Subscribe to our RSS Feed

မကွေးတိုင်း ပွင့်ဖြူ က NLD ဆိုင်းဘုတ်တင်ပွဲ လူထုက လေးဂွ နဲ့ ပစ်


မကွေးတိုင်း ပွင့်ဖြူမြို့နယ် မုန်တောကြီးကျေးရွာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင် ရုံးခန်းသစ်ဖွင့်ပွဲကို ဇွန်လ ၁၇ ရက်နေ့ နံနက် ခန့်ကပြုလုပ်ခဲ့ရာ လူထုက လေးဂွများ နဲ့ ပစ်ခတ်မှုကြောင့် ပွဲဖြတ်လိုက်ရကြောင်း သတင်းရရှိပါတယ်။

ပြည်သူက ပစ်တဲ့ လောက်လေး ဒဏ်ကြောင့် NLD ပါတီဝင် ၅ ဦးလောက် ဒဏ်ရာရခဲ့ပြီး အများအပြားက ကြောက်ရွံ့တုန်လှုပ်ကာ ထွက်ပြေးသွားကြပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်တုန်းကလည်း NLD ပါတီ စည်းရုံးရေး ခရီး စဉ်တွေမှာ လူထုက ဂွနဲ့ ပစ်လို့ ဆေးရုံတက်ခဲ့ရတာမျိုးတွေ ဖြစ်ခဲ့ဖူးပြီး အနယ်နယ်အရပ်ရပ်က NLD ဆိုင်းဘုတ်တွေကိုလည်း လူထု က ဖျက်ဆီးလျှက် ရှိကြောင်း သိရပါတယ်။

မဲလိုချင်တုန်းက နိုင်ငံအနှံ့လျှောက်သွားနေပြီး ရခိုင်ပြည်သူတို့ ဒုက္ခရောက်နေချိန်မှာ ဥပက္ခာပြုကာ နိုင်ငံခြားက သားမြေးတွေဆီ သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာလူထုတစ်ရပ်လုံးက မကျေမနပ်ဖြစ်နေကြပါတယ်။ ဒါ့အပြင် လူထု တစ်ရပ်လုံးက မကျေမနပ်ဖြစ်နေတဲ့ ဘီဘီစီ နဲ့ ပြည်ပရောက် ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသား အသိအမှတ်ပြုရေး လှုပ်ရှားသူများက ဒေါ်အောင်ဆန်းစုကြည်က အားပေစကား သွားရောက်ပြောဆိုမှုကြောင့် ဒေါ်အောင်ဆန်းစုကြည် ပြန်လာချိန်မှာ ရန်ကုန်လေဆိပ်ကနေ ဆည်းကြို ဆန္ဒပြကြမယ်လို့လည်း သတင်းရရှိပါတယ်။


Myanmar Express

2 comments:

အရမ်းကျေ နပ်ဖို့ ကောင်းတဲ့ သတင်း ပါပဲ

Very good. All Rakhine and Myanmar people must protest Aung San Su Kyi about dare to speak Rohingya is not Myanmar ethnicity like all Myanmar people protest in all cities for shortage of electricity.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်