Subscribe to our RSS Feed

ကမ္ဘာ့အဆင့်မီ သယံဇာတဈေးကွက်ကြီး တစ်ခုကို ရန်ကုန်မြို့တွင် မကြာခင် အကောင်ထည်ဖော် တည်ဆောက်တော့မည်


From : YPI

ရွှေအပါအဝင်ကမ္ဘာ့အဆင့်မီ သံယံဇာတဈေး ကွက်ကြီးတစ်ခုကို ရန်ကုန်မြို့တွင် မ ကြာခင် အကောင် အထည်ဖော် တည် ဆောက်တော့မည်ဖြစ်သည်။

''ကမ္ဘာ့ဈေးနှုန်းမှန် ရရှိနိုင်မယ့် သယံဇာတဈေးကွက်ကြီးတခု ပေါ်ပေါက် လာဖို့ ရည်ရွယ်ထား ပါတယ်။ ဒီမားကတ် ကြီးကို ဈေးကွက် အချက်အခြာကျတဲ့ ရန်ကုန်မြို့မှာ စတင်တည်ဆောက်သွားမှာပါ။ နိုင်ငံတော်ရဲ့ ခွင့်ပြုချက်လဲ ရပြီးပါပြီ။ ဒါကြောင့်မကြာခင်မှာ အကောင်အထည် ဖော်သွားမှာပါ''ဟု မြန်မာရွှေဖွံ့ဖြိုးတိုး တက်ရေး အများပိုင်ကုမ္ပဏီဥက္ကဌဦးခင်မောင်ဟန်က ဖလားဝါးနယူးစ်ဂျာနယ်သို့ ပြော သည်။

မြန်မာ့သမိုင်းတွင် မှတ်တမ်း တစ်ခုတင်နိုင်မည့် ရွှေနှင့်အခြားသတ္တုသ ယံဇာတများပါဝင်သည့် Value Added သယံဇာတ ဈေးကွက်ကြီးတစ်ခုအား အကောင်အထည် ဖော်တည်ဆောက်ရန် အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနအနေဖြင့်လည်း တိုက်တွန်း လျက်ရှိပြီး ယင်းဈေး ကွက်ကြီး ကို ၂၀၁၄ ခု နှစ်မတိုင် ၂၀၁၃ခုနှစ် အတွင်း အပြီး အကောင်ထည် ဖော်တည်ဆောက်သွားမည် ဖြစ် သည်။

''ဈေးကွက်ဈေးနှုန်းနဲ့ပတ် သတ် ရင်တော့ နိုင်ငံတော်က ဘယ်လိုသတ် မှတ် ပေးမလဲဆိုတာကို စောင့်ကြည့် ရမယ်။သေချာတာကတော့ ဒီဈေးကွက်ကြီးကနေ နိုင်ငံဂုဏ်ဆောင်မယ့် နိုင်ငံအမှတ်အသား တွေပါဝင် လာလိမ့်မယ်။တနေရာတည်း မှာအပြီးရောင်းချဝယ်ယူနိုင်အောင် ဆောင် ရွက်သွားမယ်'' ဟုဥက္ကဌ ဦးခင်မောင်ဟန် ကပြောသည်။

အဆိုပါဈေးကွက်ကြီးအ ကောင်ထည်ပေါ်လာပါကနိုင်ငံတော်အ စိုးရအနေဖြင့် နိုင်ငံတကာ ဈေးကွက်များ ကဲ့သို့ One Stop Service စနစ်ကို ကျင့်သုံးနိုင် ရန်ပံ့ပိုးပေးရမည်ဖြစ်ပြီး အကောက်ခွန်ဌာ နနှင့် သက်ဆိုင်ရာ သတ္တုတွင်းဝန်ကြီးဌာန တို့ကလည်း ရယူရမည့် အခွန်များရယူကာ ယင်းဈေး ကွက် တွင်ပင် လိုအပ်သည့်စီး တံဆိပ်များရိုက်နှိပ်ပြီး အတားအဆီးမရှိ သယ်ဆောင်သွားရန် ပြင်ဆင် သင့် သည်ဟု ယင်းကဆက်ပြောသည်။ ရွှေဈေးကွက် အသိုင်းအဝိုင်း တွင် ချိန်တွယ်မှုနှင့်စပ်လျှဉ်း၍ တစ်ကျပ်သားလျှင် ၁၆ဒသမ၆၀၆ ဂရမ် ရှိပြီး
တစ်အောင်စလျှင် တစ်ကျပ်သား နှင့်၁၄ပဲ ရှိနေသည်။

ယခုအခါကမ္ဘာတွင် ရွှေကို အောင်စဖြင့် ရောင်းဝယ်မှု ပြုလျှက်ရှိပြီး ယခုလ၂၆ရက်အထိ တစ်အောင်စ လျှင် အမေရိကန်ဒေါ်လာ ၁၅၇၂ဒသမ၆၂ရှိနေ ပြီး မြန်မာ့ရွှေသည် ပိသာဖြင့်ရောင်းဝယ် မှုပြုလုပ်လျှက် ရှိကာ တစ်ကျပ်သား လျှင် မြန်မာကျပ်ငွေ ၇၁၈၅၀၀ ရှိနေသည်။

''ဒီမားကတ် အကောင်ထည် ပေါ်လာရင်တော့ အရောင်းအဝယ်တွေ ပွင့်သွားမယ်။ နောက်ပြီး မြန်မာ့ရွှေနဲ့ သယံ ဇာတပစ္စည်းတွေကို အဆင့်အတန်းမြင့်မြင့် ရောင်းချလာနိုင်မယ်။ရောင်းဝယ်မှုအပိုင်း မှတော့ ဂရမ်ကို ပြောင်းလဲကျင့်သုံးသွား သင့်တယ်။ဒါနိုင်ငံတကာကလဲ လက်ခံ တယ်။နောက် မြန်မာကျပ် ငွေ နဲ့ပဲ ရောင်း ချသင့်တာပေါ့''ဟု ရွှေယမင်းဦးရွှေပန်းတိမ် နှင့်ရွှေထည်ဖြန့်ချိရေး လုပ်ငန်းမှ ဦးအုန်းမြိုင် ကပြောသည်။
အဆိုပါသယံဇာတဈေးကွက်ကြီး တွင် နိုင်ငံတကာမှ မည်သည့်တွင်း ထွက်ပစ္စည်းကိုဖြစ်စေ ရရှိနိုင်ရန် နှင့် တန် ဖိုးမြင့်ပြည်ပပို့ ကုန်လုပ်ငန်းများ အထိ ဆောင်ရွက်သွားမည်ပြီး ရန်ကုန်မြို့အပြင် အခြား နေပြည်တော် နှင့် မန္တလေးမြို့ကြီး များအပါဝင် တခြားအချက် အခြာကျမြို့ ကြီးများတွင်လည်း အဆိုပါဈေး ကွက်ကဲ့ သို့ အကောင်ထည်ဖော်သည်ဖြစ်သည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်