုးပြောင်းလဲလိုက် ကြောင်းသိရှိရသည်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်